Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

Wednesday, 18 July 2012

နိုင်ငံတော် သမ္မတကို ရခိုင်ကိုယ်စားလှယ်က ရခိုင် အရေးအတွက် ဘာတွေ တင်ပြခဲ့သလဲ…….

နိရဉ္ဖရာ

( မောင်ရမ္မာ မေးမြန်း တင်ပြသည်။)

ဒီကနေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ဒီမိုကရက်တစ် မဟာမိတ် ၁၀ ပါတီက သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး ပါတီ ခေါင်းဆောင်တွေက မိမိတို့ရဲ့ လိုလားချက်တွေကို တင်ပြခဲ့ကြပါတယ်။ ဒီအထဲမှာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောလည်း ပါဝင်ပါတယ်။ ဦးဦးလှစောကို ရခိုင် အမျိုးသားတွေ အတွက် ဘာတွေ တင်ပြခဲ့ပါသလဲလို့ မေးကြည့်တဲ့ အခါ သူတင်ပြတာနဲ့ သမ္မတ ဦးသိန်းစိန်က  ပြန်လည် ပြောကြားချက်တွေကို ခုလို ပြောပြသွားပါတယ်။
Photos by Myanmar express

တင်ပြချက်များ

ကျွန်တော်တို့ ရခိုင်ပြည်မှာ ဖြစ်သွားခဲ့တဲ့ ဘင်္ဂလီ အရေးကိစ္စကို တင်ပြခဲ့ပါတယ်။ ဘင်္ဂလီကိစ္စမှာ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ပြည်ထဲက အမြင်မရှင်းတဲ့ ဒီမိုကရေစီအင်အားစု တချို့၊ ပြင်ပ သံတမန်အသိုင်း အ၀ိုင်းတွေ၊ နိုင်ငံတကာ သံရုံးတွေက ရိုဟင်ဂျာဆိုတာ ဘယ်လို လူတွေလည်း ဆိုတာကို ဂဂ နန မသိဘဲ ဖြစ်နေကြတယ်။ အဲဒီအတွက်ကြောင့် ဒီအကြောင်းကို ရခိုင်-ဗမာ ပညာရှင်တွေနဲ့ နိုင်ငံတကာ သမိုင်းပညာရှင်တွေ စုပြီးတော့ နေပြည်တော်မှာ သမိုင်းဆိုင်ရာ Seminar ဘဲ ဖြစ်ဖြစ် Workshop  ဘဲ ဖြစ်ဖြစ် ပြုပ်လုပ်သင့်တဲ့ အကြောင်းကို တင်ပြခဲ့ပါတယ်။

နောက်ပြီး ဒီကိစ္စကြောင့် ရခိုင်ပြည်မှာနေထိုင်နေကြတဲ့ ရခိုင်တိုင်းရင်းသားတွေ မလုံမခြုံ ဖြစ်နေတဲ့ အတွက်ကြောင့်၊ အထူးသဖြင့် ဘူးသီးတောင်၊ မောင်တောနယ်မှာ ရခိုင်အမျိုးသား ကာကွယ်ရေးတပ်ကို တရားဝင် ဖွဲ့စည်းပေးဖို့၊ နယ်ခြားစောင့် တပ်တွေကို ချပေးဖို့၊ အမျိုးသီလကို စောင့်တဲ့ ရခိုင် တိုင်းရင်း သား တွေဟာ အမျိုးဘာသာ၊ သာသနာအတွက် အနောက်တံခါးကို ကာကွယ်နိုင်စွမ်းရှိတယ် လို့ ပြောခဲ့ပါတယ်။
နောက်တချက်က သဘာဝ ဓါတ်ငွေ့ကိစ္စကို ပြောခဲ့ပါတယ်။ ရခိုင်ပြည်က ဓါတ်ငွေ့တွေကို တရုတ်ပြည် ကို ရောင်းနေပြီးတော့ ကျောက်ဖြူမှာ အထူးစီးပွားရေး ဇုံတွေလုပ်နေတာဟာ ရခိုင်ပြည်သူတွေအတွက် အကျိုး ခံစားခွင့် ရဖို့လိုပါတယ်။ အခု သဘာဝဓါတ်ငွေ့တွေ ရှိလျှက်နဲ့ ရခိုင်ပြည်မှာ မီးမရ၊ ရပြန်သော်လည်း မီတာခတွေ အလွန်ကြီးတယ်။ ဒီကိစ္စကို ချက်ချင်း အကောင်အထည်ဖေါ်ပေးဖို့၊ သဘာဝဓါတ်ငွေ့က ရာခိုင်နှုန်း အချို့ကို ဂတ်စ် သိုလှောင်ရုံ တည်ဆောက်ပြီးတော့ ရခိုင်ပြည်ကို မီးပေးရန် အမြန်ဆုံး စီစဉ် ဆောင်ရွက်ပေးဖို့ကို နိုင်ငံတကာက စီးပွားရေး လာရောက်လုပ်ကိုင်သူတွေနဲ့ ပူးပေါင်းပြီးသော်၎င်း၊ အစိုးရ အနေနဲ့သော်၎င်း အမြန်ဆုံး အကောင်အထည်ဖေါ်ပေးဖို့ ပြောဆိုခဲ့ပါတယ်။

နောက်တင်ပြတာက ရခိုင်ပြည်မှာ ကျန်းမာရေး စောင့်ရှောက်မှု လုံးဝ ညံ့ဖျင်းနေတယ်။ ဆေးရုံတွေမှာ ဆရာဝန်မရှိ၊ သူနာပြုတွေ မရှိဖြစ်နေတယ်။ ရခိုင်ပြည်က အောင်မြင်တဲ့ ဆရာဝန် ဆရာဝန်မတွေကို ရခိုင်ပြည်မှာ ပြန်လည် ခန့်ထားပေးဖို့ဆိုလို့ရှိရင် အဆင်ပြေနိုင်တဲ့ အကြောင်း၊ ခန့်အပ်ပေးဖို့ တောင်းဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။
Photos by Myanmar express

သမ္မတဘက်မှ ပြန်လည် တုန့်ပြန် ပြောဆိုချက်

ရိုဟင်ဂျာ ကိစ္စဟာ သိမ်မွေ့တဲ့အကြောင်း။ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် လုပ်ဖို့ လိုတဲ့ အကြောင်း၊ သူ့အနေနဲ့ UNHCR က လူတွေကို ပြတ်ပြတ်သားသား ပြောလိုက်ပြီ ဖြစ်ကြောင်းပြောပါတယ်။
(ကာကွယ်ရေးတပ်တွေ၊ နယ်ခြားစောင့်တပ် လုပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဖြေအတိအကျ မပေးပေမယ့် လေးလေးနက်နက် မှတ်သားထားပါတယ်။ )

သဘာဝ ဓါတ်ငွေ့ကိစ္စမှာ သူဌေးချောင်းရေအားလျှပ်စစ်ဟာ လုံးဝ အားကိုးမရ ဆိုတာကို ပြောပါတယ်။ စိုင်းတင်ကလည်း မဖြစ်နိုင်တဲ့အတွက်ကြောင့် ဖြစ်နိုင်တဲ့ နည်းလမ်းဖြစ်တဲ့ သဘာဝ ဓါတ်ငွေ့ထဲက ရာခိုင်နှုန်း တစ်စုံတစ်ရာကို  ယူပြီးတော့ သဘာဝ ဓါတ်ငွေ့နဲ့ ရခိုင်ပြည်နယ်မှာ မီးရရှိနိုင်တာကို စဉ်းစားရမယ်။ အဲဒါဟာ ဖြစ်နိုင်တဲ့ နည်းလမ်းဖြစ်တယ်ဆိုပြီး  သမ္မတက ပြောသွားပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ရခိုင်ပြည်က ဆရာဝန်တွေဟာ ရခိုင်ပြည်မှာ ခန့်အပ်တာဝန်ပေးဖို့ဆိုတဲ့ ကိစ္စဟာ လက်တွေ့ကျတယ်။ ဖြစ်နိုင်တယ်။ ဖြစ်အောင်လည်း လုပ်ပေးမယ်လို့ ပြောပါတယ်။

ကျွန်တော်တို့က ပြဿနာတွေကို တင်ပြတာဖြစ်ပါတယ်။ တင်ပြခွင့်ရတယ်။ သူတို့ဆီက လုပ်ပေးဖို့ မလုပ်ပေးဖို့ဆိုတာက မသိပါဘူး။ ဒီလို တင်ပြခွင့်ရတာဟာ ဒီလို ပြောခွင့်ရတဲ့ အတွက် အကျိုးရှိပါတယ်။ သူတို့ လုပ်ပေးသည် ဖြစ်စေ၊ မလုပ်ပေးသည် ဖြစ်စေ ကျွန်တော်တို့ လိုအပ်တဲ့ တောင်းဆိုချက်ကို ပြတ်ပြတ် သားသား တောင်းယူမှာဖြစ်တယ်။ မရရင် ရအောင်လည်း  ဥပဒေဘောင် အတွင်းက တောင်းယူမှာ ဖြစ်တယ်။ ဒီမိုကရေစီနည်းလမ်းနဲ့ ဒီတောင်းဆိုမှုတွေကို ရအောင် အကောင်အထည် ဖေါ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

တွေ့ဆုံခွင့်ရတဲ့ အချိန်

ကျွန်တော်တို့ နံနက် ၉ နာရီမှာ စတွေ့ပြီး ၁၂ နာရီခွဲမှာ ပြီးပါတယ်။ (ဇူလိုင် ၁၈ ရက်နေ့)

ပါဝင်တဲ့ နိုင်ငံရေး ပါတီများနဲ့ လူပုဂ္ဂိုလ်များ

တွေ့တဲ့အခါမှာ ဗမာပါတီက ၅ ခု၊ တိုင်းရင်းသားပါတီက ၅ ခု ဖြစ်ပါတယ်။  သမ္မကြီးဘက်ကတော့  သမ္မတနှင့် ၀န်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းစုစုပေါင်း ၃ ယောက်ပါ။

တိုင်းရင်းသားတွေဘက်က ရခိုင်ကဆိုရင် ကျွန်တော်ပါ။ ချင်း အမျိုးသားပါတီက ဥက္ကဌ ဦးကျော်ဇံ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက ဒုဥက္ကဌ နိုင်လှအောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ဥက္ကဌ ဦးစိုင်းအိုက်မောင်း၊ ကရင် ဖလုံ စဝေါ်ဒီမိုကရက်တစ်ပါတီက ဦးစိုးသိန်းအောင်၊ NDF ပါတီကဒေါက်တာ စန်းငြိမ်းနှင့် ဦးခင်မောင်ရွေ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဒေါ်စန်းစန်းနုနှင့် ဥက္ကဌ ဦးသုဝေ၊ ဒီမိုကေရစီနှင့် ငြိမ်းချမ်းရေးပါတီက ဦးအောင်သန်းနှင့် ဦးမျိုးညွန့်၊ PUP ပါတီက ဦးထွန်းရွေ၊ပြည်ထောင်စု ဒီမိုကေရစီပါတီက ဦးသန်းဝင်း အားလုံး ၁၃ ယောက် ဖြစ်ပါတယ်။ တိုင်းရင်းသား ၅ ယောက်ပါဝင်ပါတယ်။

(မူပိုင်-  နိရဉ္စရာ)

Sunday, 15 July 2012

ကိုကိုကြီးရဲ့ ရခိုင်ခရီးစဉ် အပေါ် မေးမြန်းချက်

RFA - Burmese

RFA: ကိုကိုကြီးရဲ့ ရခိုင်ပြည် ခ၇ီးစဉ်မှာ ဘယ်လို ကြုံတွေ့ခဲ့ရလဲ။

ကိုကိုကြီး - ကျနော်တို့ တခြားတိုင်းနဲ့ ပြည်နယ်ခရီးစဉ်တွေမှာကတော့ ကွဲကွာနေတဲ့ မိသားစုတွေ ပြန်တွေ့တဲ့သဘောမျိုး တက်ကြွမှု ရွှင်လန်းမှု ဖြစ်တယ်ပေါ့ဗျာ။ အခု ဒီ ရခိုင်ခရီးစဉ်နဲ့ ပတ်သက်လို့ ကတော့ ကိုယ်တိုင် ရောက်သွားတဲ့ အချိန်မှာ မြင်ရတာတွေ အရကတော့ ခါတိုင်း ခရီးစဉ်နဲ့ မတူဘူးပေါ့လေ။ စိတ်ထိခိုက်စရာတွေရော နောက် ကျနော်တို့ နိုင်ငံနဲ့ ပတ်သက်ပြီးတော့ အန္တရာယ် တွေ အဖြစ်ပေါ့လေ။ သတိပြုမိတာတွေရော ခံစားမှုတွေကတော့ တနင့်တပိုးကြီးပေါ့ဗျာ ဒီတခေါက်သွားရတာကတော့။

RFA : တိုင်းပြည်အတွက် အန္တရာယ်တွေ သတိပြုမိတယ်ဆိုတာက ဘယ်လိုဟာတွေလဲ။

ကိုကိုကြီး - ကျနော်တို့ စစ်တွေကို သွားတုံးကတော့ စစ်တွေမှာက
မြို့ပေါ်မှာတင်ပေါ့ဗျာ။ ရထားလမ်းကို ဟိုဘက်ဒီဘက် စည်းခြားထားသလိုမျိုး တဘက်နဲ့ တဘက် ကင်းစောင့်ရတဲ့ အခြေအနေမျိုးအထိ ဖြစ်နေတယ်။ ဒါကလည်း ဖြစ်သင့်တဲ့ အခြေအနေ မဟုတ်ဘူးပေါ့။ အဲဒီကနေ ကျနော်တို့ ဘူးသီးတောင် မောင်တောကို
ရောက်တော့လည်း မောင်တောမှာ အခြေအနေက ဌာနေ ရခိုင်လူမျိုးတွေက လူနဲစု ဖြစ်ပြီးတော့ ဒီ ဘင်္ဂါလီရွာတွေက ကျနော်တို့ သွားတဲ့ လမ်းတလျှောက်လုံးမှာ ဘင်္ဂါလီရွာတွေချည်းဘဲ ဖြစ်နေတယ်။ ကျနော်တွေ့ခဲ့တဲ့ အခါမှာ ရခိုင်အမျိုးသားကြီးတယောက်ဆိုရင်
ယောက်ျားကြီးတန်မဲ့ သူ မချိတင်ကဲ ပြောပြီး မျက်ရည်ကျတာမြင်တော့ ကျနော်လည်း မခံစားနိုင်ဘူး။ ဒီမြေဒီရေမှာ နေပြီးတော့ ဒါကို စွန့်ခွါပြီးတော့ သူတို့ ထွက်ပြေးရမယ်ဆိုတဲ့ အဖြစ်ကို သူတို့ လုံးဝ လက်မခံနိုင်ဘူး။ ဒါကြောင့်မို့ သူတို့ ကျားကုတ်ကျားခဲ ဒီမှာ ရပ်တည်နေတဲ့ အခြေအနေတွေ သူတို့ ပြောပြတယ်ပေါ့ဗျာ။ ဆိုတော့ ဒီကိစ္စက အတော်အလေးအနက်ထားဖို့ လိုအပ်လာပြီလို့ ကျနော် မြင်တာပေါ့ဗျာ။

RFA : ကိုကိုကြီးတို့ သွားခဲ့တဲ့ တလျှောက်လုံးမှာ အဲဒီ ဌာနေပေါ့။ ကမန်တို့ ဘရာမန်ကီတို့ ဆိုတဲ့ အစ္စလာမ် ကိုးကွယ်တဲ့ ဌာနေတွေကို တွေ့ခဲ့သေးလား။

ကိုကိုကြီး - ဟုတ်ကဲ့။ ကျနော်တို့ သွားတယ်။ သွားတယ်ဆိုတာက ဒီ မွတ်စလင်ဒုက္ခသည်တွေ များတဲ့ တလျှောက်လုံး ကိုလည်း ကျနော်တို့ သွားကြည့်တယ်။ သက်ကယ်ပြင်ရွာမှာဆိုရင် အဲဒီမှာဆိုရင်
ဒေသခံတွေနဲ့လည်းတွေ့တယ်။ တွေ့တာ့ ကျနော်က ဒီကိစ္စဟာ ဘာသာရေး ပဋိပက္ခ လို့ ဆိုတာကို ကျနော် လုံးဝ လက်မခံဘူး။ နှစ်ပေါင်းများစွာ
ပြဿနာဗျ။ အခုမှ ဖြစ်တာတော့ မဟုတ်ဘူး။ ခေတ်အဆက်ဆက်မှာ ဒီ တရားမ၀င် ၀င်လာတဲ့ သူတွေ၊ နောက်ဒီဘက်က တာဝန်၇ှိတဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေအပိုင်းက အကျင့်ပျက် ခြစားမှုတွေ ကြောင့်လို့ စုပြုံလာတဲ့ ပြဿနာ။ နောက်ထူးခြားချက် တခုကတော့ လူဦးရေ ပေါက်ပွားတဲ့ နှုန်း၊ အဆမတန် များတယ်။ များတော့ ကြာတော့ ဌာနေတွေ အနေနဲ့ အနေကျုံ့လာတယ်ပေါ့။ ဒီမွတ်စလင်ဘက် အခြမ်းကို သွားတဲ့ အခါကျတော့လည်း တော့်တော်စိတ်ထိခိုက်စရာပါ။ အဲဒီမှာ မြေကြီးပေါ်မှာ ဒီ ရွက်ဖျင်တဲတွေနဲ့ ဒုက္ခ သုက္ခ ရောက်နေတဲ့ သူတွေ ပေါ့လေ။ ကျနော်လည်း သူတို့ကို ပြောပါတယ်။ နိုင်ငံသား အခွင့်အရေးဟာ အားလုံး တန်းတူညီမျှ ဖြစ်ရမယ်။ ဒါ ကျနော်တို့ သဘောထားပဲလို့ ကျနော် သူတို့ကိုလည်း အခိုင်အမာပြောတယ်။ တချိန်ထဲမှာပဲ နိုင်ငံသား အခွင့်အရေးဆိုတာနဲ့ အတူ ဒါ နိုင်ငံသားရဲ့ တာဝန် ၀တ္တရားတွေ ဆိုတာလည်း ရှိတယ်။ ကျနော်တို့ ဌာနေ တိုင်းရင်းသားတွေ ကြားထဲမှာ လိုက်လျောညီထွေ ဖြစ်အောင် ညီညီညွတ်ညွတ်နဲ့ သဟဇာတ ဖြစ်အောင် နေနိုင်ဖို့ကလည်း အရေးကြီးတယ်ဆိုတဲ့ အကြောင်း ကျနော် ပြောပြတယ်။ နောက်တခုကတော့ နိုင်ငံသား ဖြစ်သည် ဖြစ်စေ မဖြစ်သည် ဖြစ်စေ လူသားချင်းစာနာမှုအနေနဲ့ကတော့ ဒုက္ခရောက်နေတဲ့သူတွေကို တတ်နိုင်သလောက် အကူအညီပေးဖို့ ပေါ့လေ။ အဲဒါကတော့ တပိုင်းပေါ့။ လူသားချင်းစာနာမှုအရ။
တဘက်ကတော့ နိုင်ငံသားဖြစ်မှုကတော့ ကျနော်တို့ နိုင်ငံရဲ့ လုံခြုံရေးအရကို ဒါကို အသေးစိတ် စိစစ်လေ့လာဖို့ လိုလိမ့်မယ်လို့ မြင်တယ်။

RFA : ခုနက ကိုကိုကြီးပြောသွားတဲ့အထဲမှာ မွတ်စလင်တွေက လူဦးရေမတန်တဆ တိုးပွားနေတယ်ဆိုတဲ့ ဟာမျိုးပေါ့နော်။ ပြည်ပမှာ ရှိနေတဲ့ ရိုဟင်ဂျာဆိုတဲ့ အဖွဲ့အစည်းတွေက ပြောကြတယ်။ ရခိုင်ပြည်မှာ ရှိတဲ့ ရိုဟင်ဂျာတွေ ကလေးမွေးဖွားနှုန်း ကန့်သတ်ခံနေရပါတယ်လို့
ပြောကြတယ်။ အဲလို အပြောနဲ့ဆိုရင် ကိုကိုကြီးတို့ ဘယ်လို တွေ့ခဲ့ရလဲ။

ကိုကိုကြီး - ရိုဟင်ဂျာဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ အများကြီး စဉ်းစားဖို့ လိုလိမ့်မယ်။ ဒေသခံတွေကို ကျနော်မေးကြည့်တယ်။ ခင်ဗျား ဘာလူမျိုးလဲဆိုတော့ ဘင်္ဂါလီလို့ပဲ ပြောတယ်။ ဆိုလိုတာက
အောက်ခြေ သူတို့ လူမျိုးတွေကိုယ်တိုင်က သူတို့ကိုယ် သူတို့ ဘင်္ဂါလီလို့ပဲ သတ်မှတ်တယ်။ တဘက်ကလည်းပဲ ကျနော် ဘူးသီးတောင် မောင်တော
ရောက်တဲ့ အချိန်မှာ ကျနော်သိသလောက ၉၇ ရာခိုင်နှုန်းလောက်က ဒီ ဘင်္ဂါလီတွေ ဖြစ်သွားပြီ။ နယ်စပ်ဂိတ်ကိုလည်း ကျနော်ရောက်တယ်။ နယ်စပ်ဂိတ်အနေအထားကလည်း ဟိုဘက် ဒီဘက် ကူးလူးဆက်ဆံလို့ ရတဲ့ အနေအထားဘဲ။ ဆိုတော့ စစ်တွေမှာ ဆိုရင် ကျနော်သွားကြည့်တဲ့လူထဲမှာ ကျနော်နဲ့ ပြောဆိုပြီး ရင်ဖွင့်တဲ့သူကိုတိုင်က ဧည့်နိုင်ငံသား အဆင့်ပဲ ရှိသေးတယ်။ တကယ်သာ ကျနော်တို့က နိုင်ငံသား ဖြစ်မှုနဲ့ ပတ်သက်ပြီးတော့ စာရင်းဇယား ပြုစုတော့မယ်ဆိုရင် တရားမ၀င် လာရောက်နေတဲ့သူတွေ အများကြီး ထွက်လာလိမ့်မယ်။ အဲဒါကိုင်တွယ်ရင်တောင်မှ တကယ့်ကို ပညာပေးမှုတွေရော၊ အားလုံး ပူးပေါင်းဆောင်ရွာမှုတွေရော အများကြီးလိုမယ်။

RFA : ပြီးခဲ့တဲ့ ရက်တွေကလည်း သမ္မတ ဦးသိန်းစိန်က ဒုက္ခသည်များ
ဆိုင်ရာ မဟာမင်းကြီးနဲ့ တွေ့တဲ့အခါမှာ ဒါ တဘက်နိုင်ငံက ၀င်လာတဲ့
သူတွေ ဖြစ်တဲ့အခါကျတော့ ဒုက္ခသည်စခန်းလိုမျိုး ဖွင့်ပေးမယ်။ ဒါကို တတိယနိုင်ငံတွေက ခေါ်ရင်လည်း ခေါ်ပါ ဆိုပြီးတော့
ပြောလိုက်တယ်ပေါ့နော်။ ဒီသဘောထားတဲ့ ပတ်သက်ပြီးတော့ ကိုကိုကြီးတို့ ဘယ်လို မြင်လဲခင်ဗျာ။

ကိုကိုကြီး - နိုင်ငံတိုင်းမှာ နိုင်ငံသားဖြစ်မှုတဲ့ ပတ်သက်တဲ့ ဥပဒေတွေ နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဟာတွေက ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်နဲ့ သဘာဝနဲ့ လိုက်လျောညီထွေ ပြဌာန်းရတာချည်းဘဲ။ တနိုင်ငံနဲ့ တနိုင်ငံ တပုံစံထဲ မဖြစ်နိုင်ဘူး။ ကျနော်တို့ကလည်း ကျနော်တို့ နိုင်ငံနဲ့ ကျနော်တို့ လူမျိုး ကျနော်တို့ ရေမြေရဲ့ လိုအပ်ချက်နဲ့ အညီ ကျနော်တို့ ကျင့်သုံးရမှာဘဲ။
ပြဌာန်းရမှာပဲလိုဘဲ မြင်တယ်။

RFA : ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကလည်း ဒီအပေါ်မှာ တုန့်ပြန်ပြောဆိုတယ်ပေါ့နော်။ ဒီအပေါ်မှာ။ ဒါဟာ ဗမာပြည်ထဲက ကိစ္စပဲ ဖြစ်တယ်။ သူတို့ UNHCR ရဲ့ မူနဲ့ မကိုက်ညီလို့ လက်မခံနိုင်ဘူး
လို့ ပြောတယ်။ ဒီအပေါ်မှာရော ကိုကိုကြီးတို့ အနေနဲ့ ဘာများပြောချင်လဲ။

