Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Showing posts with label ထုတ်ပြန်ချက်. Show all posts
Showing posts with label ထုတ်ပြန်ချက်. Show all posts

Thursday, 26 July 2012

မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးခင်းနှင့် ပက်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ.အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာ

မိုးမခ

Ashin Wirathu – “ဝီရသူ သဘောထား ၇/၇၄”

“ဝီရသူ သဘောထား ၇/၇၄”
အရှင်ဝီရသူ၊ ဇူလိုင် ၂၁၊ ၂၀၁၂
            ၁၃၇၄-ခု ဒုတိယဝါဆိုလဆန်း(၇) ၂၀-၇-၂၀၁၂-သောကြာနေ့
မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးခင်းနှင့် ပက်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ.အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာ အပ်ပါ သည်။
(က)    ၈-၆-၂၀၁၂-ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် တစ်ပြိုင်တည်း ဖြစ်ပွားခဲ့သော အရေးခင်းသည် ရခိုင်ကုလား