ကိုကိုကြီး - ဒီနိုင်ငံတကာအဖွဲ့အစည်းတွေ တာဝန်၇ှိတဲ့ သူတွေ အနေနဲ့က
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် သူတို့ သိထားသလောက် အချက်အလက်တွေနဲ့ ကောက်ချက်ချတာတို့ သဘောထားပေးတာမျိုးဟာ ကျနော်တို့ နိုင်ငံရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ မဖြစ်တဲ့ အခါကျရင် ကျနော်တို့ နိုင်ငံသားတွေရဲ့ စိတ်ခံစားမှုတွေကိုပါ လာပြီးတော့ သက်ရောက်နိုင်တယ်။ ဥပမာဆိုလို့ရှိရင် ကျနော်ရောက်ခဲ့တဲ့ ဒုက္ခသည် စခန်းတွေမှာ UN ဆိုပြီးတော့ ကြက်ခြေခတ်ထားတယ်။ INGO ဆိုပြီးတော့ ကြက်ခြေခတ်ထားတယ်။ ဆိုလိုတာက ကျနော်တို့ ဒေသခံ တိုင်းရင်းသားတွေ
က အဲဒီနိုင်ငံတကာအဖွဲ့အစည်းတွေအပေါ်မှာ ဘယ်လို မြင်သလဲဆိုတာကို အဲဒီ အဖွဲ့အစည်း တာဝန်၇ှိသူတွေက အလေးအနက်ထားဖို့ လိုမယ်လို့ ထင်တယ်။

Thursday, 12 July 2012

ဘူးသီးတောင် မောင်တော ဒေသသို့ သူရ ဦးရွှေမန်း ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ် အဖွဲ့နှင့် သွားရောက်ခဲ့သူ ဦးဘရှင်အား မေးမြန်းချက်

Narinjara

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းဦးဆောင်သော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၄ ယောက်သည် ဇူလိုင်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့ အတွင်း စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ သွားရောက်ပြီး ဒုက္ခရောက်နေကြသော ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံကာ အကူအညီများ ပေးအပ်ခဲ့ကြသည်။ လွှတ်တော် ကိုယ်စားလှယ် ၃၄ ဦးထဲမှ တစ်ဦးဖြစ်သူ ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်အား ဘူးသီးတောင်၊ မောင်တော ဒေသများသို့ သွားရောက်ပြီး အကူအညီ ပေးခဲ့ခြင်းနှင့် ပတ်သက်ပြီး နိရဉ္စရာက မေးမြန်းခွင့် ရခဲ့ပါသည်။ အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

မေး။ ။ဦးဘရှင်တို့ ဒီနေ့ စစ်တွေကိုရောက်ပြီးတော့ ကယ်ဆယ်ရေး စခန်းတွေကို လွှတ်တော် ဥက္ကဋ္ဌနဲ့ သွားတယ်လို့  ကြားပါတယ်။ ဒီနေ့ ဘယ်နေရာတွေ သွားဖြစ်ပါသလဲ။
- ဟုတ်ကဲ့ ကျနော်တို့ ဒီနေ့နေ့လည်ပိုင်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေပါကြပါတယ်၊ ကျနော်တို့ မောင်တောမြို့နယ် ဒုက္ခသည်စခန်းဖြစ်တဲ့ အလယ်သံကျော်မှာ
ရောက်နေတဲ့ သရေကုန်ဘောင်မှ ဒုက္ခသည်စခန်းနဲ့ သရေကုန်ဘောင်ရွာကို ရောက်တယ်၊ နောက်မောင်တောမြို့က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ နေရာပေးထားတဲ့ ဒုက္ခသည်စခန်းကိုရောက်တယ်။
နောက်အုပ်ချုပ်ရေးအဖွဲ့က လူကြီးတွေနဲ့ တွေ့တာကတော့ မောင်တော ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ပါတယ်။

မေး။  ။အဲဒီတော့ ဒုက္ခသည်တွေရဲ့အခြေနေကိုယော ဘယ်လိုမြင်ခဲ့ပါလဲ ခင်ဗျား။
- ဒုက္ခသည်တွေ အဓိကခံစားနေရတာကတော့ သူတို့စိုးရိမ်ကြောင်းကြမှုတွေရှိနေကြတာကို တွေ့ရ ပါတယ်။ နောက်တစ်ခုက မိုးရာသီဖြစ်တဲ့ အတွက်ကြောင်း သူတို့ ပြဿနာက ဘာလဲ ဆိုရင် လယ်လုပ်ဖို့ အတွက် အချိန်မမီ ဖြစ်မှာကို သူတို့ တွေးပူနေကြတယ်။ ဒါပေမဲ့ ချုပ်ရေးအဖွဲ့အစည်းတွေက ထွန်စက်တွေ ကူညီပေးမယ်ဆိုတော့ သူတို့  ပျိုးခင်း၊ ပျိုးထောင်ပီးတော့
စပါးစိုက်နိုင်တဲ့ အခြေနေရှိတယ်ဆိုတာ သူတို့ပြောပြလို့ သိလိုက်ရတယ်။

မေး။ ။ဦးဘရှင်အပါအ၀င် အခု မောင်တောကို သွားတဲ့ အထဲမှာ လူပေါင်းဘယ်လောက်များပါဝင်ပါသလဲ ပြီးတော့ မောင်တောကို ဘယ်လို သွားခဲ့ကြတာပါလဲ။
- နေပြည်တော်ကနေ စစ်တွေကို တပ်မတော်အထူးလေယာဉ်နဲ့ ကျနော်တို့ကို ပို့ပေးပါတယ်၊ စစ်တွေမြို့ လေဆိပ်က တပ်မတော်ရဟတ်ယာဉ် နှစ်စီးနဲ့ ကျနော်တို့သွားကြပါတယ်။ လွှတ်တော်ကိုယ်စား
လှယ်အားလုံး ၃၄ ယောက် ပါပါတယ်။ စစ်တွေကတော့ ပြည်နယ်ဝန်ကြီးချုပ်ရယ်၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌရယ်၊ ဒီမှာရောက်နင့် နေပြီးသားဖြစ်နေတဲ့ ကာကွယ်ရေးဝန်ကြီးရယ်၊ နောက်ဌာနဆိုင်ရာ
ပြည်နယ်အဆင့် ပုဂ္ဂိုလ်တွေတစ်ချို့လည်း မောင်တောကို လိုက်ပါခဲ့ကြပါတယ်။

မေး။  ။အဓိကနေပြီးတော့လေ ဘာကြောင့်  လွှတ်တော်ဥက္ကဋ္ဌတွေအပါအ၀င် လွှတ်တော်က လူကြီးတွေ ပေါ့လေ ဘာရည်ရွယ်ချက်တွေနဲ့ အဲဒီလိုလာတာပါလဲ။ အဓိက ဘာကို ရည်းမှန်းချက်ထားပြီးတော့ အခုလို လာလည်ကြတာပါလဲ။
- အဓိကတော့ ကျနော်တို့ လွှတ်တော်က ဒီမှာ လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ ပါလာကြတဲ့ အဖွဲ့စည်းတွေက တိုင်းရင်းသား ရေးရာကော်မတီ အဖွဲ့ဝင်တွေနဲ့ ဒီဥပဒေရေးရာ အထူးကိစ္စရပ်များဆိုင်ရာ ကော်မရှင်က ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ အတွက်ကြောင်း တိုင်းရင်းသားရေးရာတွေကို အထူးဦးစားပေးပြီးတော့ တွေ့ချင်တယ်။  တိုင်းရင်းသားတွေရဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုလည်း ကိုယ်တိုင်မြင်ချင်တယ်၊ တိုင်းရင်းသားတွေရဲ့ နေထိုင်နေရတဲ့ အခက်အခဲ့တွေကို အားပေးစကားပြောချင်တယ်၊ တိုင်းရင်းသားတွေရဲ့ ပြောကြားချက်ကိုလည်း ကြားချင်တယ်။ အဲလိုရည်ရွယ်ချက်တွေနဲ့လာတာပါ။

မေး။  ။နောက်ကျနော်တို့ကြားတာက လွှတ်တော်က သိန်း ၁၂၀ အလှူပေါလေ။ ကိုယ်စားလှယ်တွေရဲ့  နေ့တွက် စရိတ်တွေကို ကူညီပေးတယ်လို့ ကြားရပါတယ်၊ အဲဒီအလှူတွေကို ဒီနေ့ပေးတာရှိပါသလား။
- အဲဒီလွှတ်တော်က နေ့တွက် ၃ ရက်စာအတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အလှူပေးတဲ့ ငွေတွေနဲ့ ဒီနေ့ ပစ္စည်းတွေ ကျနော်တို့ ဒုက္ခသည်စခန်းမှာ လွှတ်တော် ဥက္ကဋ္ဌကြီးတို့နဲ အဖွဲ့ဝင်တွေ ကိုယ်တိုင် ပေးခဲ့ကြ ပါတယ်။

မေး။  ။ဦးဘရှင်တို့  စစ်တွေကို မောင်တောကနေ ဘယ်အချိန် ပြန်ရောက်ပါလဲ။
- ကျနော်တို့ အခု ဇူလိုင်လ ၇ ရက် ည ၆ နာရီထိုးခါနီးလောက်ကို စစ်တွေကို မောင်တောကနေ ပြန်ရောက်ပါတယ်၊ ရာသီဥတု မကောင်းတဲ့အတွက်ကြောင်း ကျနော်တို့ နည်းနည်း ခရီးကြန့်ကြာခဲ့ပါတယ်။

မေး။  ။စစ်တွေမှာကော ဘယ်လိုအစီအစဉ်ရှိပါလဲ။
- စစ်တွေကိုတော့ အခုမှပဲရောက်တဲ့အတွက်ကြောင်း ရာသီဥတု အခြေအနေကြည့်ပြီးတော့ မနက်ဖြန်အတွက် ခရီးစဉ်မသတ်မှတ်ရသေးပါဘူး။

မေး။  ။အဲဒီလိုပေါ့လေ စစ်တွေတို့ မောင်တောတို့ကို အခုလို အကူညီတွေလာပြီးတော့လုပ်တယ်ဆိုတော့ အဲဒီမှာ ဒုက္ခသည်တွေကို မြင်ရတဲ့ အခါ ဦးဘရှင်အနေနဲ့ အမြင်လေးတွေကို နည်းနည်းလောက် ပြောပြ ပေးပါလား၊ ဘယ်လိုမြင်ပါလဲ။ ဘယ်လိုခံစားရပါလဲ။
- ကျနော်တို့ အခုရောက်ခဲ့တာက မောင်တောမြို့နယ်က ရခိုင်တိုင်းရင်းသား ဒုက္ခသည်စခန်းတွေကို ရောက်ခဲ့တော့ တိုင်းရင်းသားဒုက္ခသည်တွေ တကယ့်ကို ဒုက္ခရောက်ကြပါတယ်၊ သူတို့မှာ တစ်ရွာလုံးကို မီးရှို့ ဖျက်ဆီးပစ် တာကို ခံထားရတဲ့ အတွက်ကြောင့် စားရေးရိက္ခာ ကျွဲ၊ နွားတွေ အကုန်လုံး ဘာမှမရှိတော့တဲ့ အတွက်ကြောင့်  စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေကြတာတွေတွေ့ရတယ်။ နောက်ပြီးတော့ သူတို့ အလုပ်မလုပ်ရတဲ့အတွက် သူတို့မှာက ၀င်ငွေလည်းမရှိဆိုတာကို တွေ့ရတယ်၊ စားစရာတွေကတော့ ကျနော်တို့လို အလှူရှင်တွေက ထောက်ပံ့ပေးထားတဲ့အတွက်ကြောင်း စားလို့တော့ရတာပေါလေ၊ လယ်တွေကို သူတို့ လုပ်ချင်ကြတယ် နောက်ပြီးတော့ လုံလုံခြုံခြုံနေချင်ကြတယ် အဲဒါတော့ အဓိကပဲ၊ နောက်ပြီး သူတို့တင်ပြကြတာကတော့ ဒုက္ခသည်တွေလိုချင်ကြတာကတော့ ကျန်းမာရေးစောင့်ရှောက်မှုရေ၊ သူတို့ ရင်သွေးတွေရဲ့ ပညာရေး ကိစ္စတွေ ပြောတယ်၊ နောက်တခါ ပညာရေးကိစ္စမှာ ဆရာ၊ ဆရာမတွေက ဆူပူမှုကို အကြောင်းပြုပြီးတော့ ကြောက်လန့်ပြီးတော့ ကိုယ့်မြို့ကိုယ့်ရွာကိုပြန်သွားကြတဲ့အခါ ဆရာ၊ ဆရာမတွေ မရှိတဲ့ အတွက်ကြောင်း ဒီဆရာ၊ ဆရာမတွေရောက်လာမှ စာသင်ရမယ် ဆိုလို့ရှိရင် နှောင့်နှေး ကြန့်ကြာ မှုတွေဖြစ်နိုင်တယ်။ နောက်တစ်ခါ စာသင်ကျောင်းလည်း မရှိတော့ဘူးလေ၊ စာသင်ကျောင်းက သူတို့ ဖျက်ဆီး ခံလိုက်ရတော့ အသစ်ပြန်လုပ်ရမှာ။ ပြီးတော့ နောက်ဆရာတွေ အလွယ်တကူ မရနိုင်လို့ရှိရင် သူတို့ ကျေးရွာမှာရှိတဲ့ ဘွဲ့ရ လူငယ်တွေကို ခန့်ပေးနိုင်ရင်လည်း ခန့်ထားပေးဖို့  သူတို့ တောင်းဆိုကြတာတွေ တွေ့ရပါတယ်။ နောက်ပြီးတော့ ကျောင်းသား၊ ကျောင်းသူတွေ သွားရေးလာရေးတွက် လုံခြုံမှု မရှိတဲ့အတွက်ကြောင့် ဒီဘင်ဂလီရွာတွေကို ဖြတ်သန်းပြီးတော့ အလယ်သံကျော်ကို ကျောင်းသွား တက်ရမယ် ဆိုလို့ရှိရင်  ဒီလုံခြုံရေးတွေ သူတို့စိုးရိမ်တဲ့အကြောင်း သူတို့တင်ပြကြတာ တွေ့ရပါတယ်။

မေး။ ။ အဖွဲ့ထဲမှာ ပါဝင်တဲ့  ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအပါအ၀င် တခြားပါတဲ့ သူတွေကို ပြောပြပေးပါလား။
- ပြည်သူ့လွှတ်တော်က ဥက္ကဋ္ဌကြီးကိုယ်တိုင်ရယ်။  နောက်ကျနော်တို့ ကော်မတီဆိုင်ရာ တိုင်းရင်းသား ရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းမှု ကော်မတီ၊ နောက်ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေး ကော်မရှင် ဒီအဖွဲ့ဝင်တွေပါတယ်၊ နောက်ပြီးတော့ အမျိုးသားလွှတ်တော်ကတော့ တိုင်းရင်းသား ရေးရာ ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘုန်းမြတ်တို့  ပါပါတယ်။
(ပြီး)

Interview with RNDP MP Aung Mara Kyaw



ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဇွန် ၈ က ဖြစ်ပျက်ခဲ့တဲ့ မီးရှို့မှုတွေ၊ သတ်ဖြတ်မှုတွေရဲ့ တလပြည့် လပတ်လည် အထိမ်းအမှတ်အဖြစ် ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ဇူလိုင် ၈ က မြို့လုံးကျွတ် သာသနာ့အလံတွေ လွှင့်ထူလို့ လွန်သူတွေကို အောက်မေ့ သတိရခဲ့ကြတယ်လို့ သိရပါတယ်။ အကြောင်းစုံကိုတော့ RNDP ရခိုင် အမျိုးသားများ တိုးတက်ရေး ပါတီရဲ့ စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးခိုင်မရကျော်ကို ဘီဘီစီက မေးထားပါတယ်။

Wednesday, 11 July 2012

ရခိုင်ပဋိပက္ခဖြစ်စဉ်အပေါ် လူ့အခွင့်အရေးကော်မရှင်နှင့် မေးမြန်းချက်

ဒီဗွီဘီ

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ အခုလောက်ထိ ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့တာဟာ ပြည်နယ်အတွင်းနေ ပြည်သူတွေရဲ့ အခြေခံပညာနဲ့ ဗဟုသုတနည်းပါးတာတွေက အကြောင်းရင်းခံတခုဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သုံးသပ်ပြောကြားလိုက်ပါတယ်။

လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေဟာ ဇွန်လ ၂၇ ရက်ကနေ ဇူလိုင် ၁ ရက်အထိ ရခိုင်ပြည်နယ်အတွင်း ငါးရက်ခရီးသွားခဲ့ပြီး တွေ့ရှိချက်တွေအပေါ် အခုလို သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်း လတ်တလော ရှိနေတဲ့ ဒုက္ခသည် လေးသောင်းကျော်အတွက် အာဟာရ ပြည့်ဝတဲ့အစားအသောက်တွေ အပါအ၀င် အခြေခံ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင်အရေးကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက် အပေါ် ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းထုတ်ပြန်ချက်မှာ ထောက်ပြထားတာ၊ အကြံပြုထားတာ ၄ ချက် ပေါ့နော်။ အဲမှာ ပြန်လည်ယုံကြည်မှုတည်ဆောက်ရေးအတွက် အသိပညာဗဟုသုတ ကြွယ်ဝဖို့။ အဲ့နယ်မြေမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ အခြေခံပညာ တတ်မြောက်မှုနှုန်း မြင့်မားရေး အထူးအစီအစဉ်တရပ်ကို အမြန်ဆောင်ရွက်ပေးသင့်ပါတယ် ဆိုတာ.. အန်ကယ်တို့ ဘယ်လိုတွေ တွေ့မြင်ခဲ့ရလို့ ဒီအချက်ကို တင်ပြတာပါလဲ။

“ဒါက အုပ်စု ၂ အုပ်စု။ ဘင်္ဂလီ အုပ်စုနဲ့ ရခိုင်တိုင်းရင်းသား အုပ်စု ၂ စုရှိတယ်။ ပြဿနာဖြစ်တာက ဒီ အုပ်စု ၂ စုက ဖြစ်တာလေ။ ကျနော်တို့ ရောက်ရှိစဉ်အတောအတွင်း အထူးသဖြင့် မောင်တောမှာပေါ့။ မောင်တောကို နှစ်ခေါက်ရောက်တယ်။ 

အဲ့မှာ တွေ့ဆုံသင့်တဲ့သူတွေနဲ့ တွေ့တယ်။ ဘာသာရေးခေါင်းဆောင်တွေနဲ့ ရပ်မိရပ်ဖတွေနဲ့ တွေ့တယ်။ ဒုက္ခသည်တွေနဲ့လည်း တွေ့တယ်။ တခြား အလွတ်သဘောတွေ့တာတွေလည်း ရှိတာပေါ့။ တွေ့ပြီး မေးမြန်းလေ့လာတဲ့အခါကျတော့ ဖြစ်ပွားတဲ့ ဖြစ်စဉ်မှာ အခြေခံပညာနဲ့ ဗဟုသုတ နည်းပါးမှုဟာလည်း အကြောင်းအရင်းတခုအနေနဲ့ ပါတယ်လို့ သုံးသပ်ပါတယ်။ ကလေးတွေက အခြေခံပညာတတ်မြောက်ပြီး ဗဟုသုတရှိကြမယ်ဆိုရင် ဇွန်လမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မျိုးတွေ မဖြစ်နိုင်ဘူး။ ဖြစ်ခဲ့ရင်လည်း ဒီလောက်ပြင်းထန်တဲ့ ဖြစ်စဉ်မျိုးတွေ မဖြစ်နိုင်ဘူးလို့ ဆွေးနွေးတင်ပြချက်တွေအရ တွေ့ရှိပါတယ်။ ဒါကြောင့် အကြံပြုတာဖြစ်ပါတယ်။”

နောက် တခုက အခြေခံလိုအပ်ချက်တွေရှိနေဆဲဖြစ်လို့ အခုထက် တိုးမြှင့်ကူညီပေးပါဆိုတာ ဘယ်လိုအခြေခံလိုအပ်ချက်တွေရှိနေသေးလဲဆိုတာ အန်ကယ်တို့ တွေ့မြင်ခဲ့ရလို့ပါလဲ။ ကျယ်ကျယ်ပြန့်ပြန့်လေး ပြောပြပေးပါ။

“လူဦးရေက ကျနော်တို့ တွေ့ခဲ့ရသလောက်ဆိုရင် ၄ သောင်းကျော်လောက်ဆိုတော့လေ။ ဒါကို လုံလောက်အောင် ထောက်ပံ့ဖို့ဆိုတာက သိပ်ခက်ခဲပါတယ်။ လှူတာက လှူနေကြတယ်။ နိုင်ငံတော်ကလည်း ပံ့ပိုးတယ်။ ကုလသမဂ္ဂကလည်း တော်တော်လေးပံ့ပိုးပါတယ်။ 

ကျနော်တို့သွားတဲ့ရက်ကလည်း လေယာဉ်တူတူပဲ။ သူတို့အဖွဲ့တွေလည်း အဖွဲ့စုံ လူ ၂၀ ကျော်လောက်ပါတယ်။ ကျနော်တို့လည်း ဒီဘက်က ၀န်ကြီးဌာနကလူတွေလည်းပါတယ်။ 

ရဟတ်ယာဉ်တွေနဲ့ လိုက်ကြည့်ကြတယ်။ သူတို့လည်း ကူညီနိုင်တာတွေ ကူညီဖို့ ပြင်ဆင်နေပါတယ်။ အစိုးရရော၊ ကုလသမဂ္ဂရော၊ နိုင်ငံတကာအဖွဲ့အစည်းတွေရော၊ ပြည်တွင်းက အလှူရှင်တွေရော ကူညီနေကြပါတယ်။ ဒီလောက်များပြားတဲ့ လူတွေအတွက်က အခြေခံလိုအပ်ချက်တွေက ရှိပါတယ်။ အခုလည်း ကျောင်းတွေဖွင့်တော့မယ်ဆိုတော့ ပညာရေးအတွက်လိုလာပြီ။ ဒီလူတွေက သူတို့ရဲ့ လုပ်ငန်းခွင် မ၀င်နိုင်တဲ့အတွက် ပုံမှန်ဝင်ငွေတွေ ထိခိုက်သွားပြီ။ 

ကျန်းမာရေးစောင့်ရှောက်မှုတွေလိုတယ်။ နေ့စဉ်စားသုံးမှုမှာ အာဟာရပြည့်တဲ့ စားသုံးမှုတွေလိုတယ်လို့ ကျနော်တို့က မြင်ပါတယ်။”

နောက်တခုက အကြမ်းဖက်ကျူးလွန်မှုတွေအပေါ် ကျောက်နီမော်မှာ မုဒိမ်းမှုကျူးလွန်တဲ့ တရားခံ ၃ ယောက်ကို အပြစ်ပေးလိုက်တာကလွဲလို့ တောင်ကုတ်မှာ ၀ိုင်းရိုက်တဲ့ကိစ္စတွေကို အခုထိ အစိုးရက တရားဝင်သတင်းထုတ်ပြန်ပြီး ဘယ်လို အရေးယူထားပါတယ် ဆိုတာ မတွေ့ရဘူး။ ဒါကိုရော အန်ကယ်တို့အဖွဲ့အနေနဲ့ ဘယ်လိုသဘောရပါလဲ။

“အဲဒါကတော့ ကျနော်တို့ တောင်ကုတ်မရောက်ခဲ့တော့ သီးခြားမဆွေးနွေးခဲ့ရဘူး။ သို့သော် နိုင်ငံပိုင်သတင်းစာတွေမှာ သတင်းထုတ်ပြန်တာတော့ တွေ့လိုက်တယ်။ သူတို့ဆောင်ရွက်နေပါတယ်ဆိုတာလေ။ နောက် ဥပဒေအရ အရေးယူနိုင်ဖို့ စစ်ဆေးနေတာတွေ၊ ဖမ်းနိုင်တဲ့သူကို ဖမ်းတာတွေတော့ သိခဲ့ရပါတယ်။ ဒါကတော့ အလွတ်သဘောပါ။ တောင်ကုတ်တင်မဟုတ်ဘူးဗျ။ ရခိုင်ပြည်နယ်က အကြမ်းဖက်တဲ့နေရာတွေမှာရောပဲ။ အဓိကကတော့ စစ်တွေ၊ မောင်တော၊ ရသေ့တောင်ပေါ့။ ကျန်တာကတော့ ဘူးသီးတောင်၊ ရမ်းဗြဲနဲ့ ပုဏ္ဏားကျွန်း တို့မှာလည်း အကြမ်းဖက်တဲ့သူတွေကို ရသမျှတော့ လေ့လာစုံစမ်းပြီး ရသမျှကိုတော့ ထိန်းသိမ်းနေတာ တွေ့ခဲ့ရပါတယ်။”

အန်ကယ်လ်တို့ ကော်မရှင် အနေနဲ့ အခု ဖြစ်ခဲ့တဲ့အပေါ်မှာ နှစ်ဖက်စလုံးမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ တော်တော်များများရှိတယ်လို့ ကျနော်တို့လည်း ကျယ်ကျယ်ပြန့်ပြန့်ကြားရပါတယ်။ အဲဒီအပေါ်မှာ လူ့အခွင့်အရေး ကော်မရှင်က ဘယ်လိုလုပ်ပေးဖို့ ရှိလဲ။

“လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ကတော့ တိုက်ရိုက်ဆင်းလုပ်ဖို့ဆိုတာက အခြေခံသဘောတရားအရ ဒီလိုတော့ မဟုတ်ဘူး။ ကျနော်တို့က တွေ့ရှိချက်ကို လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တိုက်တွန်းမယ်။ အကြံပြုမယ်ပေါ့ဗျာ။ ကျနော်တို့ကတော့ အခြေအနေအမှန်ကို ရနိုင်သမျှ စုစည်းပြီးတော့ တိုက်တွန်း အကြံပြုတဲ့သဘောပါပဲ။ ထုတ်ပြန်ချက်ကလည်း အစိုးရအဖွဲ့အစည်းတွေနဲ့လည်း ဆိုင်ပါတယ်။ နောက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူမျိုးစုတွေနဲ့လည်း ဆိုင်တယ်လို့ ကျနော်ရည်ညွှန်းပါတယ်။”

အန်ကယ်တို့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ရခိုင်ကိစ္စကို အရင်ဖြစ်ခဲ့တာတွေ နောက်ပိုင်းမှာ ကျယ်ပြန့်သွားတဲ့အပေါ် တော်တော်များများ သုံးသပ်ကြတာက နယ်စပ်ကနေ တရားမ၀င်ဖြတ်ကျော်ပြီး ရခိုင်ပြည်နယ်ထဲ ရောက်နေတဲ့ တဖက် နိုင်ငံသားတွေ ကိစ္စ၊ နယ်စပ်စည်းမလုံတဲ့ကိစ္စ၊ အဂတိလိုက်စားတဲ့ကိစ္စ၊ အထူးသဖြင့် လ၀က (လူဝင်မှုကြီးကြပ်ရေး) ပေါ့နော်။ အဲဒါမျိုးတွေ ဝေဖန်သုံးသပ်ချက်အပေါ် အန်ကယ်တို့ သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းထားတာ မတွေ့ရဘူးဗျ။ ဘာဖြစ်လို့လဲ။

“အဲဒီအတွက်ကိုတော့လေ။ ဒါကတော့ ရုတ်တရက် သွားရုံနဲ့ ဒီကိစ္စက တခါတည်း မသိနိုင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ၀င်ရောက်တာကလည်း ခိုးပြီးတော့ ၀င်ရောက်တာ။ နောက်တခုက လ၀ကနဲ့ပဲ ဖြစ်စေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ပဲ ဖြစ်စေ သူတို့က လာဘ်ပေးလာဘ်ယူ လုပ်ပြီးတော့ ဖြစ်လာတာ ဖြစ်တဲ့အတွက် ကျနော်တို့ကော်မရှင် အနေနဲ့ ဒီအတိုင်း တရက် နှစ်ရက် သွားရုံနဲ့ မသိနိုင်ဘူး။ သို့သော် ကျနော်တော့ အလွတ်သဘော ဆွေးနွေးခဲ့တာ ရှိတယ်ဗျ။ 

ကျနော်တို့ မြင်တွေ့ခဲ့ရတာတွေကတော့ တရားမ၀င် ခိုးဝင်တာတွေ ရှိချင်လည်း ရှိမယ်။ ပြောမရဘူး။ သို့သော် နစက အဖွဲ့အစည်းက တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် လုံခြုံရေးကို လုပ်ပေးနေတာ တွေ့တယ်။ နယ်စပ်လုံခြုံရေးအတွက်လည်း နိုင်ငံတော် အစိုးရက မိုင် ၈၀၊ ၁၀ ပေ အမြင့်ရှိတဲ့ သံဆူးကြိုးတွေ ကာရံပြီးတော့ ထိန်းသိမ်းထားတာ တွေ့တယ်။ ခုနက ပြောသလို တရားမ၀င် ခိုးဝင်တာတွေ ဘယ်လောက်ရှိတယ်။ ရှိ မရှိ ဆိုတာတွေကတော့ ကျနော်တို့ အနေနဲ့ ဖော်ထုတ်နိုင်ခြင်း မရှိပါဘူး။”

ဒီနေ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဖြည့်စွက် ပြောစရာရှိရင် ပြောပေးပါဦးဗျ။ 

“ကျနော်ကတော့ ဒီနေ့ကတော့ ကမ္ဘာကြီးက ကျနော်တို့ရွာကြီးတရွာ ဖြစ်သွားပြီဆိုတော့။ ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးပေါင်းစုံက မိမိနှစ်သက်ရာ သက်ဆိုင်ရာ ဒေသရဲ့ ဥပဒေနဲ့ အညီ နေထိုင်ခွင့်ရှိကြပြီး ကူးလူဆက်ဆံကြတာပေါ့ဗျာ။ ကျနော်တို့ ရခိုင်ပြည်နယ်မှာလည်း ဒီသဘောပဲ။ အေးအေးချမ်းချမ်းနဲ့ ရေရှည်မှာ ဖြစ်သွားချင်ပါတယ်။ တာဝန်ရှိတဲ့ အစိုးရအဖွဲ့အစည်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပါတီတွေ အနေနဲ့လည်းပဲ ရေရှည်သဘောကို မျှော်ပြီး တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ အေးချမ်းရေးကို ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျနော့်အနေနဲ့ ဒီနေရာကနေ တိုက်တွန်းတင်ပြလိုပါတယ်။”

Tuesday, 3 July 2012

ရွှေကရုဏာဆေးခန်း မိုလ်ဘိုင်းအဖွဲ့နှင့် မေးမြန်းချက်

အာရကန်တိုင်းမ်

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သော ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်းကြောင့် အိုးမဲ့အိမ်မဲ့၊ အလုပ်လက်မဲ့ဖြစ်သွားခဲ့ရသော ဒုက္ခသည်များအား မိုလ်ဘိုင်းအနေဖြင့် ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ပြုလုပ်ပေးနေသော ရွှေကရုဏာ ဆေးခန်းမှ မိုလ်ဘိုင်းအဖွဲ့သားများနှင့် မေးမြန်းချက်များကို ဖော်ပြပေးလိုက်ရပါသည်။
shwe-gurunar
အာရကန်တိုင်းမ်စ် : ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးမဲ့၊ အိမ်မဲ့၊ အလုပ်အကိုင်မဲ့ဖြစ်သွားကြတဲ့ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးနဲ့ပက်သက်လို့ မိုးလ်ဘိုင်းအနေနဲ့ ဘယ်လိုအကူအညီတွေပေးနေပါလဲ?

မိုလ်ဘိုင်း : ကျွန်တော်တို့ အပိုင်း ၂ပိုင်းခွဲပြီး လုပ်ဆောင်နေပါတယ်။ ၁ပိုင်းက ကုသရေးပိုင်းပေါ့၊ နောက် ၁ပိုင်းကတော့ ကာကွယ်ရေးပိုင်းဆိုပြီး ၂ပိုင်းခွဲပြီး လုပ်ဆောင်နေပါတယ်။

အာရကန်တိုင်းမ်စ် : ၂ပိုင်းခွဲပြီးလုပ်ဆောင်နေတဲ့အခါ ဘယ်လိုရောဂါမျိုးတွေကို ကုသ၊ ကာကွယ်ပေးနေတာပါလဲ?

မိုလ်ဘိုင်း : ကာကွယ်ရေးပိုင်းမှာ အဓိကဖြတ်တတ်တဲ့ ၀မ်းပျော့၊ ၀မ်းလျှော့ရောဂါ ကာကွယ်ရေး၊ အသဲရောင်အသားဝါ ကာကွယ်ရေးတွေပေါ့။ ပြီးတော့ ခုချိန်ကမိုးရာသီဆိုတော့ အဖျားအနာတွေဖြစ်နေကြတာရှိတယ်။ ၀မ်းလျှော့ရောဂါဖြစ်နေတာတွေကို ကုသပေးရတာပေါ့။ ကုသရေးနဲ့ ကာကွယ်ရေးအပိုင်းမှာလည်း ၄ပိုင်းရှိသေးတယ်။ ဒုက္ခသည်စခန်းတွေမှာ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ဖို့၊ ပြီးရင် အိမ်သာမလုံလောက်တဲ့ စခန်းတွေမှာ အိမ်သာတွေ ဆောက်ပေးတာတွေရှိတယ်။ အိမ်သာတွေကို သန့်ရှင်းအောင်နဲ့ အိမ်သာပတ်ဝန်းကျင်တွေကို သန့်ရှင်းအောင်ထားဖို့လိုတယ်ဆိုတာတွေကို အသိပညာပေးရတာတွေရှိတာပေါ့။ အဲဒါတွေကို စနစ်တကျ ကိုင်တွယ်ပြီး ၀မ်းလျှော့၊ ၀မ်းပျော့ ရောဂါတွေ မဖြစ်ရအောင် ကာကွယ်ပေးနေပါတယ်။

အာရကန်တိုင်းမ်စ် : ဒုက္ခသည်စခန်းတွေအတွက် အိမ်သာတွေ ဆောက်ပေးတယ်ဆိုတော့ အစိုးရကဆောက်ပေးတာလား၊ ဘယ်သူတွေက တာဝန်ယူဆောက်ပေးတာပါလဲ?

မိုလ်ဘိုင်း : တစ်ချို့စခန်းတွေက ရှိတဲ့လူဦးရေနဲ့ အိမ်သာနဲ့ကမျှပါတယ်၊ ဒါပေမယ့် တစ်ချို့စခန်းတွေကျတော့ အရမ်းလူများတယ် ဥပမာ-ရွှေစေတီ ဘုန်းတော်ကြီးကျောင်းတွေလို လူများတဲ့နေရာတွေမှာဆို အိမ်သာက လုံးဝလုံလောက်မှုမရှိဘူး။ အိမ်သာတွေ ဆောက်ပေးတာကတော့ ကျနော်တို့ဘက်ကလည်း ကိုယ်နိုင်သလောက် ဆောက်ပေးလိုက်တာရှိတယ်။ နောက်တစ်ခုက နာရေးအသင်းနဲ့ ဘုရားပြုပြင်ရေးအသင်းကနေပြီး မလုံလောက်တဲ့ နေရာတွေမှာ အိမ်သာ ၄လုံးကနေ ၈လုံးအထိ လိုက်ပြီး ဆောက်ပေးနေတာတွေ ရှိပါတယ်။

အာရကန်တိုင်းမ်စ် : အခုလို လတ်တလော လုပ်ဆောင်နေရတဲ့အခါမှာ ဘယ်လိုအခက်ခဲတွေနဲ့ ကြုံတွေ့ရပါလဲ?

မိုလ်ဘိုင်း : အစပိုင်းတော့ တော်တော်လေးအခက်ခဲရှိခဲ့တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုင်ပင်မညီဘူးပေါ့။ တိုင်ပင်မညီဘူးဆိုတာက ကျနော်တို့ကလည်း နေရာတိုင်းကိုသွားတယ်။ မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဆရာဝန်တွေကလည်း နေရာတိုင်းသွားတယ်ဆိုတော့ တစ်နေတည်းမှာ အဖွဲ့တွေ ထပ်နေတယ်။ အခုတော့ ဒုက္ခသည်စခန်းနေရာတွေကို ဘယ်အဖွဲ့က ဘယ်စခန်းတွေကို တာဝန်ယူပေါ့ အဲလိုညှိနှိုင်းပြီးတော့ လုပ်ဆောင်နေပါတယ်။ ပြည်နယ်ကျန်းမာရေးအဖွဲ့ကလည်း သူတို့ တာဝန်ယူနိုင်တဲ့ တစ်ချို့နေရာတွေကို တာဝန်ယူပေးနေပါတယ်။

အာရကန်တိုင်းမ်စ် : မိုလ်ဘိုင်းအနေနဲ့ လှည့်သွားနေတာဆိုတော့ ဘယ်လိုပုံစံမျိုး မိုလ်ဘိုင်း ကုသ၊ ကာကွယ်ပေးတာပါလဲ?

မိုလ်ဘိုင်း : ကားကြီးထဲမှာ ကျနော်တို့ ကုသ၊ ကာကွယ်ရမယ့် ဆေးဝါးအပြည့်အစုံပါပါတယ်။ ပြီးတော့ အိမ်သာပတ်ဝန်းကျင်နဲ့ အမှိုက်ပုံး ပတ်ဝန်းကျင်တွေမှာ ဖြန်းမယ့် ထုံးတွေပါတယ်။ နောက်ထပ် အစားအသောက်နေရာတွေကို ယင်ကောင်တွေမလာရအောင် တားဆီးပေးတဲ့ ဆေးတွေပါတယ်။ အမှိုက်ပုံးမရှိတဲ့နေရာတွေမှာ အမှိုက်ပုံးနဲ့ တံမြက်စည်းတွေပေးဖို့ ကျနော်တို့အကုန်သယ်ပြီးတော့ သွားရမယ့်ဒုက္ခသည်စခန်း တစ်ခုချင်းစီကို လှည့်လည်ပြီးသွားနေတာပေါ့။

အာရကန်တိုင်းမ်စ် : ဒုက္ခသည်စခန်းတွေမှာ ဘာရောဂါတွေ အဖြစ်များပါလဲ။

မိုလ်ဘိုင်း : အဖြစ်များတာကတော့ ကလေးတွေ၊ ကလေးတွေတော်တော်များများက ၀မ်းလျှော့၊ ၀မ်းပျော့ ရောဂါတွေအဖြစ်များတယ်၊ နောက်လူကြီးတွေကတော့ ဖျားတာတွေများပါတယ်။ ဒီရောဂါတွေကတော့ ပုံမှန်ဖြစ်နေကျ ရောဂါတွေလိုပေါ့၊ ရာသီအကူးအပြောင်းဖြစ်တာကြောင့်ရယ်၊ နောက်ပြီး လူအရမ်းများတဲ့အတွက်ကြောင့်ရယ်၊ ဒါပေမယ့် ကူးစက်ရောဂါတွေကတော့ မတွေ့ရသေးပါဘူး ခင်ဗျား။

အာရကန်တိုင်းမ်စ် : ပြည်နယ်အစိုးရအနေနဲ့ကော ကျန်းမာရေးနဲ့ပက်သက်လို့ တစ်စုံတစ်ရာ တာဝန်ယူလုပ်ဆောင်ပေးနေတာတွေရှိပါလား?

မိုလ်ဘိုင်း : ပြည်နယ်ကျန်းမာရေးကတော့ အဓိက ဒုက္ခသည်အရမ်းများတဲ့ မင်းဂံ အ.ထ.က ကျောင်း၊ ရဲကျော်သူကျောင်း၊ ရွှေစေတီဘုန်းကြီးကျောင်းတွေမှာ ပင်မဆေးခန်းတွေဖွင့်ပေးထားတယ်။ ကျနော်တို့နဲ့ လက်တွဲပြီး ပင်မဆေးခန်းတွေလည်း တစ်ချို့နေရာတွေမှာ ဖွင့်ပေးထားတယ်။ ဒါပေမယ့် ဒုက္ခသည်စခန်း အကုန်လုံးမှာတော့ မဟုတ်ဘူးပေါ့။

အာရကန်တိုင်းမ်စ် : ဒီဒုက္ခသည်စခန်းတွေရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဒုက္ခသည်တွေ နေရပ်မှာ ပြန်လည်အခြေချဖို့အတွက်ကို ဘယ်လောက်ထိ ရည်ရှည်သွားနိုင်မယ်လို့ ထင်ပါလဲ?

မိုလ်ဘိုင်း : လောလောဆယ်ဆယ်တော့ ဒီနှစ်ပတ် သုံးပတ်လောက်ကို ဒီအတိုင်းဘဲ ဆက်သွားနေရဦးမှာပါ။ အခြေအနေတွေက ဘယ်လိုဖြစ်လာမယ်မပြောတတ်သေးဘူး။ အခုတော့ ဒီအတိုင်းဘဲ ကျနော်တို့ ဆက်လက်လုပ်ဆောင်နေရဦးမှာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်မယ့် ကိစ္စက။ ဒုက္ခသည်တွေက နှစ်ပိုင်းခွဲပြီးရှိတယ်။ တစ်ပိုင်းက အိမ်တွေမီးရှို့ခံရလို့ လုံးဝ အိုးမဲ့အိမ်မဲ့၊ အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဒုက္ခသည်တွေရယ် နောက်တစ်ပိုင်းက ဘင်္ဂလီမူဆလင်တွေရဲ့ ရန်ကိုကြောက်ပြီးတော့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေရယ်ဆိုပြီး နှစ်ပိုင်းရှိတယ်။ ခုတော့ တစ်ချို့လုံခြုံပြီဖြစ်တဲ့ နေရာတွေကို ပြန်ပြီးပို့နေတာတွေ ရှိတယ်။ ဒါကတော့ စစ်တွေမှာ လူအနည်းစုပေါ့။ ဒုက္ခသည်အနည်းအကျဉ်းကို ပြန်ပြီး နေရပ်မှာ ပြန်ပို့နေတာတော့ရှိတယ်။ မီးတိုက်ခံရတဲ့ ဒုက္ခသည်တွေတော့ မပြန်နိုင်သေးဘူး။ ကျနော်တို့ တွေ့ရသလောက်တော့ ဒုက္ခသည်တွေ အရမ်းမတိုးလာတော့ပေမယ့် အခုချိန်ထိ အရမ်းလည်းလျော့မသွားသေးဘူး။

အာရကန်တိုင်းမ်စ် : အခုစစ်တွေမြို့အခြေအနေက ဘယ်လိုရှိပါလဲ?

မိုဘိုင်းလ် : တစ်မြို့လုံးက ခြောက်ကပ်နေတာပေါ့၊ ဈေးလည်းမဖွင့်ဘူး၊ ရုံးလည်းမဖွင့်သေးဘူး။ မြို့အလယ် လမ်းမကြီးမှာတော့ အသွားလာနည်းနည်းရှိလာပြီ။ လူတွေရဲ့ အတွင်းစိတ်ထဲမှာတော့ စိုးရိမ်စိတ်က ရှိတုန်းဘဲ။ အပြင်ပန်းအားဖြင့်တော့ လူတွေနည်းနည်း အသွားအလာတွေရှိနေတာပေါ့။

အာရကန်တိုင်းမ်စ် : မိုလ်ဘိုင်းအနေနဲ့ပေါ့ အခုဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ နောက်ထပ် ဖြည့်စွက်ပြောချင်တာတွေ၊ ထင်မြင်ချက်တွေရှိရင် ပြောပြပေးပါလား?

မိုလ်ဘိုင်း : ပြည်နယ်တစ်ခုရဲ့ မြို့တောထဲမှာတောင် ဒုက္ခသည်တွေကို မြင်တွေ့နေရတယ်။ ကချင်ပြည်နယ်မှာတောင်မှ ပြည်နယ်မြို့တော်ထဲ ဒုက္ခသည်မရှိဘူး။ အခုကျတော့ ကိုယ့်ပြည်နယ်ရဲ့ မြို့တော်မှာ ကိုယ်လူမျိုး ဒုက္ခသည်တွေဖြစ်နေတာကို မြင်ရတော့ စိတ်မကောင်းဘူး။ အုပ်ချူပ်နေတဲ့ သူတွေကလည်း တစ်ဖက်နိုင်ငံသားနဲ့ ကိုယ့်နိုင်ငံတိုင်းရင်းသားအချင်းချင်းကြားမှာ ကြားနေမယ်လို့ တစ်ချို့ ဒီကိုလာတဲ့သူတွေက ပြောကြတယ်။ နောက်တစ်ခုက ကျနော်တို့ဆီကို နယ်တွေကနေ ဒဏ်ရာတွေနဲ့ ရောက်လာတဲ့သူတွေရှိတယ်။ အကုန်လုံးက ဘင်္ဂလီမူဆလင်တွေရဲ့ စတင်ရန်ရှာမှုကြောင့် ခံခဲ့ရတဲ့ လူတွေချည်းများတယ်။ ပြီးတော့ အကာကွယ်ပေး လုံခြုံရေးယူတဲ့အခါကျတော့လည်း ကိုယ့်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မကာကွယ်ဘဲနဲ့၊ ကျူးကျော်ဝင်လာတဲ့ တစ်ဖက်နိုင်ငံသားတွေကို ကာကွယ်ပေးနေတော့ အခုစစ်တွေ မြို့ခံတွေအနေနဲ့ ခံပြင်းမိတာတွေကိုတွေ့ရတယ်။ နောက်ဆုံးပြောချင်တာကတော့ အခုစစ်တွေမြို့ဒေသခံတွေရဲ့ သဘောထားပေါ့လေ။ အဲဒါက ဘင်္ဂလီမူဆလင်နဲ့ ရခိုင်လူမျိုးတွေကို ပြတ်ပြတ်သားသားဖြစ်စေချင်တယ်။ ဖြစ်စေချင်တယ်ဆိုတာက ရခိုင်နဲ့ ဘင်္ဂလီမူဆလင်တွေကို မရောဖို့ကိုပြောတာပါ။ ကျွန်တော်တို့ ရခိုင်တွေက အငြိုးမထားတတ်ဘူး၊ ဒါပေမယ့် ဘင်္ဂလီမူဆလင်တွေက အမှတ်ကြီးတယ်၊ အငြိုးကြီးတယ်။ အစီစဉ်တကျ သတ်တယ်၊ အိမ်တွေကိုမီးရှို့တယ်။ အဲဒါကြောင့် ရောလို့ထားမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ ထပ်ပြီးအသတ်ခံရမယ်၊ ဒုက္ခသည်တွေ ထပ်တိုးလာမယ်၊ ဒီပြဿနာတွေ ဆက်ဖြစ်လာနိုင်ဦးမှာဘဲလို့ ပြောချင်ပါတယ်။

အာရကန်တိုင်းမ်စ်: ဟုတ်ကဲ့... အခုလိုမေးမြန်းချက်တွေကို ဖြေကြားပေးတဲ့အတွက် အာရကန်တိုင်းမ်စ် သတင်းဌာနအနေနဲ့ ကျေးဇူးတင်ရှိပါတယ်။

Wednesday, 27 June 2012

ရခိုင်ပြည်နယ်တွင်းက ဘင်္ဂါလီတွေကို တတိယနိုင်ငံပို့ရေး ရခိုင်ပါတီတင်ပြ

DVB-Burmese

ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီ လူမျိုးတွေကို ရခိုင် လူမျိုးတွေနဲ့ နီးကပ်မှု မရှိအောင် သင့်တော်ရာမှာ ယာယီနေရာချထားရေးနဲ့ သူတို့တတွေကို တတိယနိုင်ငံတွေဆီ ရွှေ့ပြောင်းနေထိုင်ရေးကို လိုလားတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ကြေညာလိုက်ပါတယ်။

ဇွန် ၂၆ ရက်နေ့ထုတ် ပါတီသဘောထား ကြေညာချက်မှာ ဖော်ပြခဲ့တာဖြစ်ပြီး အဲဒါတွေကတော့ ရခိုင်ပြည်နယ်တွင်းက ရခိုင်ပြည်သူတွေ  လတ်တလော လုံခြုံမှုအတွက် အစိုးရနဲ့ ရခိုင်ပြည်သူတို့ ပူးပေါင်းပြီး လုံခြုံရေးအစီအစဉ်တွေ ချမှတ်လုပ်ဆောင်ဖို့၊ ရခိုင်ပြည်နယ်တွင်းရှိမြို့ရွာတွေမှာ ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးတွေ နီးနီးကပ်ကပ် ရောနှောနေထိုင်မှု မရှိရအောင် ဘင်္ဂါလီလူမျိုးများအား သင့်တော်ရာမှာ ယာယီသီးခြားနေရာချထားဖို့၊ ဘင်္ဂါလီဝင်ရောက်မှုကို ဟန့်တားရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားအားလုံးက ၀ိုင်းဝန်းပါဝင် ဆောင်ရွက်ဖို့၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှ ညှိနှိုင်းမှုရယူပြီး မြန်မာနိုင်ငံသားမဟုတ်တဲ့ ဘင်္ဂါလီတွေကို ကာလတိုတခုသတ်မှတ်ပြီး တတိယနိုင်ငံတွေဆီကို ရွှေ့ပြောင်း နေထိုင်သွားစေဖို့ ဆိုတာတွေ ဖြစ်ပါတယ်။

ပါတီရဲ့ ကြေညာချက်မှာ ဘင်္ဂါလီလူမျိုးတွေဟာ ခေတ်အဆက်ဆက် တရားမ၀င် နည်းလမ်းတွေနဲ့ ရခိုင်ပြည်တွင်းကို ၀င်ရောက်နေထိုင်ရာမှာ လက်ရှိဘင်္ဂါလီဦးရေဟာ ရခိုင်ပြည်သူနဲ့ ကျန်တိုင်းရင်းသားတွေအတွက် အထူးစိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံသားတွေနဲ့ ဘဂါင်္လီလူမျိုးတွေအကြား ၁၉၄၂  ခုနှစ် အဓိကရုဏ်း နောက်ပိုင်း ၁၉၈၈၊ ၁၉၉၆ နဲ့ ၂၀၀၀ ခုနှစ်တွေမှာလည်း ထပ်ဖြစ်ခဲ့ပေမယ့် ၂၀၁၂ အဖြစ်အပျက်ဟာ တနိုင်ငံလုံးရဲ့ အမျိုးသားအကျိုးစီးပွားကိုပါ ထိပါးတဲ့ အခြေအနေရောက်ပြီလို့ ရှုမြင်တဲ့အကြောင်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်သူတရပ်လုံးရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုနဲ့ တနိုင်ငံလုံးရဲ့ လုံခြုံရေးအတွက် အပြီးသတ်အဖြေထုတ် ဖြေရှင်းဖို့ လိုအပ်တယ်လို့ ပါတီက ရှုမြင်တဲ့ အကြောင်း  ကြေညာချက် က ဖော်ပြထားပြီး ဒီအမျိုးသားရေးဆိုင်ရာ အခက်အခဲကို တိုင်းရင်းသားပြည်သူတရပ်လုံးက ၀ိုင်းဖြေရှင်းကြဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်လို့ ပါတီအတွင်းရေးမှူး ဦးခိုင်ပြည်စိုးကို မေးထားပါတယ်။

ကြေညာချက်က အဓိက ၂ ချက်ပဲတွေ့တယ်။ ရခိုင်ပြည်နယ်ထဲမှာ ရခိုင်နဲ့ ဘင်္ဂါလီတွေနဲ့ အတူထားလို့ မရတော့ဘူး၊ ယာယီ သူတို့ကို နေရာချထားပြီး တတိယနိုင်ငံပို့ရေးဆိုတဲ့ ၂ ချက်တွေ့ တယ်။ ကြေညာချက်နဲ့ ပတ်သက်လို့ ပါတီက ဘယ်လိုမျိုး သဘောထား ထွက်လာလဲ ဆိုတာကို ပြောပြပါလား။

“ဒီသဘောထားနဲ့ ပတ်သက်လို့ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကိုလည်း အဲဒီမှာ ဖော်ပြထားတယ်။ အဲဒီပြဿနာထဲမှာ. ဒီနေ့ဖြစ်တဲ့ ပြဿနာက အဆိုးဝါးဆုံး ပြဿနာလို့ ကျနော်တို့မြင်တယ်။ အဲဒီတော့ အဆိုးဝါးဆုံး ပြဿနာဖြစ်တဲ့ အတွက်ကြောင့် နီးနီးစပ်စပ် ထားလို့ရှိရင် ဒီထက်ပိုပြီး ဆိုးဝါးလာနိုင်တယ်။ ဒီအခြေအနေကို နဂိုက ရှိနေပြီးဖြစ်တဲ့ အခြေအနေ တရပ်ကို ပြန်ရောက် လာနိုင်စရာ အကြောင်း မရှိတော့ဘူးလို့ ကျနော်တို့က သုံးသပ်တယ်။ အဲဒီလိုမြင်တဲ့အတွက် ကျနော်တို့က ဒီနေ့ပြည်သူလူထုရဲ့ သဘောထား၊ ရဟန်းသံဃာတော်တွေရဲ့ သဘောထားတွေကို အခြေခံပြီးတော့ ကျနော်တို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်သူတွေနဲ့ ရဟန်းသံဃာတော်တွေကို တသားတည်းကျအောင် ကျနော်တို့ သဘောထားကို ထုတ်ပြန်ရတာပါ။”

ရခိုင်ပြည်နယ်ထဲမှာ ရောက်နေတဲ့. ဥပမာ ရိုဟင်ဂျာပဲဖြစ်ဖြစ်၊ ဘင်္ဂါလီလည်းခေါ်တယ်။ ရခိုင်ထဲမှာ ဖြစ်ပြီးတော့ ပဋိပက္ခဖြစ်တယ်၊ အကြမ်းဖက်မှုတွေဖြစ်တယ်၊ ထိခိုက်မှုတွေဖြစ်ပြီးတော့ ဆက်ကူးပြီး ဘင်္ဂလားဘက်သွားရင် ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ဒါက မြန်မာပြည်သားတွေ လို့ ပြောတယ်။ သူတို့လည်း လက်မခံဘူးဆိုတော့ ဒီလူတွေက ဘယ်မှာသွားနေမလဲ။

“နိုင်ငံတကာ အမြင်တွေနဲ့ နိုင်ငံတကာက ကုလသမဂ္ဂ အဖွဲ့အစည်းတွေကနေ ဒီကိစ္စတွေကို ၂ ဦး၊ ၂ ဖက် နိုင်ငံတွေနဲ့ ပူးပေါင်းပြီးတော့ ဖြေရှင်းပေးရမယ့် ကိစ္စဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း သူတို့နိုင်ငံသား မဟုတ်ဘူး။ မြန်မာနိုင်ငံကလည်း မြန်မာနိုင်ငံက မဟုတ်ဘူးဆိုတဲ့ အချက်တွေမှာ အခြေခံ ဇစ်မြစ်က ဘယ်ကဆင်းသက်လာလဲဆိုတာကို သိဖို့လိုတယ်။ ဥပမာ ရခိုင်တွေက ထိုင်းနိုင်ငံမှာ နေနေကြတယ်။ ဘာပဲဖြစ်ဖြစ် ဒီရခိုင်တွေ ထိုင်းနိုင်ငံမှာပဲ နေနေ၊ အိန္ဒိယမှာပဲနေနေ၊ အမေရိကန်မှာပဲ နေနေ၊ ဒီဟာက ရခိုင်ပြည်နယ်က ပေါက်ဖွားလာတဲ့လူတွေ။ အဲဒီတော့ အဲဒီလူတွေက တဖက်နိုင်ငံမှာ နိုင်ငံသား ဖြစ်ပိုင်ခွင့် ဥပဒေအရ နိုင်ငံသား ဖြစ်နေပြီ ဆိုလို့ရှိရင် တမျိုးပေါ့။ နေ့စဉ်နဲ့ အမျှ ခိုးဝင်နေတဲ့ ဘင်္ဂါလီတွေက ကျနော်တို့ဆီမှာက သိန်းနဲ့သန်းနဲ့ချီပြီး ရှိနေတယ်။ ဒါတွေက နိုင်ငံသား စိစစ်ရေး ကတ်ပြားလည်း မရှိဘူး။ နိုင်ငံသားအနေနဲ့လည်း အခု ဒီမှာထားလို့မရဘူး ဆိုတဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံက မဟုတ်ဘူးဆိုတာ အခိုင်အမာ ပြောနိုင်ပါတယ်။”

ရခိုင်နဲ့ ဘင်္ဂါလီနဲ့ လုံးဝကို ပြန်ပြီးညှိနှိုင်းလို့ မရတော့ဘူးလား။ ဘာသာရေး ခေါင်းဆောင်တွေလည်း မရတော့ဘူး။ လူမှုရေး ခေါင်းဆောင်တွေလည်း မရတော့ဘူး။ အစိုးရကကော ညှိလို့မရတော့ဘူးလား။

“ကျနော်တို့ အမြင်ကတော့ လောလောဆယ် ညှိနှိုင်းလို့ ရနိုင်မယ့်အနေအထား မရှိနိုင်ဘူးလို့ တွက်တယ်။ ဘာလို့လဲဆိုတော့ ရခိုင်တွေက စလိုက်တဲ့ပြဿနာ မဟုတ်ဘူး။ ပြဿနာကိုက သမားရိုးကျဖြစ်တဲ့ ပြဿနာမဟုတ်ဘူး၊ ဥပမာ ကုလား ၁၀ ယောက်နဲ့ ရခိုင် ၁၀ ယောက်နဲ့ ခုတ်သေကြတယ်ဆိုရင် ဒါက ညှိနှိုင်းလို့ရတယ်။ နောက်တခါ ရခိုင်အယောက် ၁၀၀ နဲ့ ကုလား အယောက် ၁၀၀၊ တရွာနဲ့ တရွာ ပဋိပက္ခ ဖြစ်တာမျိုးဆိုရင် ညှိနှိုင်းလို့ရနိုင်တယ်လေ။ သူတို့ရဲ့ ကြေညာချက်တွေတချို့ကို ကျနော်တို့လည်း ဖတ်ရတယ်။ သူတို့ရဲ့ ပြောဆိုသံကိုလည်း ကျနော်တို့ ကြားရတဲ့အခါမှာ သူတို့က ရခိုင်ဒေသကို၊ သူတို့က အဓိက ပိုင်နက်နယ်မြေ တခုအနေနဲ့ လုပ်ဖို့ကြံစည်တဲ့ ရည်ရွယ်ချက်ဗျ။ အဲဒါကြောင့် ဒီရည်ရွယ်ချက်မှာ ဘယ်လိုမှ ညှိနှိုင်းလို့ရစရာ အကြောင်းမရှိဘူးလို့ ကျနော်တို့က အဲဒီလိုပဲ ဆိုချင်တယ်။”

အခုရည်ရွယ်ချက်အတိုင်း ဒီလူတွေကို ခွဲထားမယ်၊ ခွဲထားပြီး တတိယနိုင်ငံတွေကို ကုလသမဂ္ဂတို့က ပို့ခွင့်ရပြီဆိုပါစို့၊ ဘူးသီးတောင် မောင်တော တ၀ိုက်မှာ တဖက်နိုင်ငံနဲ့ နီးစပ်နေတယ်ဆိုတော့ ထပ်ဝင်လာရင်၊ ဒါမှမဟုတ်၊ နိုင်ငံသားအဖြစ် ရှိပြီးသားလူတွေက ဘယ်လိုလုပ်မလဲ။

“နိုင်ငံသားအဖြစ် ရှိပြီးသားလူတွေက တပိုင်းပေါ့၊ ဒီမှာရှိတဲ့လူတွေက ၁၀၀ မှာ ၇၅ ယောက်လောက်၊ ၉၀ လောက်က နိုင်ငံသား လက်မှတ်ကိုင်ဆောင်ထားတဲ့သူတွေ မဟုတ်ဘူး။”

Tuesday, 26 June 2012

“ရခိုင်ပြည်ကို ရခိုင်တွေက အုပ်ချုပ်ခွင့်ရချင်လို့….”

ဧရာဝတီ

ရခိုင်လူမျိုး သမိုင်း ပညာရှင်တဦးဖြစ်သည့် ဒေါက်တာအေးကျော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ခေတ္တ ရောက်ရှိစဉ် ရခိုင်ပြည်နယ်၏ နောက်ခံ သမိုင်း၊ နိုင်ငံရေး အခြေအနေနှင့် ရိုဟင်ဂျာ နောက်ခံသမိုင်း၊ ရိုဟင်ဂျာ အရေးနှင့် အမြင်များအား ဧရာဝတီ သတင်းထောက် ဘစောတင်က တွေ့ဆုံမေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။
ဒေါက်တာအေးကျော်သည် လက်ရှိတွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ အငြိမ်းစား ပါမောက္ခ တဦးအဖြစ် နေထိုင်လျက်ရှိသည်။ ဒေါက်တာအေးကျော်၏ ကိုယ်ရေးအကျဉ်းကိုလည်း အောက်တွင် ပူးတွဲ ဖော်ပြထားပါသည်။

ဒေါက်တာအေးကျော်
မေး။   ။ လွတ်လပ်ရေးမရမီ ရခိုင်ပြည် နိုင်ငံရေးအခြေအနေတွေကို ပြောပြပေးပါ။

ဖြေ။   ။ မြန်မာ့တော်လှန်ရေးသမိုင်းမှာ ရခိုင်ခေါင်းဆောင်တွေဟာ အမြဲတမ်းရှေ့က ပါဝင်ခဲ့တယ်၊ အင်္ဂလိပ် ကိုတော်လှန်တဲ့နေရာမှာရော ဂျပန်ကိုတော်လှန်တဲ့နေရာမှာပါ ရှေ့တန်းကပါပဲ ၊ ရခိုင်တွေဟာ ဘာကို လိုချင် လို့ တော်လှန်ရေးမှာ ရှေ့တန်းက ပါရသလဲဆိုရင် ရခိုင်ပြည်ကို ရခိုင်တွေက အုပ်ချုပ်ခွင့် ရချင်လို့ ဖြစ်တယ်၊ အင်္ဂလိပ်ခေတ်က ထင်ရှားတဲ့ ခေါင်းဆောင်တွေကို ပြောပါဆိုရင် ဆရာတော်ဦးစိန္တာ၊ ဆရာတော် ဦးပညာ သီဟ၊ ဦးညိုထွန်း၊ ဦးအောင်ဇံဝေ၊ ဦးကျော်မင်း၊ ဦးဘစော စတဲ့ပုဂ္ဂိုလ်တွေဟာ ရခိုင်ပြည်တော်လှန်ရေး ရခိုင့် နိုင်ငံရေး လောကက ထိတ်ထိတ်ကြဲတွေပဲပေါ့၊ မြန်မာတနိုင်ငံလုံးအတွက် ဆိုရင်တော့ ဆရာတော် ဦးဥတ္တမ ဟာ နံပါတ်တစ်ပါပဲ။

အဲဒီကာလက ရခိုင်တွေရဲ့ အနေအထားကို ခွဲစိပ်ကြည့်မယ်ဆိုရင် ဗြိတိသျှတွေရဲ့ အုပ်ချုပ် ရေးထဲမှာ ပါဝင်တဲ့ အပိုင်းကတပိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ လွတ်လပ်ရေး တိုက်ပွဲတွေထဲမှာ ပါဝင်တဲ့အပိုင်းတွေကို လည်း တွေ့ ရပါမယ်။

ဦးညိုထွန်းဆိုတာက ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တဦးလည်း ဖြစ်တယ်။ ဒါကြောင့် သူဟာ ရခိုင်အသိုင်းအ၀ိုင်းမှာရော ဗမာအသိုင်းအ၀ိုင်းမှာပါ လူသိများတဲ့ နိုင်ငံရေး ခေါင်းဆောင်တဦးပါ၊ ဒီကနေ့ မြန်မာသမိုင်းမှာ မတ်လ(၂၇)ရက်နေ့ ကို တော်လှန်ရေးနေ့ရယ်လို့ သတ်မှတ် ထားကြတယ်၊ ဦးညိုထွန်းခေါင်းဆောင်တဲ့ ရခိုင်တွေဟာ ဂျပန်ကို မတ်လ(၂၇)ရက်ထက်စောပြီး ဖေဖော်ဝါရီ လ (၁၂)ရက်လား (၁၃)ရက်လား ကျနော်အသေအချာ မမှတ်မိတော့ဘူး။ အဲဒီကတည်းက စပြီး ဖက်ဆစ် ဂျပန် တော်လှန်ရေးကို ရခိုင်ပြည်က စတော်လှန်ခဲ့တယ်။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေ ထဲမှာ လည်း ပါပါတယ်။ မေမြို့ မိုးကြည့်ရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့် ခွန်းများထဲမှာ ရှာဖွေတွေ့ ရှိနိုင်ပါတယ်။ လေ့လာကြည့်ပါ။

မေး။   ။ လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်ရဲ့အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။   ။ ရခိုင်တွေဟာ အင်္ဂလိပ်ကိုတော်လှန်တဲ့နေရာမှာရော။ ဂျပန်ကိုတော်လှန်တဲ့နေရာမှာပါ ရှေ့တန်းက ပါဝင်ခဲ့တယ်ဆိုတာကို ပြောခဲ့ပြီးပြီ၊ အဲသလို ဗမာအပါအ၀င် အခြားသော တိုင်းရင်းသားတွေနဲ့ အတူတကွ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့တာရဲ့ တကယ့် ရည်မှန်းချက်က ဘာလဲဆိုရင် ရခိုင်တွေဟာ မိမိတို့ ရခိုင်ပြည် ကို ရဖို့ပါပဲ၊ တန်းတူအခွင့်အရေး ရဖို့ ပါပဲ၊ ဖက်ဒရယ်ပြည်ထောင်စုမှာ ရခိုင်ပြည်နယ် ရဖို့ ပါပဲ၊ ဒါပေမယ့် တကယ်တမ်း မြန်မာ နိုင်ငံလွတ်လပ်ရေးရရှိလာတဲ့အခါ ရခိုင်တွေအတွက် ဘာမှမရခဲ့ဘူး၊ ပြည်နယ် အဆင့် လေးတောင် သတ်မှတ်ပေးတာကို မခံခဲ့ရဘူး၊ ရခိုင်တွေ မွန်တွေဟာ ဦးနုကို ပြည်နယ်ပေးဖို့ တောင်းဆိုပေ မယ့် ဦးနု ဟိုလိုလို ဒီလိုလို ဝေ့လည်ကြောင်ပတ်လုပ်ခဲ့တာကြောင့် ရခိုင်တွေရဲ့ ရည်မှန်းချက်မပြည့်ဝခဲ့ရဘူး၊ ဦးနုဟာ သူ့ ပါတီအကျိုးကိုသာ ကြည့်ခဲ့လို့ တကယ်အရေးပါတဲ့ National Interest (အမျိုးသားအကျိုး အမြတ်) ကို ဆုံးရှုံး စေခဲ့တယ်။

မေး။   ။ လွတ်လပ်ရေးရပြီး ဆယ်နှစ် ကာလအတွင်း ရခိုင်ပြည်မှာ ဘာတွေ ဖြစ်နေခဲ့ပါသလဲ။

ဖြေ။   ။ ဦးနုရဲ့ ဖဆပလ ခေတ်မှာ ရခိုင်ပြည်မှာ အဓိကလွှမ်းမိုးတဲ့ ပါတီကြီးနှစ်ခုရှိတယ်၊ ဖဆပလ နဲ့ ရတည (ရခိုင် စည်းလုံးညီညွတ်ရေး ပါတီ)တွေပါ၊ ရတညရဲ့ခေါင်းဆောင်က ဦးကျော်မင်းဖြစ်တယ်၊ သခင်ဦးကျော်ရင် တို့လည်း နိုင်ငံရေးလှုပ်ရှားမှုထဲမှာ ပါတယ်၊  ဦးအောင်ဇံဝေ၊ တောင်ကုတ်က ဦးကျော်တင် စတာတွေက ဖဆပလတွေ၊ လွတ်လပ်ရေးရပြီးနောက် ဖဆပလ နှစ်ခြမ်းကွဲချိန်မှာ တည်မြဲ (ဖဆပလ)နဲ့ သန့် ရှင်း (ဖဆပလ) ဆိုပြီး ရှိလာတယ်၊ ဒီတော့ သန့် ရှင်းဖဆပလ ခေါင်းဆောင်ဖြစ်တဲ့ ဦးနုဟာ တိုင်းပြည်ရဲ့ အကျိုး ထက် သူ့ ပါတီအကျိုးကိုပဲ ကြည့်တဲ့အနေနဲ့ မေယုခရိုင်ဆိုတာ လုပ်လာတယ်၊ အဲဒီမှာရှိတဲ့ ဘင်္ဂါလီ တွေကို မဲရဖို့ အတွက် မျက်နှာသာပေးတယ်၊ မှတ်ပုံတင် ပြုလုပ်ပေးတာတွေ ရှိလာခဲ့တယ်၊ ကိုလိုနီခေတ်က ဘင်္ဂါလီ တွေဟာ ရခိုင်ပြည်ကို အလုပ်လာလုပ်တယ်၊ စပါးရိတ်တယ်။ လယ်ထွန်တယ်။ ပြီးရင် ပြန်သွားကြတယ်၊ ဒါပေမယ့် ဦးနုက မဲရဖို့ အတွက် မျက်နှာသာပေးတာနဲ့ ဘင်္ဂါလီတွေဟာ နိုင်ငံရေးအဆင့်ထိကို တိုးတက် လုပ်ဆောင်လာတာကို တွေ့ လာရတယ်။ သူတို့ အထဲက စူလတန် မာမွတ်ဆိုတာ ဟာ ထင်ရှား တဲ့သူ တဦး ပါ၊ ရခိုင်တွေရဲ့ရတည ကတော့ ရခိုင်ပြည်နယ်ရရှိရေးကို တစိုက်မတ်မတ် ဆက်လုပ်လာခဲ့တယ်။

မေး။   ။ ဦးနုက အဲ့ဒီလို လုပ်ခဲ့တော့ ဘာတွေ ဆက်ဖြစ်လာခဲ့ပါသလဲ။

ဖြေ။   ။ အဓိက အကြောင်းရင်းကတော့ ၁၉၅၈။ ၅၉။ ၆၀ ကာလများမှာ ဖလပလ နှစ်ခြမ်း ကွဲလာတယ်၊ နှစ်ခြမ်းကွဲလာတော့ ဖဆပလ အားနည်းလာတယ်၊ အဲဒီမှာ ဦးနုက သူ့ ပါတီ အနိုင်ရဖို့ မေယုခရိုင်ကို ဘင်္ဂါလီ တွေကို ၀င်ခွင့်ပြုတယ်၊ အဲဒီလို ပြုလုပ်ခဲ့ခြင်းက ဒီကနေ့ပြည်ပမှာ ကျယ်ကျယ်လောင်လောင် အသံထွက်နေ တဲ့ ရိုဟင်ဂျာဆိုတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းပါပဲ။

မေး။   ။ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ ဘယ်တုန်းက စပေါ်ခဲ့တယ်ဆိုတာ သိပါသလား။

ဖြေ။   ။ ၁၉၆၀ ၀န်းကျင်လောက်မှာ စပေါ်ခဲ့တယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ စူလတန် မာမွတ် ဆိုတဲ့ ဘင်္ဂါလီကြီးဟာ အမတ်ဖြစ်ခဲ့ပေမယ့် တခါမှ ရိုဟင်ဂျာဆိုတဲ့ စကား ကို သုံးစွဲခဲ့တာ မတွေ့ ရပါဘူး၊ လွတ်လပ်ရေးမတိုင်မီက မြန်မာ့သမိုင်းမှာရော ရခိုင်သမိုင်းမှာရော ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရဟာ မရှိခဲ့ပါဘူး၊ လွတ်လပ်ရေးရပြီးခါစမှာရော မရှိခဲ့ပါဘူး။

မေး။   ။ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကရော ဘယ်လို အဓိပ္ပာယ်ကို ဆောင်ပါသလဲ။

ဖြေ။   ။ ဆရာကြီး ဦးသာထွန်း ကျန်းမာစဉ်တုန်းက သူရန်ကုန်ကိုလာတိုင်း ကျနော့်ဆီကိုဝင်တယ်၊ သူနဲ့ လက်ဖက်ရည်သောက်ရင်း စာအကြောင်းပေအကြောင်း သမိုင်းအကြောင်း တွေကို ဆွေးနွေးတယ်၊ အဲဒီ အခါမှာ ဒီဝေါဟာရကို ဆရာကြီး ဦးသာထွန်းက အခုလို ဆိုပါတယ်။ ရိုဟင်ဂျာ ဆိုတာ ရခိုင်စကား လွင့်ဂျာက ဖြစ်လာတဲ့စကားဖြစ်တယ်။ လွင့်ဂျာဆိုတဲ့ အဓိပ္ပာယ်က ဥပမာ သစ်ပင်တွေက သစ်ရွက်တွေကြွေရင် လေထဲ မှာ ၀ဲပြီး ဦးတည်ရာမဲ့ လွင့်နေတာကို ဆိုလိုတယ်၊ ဒီ ဘင်္ဂါလီတွေကိုမှ အခုလို ဆိုလိုတာမဟုတ်ပါဘူး၊ ရည် ရွယ်ချက် ဦးတည်ချက်မရှိဘဲ လွင့်နေတဲ့ဘယ်သူ့ ကိုမဆို ရခိုင်ဘာသာစကားနဲ့ လွင့်ဂျာလို့ ဆိုတယ်။ ဒါကို ဘာသာဗေဒနဲ့ ဆန်းစစ်ကြည့်ရင်လည်း လွင့်ဂျာကနေ ရိုဟင်ဂျာလို့ ပြောင်းလဲလာတယ်ဆိုတာ ဖြစ်နိုင်တယ် လို့ ကျနော် တက္ကသိုလ် ပညာပဒေသာ စာစောင်မှာ ကျနော်ရေးခဲ့ဖူးတယ်။ ယရလ၀ ဆိုတဲ့ ဗျည်းတွေဟာ အသံပြောင်းလဲတဲ့ သဘောရှိ တယ်။

(ဆရာကြီး ဦးသာထွန်းမှာ ဝန်ကြီးချုပ်ဟောင်း ဦးနု လက်ထက်က ရခိုင်-မြန်မာ ပညာရှိကြီးဖြစ်သည်။ ဦးနု ကိုယ်တိုင်
ပဏ္ဍိတ် (ပညာရှိ) ဘွဲ့ အပ်နှင်းခဲ့ဖူးကြောင်း သိရသည်။ အယ်ဒီတာ)

မေး။   ။ အခုကာလမှာ ရခိုင်လူမျိုးတွေက ဒီရိုဟင်ဂျာဆိုတဲ့အသံကိုတောင် မကြားချင်လောက် အောင်ဖြစ် နေကြတာ ဘာကြောင့်ပါလဲ။

ဖြေ။   ။ ဒီရိုဟင်ဂျာ ဆိုတာဖြစ်လာဖို့ ရခိုင်ပြည်မှာ အရင်းခံတာက မူဂျာဟစ်တွေဖြစ်တယ်။ သူတို့ ဟာ ရခိုင်ပြည်မှာ နေရာရဖို့ မြေရဖို့ သူပုန်ထကြတယ်။ သူတို့ ဟာ အစက ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေပါ၊ ရှေးတုန်းက သူတို့တွေဟာ အလုပ်လုပ်ပြီးရင် သူတို့ နေရပ်ကို ပြန်ကြတယ်၊ နောက်ကြာလာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်တိုင်က လူဦးရေပေါများလွန်းလို့ နေရထိုင်ရအခက်အခဲ ရှိလာတယ်။ ဒီအခါ ဦးနုက မေယုခရိုင်အဖြစ် သတ်မှတ်ထားတဲ့ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်နယ်တွေကို မွတ်စလင် ပြည်နယ် ထူထောင်ဖို့ မူဂျာဟစ်တွေ ကြိုးစားခဲ့တယ်၊ အဲဒီမူဂျာဟစ်တွေက နာမည်သစ် ရိုဟင်ဂျာကို တင် သွင်းလာတဲ့အခါ ရခိုင်တွေက လုံးဝလက်မခံပါဘူး၊ မိမိတိုင်းပြည်ရဲ့ နယ်မြေတွေကိုရော ဘာသာ သာသနာ ကိုပါ အန္တရာယ်ပြုနိုင်တဲ့ ဒီ ရိုဟင်ဂျာဆိုတာကို ရခိုင်တွေက အသံကိုပင် မကြားနိုင်တာဖြစ်တယ်။

မေး။   ။ ဒီရိုဟင်ဂျာ ပေါ်ပေါက်လာရတဲ့ နောက်ခံ အကြောင်းတရားက ဘာတွေများဖြစ်နိုင်ပါသလဲ။

ဖြေ။   ။ အင်မတန်မေးသင့်တဲ့ မေးခွန်းကောင်းတခုပါပဲ၊ တကယ်တော့ ဒီရိုဟင်ဂျာဆိုတာက အပေါ်ယံ ပြဿနာပါ၊ တကယ်နက်ရှိုင်းတဲ့ အရင်းခံက“အစ္စလမ်ဝါဒ လွှမ်းမိုး ပြန့်ပွားရေး”ဆိုတဲ့ဟာက အရင်းခံ ပြဿနာပါ၊ အဲဒီလှုပ်ရှားမှုကို ကျောထောက်နောက်ခံပြုပေးတာက အာဖရိကတိုက် မြောက်ပိုင်းက တိုင်းပြည် တွေ၊ အရှေ့အလယ်ပိုင်းက နိုင်ငံတွေက ငွေကြေးတွေ၊ လက်နက်တွေ စသဖြင့် လိုအပ်တာတွေကို ထုနဲ့ ထည်နဲ့ ပံ့ပိုးပြီး လုပ်ဆောင်နေတာကို တွေ့ ရတယ်၊ အရှေ့ တောင်အာရှကဆိုရင် မလေးရှားနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေက ဒါကို အားပေးတယ်။ မွတ်စလင် ဘာသာပြန့်ပွားဖို့ လွှမ်းမိုးဖို့ နယ်မြေရရှိစေဖို့ အင်တိုက် အားတိုက် ကူညီတယ်၊ ဒါကြောင့် သူတို့ ဟာ ရိုဟင်ဂျာအမည်ကို သုံးပြီး မြန်မာတိုင်းရင်းသား၊ ရခိုင်တိုင်းရင်း သား ဖြစ်ဖို့ အားထုတ်လာတယ်၊ တကယ်တော့ ရိုဟင်ဂျာဆိုတာ လူမျိုးလည်းမဟုတ်ဘူး၊မြန်မာတိုင်းရင်းသား လည်းမဟုတ်ဘူး။

မေး။   ။ ပြည်တွင်းမှာတော့ ရိုဟင်ဂျာဆိုတာကို နအဖက အသိအမှတ်လည်း မပြုဘူး၊ ဘယ်တုန်းကမှလည်း မရှိခဲ့ဘူးလို့ အတိအလင်းဆိုပါတယ်၊ ဒါပေမယ့် ပြည်ပမှာရှိတဲ့ တိုင်းရင်းသား လူမျိုးများကောင်စီမှာ တိုင်းရင်း သား အခွင့်အရေးရဖို့ ကြိုးစားနေတာတွေကိုတော့ ကြားဖူးတယ်၊ ဒါပေမယ့် ရခိုင်တွေက ကန့်ကွက်လို့ အခု အချိန် ထိတော့ အောင်မြင်မှုမရသေးပါဘူး။ တိုင်းရင်းသားဆိုတာ ဘယ်သူတွေကို သတ်မှတ်ခဲ့ သလဲ ဆိုတာ ကို သိချင်ပါတယ်။

ဖြေ။   ။ ၁၉၇၈ ခုနှစ်က ရန်ကုန်မှာ လမ်းစဉ်ပါတီခေတ်က တိုင်းရင်းသားလူမျိုးများနဲ့ ဆိုင်တဲ့ ဥပဒေတရပ်ကို သတ်မှတ်ဖို့ ဆရာဒေါက်တာမောင်မောင်ရယ်၊ ဆရာကြီး ဦးစံသာအောင် ရယ်။ ကျနော်တို့ တွေ့ ဆုံဆွေးနွေး ခဲ့ဖူးပါတယ်။ ဒေါက်တာမောင်မောင်က ဥပဒေ ပညာရှင်၊ ကျနော်က သမိုင်း၊ ဦးစံသာအောင်က အဲဒီတုန်း က အထက်တန်းပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ပေါ့၊ နေရာကတော့ နိုင်ငံတော်ကောင်စီ ရုံးခန်းမှာပါ။

အဲဒီမှာ ကျနော်က မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအဖြစ် သတ်မှတ်ရေးအတွက်ဆိုရင် ဘိုးတော်ဘုရား စစ်တမ်း ဆိုတာရှိတယ်၊ ခရစ်သက္ကရာဇ် ၁၈၀၀ ကျော်လောက်က စစ်တမ်းကောက်ခဲ့တာ၊ အဲဒါဟာ အင်မတန်ပြည့်စုံ တယ်၊ အဲဒီမှာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်လာတဲ့ လူမျိုးတွေ အားလုံးကို ကျကျနန စစ်တမ်းကောက်ထား တာရှိတယ်၊ ရခိုင်တွေ၊ ကရင်တွေ၊ မွန်ကိုတော့ တလိုင်းလို့ခေါ်တယ်၊ အဲဒီဟာကို မူတည်ပြီးရင် ဆုံးဖြတ်ရင် မကောင်းဘူးလားလို့ ကျနော်က အကြံပေးတယ်။

အဲဒီအခါ ဆရာဒေါက်တာမောင်မောင်က မစောလွန်းဘူးလားလို့ပြန်မေးတယ်၊ ဒါဆိုရင် သမိုင်းမှာအရေးပါတဲ့ အလှည့်အပြောင်းဖြစ်တဲ့ ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်က စသင့်တယ်လို့ပြောခဲ့တယ်၊ ၁၈၂၄ က မြန်မာပြည်   ကို အင်္ဂလိပ်တွေစသိမ်းတဲ့ နှစ်ပါ၊ ဒါကို ဒေါက်တာမောင်မောင်က သဘောတူလို့ အဲဒီမတိုင်မီက နေထိုင်ခဲ့တဲ့ လူမျိုးတွေကို တိုင်းရင်းသားလူမျိုးများ အဖြစ် သတ်မှတ်တယ်လို့  ဥပဒေ ပြုခဲ့တယ်။ ဒါပေမယ့် ရိုဟင်ဂျာဆို တဲ့ အသုံးအနှုန်း မရှိခဲ့ဘူး။


ဒေါက်တာအေးကျော် ကိုယ်ရေးအကျဉ်း

ဒေါက်တာအေးကျော်ကို ၁၉၃၆ ခုနှစ် က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။

ဒေါက်တာအေးကျော် ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များမှာ B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊ B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊ M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊ B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊ PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။

ဒေါက်တာအေးကျော်သည် ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ် (၁၉၆၂-၁၉၈၀) ။ တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။ ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉) ။ ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။ တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။ တွဲဖက်ပါမောက္ခ (အာရှသုတေသန ဌာန) နယူး ယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊ လွတ်လပ်သော အာရှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ (၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက် နေထိုင်လျက်ရှိသည်။

ဒေါက်တာအေးကျော် ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ -

၁၊ ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
၂၊ မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
    ၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
၃၊ ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
၎။ On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
၅၊ The Voice of young. Cornell University, March 1990
၆၊ Code and Custom in Burma and Thailand. Scotland. 1993

Monday, 25 June 2012

ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခဖြစ်ရပ်အပေါ် အလိုတော်ပြည့်ဆရာတော်အား မေးမြန်လျှောက်ထားခြင်း။

အလိုတော်ပြည့်


သံတော်ဆင့်ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်စွာဝင်း၏
ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခဖြဏရပ်အပေါ်
အလိုတော်ပြည့်ဆရာတော်အား မေးမြန်လျှောက်ထားခြင်း။
မေး ။     ။ ဆရာတော်ဘုရား ယခု ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်
နေတဲ့အကြောင်းတရားများကို တပည့်တော်တို့ စိတ်မချမ်းမသာ
နှလုံးမသာမယာ ဖြစ်နေရပါတယ်ဘုရား၊ ဒါကြောင့် ဖြစ်ပေါ်နေတဲ့
ရန်ငြိုးရန်စတွေ အငြိုးအတေး အာဃာတတရားတွေ
ပြေပျောက်ငြိမ်းအေးသွားအောင် ဘယ်လိုလုပ်ကြရမှာပါလဲ ဘုရား။
သံတော်ဆင့်ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်စွာဝင်း၏
ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခဖြစ်ရပ်အပေါ် အလိုတော်ပြည့်ဆရာတော်အား မေးမြန်လျှောက်ထားခြင်း။
ဖြေ ။    ။ဒကာရေ လူတိုင်းမှာ စိတ်ဆိုတာရှိကြပါတယ်၊ ဒီစိတ်က အမြဲတမ်းလည်း ကောင်းနေတာမဟုတ်ဘူး အမြဲတမ်းလည်း
ဆိုးနေတာမဟုတ်ပါဘူး၊ တစ်ခါတရံ မကောင်းတဲ့အာရုံဆိုးပေါ်မှာ ကိုယ့်စိတ်ကရောက်သွားရင် မကောင်းတဲ့အာရုံနှင့် မိမိစိတ်
ပေါင်းမိတဲ့အတွက် အာရုံစိုးအပေါ်မှာ စိတ်ရောက်သွားတဲ့အတွက် စိတ်ဆိုးရတဲ့အကြောင်းပါပဲ။
အဲ့ဒီစိတ်ဆိုးမှုကို ဒေါသလို့ခေါ်ပါတယ်၊ အမျက်ထွက်တယ်လို့လည်းခေါ်ပါတယ်။ ဒီစိတ်ဆိုးခြင်းကို အကြောင်းပြုပြီ ဒေါသ
အငြိုးအတေး အာဃာတတရားတွေ ဖြစ်ပေါ်လာရတာပဲ။

မေး။   ။ ဆရာတော်ဘုရား အငြိုအတေး အာဃာတတရားတွေ လောကထဲမှာရှိနေခဲ့ရင် လူတွေငြိမ်းအေးခြင်းတရားကို
ဘယ်ရနိုင်ပါ့မလဲ။
ဖြေ။   ။ ဟုတ်တယ်ဒကာရေ၊ လူတွေက စိတ်ဆိုးရုံမကဘူး၊ စိတ်ဆိုးတဲ့အာရုံအပေါ်မှာ ရန်ငြိုးဖွဲ့ထားကြသေးတယ်မဟုတ်လား
အကြောင်းညီညွတ်တဲ့အခါမှာ ချေပမယ်၊ လက်စားချေမယ်လို့ မိမိစိတ်ထဲမှာ စွဲမှတ်ထားတဲ့သဘောကို အာဃာတတရား
လို့ခေါ်ပါတယ်။
လူတစ်ချို့က သက်ရှိလူသားတွေကို မဆိုထားနဲ့ဦး၊ သက်မဲ့ဖြစ်တဲ့အရာ စိတ်ဆိုးပြီဆိုမှဖြင့် ခလုတ်တိုက်မိတာတောင်
တိုက်ဦးဟေ့ဆိုပြီး ပြန်ဆင့်တိုက်လိုက်သေးတယ်မဟုတ်လား၊ စိတ်တိုတဲ့သူက ဒေါသအလျှောက်ပြုမိနေတာကို မြင်ရတဲ့လူက
ရယ်စရာလည်းကောင်းတာပဲ၊ သနားစရာလည်း ကောင်းတာပဲ ဒါကြောင့် ကမ္ဘာတစ်ခုလုံးလူသားတွေ ဒေါသဆိုတဲ့
စိတ်ဆိုးခြင်းကို အကြောင်းပြုပြီး ငြိမ်းအေးမှုကို မရနိုင်တော့တာပေါ့။

မေး။    ။ ဆရာတော်ဘုရား …..ဆရာတော်စကားထဲမှာ ပါလာတဲ့ ရန်ငြိုဖွဲ့ခြင်းက ဒေါသအရင်းခံလို့ အာဃာတတရား
တွေဖြစ်တာပဲဆိုတာ တပည့်တော်ကောင်းကောင်း သဘောပေါက်သွားပါပြီ၊ ဒါဆိုရင် ရခိုင်ဒေသမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ
အကြောင်းအရာများဟာ စိတ်ဆိုးမှုဒေါသကြောင့် အငြိုးအတေး အာဃာတတွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး တစ်နေရာနဲ့တစ်နေရာ
ဆိုသလို ဒေါသအရင်းခံတဲ့ အာဃာတအငြိုးအတေးကြောင့် ဖြစ်ပေါ်လာတဲ့တရားတွေလို့ တပည့်တော် ထင်မြင်ယူဆမိပါတယ်
ဘုရား။
ဖြေ။  ။ မမှားပါဘူး ဒကာရေ ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့လူတွေမှာ လူမျိုးစွဲ ဘာသာစွဲ ပုဂ္ဂိုလ်စွဲ အယူဝါဒစွဲတရားတွေကို
ရှေ့တန်းတင်ပြီး စွဲလန်းမှု မကုန်ခန်းနိုင်အောင် အစွဲကြီးစွဲနေတာ အမှန်ပါပဲ၊ ဒီလိုအစွဲတရားတွေကို မိမိစိတ်ထဲမှာ ရှေ့
တန်းတင်ပြီး ရှိနေသမျှ အကြောင်းမညီညွတ်တဲ့အခါ ပေါက်ကွဲမှု့တွေ ဖြစ်ပြီး လူမျိုးတစ်စုနဲ့တစ်စု မုန်တီးမှုတွေ ဖြစ်ပေါ်ရုံမက
ဘဲ သတ်ဖြတ်မှု၊ ကလေ့စားချေမှု မဆုံးနိုင်တဲ့ အာဃာတတရားတွေ ဖြစ်ပေါ်လာတာ အမှန်ပါဘဲ။

မေး။    ။အခု ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ လူမျိုးရေး ပဋိပက္ခမှုက ပိုပြီးတော့ မကျယ်ပြန့်အောင် ငြိမ်းအေးသွားနိုင်တဲ့
အကြောင်းလမ်းစများကို မိန့်တော်မူပါဘုရား….။
ဖြေ။  ။ ဟုတ်ပါတယ် ရခိုင်မျိုးတွေက အမျိုးသီလနှစ်ဌာနကို ရှေးတုန်းက အစဉ်အလာကြီးမားစွာဖြင့် စောင့်ရှောက်ခဲ့တဲ့
လူမျိုးတစ်မျိုးဖြစ်ကြပါတယ်။ ဘိုးဘေးအစဉ်အလာက ဆင်းသက်လာခဲ့တဲ့ ရခိုင်နယ်ပယ်ထဲမှာ နေကြတဲ့ ရခိုင်လူမျိုးရဲ့
ထေရ၀ါဒ ဗုဒ္ဓသာသနာကို အစဉ်ကိုးကွယ်ပြီး အလေးအနက်ထားကာ ဘာသာရေးသဘက်မှ ထိပ်တန်း မမှိတ်မသုံး
ယုံကြည်အားထားတဲ့စလူမျိုးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ တစ်ဖက်မှ ကူးပြောင်းလာတဲ့ ဘာသာမတူ အယူမတူ
လူမျိုးတစ်မျိုးကလည်း မိမိပိုင်းတဲ့အိမ်ပေါ်မှာ ဧည့်သည်ရောက်လာနေထိုင်သလို ဇွတ်အတင်းဝင်ရောက်ပြီး လာနေတာ
မျိုးလိုပေါ့ နောက်ဆုံးမှာတော့ အိမ်ရှင်က ဧည့်သည်ကို ကြောက်ရတော့မလိုဖြစ်နေပါတယ် ဒါကလူမျိုးခြင်းမတူ
ဘာသာခြင်းကွဲပြားနေခြင်းကြောင့် ဖြစ်ပေါ်နေတဲ့သဘောလို့ယူဆမိပါတယ်။ အခုဆိုရင် ဧည့်သည်ကိုအိမ်ရှင်ကကြောက်
အိမ်ရှင်ကဧည့်သည်ကိုကြောက်ဆိုသလိုဘဲ အပြန်အလှန် စိုးရိမ်းပူပန်းခြင်းစိတ်တွေနဲ့တွေ့နေရပါတယ်။

မေး။    ။ ဆရာတော်ဘုရား ဧည့်သည်ဆိုတာ အိမ်ရှင်လက်ခံလို့လာတာမဟုတ်ပါလား ဘုရား။
ဖြေ။   ။ မဟုတ်ပါဘူးဒကားရယ် ရခိုင်ပြည်နယ်ပြဿနာက နယ်စပ်ခြင်း နီးကပ်နေတဲ့အတွက် နယ်စပ်ကို ဖြတ်ကျော်မှု
အခြေအနေ အတင်းဝင်ရောက်လာပြီ မှောင်ခိုလာနေတဲ့ အခြေအနေမျိုးပေါ့လေ ထိမ်းချုပ်မှုအင်းအားနဲပါးခဲ့လို့ မိမိပိုင်းတဲ့
အိမ်သို့ အတင်းဝင်ရောက်ပြီးနေသလိုပေါ့ အိမ်ရှင်များက ဧည့်သည်အပေါ်မှာ ကြောက်လန့်ပြီ မပြောရဲမဆိုရဲအောင်
အနိုင်ကျင့်တဲ့သဘောမျိုးဖြစ်သွားတာပေါ့လေ၊ အခုတော့ အိမ်ရှင်က ဧည့်သည်ကိုကြောက်နေရတဲ့ ဘ၀မျိုးလိုပါပဲ။

မေး။    ။ ဒါဖြင့် ဘုရားလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သက်ဆိုင်ရာ အာဏာပိုင်တွေ ထိမ်းသိမ်းမှုမရှိခဲ့ဘူးလားဘုရား။
ဖြေ။   ။ ဒါကတော့ ဘယ်သူ့ကိုမှအခုအချိန်မှာ ပုံချပြီးအပြစ်ပြောစရာ မလိုတော့ပါဘူး၊ ပြီးခဲ့တာတွေ ရှိပါစေတော့
ဒီဖြစ်ရပ်ကို နမူနာယူပြီ ရှေ့ကို မလိုအပ်တဲ့အကြောင်းအရာများ မဖြစ်ရအောင် တင်းတင်းကြပ်ကြပ်ထိမ်းသိမ်းဖို့အရေးကြီး
တာပါပဲ။
ပြီးတော့လဲ အခုဖြစ်ပေါ်နေတဲ့ လူမျိုးရေးပဋိပက္ခကို အဆုံးသက်ပြီ ငြိမ်းအေးသွားစေချင်ပါတယ်။ ရှေ့ကိုဆက်ပြီ
အာဃာတတရားတွေ အငြိုးအတေးတွေ ဒီတရားတွေကိုငြိမ်းအောင် လုပ်ကြမယ်ဆိုရင် သူ့ဖက်ကိုယ့်ဖက်ထိမ်းသိမ်းစောင့်
ရှောက်ဖို့ အင်မတန်မှ အရေးကြီးပါတယ် ဒါပေမဲ့ ဆုံးရှုံးသူကမဲမဲ၊ နိုင်သူကပြုံးပြုံး ဆိုသလိုခံစားရတဲ့ပုဂ္ဂိုလ်တွေ လက်တွေ့
ဘ၀မှာ တွေ့ကြုံခံစားနေရတဲ့အတွက် ဇာတ်တော်ဝတ္ထုထဲက အနာရွတ်ကို စမ်းမိတော့ မဟောသဓာသတိရသလို ခံစားနေရတဲ့
လူအတွက် ဘယ်သောအခါမှမေ့ပျောက်နိုင်စရာအကြောင်း မရှိသလိုဖြစ်နေတာပေါ့။

မေး။    ။ဒီလိုဆိုရင်ဘုရား ဒီအငြိုးအတေးတွေ ဘယ်တော့ပြေနိုင်မလဲ မပြေနိုင်လို့ရှိခဲ့ရင် ရှေ့ဆက်ပြီ ဒုက္ခတွေအများကြီး
တွေ့ကြုံရမယ်လို့ ထင်ပါတယ်ဘုရား။
ဖြေ။    ။ ဟုတ်တယ်ဒကာရယ် ရခိုင်လူမျိုးတွေ့ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်ရေမရောပါဘူး၊ သြော် ကုန်ကုန်ပြောမယ်ဆိုရင်
ဗုဒ္ဓမှတပါး ကိုးကွယ်တဲ့လူမျိုးတွေလဲ မဟုတ်ကြပါဘူး ဒါကြောင့် ယခုအချိန်မှာ ဗုဒ္ဓတရားတော်နှင့်အညီ လိုက်နာကျင့်သုံးပြီး
ထေရ၀ါဒဗုဒ္ဓဘာသာ ပြီပြင်စွာဖြင့် ဗုဒ္ဓရဲ့အဆုံးအမနှင့်အညီ ဖြစ်ပေါ်လာတဲ့ အာဃာတအငြိုးအတေးတွေကို မေတ္တာတရားဖြင့်
ဖြေဖျောက်ပြီး လက်တွေ့ကျင့်သုံးကြရမှာ ဖြစ်ပါတယ်။

မေး။    ။ ဆရာတော်ဘုရား အာဃာတဆိုတာ သဘောမပေါက်လို့ရှင်ပြပါဦးဘုရား။
ဖြေ။   ။ ဟုတ်တယ် ဒကာရယ် ဘုန်းကြီးတို့ဗုဒ္ဓရှင်တော် ဟောကြားတဲ့ အာဃာတတရားကိုးပါရှိပါတယ်၊ ရန်ငြိုးဖွဲ့ခြင်းရဲ့
အကြောင်းတရားတွေပါပဲ၊ ဒီရန်ငြိုတွေကို ငြိမ်းအေးသွားအောင် ဗုဒ္ဓက ဒီလိုဆုံးမခဲ့ပါတယ် ဘာတွေလဲဆိုရင် (၁) ဒီလူက
ငါ့ကိုအကျိုးမရှိအောင် ရှေ့ကလဲ ပြုခဲ့တယ်၊ အခုလဲပြုနေတယ်၊ နောင်လည်းပြုလိမ့်မယ်လို့ရန်ငြိုဖွဲ့ခြင်း၊ (၂) ဒီလူက
ငါ-အိမ်သူအိမ်သား၊ သာသမီး၊ ဆွေမျိုး၊ မိတ်ဆွေ၊ ဆရာတပည့်စသည်များကို အကျိုးမဲ့အောင်ပြုခဲ့တယ်၊ နှိပ်စက်စော်
ကားပြုခဲ့တယ်၊ အခုလဲပြုနေတယ်၊ နောက်လည်းပြုလိမ့်မယ်ဟု ရန်ငြိုအာဃာတတရားထားရှိခြင်း (၃) ဒီလူက ငါနှင့်အယူဝါဒ
မတူသည့်အတွက် မကြီးပွါးစေခြင်းဘူး၊ ဆင်းရဲဒုက္ခရောက်စေချင်တယ် အခုလဲဆင်းရဲဒုက္ခရောက်အောင်ပြုမယ်၊ တစ်ချိန်က
လည်းပြုခဲ့ပြီးပြီ၊ နောင်ကိုလည်းပြုလိမ့်မယ်ဟု ရန်ငြိုဖွဲ့ခြင်း ကိုးပါကို ဗုဒ္ဓကဆုံးမခဲ့ပါတယ်။ ဒီလိုတစ်ယောက်နဲ့တစ်ယောက်
သူ့အကျိုးကိုယ့်အကျိုးမဲ့အောင်၊ ရန်ငြိုးဖွဲ့ခြင်း၊ တစ်ဦးကိုတစ်ဦးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အာဃာတတရားတွေက
ကောင်းတဲ့တရားတွေမဟုတ်ပါဘူး မကောင်းတဲ့တရားတွေသာဖြစ်ပါတယ်လို့ ဗုဒ္ဓကဟောခဲ့ပါတယ်၊ ၇န်ငြိုးဖွဲ့ခြင်း၊
ဒေါသအလျှောက်သတ်ဖြတ်နှိပ်စက်ခြင်းတရားက မျက်မှောက်ပစ္စုပ္ပန်မှာလဲ အကျိုးမရှိ၊ နောင်သံသရာမှားအကျိုးမဲ့ကို
ဖြစ်စေတတ်ပါတယ်၊ သံသရာတစ်လျှောက်လုံး တစ်ဦးနှင့်တစ်ဦး ရန်ဘက်ဖြစ်သွားနိုင်တယ် ဒါကြောင့် အငြိုအတေး
အာဃာတတွေ ရန်ငြိုးဖွဲ့တာတွေ ရှောင်ကြဉ်ရပါမယ် အာဃာတကင်းတာအကောင်းဆုံးတရားလို့ ဗုဒ္ဓဟောကြားတဲ့
ဒေသနာနှင့်အညီ မောင်မဲကို မောင်ဖြူက အကျိုးမဲ့အောင်ပြုလုပ်တယ် သတ်ဖြတ်တယ်ဆိုရင် မောင်မဲရဲ့အဆက်အနွယ်
တွေကလည်း ပြန်လည်းလက်စားချေကြမှာပါဘဲ ဒီနည်းအတိုင်း အပြန်အလှန် လက်စားချေတာက ဒီဘ၀မကဘဲ
သံသရာတလျှောက်လုံးဒုက္ခဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းကို ပြောပါရစေ။

Sunday, 24 June 2012

ရခိုင်ပြည်နယ်ရောက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ မမီးမီးနှင့် မေးမြန်းခန်း

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို မှန်မှန်ကန်ကန် သိနိုင်ဖို့အတွက် စစ်တွေမြို့ အပါအ၀င် ဘူးသီးတောင်၊ မောင်တောမြို့တွေမှာ ရက်ပေါင်းအတော်ကြာ သွားရောက်လေ့လာနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က မမီးမီးကို မအင်ကြင်းနိုင် (RFA) က ဆက်သွယ်မေးမြန်းထားပါတယ်။

လူဆယ်ယောက် သတ်ဖြတ်ခံခဲ့ရတဲ့ ကူတောင်ရဲ့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး ကူတောင် မြောက်ကျောင်း ဆရာတော်နဲ့ တွေ့ဆုံမေးခြန်းခန်း

Narinjara

ဇွန်လ ၁၉  ရက်နေ့က ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာက လူပေါင်း ၁၀ ဦး အသတ်ခံခဲ့ရပါတယ်။ ကူတောင်ကျေးရွာဟာ ရသေ့တောင်မြို့နယ် တောင်ပိုင်း မစဲကမ်းမှာ တည်ရှိပြီး အိမ်ခြေပေါင်း ၁၀၀၀ ကျော်ရှိတဲ့ ရွာကြီး တစ်ရွာလည်း ဖြစ်ပါတယ်။ ကူတောင်မှာ ရဲစခန်း တစ်ခုလည်း ရှိသလို အထက်တန်းကျောင်းလည်း တည်ရှိပါတယ်။ အဲသလို ရွာကြီး တစ်ရွာမှာ လူ (၁၀) ယောက် အသတ်ခံရပြီးတဲ့ နောက်ပိုင်းမှာ အခြေအနေတွေ ဘယ်လိုရှိတယ်ဆိုတာ သိရှိနိုင်ဖို့ ကူတောင် မြောက်ကျောင်း ဆရာတော်ကို လျှောက်ထားမေးကြည့် ပါတယ်။

-       အရှင်ဘုရား အခင်းဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ လက်ရှိ ကူတောင်ရွာ အခြေအနေက ဘယ်လိုရှိပါသလဲ။  နည်းနည်း မိန့်ကြားပေးပါ။

ဖြေ- ဟုတ်ကဲ့။ အခု အေးအေးဆေးဆေးရှိပါတယ်။ လုံခြုံရေးရှိနေပါတယ်။ ကူတောင်ရွာမှာ အရင်ကတည်းက ရဲစခန်းရှိပါတယ်။ အဲဒီ ရဲစခန်းကို ရဲအင်အားဖြည့်လို့ ရှိပါတယ်။  ရဲသား ၃ ယောက်၊ ၄ ယောက် တိုးချထားတာကို တွေ့ရပါတယ်။

-                   – ရှေ့မှာ အခြေအနေက အေးဆေးဆေးဆေး  တည်တည်ငြိမ်ငြိမ် ဖြစ်မယ်လို့ ထင်ပါသလား။ ဘယ်လိုမြင်ပါလဲ အရှင်ဘုရား။

ဖြေ- ဆရာတော်ကတော့ ရှေ့ကကဲ့သို့ အခြေအနေဆိုးတွေ  ခဏခဏ ဒီလိုကဲ့သို့ မြင်ကွင်းတွေ မြင်ရမလားလို့  ထင်မြင် ယူဆ မိပါတယ်။

-       ရှေ့မှာ ဒီလိုမျိုး  မဖြစ်အောင် ဘယ်လို  တားဆီးနိုင်ပါမလဲ။ ဘယ်လိုလုပ်ရင်ကောင်းမလဲ။  အရှင်ဘုရားအနေနဲ့ ဘယ်လို မြင်ပါလဲ။

ဖြေ- ဆရာတော်ရဲ့  ပုဂ္ဂလိက အတွေး အခေါ်ဆိုလို့ ရှိရင် ဒီနားမှာ မွတ်ဆလင်တွေနဲ့ ရခိုင်တွေနဲ့ အနီး နေမယ် ဆိုရင်တော့ ခဏခဏ ဒီလို ဖြစ်မယ်လို့ ထင်မိပါတယ်။

-       ဒီကိစ္စနဲ့ ပတ်သက်ပြီး အရှင်ဘုရားတို့ အနေနဲ့ အထက် အာဏာပိုင်တွေကို တင်ပြတာတွေ ရှိပါသလား။
ဖြေ- အဓိကရုဏ်း ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကူတောင်ကသေဆုံးသွားတဲ့ အလောင်းတွေကို မရရှိတဲ့ အတွက်ကြောင့်နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ဆရာတော်တို့က အလောင်းတွေကို ရှာပေးဖိုးအတွက် မေတ္တာရပ်ခံ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက တာဝန်ရှိပုဂ္ဂိုလ်တွေ ဥပမာ မြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ ပြည်သူ့ရဲတို့၊ ဦးဆောင်ပြီးတော့ ရှာပေးကြလို့ အလောင်း အားလုံးကို ရရှိလို့ မနေ့က သင်္ဂြိုလ်လို့ ပြီးပါပြီ။ ဒါပေမယ့် နောက်ပိုင်း  ကိစ္စတွေတော့ တင်ပြတာ မရှိသေးဘူး။

-       အခု ကူတောင်လူထု ရခိုင်တွေဖက်က အခြေအနေတွေက ဘယ်လိုရှိပါသလဲ ရှင်ဘုရား။

ဖြေ- ရခိုင်တွေဖက်ကတော့ အရင်က အမျိုးသမီးတွေ တခြားနယ်တွေကို ထွက်ပြေးနေကြတဲ့ အတွက်  ရွာမှာ ၂ ရာခိုင်နှုန်း လောက်ဘဲ  ရွာထဲမှာ လူကျန် နေခဲ့ပါတယ်။ အခုတော့ ပြန်လာနေကြလို့ ၆၀ ရာခိုင်နှုန်းလောက်တော့
ရွာထဲကို ရောက်နေကြပါပြီ။

-       – အဲဒီ မွတ်ဆလင်ရွာတွေမှာ စစ်တပ်က လုံခြုံရေးတွေ ရှိပါသလား။ သူတို့ကို ဖမ်းဆီးတာတွေကော ရှိပါသလား။

ဖြေ- မွတ်ဆလင်ရွာမှာတော့ စစ်တပ်က လုံခြုံရေး ယူထားတယ်လို့ ဆရာတော်က တကာတွေဆီမှ  တစ်ဆင့် ကြားပါတယ်။ ဖမ်းတာတွေကိုလည်း တကာတွေဆီကကြားပါတယ်။ ဟိုတစ်နေ့က ၂၂ယောက်ဖမ်းပြီးတော့ ဒီနေ့ မှာတော့ ၃၁ ယောက် ဖမ်းတယ်လို့ ကြားပါတယ်။

-      -  အရှင်ဘုရား ဒီဆူပူတွေ ထပ်မဖြစ်အောင်၊ ငြိမ်းချမ်းမူ ရရှိအောင်  အရှင် ဘုရား အနေနဲ့ မိန့်စရာတွေရှိရင် မိန့်ကြားပေးပါ အရှင်ဘုရား။

ဖြေ- ဆရာတော်အနေနဲ့ကတော့ အထူးပြောစရာမရှိပါဘူး နိုင်ငံရေး၊ လူမျိုးရေး စတာတွေကိုတော့ ပြောစရာ မရှိပါဘူ။  အားလုံးသော သူတို့သည် မိမိတို့ရဲ့ မေတ္တာ တရားကို လက်ကိုင် ထားပြီးတော့ အားလုံးသော သူတို့သည် သက်ရှိ သတ္တ၀ါတွေဖြစ်တဲ့ အတွက် တစ်ယောက်သော သူမှ မိမိရဲ့ ခန္ဓာကိုယ်ကို နာကျင် ကိုက်ခဲ အနာတရ ဖြစ်မယ့်ဟာ၊  အသက် သေဆုံး သွားမယ့်ဟာကို မလိုလားကြတဲ့ အတွက်ကြောင့် ငြိမ်းချမ်းရေး ကို ဘယ်နည်းနဲ့  ပြုပြင်ရင် ရကောင်းမလဲ ဆိုတာကို  စဉ်းစားကြပြီး  ငြိမ်းချမ်းအောင် ကြိုးစားကြပါလို့ဘဲ ပြောချင်ပါတယ်။

Saturday, 23 June 2012

Bloody Friday Daw Aye Su Thi Interview

ဘင်္ဂလီကုလားတွေရဲ့ ရက်စက်မှုအောက်မှ လွတ်မြောက်လာသော ဆရာမများနှင့် အင်တာဗျူး


Teacher Daw Aye Su Thi
....................

မောင်တောနယ်စပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများ (လ၀က ၀န်ထမ်းတစ်ဦးနှင့်တွေ့ဆုံသည်)

by Myanmar Tandawsint on Friday, 22 June 2012 at 00:59 ·
 
မောင်တောမှာက တပ်ရယ်၊ ရဲရယ်၊ လ၀က ရယ်၊ ကာစတန်ရယ်လေးဖွဲ့ရှိတယ်။ အဓိက အုပ်ချုပ်ရေး၊ လုံခြုံရေးကတော့ တပ်ကလုပ်တာပေါ့။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ဘင်္ဂါလီ အ၀င်အထွက်မရှိဘူး။ ဘာဖြစ်လို့မရှိလဲဆိုလို့ရှိရင် ခိုးဝင်တာမရှိဘူး။

အဖွဲ့လေးဖွဲ့ရှိတယ်ပေါ့။ အကုန်လုံးက သူ့အလုပ်သူလုပ်ပေါ့။ အဲဒီအချိန်တုန်းကတော့ ၀င်တဲ့လူ သိပ် မရှိတော့ဘူးပေါ့။ ဘာလို့လည်းဆိုတော့ ၁၉၉၂ ကနေ ၁၉၉၅ လောက်ထိမှာ ဘင်္ဂလားကနေပြန်လက်ခံထား ခိုင်းတဲ့လူတွေရှိတယ်လေ။ ယူအန်တို့ ဘာတို့ အကူအညီနဲ့ပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော် တို့ထဲကို ခိုးဝင်တဲ့ကောင် ဘာလို့မရှိဘူးလို့ပြောလို့ရလဲဆို စီးပွားရေးက ဘင်္ဂလားက ပိုကောင်းတယ်။

ကျွန် တော်တို့မြန်မာပြည်ထက်။ ဘင်္ဂလား ပိုက်ဆံ တစ်ဒါကာ က ကျွန်တော်တို့ ဆီက ပိုက်ဆံနှစ်ဆယ်လောက်နဲ့ သွားညီတယ်။ ဘင်္ဂလာငွေတစ်သိန်းဆိုရင် ဒီက သိန်းနှစ်ဆယ်လောက်ရှိတယ်ပေါ့နော်။ အဲဒီတော့ ဟိုကကောင် ကဒီမှာလာပြီး အလုပ်မလုပ်တော့ဘူး အဲဒီအချိန်က။ ဒီမှာနေတဲ့လူတွေက လည်းပြည့်နေပြီ။ စလာတုန်းကတော့ ဒီကောင်တွေက လယ်တွေရှိတယ်။ သစ်ခုတ်တယ်။ အဲဒါမျိုးတွေနဲ့ ဒီ ကောင်တွေနေကြတာပေါ့နော်။ အဲဒါ ကလည်း ဟိုးအင်္ဂလိပ်ခေတ်လောက် တည်းကနေနေတဲ့ဟာလေ။ နောက်ပြီး တော့ ဦးနုလက်ထက်မှာ ပိုပြီးဆိုးသွား တာက ဦးနုက မဲပေးဖို့ခေါ်သွင်းလိုက် တဲ့ကိစ္စတွေမှာ ပိုဆိုးသွားတာ။ ဒါပေ မဲ့သူတို့ကို ကျွန်တော်တို့က မှတ်ပုံတင်မပေးဘူး။ နိုင်ငံသားတွေ မဟုတ်ဘူး။ မောင်းတောမှာ ရှိတဲ့လူဦးရေရဲ့ ကိုးဆယ်ရာခိုင်နှုန်းကျော်လောက်ရှိ တယ်။ အဲဒါကြောင့်မို့ သူတို့ကို ဘယ် လိုကန့်သတ်ထားလဲ ဆိုလို့ရှိရင် စစ်တွေကိုလည်း မသွားရဘူး။ အနီးအနားလည်းမသွားရဘူး။ ဟိုဘက်ရွာ ဒီဘက်ရွာသွားရင်တောင်မှ ရယက ဥက္ကဋ္ဌရဲ့ ရွာထွက်လက်မှတ်နဲ့ ရယက ဥက္ကဋ္ဌရဲ့ထောက်ခံချက်နဲ့ပေါ့လေ။ ဒီရွာကလူမှန်ပါတယ်။ ယာယီသက် သေခံကဒ်ပြားအမှတ် ၁၁/မတန(ယ)  ကိုင်ဆောင်တဲ့ ဘယ်သူဖြစ်ပါတယ်။ ဒီရောက်မှ ဘယ်ရွာကိုသွားမှာလဲ။ အဲလိုတွေစစ်ပြီးတော့ တစ်ခြားကလာ တဲ့လူတွေဖြစ်မှာစိုးလို့။

ယာယီသက် သေခံလက်မှတ်မှာ မောင်တောလ၀က က ထုတ်ပေးတဲ့ဟာလေးပါတယ်။
ဘယ်လိုထိန်းဖို့လိုလဲဆိုလို့ရှိရင် သူတို့ကို ပြန်လွှတ်ရင်လည်းလွှတ် မလွှတ်ရင်လည်း   ဒီကောင်တွေရှိနေ သရွေ့ မအေးဘူးပဲ ဖြစ်မှာ။ တကယ်ပြောတာ။ ကျွန်တော်တို့ အမြင်ကို ပြောတာပေါ့နော်။ နယ်ခြားဘက်မှာ နိုင်ငံခြားက အစ္စလာမ်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်အများကြီးရှိတယ်။

 သူတို့ဆီမှာက ပလီဆရာက အရေးကြီးတယ်လေ။ ပလီဆရာကပြောတဲ့စကား အတိုင်းအကုန်လုံးဖြစ်တယ်။ အကုန်အောင်မြင်တယ်။ အဲဒီပလီဆရာတွေကလည်း တချို့တွေဆိုရင် နိုင်ငံခြားက အစ္စလာမ်တက္ကသိုလ်ကြီးတွေကနေပြီး တော့ ပြီးလာတဲ့သူတွေရှိတယ်။  အခုဖြစ်တဲ့ဟာကလည်း စစ်တွေမှာ ကေဇက်ဂျီရုံးကနေလေ။ ကေဇက်ဂျီ ဆိုတာ ဆေးအန်ဂျီအို၊ ဆေး ကုပေးတဲ့အန်ဂျီအို၊ သေနတ်နှစ် သေတ္တာရတယ်တဲ့။ မောင်တောက လ၀က တွေကို လှမ်းမေးကြည့်တာ ဟုတ်တယ်။ ဆရာဝန်နဲ့သူ့သမီးလား ဆရာဝန်မနဲ့ သူ့အဖေလားမသိဘူး  အဲဒါကို ထိန်းသိမ်းထားတယ်လို့ ပြောတယ်။ သူတို့က ဒီကိစ္စတွေ မပေါ်လည်း ကျောက်နီမှော်ကိစ္စတွေ၊ တောင်ကုတ်ကိစ္စတွေ မပေါ်လည်း လုပ်မှာပဲ။ ဟိုအရင်တုန်းကလည်း ရာဇ၀င်ရှိဘူးတယ်။ ရာဇ၀င်ရှိဘူး တယ်ဆိုတာက လွတ်လပ်ရေးရပြီး ကာစ နောက်ပိုင်းမှာကိုပဲ မူဂျာဟစ် သူပုန်လေ။ အမှန်တော့ ရိုဟင်ဂျာတို့ မူဂျာဟစ်တို့ဆိုတာ အတူတူပဲ။ နာမည်ပဲ သူတို့ကွဲတာ။ ပြောချင် တာတွေလျှောက်ပြောတာ။ အဲဒီမှာ ကာဇိုင်းဆိုတဲ့ သူပုန်တစ်ယောက်ရှိတယ်။ သူပုန်မဟုတ်ဘူး ဒီကောင်ကဓားပြပဲ။ သူပုန်ဆိုတာက စစ်တပ်ကလိုက်ရှင်းရလို့ သူပုန်ဖြစ်သွားတာ။ဓားပြအကြီးစားပဲ။

ဒီကောင် ကလက်နက်ရှိတယ်။ ရခိုင်ရွာတွေဝင် ဖျက်တယ်။ မီးရှို့တယ်။ ရခိုင်မလေးတွေကို အဓမ္မကျင့်တယ်။ ရခိုင်မလေးတွေ ရာနဲ့ချီပြီးတော့ကိုရှိတယ်။ အဲဒီဘက်က ရခိုင်တွေက သူတို့မှာ နာကျည်းချက်တွေအများကြီးရှိတယ်။ သမ္မတကြီးပြောတဲ့ ရှုပ်ထွေးနိုင်တဲ့ နောက်ခံသမိုင်းကြောင်းတွေဆိုတာ တကယ်မှန်တယ် အဲဒါတွေက။ လူကြီးတွေ ဘယ်လိုဆုံးဖြတ်မလဲအဲဒါ ကို။ သူတို့လည်း အခုနေဆုံးဖြတ်လို့ရှိရင် နိုင်ငံတကာက ဖိအားပေးတာ ဘာညာပေါ့နော်။ သူတို့တွေမှာလည်း အခက်အခဲရှိမှာပေါ့။ ကျွန်တော်တို့ ကိုယ်တွေ့လည်း ကြုံခဲ့ရတယ်။

အဲဒါတွေက ခင်ဗျားတို့ရှိတုန်းက ဒီပြဿနာတွေမပေါ်ဘဲနဲ့ အခုမှပေါ် တယ်ဆိုတော့ တော်တော်များများက လ၀က ရဲ့ ချို့ယွင်းချက်တွေကြောင့် ဒီလိုတွေဖြစ်လာတယ်လို့ထင်တယ်လေ။

အဲဒါတွေက မောင်တောကို မရောက်ဖူးတဲ့လူတွေပြောတာ။ ဦးစီးကိုလည်း ကျွန်တော်ပြောတယ်။ နောက်ကျရင် ရေလည်သွားလိမ့်မယ်တဲ့ဘာကြောင့်လဲဆိုတာကိုတဲ့။ ဟိုတ လောက စာပေဟောပြောပွဲတစ်ခုထဲ မှာလေ။ တရုတ်တွေမှတ်ပုံတင်ရတဲ့ ကိစ္စတစ်ခုကို ပြောသွားတယ်။ ပြောရ မယ်ဆိုရင် အရင်တုန်းက ကျွန်တော် တို့ကိုခေါ်တယ်ပေါ့နော်။ ကျွန်တော်တို့ မမီလိုက်တဲ့ခေတ်ပါ။ လ၀က တရုတ် လည်းနိုင်တယ်။ ကုလားလည်းနိုင် တယ်ပေါ့ဗျာ။ အခုလ၀ကက ဘယ်ကောင်မှမနိုင်တော့ဘူး။

 ဘာလို့မနိုင် လည်းဆိုလို့ရှိရင် ဒီကောင်တွေက လည်းလူလည်တွေဖြစ်သွားပြီ။ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ဗိုလ်မှူး တွေ၊ ဗိုလ်ကြီးတွေနဲ့ ပေါင်းပြီးတော့ သူကြီးပိုင်တယ်ဆိုပြီးတော့ ဆယ်အိမ်ခေါင်း ဟိုဟာထင်တယ် ဆိုတာလို။ မောင်တောမှာ ကျွန်တော်တို့ နေတုန်းကလည်း အုပ်ချုပ်တာက ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးကြီးတွေ အုပ်ချုပ်တာ။ စီးပွားရေးသမားက ဘင်္ဂလားကို နွားမှောင်ခိုထုတ်တယ်။ ဒါမျိုးတွေအများကြီးပဲ။ ဒါတွေကပြောရင် ဂျာအေးကို သူ့အမေရိုက်သလို လည်ပတ်နေမှာ။
ဒီလိုမှတ်ပုံတင် လုပ်ငန်းလုပ်ဖို့ကို ပုံစံလုံးဝမတူဘူး။ စစ်တပ်လိုနေရ တယ်။ တပ်ရိက္ခာရ တယ်။ မောင်တောမှာ တစ်နှစ်နေတဲ့ အချိန်မှာ အမှုဖြစ်လို့ရှိရင် ၀န်ထမ်းစည်းမျဉ်းနဲ့အရေးမယူဘူး။ စစ်ဥပဒေနဲ့အရေးယူတာ။ အခုလည်းအဲလိုဟာ တွေရှိသေးတယ်။

အဲဒီအတိုင်းပဲ။ ဗိုလ်မှူးကြီး အောင်ကြီးလေ။ နယ်စပ်ဒေသလူဝင် မှုကြီးကြပ်ရေးကွပ်ကဲမှု ဌာနချုပ် ဆို ပြီးတော့။ ကွပ်ကဲရေးမှူးကို လ၀က ညွှန်ကြားရေးမှူး တာဝန်ပေးထား တယ်။ အခုဗိုလ်ချုပ်သိန်းဌေးနောက် ကိုလိုက်နေတဲ့ ----- က အဲဒါ ကွပ်ကဲရေးမှူးပေါ့။ သူ့ရဲ့ ကားကို တောင်ခဲနဲ့ပေါက်လို့တဲ့။
ဘယ်နေ့ကပေါက်တာလဲတော့ မသိဘူး။ ဖြစ်ကာစလောက်ကထင်တယ်။

ညွှန်ချုပ်အဆင့်ပေးထားတာသူ့ကို။ ဦးမောင်မောင်သန်း အဆင့်ပေါ့။ သူ့ကို ရခိုင်ပြည်နယ်မှာ လ၀က ညွှန်ကြားရေးမှူးချုပ် လုပ်ပိုင်ခွင့်များကို ပေးမည်ဆိုပြီးတော့ ပေးထားတာ။ မှတ်ပုံတင်ကိစ္စတော့ မပါဘူးလေ။ မှတ်ပုံတင်ကိစ္စကတော့ မောင်တောမြို့နယ်လ၀က သပ်သပ် ရှိတယ်။ မြို့နယ်လ၀က၊ ခရိုင်လ၀က သပ်သပ်ရှိတယ်။ ကျွန်တော်တို့က မှတ်ပုံတင်ကိစ္စလည်း လုံးဝတာဝန် မယူပါဘူး။

သက်သေခံကဒ်ထုတ်ပေး တာလည်း ကျွန်တော်တို့ တာဝန်မယူပါဘူး။ ကျွန်တော်တို့က ဘာလုပ်လဲ ဆိုရင် နေ့ခင်းထွက်တယ်။ လူဦးရေ စာရင်းစစ်တယ်။ တစ်ရွာနဲ့တစ်ရွာ အကူးအပြောင်းကို တရားဝင်မှတ်တမ်း တင်တယ်။ လပ်ထပ်ခွင့်ပေါ့ သူတို့ကို ၁၈ နှစ်ပြည်ရင် စခန်းမှာ လာပြီးတော့ မှတ်ပုံတင်ရတယ်။ မိန်းကလေးရော၊ ယောက်ျားလေးရော။ လပ်ထပ်ခွင့် ကျမှပေါင်းရတယ်။ ဘာကြောင့်အဲလို ထိန်းချုပ်ထားလဲဆိုတော့ ၁၄/၁၅ နှစ်နဲ့ယူတယ် ကလေးတွေအများကြီး မွေးတယ်။ ဖောင်းပွပြီးတော့ ဖြစ်ချင်တိုင်းဖြစ်တယ်။ နောက်တစ်လင်တစ် မယား၊ အရင်တုန်းကဆိုရင် ဒီကောင် တွေက မယားလေးယောက်ယူတယ် လေ။ ကလေးတွေအများကြီး တပြုံကြီးမွေးတယ်။ လူအယောက်ငါးဆယ် လောက်ရှိတယ်။ တစ်အိမ်ထောင်စုကို။

တစ်အိမ်ထဲမှာအကုန်လုံးစုပြုံနေ။  နောက်မောင်တောက တင်လိုက်တဲ့ ရွှေမောင် ဆိုတာလေ။ လွှတ်တော် အမတ်ဖြစ်နေတာ။ ကြံ့ခိုင်ရေးထဲမှာ ထည့်ထားတယ်။ အဲဒီကလူ တွေကလေ ခြင်္သေ့မှန်း၊ ကျားမှန်းတောင်သူတို့မသိဘူး။ မင်းတို့ဘယ်ပါ တီမဲပေးမလဲပြောရင် ကျားပါတီမဲပေး မယ်လို့ပြောတယ်။
နစကဆိုတာ လ၀ကရယ်၊ တပ်ရယ်၊ ရဲ ရယ်၊ ကာစတန်ရယ်ကို ကိုင်ထားတဲ့ ဌာနပေါ့နော်။

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူတို့ကို မြန်မာပြည်ဘက် အခြမ်းကိုကျော်ထွက်မလာဖို့။ ဟိုဘက်ကလူတွေ ဒီဘက်ကိုဝင်မလာဖို့။ အဲဒါကြောင့် တားထားတာပဲ။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ ရယက ဥက္ကဋ္ဌတွေ က ရွာတိုင်းမှာတော့ လျှောက်ပြီး တော့မထားနိုင်ဘူး။ အုပ်စုလေးအုပ်စု လောက်ကို စခန်းတစ်ခုလောက် ချထားတယ်။ တချို့ကျတော့လည်း ၇အုပ်စု၊ ၈ အုပ်စုလောက်ပေါ့။ အဲလို လေးတွေရှိတယ်။ အဲလိုစခန်းချထား တဲ့အခါကျတော့ စခန်းတစ်ခုတစ်ခုမှာ အဖွဲ့သုံးဖွဲ့ပေါ့။ ကာစတန်ကတော့ ဌာနချုပ်မှာပဲ ရှိတာများတယ်။ မောင် တောမှာပဲရှိတာများတယ်။ ဌာနချုပ်က မောင်တောကနေ သုံးလေးမိုင်လောက် ဝေးသေးတယ်။ ကျွန်တော်တို့နောက် က ရိုးမပေါ်မှာတော့ တပ်တွေရှိတယ်။

ဌာနချုပ်နောက်က တောင်ကြီးတွေ ပေါ်မှာ အရင်ကျွန်တော်ပြောတဲ့ ဓားပြဗိုလ် ကာဇိုင်းဆိုတဲ့ကောင်နေခဲ့တဲ့ တောင်ကြီးပေါ့။ အဲဒီတောင်က ချင်းပြည်နဲ့ဆက်သွားတယ်။ စစ်တွေမှာ ရောက်နေတဲ့ သူတွေကတော့ စာနည်းနည်းတတ်သွားပြီပေါ၊ ရခိုင် ရည်လည်းလည်သွားတာပေါ့နော်။ မောင်တောက သူတွေကျတော့ နည်းနည်းမြှောက်ပေးလို့ရှိရင် လုပ်ဖို့ လောက်ပဲသိတာပေါ့။

သူတို့ကို ကလေးနှစ်ယောက် ထက်ပိုမမွေးရဘူးလို့ စည်းကမ်းချက် ထုတ်ထားတယ်။ ဒါပေမဲ့မွေးတာပဲ။ ဒါပေမဲ့ဘွဲ့ရတဲ့ ဘင်္ဂါလီတွေရှိတယ်။ ကျွန်တော်တို့နဲ့ စားသောက်ဝင်ထွက် နေတဲ့ သူတွေ။ ကျွန်တော်တို့ကို ပွင့် ပွင့်လင်းလင်းပဲမေးတာ။ သူတို့ကို ဘာကြောင့် ကလေးနှစ်ယောက်ပဲမွေး ခိုင်းတာလဲ။

ကလေးနှစ်ယောက်ပဲ မွေးခိုင်းတယ်ဆိုတာ ဒီမှာအခုရှိတဲ့လူ နဲ့ စပါးထွက်တဲ့ဟာနဲ့ မင်းတွက်ကြည့် လေလို့။ မင်းတို့လူအများကြီးဖြစ်လာမယ်ဆိုရင် ဆန်မလောက်ဘူးလို့။ မင်းတို့တခြားကလည်း ၀ယ်လို့မရဘူး။ မင်းတို့ဆန်ကိုလည်းတခြားကို ရောင်းလို့မရဘူးလေလို့။ ဒေသတွင်းစားဝတ် နေမှုမဖူလုံဘူးဆိုရင် မင်းတို့သူခိုး တွေ၊ ဓားပြတွေ ပေါ်လာမှာပေါ့ဆိုပြီးတော့။  ကိုင်တော့ကိုင်ထားတာပဲ။

ဒီမိုကရေစီခေတ်ဆိုပြီးတော့ ဒီကောင် တွေက နည်းနည်းသွေးတိုးစမ်းတဲ့ အပိုင်းရှိတယ်။ ပြစ်မှုတွေခဏခဏဖြစ် တယ်။ ရဲတွေကိုသတ်ပစ်တယ်။ ဒီ ကောင်တွေက။ ရဲသတ်တာကြာပြီ ဗိုလ်ချုပ်မောင်ဦး လ၀ကတိုင်းမှူးလုပ် တည်းကဖြစ်တာ။ လုံထိန်းရဲကင်းက ဒုရဲအုပ်ကို သတ်ပစ်လိုက်တာ။ သတ်တဲ့ကောင်တွေက ဘင်္ဂလားကို ထွက်ပြေးသွားတာ။ ပြန်မလာတော့ဘူး။ တစ်ရွာလုံးကို မီးရှို့ပစ်မယ်ဆိုပြီးတော့။ ရှို့လည်းမရှို့ဖြစ်ပါဘူး။ ဒီအ တိုင်းပဲပြီးသွားတာ။ သေတဲ့ကောင် သာသေသွားတာ။

 အဲဒီမှာ ယူအန်က လာတဲ့အဖွဲ့တွေ လူ့အခွင့်အရေး စာနာမှုတွေ လုပ်ရမယ်ဘာညာ လျှောက်ပြောတာ။ ပြီးတော့ ကျွန် တော်တို့ကိုလေ။ ယူအန်ကလုံးဝမတင် ဘူး။ ယူအန်ကဆေးခန်းတွေဘာတွေ မှာ ကျွန်တော်တို့အခက်အခဲဖြစ်လို့ သွားရင် မလာခဲ့ပါနဲ့လို့ပြောတာ။ ကျွန်တော်တို့ကျတော့ ယူနီဖောင်းနဲ့ မလာပါနဲ့ ဒါမျိုးပြောတာ။ ဆရာဝန်တွေ၊ သူနာပြုတွေက ဗမာတွေ၊ ရခိုင်တွေ များပါတယ်။ များသောအားဖြင့်ဒေသခံ ရခိုင်ကို သုံးခဲတယ်။ ဗမာပြည်က လာတဲ့ဟာတွေများတယ်။ သုံးရင် ဒေသခံဆို ရခိုင်မသုံးဘူး။ ဘင်္ဂါလီ သုံးတယ်။ အဲတော့ အန်ဂျီအိုတွေရဲ့ ဟိုဟာကလည်း မရိုးသားဘူး။ လမ်း မှာတွေ့ရင်ကျွန်တော်တို့ ကုန်းကြောင်း လျှောက်ရတာ တစ်နေရာနဲ့ တစ်နေ ရာသွားရင်။

တအားဒုက္ခရောက်တာ။ သူတို့ကားနဲ့ လုံးဝမတင်ဘူး။ ကျွန် တော်တို့ဆီက လူကို ကားနဲ့တင်တဲ့ ဒရိုင်ဘာကို ဖြုတ်ပစ်လိုက်တယ်။ တစ်ခါတည်း။ ယူအန်တို့ အန်ဂျီအိုတို့ အဖွဲ့အစည်းတွေကလေ။ သူတို့ရဲ့ အပြုအမူကလည်း လုံးဝမရိုးသားဘူး။

မီးရှို့တဲ့တစ်ယောက်ကိုလိုက်ဖမ်း တာဘင်္ဂလားထဲကို ထွက်ပြေးတယ် လို့ပြောတယ်။ ထွက်ပြေးတယ်လေ။ ပြီးလို့ရှိရင် လစ်ရင်လစ်သလိုပြန်လာမှာပဲ။ အခုစစ်တွေက လူတစ်ထောင် လောက်ထွက်ပြေးသွားပြီပြောတယ်။ ဘင်္ဂလားကို။  သင်္ဘောနဲ့ပြေးတာပေါ့ သူတို့။ သင်္ဘောကသူတို့သင်္ဘောတွေရှိ တယ်လေ။ သင်္ဘောဆိုတာ စက်တပ် လှေမဟုတ်ပဲနဲ့ လောင်းလှေ၊ လှေကြီး တွေ။ လှေကြီးကို လူကြီးတွေပြော သလို ပြောမယ်ဆိုရင်တော့ လူပျင်း လှော်လှော်တာပေါ့နော်။ လှေဦးကို ကျောပေးပြီးတော့ခတ်တာ။ လှေကြီး တစ်စီးတစ်စီးကို လေးငါးဆယ်ယောက် ၀ိုင်းခတ်တာပေါ့။ စက်လှေရှိလို့ရှိရင် လည်း စက်လှေနဲ့သွားကြတာပေါ့။ ဘာမှမဝေးဘူး။ စစ်တွေကနေပြီးတော ရှင်မဖြူကျွန်းကိုလေ အများဆုံးသွားရ  တစ်နေ့ခင်းပဲ။ ကျွန်တော်တို့နေခဲ့တဲ့ အခုပြဿနာတွေ ဖြစ်နေတဲ့နေရာ  ကနေ ရှင်မဖြူကျွန်းကို မီးရောင်ပျပျ လေးတောင်မြင်ရသေးတယ်။

ရှင်မဖြူကျွန်းမှာ ဘင်္ဂလားရေတပ် ရှိတယ်လေ။ အမေရိကန်ကလည်း တပ်တွေချထားတယ်ပြောတယ်။
ရှင်မဖြူကျွန်းကို သူတို့ရှပူရီးယားလို့ခေါ်တယ်။ ဖလောင်းချိတ်ကို ကုန်ဇားလို့ခေါ်တယ်။ အဲဒီနေရာတွေက ကုန်ဇားတို့ဘာတို့ကျတော့ ပင်လယ် ကမ်းခြေလည်းရှိတယ်ပေါ့နော်။ အဲဒါ တွေက အရင်တုန်းက ဗမာပိုင်တွေပဲ ဟာကြီးကို။ ရခိုင်တွေလည်းရှိတယ်။ ဘုန်းကြီးကျောင်းတွေဘာတွေလည်းရှိတယ်။ ဘုန်းကြီးတွေဘာတွေလည်း ရှိတယ်။

မနေ့ကထိတော့လည်း မငြိမ်သေးဘူးတဲ့။ ကျွန်တော့်သူငယ်ချင်း သူတို့ စခန်းတွေ ရုတ်ခိုင်းလို့ စစ်တွေကို ပြန်ရုတ်လာတာ လမ်းမှာတောင် အလောင်းတစ်လောင်း တွေ့ခဲ့သေး တယ်တဲ့။ 

အဲဒါမျိုးတွေဖြစ် နေတယ်။ သူတို့က အစ္စလာမ်ဆိုပေမဲ့ အစ္စလာမ်ဂိုဏ်းတော့ မဟုတ်ဘူးပေါ့။ တော်တော်များများရဲ့စိတ်ထဲမှာ သူတို့လူနဲ့ သူတို့လူအင်အားများ အောင်လုပ် အရင်တုန်းက အဲဒီနေရာတွေက ဟိန္ဒူများ တယ်။ ကျွန်တော်တို့ရှိတဲ့အချိန်အထိ ရွာတစ်ရွာကို ဟိန္ဒူတစ်အိမ်စ နှစ်အိမ် စရှိတယ်။ ဒါပေမဲ့ ဟိန္ဒူဆိုရင်တစ်ရွာ လုံးက၀ိုင်းနှိမ်ထားတာ။  ဟိန္ဒူဆိုရင် နှိမ်ထားတယ်။ စကားပြောလို့ရှိရင် ဟိန္ဒူမက ဟိန္ဒူမက အဲလိုပြောတာ။ ဒါပေမဲ့လည်း ရခိုင်ကျတော့ သူတို့လုပ် လို့မရဘူး။ ရခိုင်က တော်တော် မာတယ်။

အခုကတော့အဖွဲ့တွေက ရခိုင်မှာ ရှေ့တန်းစခန်းလိုဖြစ်သွားတာပေါ့။  အရင်တုန်းကလည်း သေနတ်ပေးကိုင် ထားတာပဲ။ မောင်တောမှာပဲ။ စစ်တွေမှာတော့မပါပါဘူး။ တပ်နဲ့ တွဲလို့လည်း လက်နက်ပေးကိုင်တာပါ။ လ၀ကကတော့ မပေးဘူး။ ပေးလို့ရှိ ရင်လည်း ပစ်တာခတ်တာတွေဖြစ်မှာ စိုးလို့ဖြစ်မှာပေါ့။

ပတ်စပို့ရုံးထဲကထွက်လာတယ် သိလား။ မောင်တောက ဘင်္ဂါလီက ဗမာပြည်ဘက်ကိုလုံးဝလာလို့မရဘူး။ မှတ်ပုံတင်ရှိတဲ့အတွက်ကြောင့်မို့လို့ လာလို့ရသွားတယ်။ သူတို့တွေ မှတ်ပုံတင်လုံးဝမရှိဘူး။ လာတဲ့သူ မှန်သမျှ ခိုးပြီးတော့လာတဲ့သူ တွေချည်းပဲ။ နောက်ပြီးတော့ ခိုးသွင်း တာမိတယ်အဲဒါမျိုးတွေ။ ခဏခဏဖြစ် ဖူးတယ်။ ကျွန်တော်တို့က ခိုင်းတာလုပ် ရတဲ့သူတွေလေ။ လ၀က ပိုက်ဆံယူ ပြီးလွှတ်ပေးတယ်ဆိုတာ။ လ၀ကက ပိုက်ဆံမယူဘူးလားဆိုတော့ ယူတော့  ယူတယ်။ ယူတယ်ဆိုတာက အဲလို ၀င်လာတဲ့ကောင်တွေဆီက ရတာမ ဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် တောင်းစားလို့ရတဲ့ဟာတွေပဲ။

ဒီ ကောင်တွေကို အဲလိုခိုးသွင်းလို့ရတဲ့ ဟာမျိုး တစ်ခုမှမရှိဘူး။ အခုဘာဖြစ် လဲတရုတ်တွေဝင်လာတယ်နော်။ မန္တလေးမှာ တရုတ်တွေနေရာအခြေ တကျဖြစ်သွားတာ ဘာကြောင့်ဖြစ် သွားသလဲဆိုရင် စစ်အစိုးရလက်ထက် မှာဖြစ်သွားတာပဲ။  ဟိုကလူတွေ လာနေတယ်။ မှတ်ပုံတင်တွေဘာတွေ ရသွားတယ်။ ကျွန်တော်တို့ဆီက ဘာမှ လုပ်လို့မရဘူး။ တစ်ခုတော့ရှိ တာပေါ့။ ကျွန်တော်တို့မှတ်ပုံတင် လုပ်တဲ့ကိစ္စတွေမှာလေ။ အားချင်း အားချင်းပေါ့လေ။ ဟိုဟာတွေလျှော့ ပေးတယ်။ ဒီဟာတွေလျှော့ပေးတယ် ဆိုတာ။ နောက်ပြီးတော့ လူဦးရေ ရဖို့ တစ်နေ့ဘယ်လောက်ပြီးရမယ်ဆိုပြီး တော့ ခိုင်းတဲ့ဟာတွေပေါ့။ အဲဒါတွေ ကတော်တော်ရီဖို့ကောင်းတယ်။ အဲဒီ ပြဿနာတစ်ခုကတော်တော်လေးကြီး ကြီးကျယ်ကျယ်ဖြစ်သွားတယ်။ ၂၀၀၅-၂၀၀၆ လောက်က။ ပြဿနာ ပေါင်းစုံအားလုံးကို လ၀ကခေါင်း ပေါ်ပုံချတယ်။ ဒါပေမဲ့ ခိုင်းတဲ့ဟာက တော့ ဘယ်သူတွေခိုင်းလဲဆိုတော့ အကုန်လုံးသိပါတယ်။ ၈၉-၉၀ မှာ ရွေးကောက်ပွဲလုပ်မယ်။ အဲဒီအချိန် တုန်းကဆို ကျွန်တော်တို့လည်း မမီ ဘူး။ ကျောင်းသားပဲရှိသေးတယ်။ ၀န်ထမ်းတစ်ယောက်ကို တစ်နေ့ကို လူသုံးရာ ပြီးရမယ် ခိုင်းတယ်။ မှတ် ပုံတင်တစ်ကယ် သေသေချာချာဖိဖိစီး စီးလုပ်လို့ရှိရင် ငါးယောက်ပြီးဖို့တောင် အနိုင်နိုင်တစ်နေ့ကို။

သုံးရာမပြီးလို့ရှိ ရင်ဘာလုပ်မယ်။ ညာလုပ်မယ်ဆို တော့ လုပ်ရတယ်လေ။ ၉၂ ခုနှစ် မုန်တိုင်းစစ်ဆင်ရေးသိလိုက်တယ် မဟုတ်လား။ ကေအန်ယူကိစ္စလေ။ အဲဒီမှာ မှတ်ပုံတင်တွေနဲ့ ကရင်သူပုန် တွေကိုမိတယ်။ ကရင်သူပုန်တွေ နယ်မြေထဲက မှတ်ပုံတင်တွေကိုမိ တယ်ပေါ့လေ ပြောရမယ်ဆိုရင်တော့။ အဲဒီမှတ်ပုံတင်တွေ လုပ်ပေးတဲ့သူတွေ ကိုဖြုတ်ပစ်လိုက်တယ်။ အဲဒါ ၉၂ ခုနှစ်မှာဖြစ်သွားတဲ့ဟာ။ အခုဖြစ်တဲ့ ဟာတွေနဲ့ ဘယ်လိုဆန့်ကျင်ဘက် တွေဖြစ်နေလဲဆိုတာ ကျွန်တော်ပြော ပြတာပါ။

ရှမ်းပြည်မှာလည်း တရုတ် နဲ့ ရှမ်းနဲ့က ခွဲလို့မရဘူး။ ရှမ်းမျိုးနွယ် စုထဲမှာပါတဲ့ တိုင်းရင်းသားတော် တော်များများကလည်း တရုတ်နာ မည်တွေနဲ့ နေကြတာရှိတယ်။

ဗမာတွေအလွယ်ခေါ်တော့ ရှမ်းတရုတ်ပေါ့ လေ။ အဲဒီမှာ လူတစ်ယောက်က မှတ်ပုံတင်လုပ်သွားတယ်ပေါ့။ လုပ်ပြီး တော့ တရုတ်နဲ့ရှမ်းနဲ့ကို ကူးနေတာ။ ကူးနေရင်းနဲ့ ဒီကောင်က တကယ့် ဘိန်းမှောင်ခို ဆရာကြီးဖြစ်နေတယ်။ တရုတ်ပြည်ထဲမှာ တရုတ်ရဲကဖမ်း ရော။ ဖမ်းလည်းဖမ်းရော ဒီကောင်က မှတ်ပုံတင်ထုတ်ပြတယ်။ မြန်မာနိုင်ငံ သားပါဆိုပြီးထုတ်ပြတယ်။ မြန်မာပြည် က မှတ်ပုံတင်ထုတ်ပြတော့ တရုတ် ကမြန်မာပြည်ကိုလွှဲလိုက်ရော။ အဲဒီ လူက မှတ်ပုံတင်ပထမတစ်ခါ လုပ်သွားတယ်။ ပျောက်သွားတယ်။ ပျောက်သွားတော့ အဲဒီအချိန်မှာ ခုနှစ် တော့ ကျွန်တော်လည်းသေချာမမှတ် မိတော့ဘူး။ လာလုပ်တဲ့အချိန်မှာ ဘယ်သူကနေလှမ်းပြောလဲဆိုတော့ ကျွန်တော်တို့ဆီက ဒုတိယညွှန်ကြား ရေးမှူးချုပ်ကနေပြီးတော့ ပြည်နယ်မှူး ကိုလှမ်းပြောတယ်။ ပြည်နယ်မှူးကို ကူညီလိုက်ပါ။ ပြည်နယ်မှူးကလည်း ခရိုင်မှူးကို ကူညီလိုက်ပါဆိုပြီးတော့ လှမ်းပြောတယ်။ ခရိုင်မှူးကလည်း ခရိုင်ဦးစီးမှူးကို ကူညီလိုက်ပါဆိုပြီး တော့ ခိုင်းလိုက်တယ်။ အဲဒီမှာ မြို့ နယ်ရုံးကနေပြီးတော့ ဒီကိစ္စက စပြီး တော့ တည်ဆောက်ရတာကိုး။ မြို့ နယ်ပြီးတော့မှ ခရိုင်၊ ခရိုင်ပြီးတော့မှ အဆင့်ဆင့်နဲ့ အဲဒီလူရဲ့ ကဒ်ပြားထွက် သွားတယ်။ ဒုတိယအကြိမ်ထုတ်ပေး လိုက်တဲ့ကဒ်ပြားကပေါ့။ အဲတော့ ပြည်နယ်မှူးရော၊ ခရိုင်မှူးရော၊ မြို့ နယ်မှူးရောသုံးယောက်စလုံး ရာထူး တဆင့်စီ ချလိုက်တယ်အဲဒီတုန်းက။ အဲဒီတရုတ်နဲ့ပတ်သက်တဲ့ကိစ္စတုန်းက အဲဒီတရုတ်ကတော့ ဘာဖြစ်သွားလဲ တော့မသိဘူး။ ဒါပေမဲ့ ပြဿနာဖြစ် တဲ့အချိန်မှာ ဖုန်းနဲ့ညွှန်ကြားတဲ့ ဒုချုပ်ကမရှိတော့ဘူး။

သူ့ကိုလှမ်းပြောတဲ့ အခါမှာ သူက လ၀ကမဟုတ်တော့ ဘူး။ သူ့ကိုပြောစရာမလိုဘူးဆိုပြီး တော့ဖြစ်တယ်။ လက်ရှိရာထူးကျသွား တဲ့ပုဂ္ဂိုလ်ကြီး သုံးယောက်ကတော့ မူလရာထူး တွေပြန်ရပြီးတော့ လက်ရှိဌာနထဲမှာ ရှိသေးတယ်။ အဲလိုတွေဖြစ်ပြီးတော့ ဖြစ်လာလို့ ရှိရင်တော့ လ၀ကကို ခေါင်းတပ် တာပေါ့လေ။ ဒါပေမဲ့လ၀က ရဲ့ထိပ်ပိုင်း ခေါင်းဆောင်ကြီးတွေက စစ်တပ်က အရာရှိကြီးတွေများတယ်။ တစ်ခါတစ်လေကျရင် ကျွန် တော်တို့က တိုင်းကလည်း တချို့ကိစ္စ တွေမှာ မလိုတော့ဘူး။ ကိုယ့်ကိုတိုက် ရိုက်ပြောထားတာရှိတယ်။ ဒါမျိုးဆိုရင် နိုင်ငံခြားသား လာလုပ်တဲ့ကိစ္စမျိုးဆို ရင် ဗီဇာနဲ့ ပတ်စပို့နဲ့လာရင် နိုင်ငံ ခြားသားကိုး။ တရားဝင်ခွင့်ပြုမိန့်နဲ့ လာတာလေ။  ဒါမျိုးဆိုမတင်နဲ့ တော့။ ပြောတယ်။ ဒါပေမဲ့မဟုတ်ဘူး။

ကျွန်တော်တို့ဆီက ဒုခရိုင်မှူးတို့ဘာ တို့က ဟိုကြပ်ဒီကြပ်ကြပ်တာပေါ့နော်။ သူ့ကိုကြပ်တာ။ သူ့ကိုကြပ်တော့ ကျွန်တော်တို့ အောက်ကိုပြန်ကြပ်ရော။ အဲလိုမျိုးဟာလေးတွေက အများကြီး ပဲ။ မသိလည်းမသိဘူးပေါ့နော်။ အပေါ်ကခိုင်းရင် လုပ်ရမှာပဲဆိုတာကြီး က အရိုးစွဲနေတာလေ။ ဒီလိုအရိုးစွဲ နေလို့လည်း ဒီလိုလူမျိုးတွေကို နေရာပေးထားတာကိုး။ အမိန့်နာခံတာက ကောင်းတော့ကောင်းတယ်။ ဒါပေမဲ့ အမိန့်နာခံမှုကို အလွဲသုံးစားလုပ်ပြီးတော့ စိတ်ကူးတည့်ရာတွေလျှောက် လုပ်တဲ့အခါကျတော့ နည်းနည်းများ တာပေါ့။

ဒါတွေပြီးလို့ရှိရင် ဘာတွေဆက် လုပ်ဦးမလဲမသိသေးဘူး။ ဒါပေမဲ့ ကျွန်တော်ပြောရဲတာက လ၀ကက လူအင်အားလည်းမရှိဘူး။

လ၀က ၀န်ထမ်းအင်အားအနည်း ဆုံးလေးရာကျော်၊ ငါးရာလောက်ရှိ မယ်။ ယောက်ျားလေးတွေချည်းပဲ။ မောင်တောမှာ၊ မောင်တော နစက၊ နစကဆိုတာ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်။ဝန်ထမ်းလေးရာဝန်းကျင်လောက်ရှိတယ်။
ဌာနချုပ်ရဲ့လက်အောက်ခံ စခန်း ၂၅ ခုမှာပေါ့။ အကုန်လုံး ဖြန့်ထားတာပေါ့။

အဲလိုလည်းမဟုတ်ဘူး။ ကျွန်တော်ပြောပြမယ်။ မောင်တောတစ်မြို့နယ်လုံးမြေပုံကို ကျွန်တော်ပြောပြ မယ်။ မောင်တောမြောက်ပိုင်းမှာ ချင်းတောင်နဲ့ဆက်သွားတယ်။ အဲဒီ ကနေပြီးတော့ စတာ နယ်မြေကိုးခုရှိ တယ်အားလုံးပေါင်း။ နယ်မြေတစ်မှာ ဆိုလို့ရှိရင် နယ်မြေရုံးကအောင်သပြေ လို့ခေါ်တယ်။ အောင်သပြေစခန်းပေါ့။ နယ်မြေတစ်ပိုင်နက်မှာမှ (    ) စခန်းတို့ ဗန္ဓုလစခန်းတို့ အဲလိုမျိုးရှိ တယ်။ ချင်းနဲ့အနီးစပ်ဆုံးဖြစ်သွားပြီ။ အဲဒီဘက်ကနေဘာတွေရှိလဲဆိုလို့ရှိ ရင် မျိုတို့၊ ဒိုင်းနက်တို့ အဲလိုတိုင်းရင်း သားတွေရှိတယ်။ နယ်မြေ ၂ ကျတော့ နယ်မြေ ၂ မှာကျွန်တော်နေခဲ့ဖူး တယ်။
အဲဒီတုန်းကဆိုမေယုတောင်က ၀ါးတွေတအားပေါတာ။ မေယုတောင် ကိုကျော်မှ ဘူးသီးတောင်ရောက်တာ။ ကျွန်တော်တို့စစ်တွေကနေပြီးတော့ သင်္ဘောနဲ့လာရင် ဘူးသီးတောင်ကို အရင်ရောက်တယ်။

ဘူးသီးတောင် မောင်တောက လူတွေက တွဲသာခေါ် တာ ၁၆ မိုင်လောက်ဝေးတယ်။ နောက်မေယု တောင်ကြီးကို ကျော်ရတယ်။ မေယု တောင်ကြီးကို ကျော်မှ မောင်တောမြို့ ထဲကိုရောက်တာပေါ့နော်။ မေယု တောင်ရဲ့ အနောက်ဘက်ခြမ်း တစ်ခြမ်းလုံးပေါ့။ မေယုတောင်နဲ့ဆက်သွားတဲ့ ကျွန်တော်ခုဏက ပြောတဲ့ ကာဇိုင်းတောင်တို့ဘာတို့ ချင်းတောင် တွေနဲ့ဆက်သွားတဲ့တောင်ဆိုတာ မေယုတောင်ကနေပြီးတော့ ဆက်သွား တဲ့ဟာတွေပဲ အကုန်လုံး။ အဲဒီ တောက်လျှောက်ပေါ့။ ရိုးမကြီးရဲ့ နောက်ကျောအကုန်လုံးကို တပ်လည်း ရှိတယ်၊ ရဲလည်းရှိတယ်။ လ၀က လည်းရှိတယ်။ ကာစတန်လည်းရှိ တယ်။ အကုန်လုံး လ၀က ယူနီဖောင်း ၀တ်ခိုင်းထားတယ်။ လ၀က ဆိုပြီး။ အမှန်ကတော့ နယ်ခြားမှာ နယ်ခြား စောင့်တပ်လည်းမရှိဘူး။ မရှိတဲ့အခါ ကျတော့ လ၀က တပ်ပဲစောင့်လို့ရ တာပေါ့။ အုပ်ချုပ်တာကတော့ စခန်း တွေမှာ ဗိုလ်ကြီးအဆင့်တွေအုပ်ချုပ် တာ။ နယ်မြေရုံးတွေမှာတော့ ဗိုလ်မှူး အဆင့်တွေအုပ်ချုပ်တာ။

အဲဒီပုဂ္ဂိုလ် တွေကတော့ တော်ရင်တော်သလိုပေါ့။ ကျွန်တော်တို့ကတော့ ဘာဖြစ်လည်း ဆိုတော့ တပ်ရိက္ခာစားတယ်။ ပညာ တွေအမျိုးမျိုးပြတာခံပြီးတော့ပေါ့။ အစားဆင်းရဲ၊ အနေဆင်းရဲပေါ့ဗျာ။ တိုင်းပြည်ကိုချစ်လို့လည်း ဘာမှမ ညည်းခဲ့ဘူး အဲဒီအချိန်တုန်းက။ ဒါပေမဲ့တစ်ခုရှိတယ်လေ။ တကယ်အဲဒီအ ချိန်မှာတုန်းကသာ သေမယ်ဆိုရင် လေ။ အူအတက်ပေါက်တာတို့ဘာ တို့ဖြစ်မယ်ဆိုရင် ဆေးကုလို့မရဘူးသေမှာ။ နောက်ဆုံးအဲဒီမှာ မူဂျာဟစ် ရှိတုန်းကရောက်ခဲ့တဲ့ သူတွေဆိုရင် လှည့်ကင်းသွားရင်းနဲ့ ချောင်းပစ်ခံရ လု့ ကျတဲ့သူတွေ ကျကုန်ကြတယ်။ သေတဲ့လူတွေလည်း သေတယ်ပေါ့နော်။ ဒါပေမဲ့ အခုမီဒီယာဆရာတွေက မသိကြဘူး။

တချို့တွေက လ၀က ကြောင့်ဖြစ်တာဆိုပြီးတော့။ ကျွန်တော်တို့ဖြစ်တဲ့အခက်အခဲကို မသိဘူး။ လူတွေက ဗမာဆိုရင်ခက်တယ်။ တရုတ်၊ ကုလားဆိုရင် လွယ်တယ် ဆိုပြီး ဒီလိုပဲပြောကြတာပဲ။ တရုတ် ကုလားက ပိုက်ဆံရလို့တဲ့။ ပိုက်ဆံရ တိုင်းလည်းကျွန်တော်တို့ လုပ်ပေးလို့ မရဘူး။ FRC ကိုင်ထားတဲ့သူတစ် ယောက်က ကျွန်တော့်ကိုဗျာ မှတ်ပုံ တင်လေးလုပ်ပေးပါ။ သိန်းတစ်ရာ ပေးပါ့မယ် ဆိုရင်တောင် ကျွန်တော် တို့လုပ်ပေးလို့မရဘူး။ ဘာလို့မရ လည်းဆိုရင် မရစရာအကြောင်းတွေ အများကြီးရှိတယ်။

ကျွန်တော်က မောင်တောမှာနေ တုန်းက လက်ထောက် လ၀ကမှူး။ လက်ထောက်လ၀ကမှူး၊ ဒုလ၀ကမှူး၊ လ၀ကမှူး၊ ဦးစီးအရာရှိပေါ့။ အဲလို ခေါ်တာပေါ့။ တိုက်နယ်မှူးဆိုတာက တာဝန်ပေါ့။ လက်ထောက်လ၀ကမှူး နဲ့ ဒုလ၀ကမှူးကို တိုက်နယ်မှူးတာဝန် ပေးလို့ရတယ်။ လ၀ကမှူးအဆင့်က တော့ ဒုဦးစီးပေါ့။

ဘင်္ဂါလီပိတ်ဆို့ရေး ဆိုတာရှိသေးတယ်။ ကျွန်တော်တို့ ဆီမှာဘင်္ဂါလီပိတ်ဆို့ရေးအဖွဲ့သပ်သပ် ထားတာ။ အခုတော့ ဘင်္ဂါလီပိတ်ဆို့ ရေးအဖွဲ့တွေကတော့ ဖြစ်တဲ့ပြည်နယ် ရုံးမှာ ပြန်စုနေတယ်တဲ့။ နစကရုံးက အဖွဲ့တွေကတော့ လုံခြုံရေး၊ ကင်း စောင့်ဒါပဲလုပ်ရမှာပေါ့။ အင်အားလေး ရာကျော်လောက်တော့ ရှိတယ်။ တပ် နဲ့ရဲနဲ့ပေါင်းလို့ရှိရင် အင်အား နှစ် ထောင်ကျော်လောက်ရှိတယ်။

နတလကနေပြီးတော့ အိမ်တွေ ဆောက်ပေးတယ်။ ရွာတွေတည်ပေး တယ်ပေါ့နော်။ မြန်မာပြည်က အခြေ အနေမဲ့တွေ၊ ထောင်ထွက်တွေဘာတွေ လည်းပါတာပေါ့လေ။ နေစရာမရှိရင် နွားတစ်ရှဉ်း၊ ထွန်တစ်တုံးနောက် လယ်ဘယ်နှစ်ဧက၊ အိမ်တစ်လုံးပေး မယ်။ လာနေကြ။

လာနေပြီးတော့ နောက်ပိုင်းကြတော့ ဒဏ်မခံနိုင်တဲ့ လူတွေကတော့ ပြန်ပြေးတာပေါ့။ ဘင်္ဂါလီတွေကို နွားတွေ၊ လယ်တွေ ရောင်းပြီး ပြန်ပြေးတယ်။ မီးရှို့ခံရတဲ့ လယ်တွေက နတလ ရွာတွေများ တယ်။ နတလက လုပ်ပေးထားတဲ့ ရွာတွေများတယ်။ ရခိုင်ရွာတွေလည်း ရှိတော့ ရှိတယ်ပေါ့။ ရခိုင်ကလည်း သူ့အစုလေးနဲ့ သူနေတာပါ။ ဘင်္ဂါလီ နဲ့မရောဘူး။ သူ့အစုလေးနဲ့သူနေတာ။

ကျွန်တော်တို့လှည့်ကင်းတွေဘာတွေ သွားရင် ရခိုင်တွေနဲ့ တော်တော်လေး ရင်းရင်းနှီးနှီးနေခဲ့တယ်။ သူတို့သဘော ထားတွေက မဆိုးဘူး။ ဒါပေမဲ့သွေး ကြီးတယ်။ ဘင်္ဂါလီနဲ့ပတ်သက်တဲ့ ထိခိုက်မှုတွေ သူတို့မှာ အများကြီး ခံစားခဲ့ရပြီးသွားပြီလေ။ ရခိုင် ကတော့ ရှင်းရှင်းပြောရရင် တိုင်းရင်း သားထဲမှာ ပါတဲ့အတွက်ကြောင့် ခပ် ပေါ့ပေါ့ပဲနေတယ်။ သိပ်ပြီးတော့ အလေးအနက်မထားဘူး။ ဖြစ်လာလို့ ရှိရင်တော့ ချက်ချင်းထပြီး တုန့်ပြန် တာမျိုးပေါ့။ သွေးပူတဲ့အချိန်လေးပဲ။ ဘင်္ဂါလီတွေကအမြဲအဲဒါကို စိတ်ထဲမှာ အမြဲရှိတယ်။ အဲတော့ ထစ်ကနဲဆိုရင် သေတာပဲ။ အရင်ခေတ်ကလည်း သေတာပဲ။

ရခိုင်ရွာတွေအဲလိုနဲ့ပျောက် သွားတာတွေ အများကြီးရှိတယ်။ ရခိုင်တွေက ရွာကိုစွန့်ပြီး ထွက်ပြေး သွားတယ်။ ဘင်္ဂါလီတွေက ၀င်နေ တယ်။ လယ်တွေလည်းယူလိုက်တယ် အဲလိုမျိုးပေါ့နော်။ အခုလည်းအဲလိုပဲ ဖြစ်မှာပဲ ဒုက္ခသည်ဆိုပြီးတော့ မောင် တောမြို့ပေါ်တက်လာတယ်။ ဘူးသီး တောင်မြို့ပေါ်တက်လာတယ်။ ရသေ့ တောင်မှာတက်လာတယ်ပေါ့နော်။ ရွာတွေလယ်တွေ ဒီအတိုင်းထားခဲ့ရတယ်။ ထားခဲ့လို့ရှိရင် ဘင်္ဂါလီကပဲ တက်ယူသွားမှာပဲ။ သူတို့မရှိအောင်က လူကြီးတွေအနေနဲ့လည်း ခေါင်းခဲမှာပဲ။

ဘင်္ဂလားဒေ့ရှ်ကလည်းလုံးဝလက် မခံဘူး။ သူတို့နဲ့အသားအရောင်၊ အသွေးရောင်၊ မျိုးရိုးဗီဇ၊ ဘာသာစကားအကုန် တူတယ်။ ကိုးကွယ်တဲ့ဘာသာလည်း တူတယ်။ အဲဒါကိုတောင်သူတို့နိုင်ငံ သားမဟုတ်ပါဘူးဆိုပြီးတော့။ ကျွန် တော်တို့ဆီမှာ သူတို့နဲ့ တူတာတစ် ယောက်မှမရှိဘူး။ ရခိုင်နဲ့က ရုပ်ကခပ် ဆင်ဆင်တူတာပဲရှိတယ်။ ဘာသာစကားမတူဘူး။  
                                                                                                                                                                                (ကျော်စွာ)

Monday, 18 June 2012

ရိုဟင်ဂျာ ပါအခိုင်အမာပြောနေတဲ့သူတွေကိုက မြန်မာနိုင်ငံဖွား ဇာတိချက်မြုတ်မှ မဟုတ်တာ

အဓိပ္ပါယ်ကောက်ယူမှု့လွဲမှားနိုင်ပါသဖြင့်...ရိုဟင်ဂျာ ကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်
သတင်းထောက်အားပြန်လည်ဖြေကြားချက်ကို ( ဆီလျှော်အောင် ) ဘာသာပြန်ပေးလိုက်ပါတယ်။။
What should it be with regarding their citizenship? Are they or they are not?

Daw Aung San Suu Kyi answered "I do not know because when you talk about the rohingya, we are not quite sure who you are talking about. As I said there is a problem about who we are referring to. There is someone who say that those people who claim to be rohingya are not the ones who are actually native to Burma. But who are just come over recently from Bangladesh. But, on the other hand, Bangladesh says "no". They don’t want them as refugees because they are not native to Bangladesh and they come over from Burma. So how do we sort this out? Without rule of law, without proper Immigration processes, without proper policy, without appropriate implementation of the law. This is why I said the root of all this is the rule of law going back to many decades, not going back just to the crime that is just admitted a couple of months ago."
( သူတို့ ( ရိုဟင်ဂျာ ) တွေရဲ့နိုင်ငံသားကိစ္စနဲ့ပတ်သက်လို့ ဘာဖြစ်သင့်ပါသလည်း…နိုင်ငံသားဟုတ်လား..မဟုတ်ဘူးလား ( ရှေ့က Citizenship ကိုရည်ညွန်းခြင်းဖြစ်ပါသည် )
ဖြေ….ကျမ မသိဘူး ဘာလို့လည်းဆိုတော့..အခု ရိုဟင်ဂျာဆိုပြီး ရှင်ပြောနေတာကို ကျမ မသိတာ။ ရှင် ဘယ်သူ အကြောင်းပြောနေတာလည်းဆိုတာကိုက သေချာမှု့မရှိလှဘူး. ကျမပြောခဲ့သလိုပဲ…ကျမတို့ ရည်ညွန်းပြောဆိုနေတဲ့သူတွေအတွက် ပြသနာတော့ရှိနေတယ်..။..ရိုဟင်ဂျာ ပါလို့ အခိုင်အမာပြောနေတဲ့သူတွေ်ကိုက မြန်မာနိုင်ငံဖွား ဇာတိချက်မြုတ်မှ မဟုတ်တာ။ သို့သော် ဘင်္ဂလားဒေ့ရှ်က ကျော်ဝင်လာသူတွေက ဘယ်သူတွေလည်း။ တဘက်ကလည်း( ဘင်္ဂလားဒေ့ရှ်ကိုဆိုလိုသည် ) မဟုတ်ဘူးလို့ငြင်းတယ်။ ဘင်္ဂလားဒေ့ရှ်က သူတို့ကို ဒုက္ခသည်အဖြစ်လက်မခံခြင်ဘူး။ဘာလို့လည်းဆိုတော့ သူတို့ဟာ ဘင်္ဂလားနွယ်ဖွား ဇာတိချက်မြုတ်တွေမဟုတ်ဘူး..မြန်မာပြည်က ကျော်ဝင်လာသူတွေတဲ့..။ ဥပဒေရဲ့လုပ်ထုံးလုပ်နည်းတွေမပါပဲ..သင့်တော်တဲ့ လူဝင်မှု့ကြီးကြပ်ရေးလုပ်ငန်းစဉ်တွေမပါပဲ ၊ သင့်တော်တဲ့ မူဝါဒတွေမရှိပဲ..သင့်တော်မဲ့ ဥပဒေတွေကို အကောင်ထည်ဆောင်ရွက်မှု့မရှိပဲ….ဒီပြသနာတွေကို ကျမတို့ ဘယ်လိုဖြေရှင်းမလည်း။ ဒါတွေရဲ့အရင်းမြစ်အကြောင်းတရားဟာ..ဥပဒေလုပ်ထုံးလုပ်နည်းတွေ ဆယ်စုနှစ်ပေါင်းများစွာ နောက်ပြန်သွားနေတဲ့အတွက်ကြောင့်ဆိုတာ ကျမပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့်လအနည်းငယ်လောက်က ၀န်ခံထားခဲ့တဲ့ ရာဇ၀တ်ကြောင်းတွေတင်ပြန်သွားခိုင်းနေတာမဟုတ်ဘူးနော်။

Sunday, 17 June 2012

ရခိုင်ပြည်နယ်အရေး ဒေါ်စု စိုးရိမ်


နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဆူပူမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ရကြောင်း အလေးအနက် ပြောဆိုလိုက်ပါတယ်။ နော်ဝေနိုင်ငံခြားရေးဝန်ကြီး ယူနွတ်စ် ဂါ စတော (Jonas Gahr Store) နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောလိုက်တာပါ။ ဒါ့အပြင်လည်း တိုင်းရင်းသားဒေသတွေက ပဋိပက္ခတွေ ပြေလည်ရေးအတွက် ကြိုးပမ်းတဲ့နေရာမှာ နော်ဝေနိုင်ငံရဲ့ ထောက်ခံပံ့ပိုးမှု အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုခဲ့ပါတယ်။ ဒီလို ပြောခဲ့တာတွေနဲ့ပတ်သက်လို့ နော်ဝေမှာရောက်နေတဲ့ ဗွီအိုအေ အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက နိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ မေးမြန်းခွင့်ရလိုက်ပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဥရောပခရီးစဉ် ၅ ရက်မြောက်နေ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ နော်ဝေနိုင်ငံခြားရေးဝန်ကြီး ယူနွတ်စ် ဂါ စတော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာန အ၀င်ဝအရောက် ကားပေါ်က ဆင်းဆင်းလာချင်းဆိုသလိုပဲ ကျမ နှုတ်ဆက်ခွင့် ရခဲ့ပြီး အစည်းအဝေးပြီးတော့ ကားပေါ်ပြန်မတက်ခင်မှာလည်း မေးခွန်းတခု အခုလို မေးနိုင်ခဲ့ပါတယ်။

မမ နေကောင်းပါလား မမ။

“ကောင်းပါတယ်။”

မမ ဒီနေ့ ဘာတွေများ ထွေထွေထူးထူး ပြောဖြစ်ပါလဲ မမ။

“ကျမတို့ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ကိစ္စတွေပါ။”

လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ဆူပူမှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးဖြစ်တဲ့အကြောင်းကို ၀န်ကြီး စတော က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“အခုဖြစ်ပွားနေတဲ့ အကြမ်းဖက် ဆူပူမှုတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်မကင်း ဖြစ်ရကြောင်း အလေးအနက် ပြောဆိုပါတယ်တဲ့။ သူကလည်း အလားတူ စိုးရိမ်တဲ့အကြောင်း၊ ဒါကြောင့် ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတာတွေကို ပြေပြေလည်လည် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက် တိုင်းရင်းသား ဒေသတွေက အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်တွေ ဆက်ပြီး လုပ်ဆောင်ရမယ့်အကြောင်း၊ ပြည်ပကနေ ဒီလုပ်ငန်းစဉ်တွေကို ပံ့ပိုးပေးတာ၊ ဖိအားပေးတာလောက်ပဲ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်တဲ့။ တကယ်တမ်း လက်တွေ့ အလေးအနက်ထားပြီး အကောင်အထည်ဖော်ရမှာက မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အတွေအကြား နှစ်ဘက်စလုံးက တာဝန်ယူရမှာ ဖြစ်တယ်လို့ ထောက်ပြ ဆွေးနွေးခဲ့တဲ့အကြောင်း၊” ပြောဆိုသွားပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံနဲ့ နော်ဝေလို ဥရောပခရီးစဉ်တွေမှာ နိုင်ငံအကြီးအကဲတယောက်လို သဘောထားပြီး ကြိုဆိုနှုတ်ဆက်ကြတာတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ဆက်ဆံရေး ကသိကအောက် ဖြစ်နိုင်မလား ဆိုတာနဲ့ ပတ်သက်လို့ ၀န်ကြီး စတော့ က အခုလို ဖြေပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲ ဆုရှင်တယောက်အနေနဲ့ နော်ဝေနိုင်ငံက လက်ခံကြိုဆိုနေတာ ဖြစ်ပါတယ်၊ သူဟာ လွန်ခဲ့တဲ့ ၂၁ နှစ်လောက်ကတည်းက ဒီလိုပဲ လက်ခံကြိုဆိုသင့်ခဲ့တာပါ။” - လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဒီလိုမျိုး နိုဘဲလဆုရှင်တယောက် ပေါ်ထွန်းလာတာကို ဂုဏ်ယူရမှာပါတဲ့။ မြန်မာပြည်သူလူထု အတွက်လည်း ဂုဏ်ယူလို့ကောင်းတဲ့ အမှာစကား ပါးလိုက်တာဖြစ်တယ်လို့ ၀န်ကြီး စတော့ က ပြောဆိုသွားတာပါ။

တချိန်တည်းမှာပဲ နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ကျမတို့နဲ့ တွေ့ဆုံ မေးမြန်းပြီးပြီးချင်း ဆိုသလိုပဲ မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့တဖွဲ့လည်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆိုက်ရောက်လာပါတယ်။ အဲဒီအဖွဲ့ကို ဦးဆောင်လာတဲ့ မြန်မာအစိုးရ ပြည်ထောင်စု စက်မှု (၂) ၀န်ကြီး ဦးစိုးသိန်းကလည်း နော်ဝေ၊ အော်စလို ဖိုရမ် နှီးနှောဖလှယ်ပွဲမှာ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖြစ်ကြတယ်လို့ ဗွီအိုအေကို ပြောပြပါတယ်။ ထိုင်းနဲ့ ဥရောပနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခေါင်းဆောင် အဆင့်အတန်းထားပြီး ကြိုဆို နှုတ်ဆက်ကြတာတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ သဘောထားကို ၀န်ကြီး ဦးစိုးသိန်းက အခုလို ပြောပါတယ်။

“အားလုံး တိုင်းပြည်အတွက် လုပ်ကြတာပဲလေ။ အားလုံး တိုင်းပြည်အတွက် ကိုယ့်လမ်းနဲ့ကိုယ် move လုပ်တာပဲ။ အားလုံး မေတ္တာပွားရမှာပေါ့။ ဒါ ကောင်းတဲ့အလုပ်ပဲလေ။ မဟုတ်ဘူးလား။ ဒီလိုပဲ နိုင်ငံတကာမှာ ကျနော်တို့ နိုင်ငံကို သိကြ၊ အလေးထားကြ၊ ကူညီကြ၊ ပံ့ပိုးကြ၊ အကြံပြုကြ၊ ဒီလိုပဲ သွားရမှာပေါ့။ ဒါက ရှေ့သွားရမယ့်အလုပ်တွေပဲ။”

ဒီနေ့ တနင်္ဂနွေနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အော်စလိုမြို့ကနေ ဘာဂန်မြို့ကို ခရီးထွက်ခွာမှာ ဖြစ်ပါတယ်။ ဘာဂန်မြို့မှာ သူ့ကို ပထမဆုံး ဆုပေးခဲ့တဲ့ ရက်ဖ်တို ဖောင်ဒေးရှင်းကဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဘာဂန်မြို့မှာရှိတဲ့ မြန်မာ မိသားစုအသိုင်းအ၀ိုင်းကို နှုတ်ဆက်တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း နော်ဝေနိုင်ငံကနေ သတင်းပေးပို့ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာတော့ နော်ဝေလွှတ်တော်ကိုသွားပြီး လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မနက်ပိုင်းမှာပဲ မြန်မာအစိုးရ စက်မှုဝန်ကြီး ဦးစိုးသိန်းလည်း တက်ရောက်မှာဖြစ်တဲ့ အော်စလို ဖိုရမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ပြီး နေ့လယ်ပိုင်းမှာတော့ အိုင်ယာလန်နိုင်ငံ ဒက်ဘလင်မြို့ကို ခရီးဆက်မှာ ဖြစ်ပါတယ်။


By ဒေါ်ခင်စိုးဝင်း - VOA

လူကြိုက်များသော သတင်းဆယ်ပုဒ်

 
Blogger Widgets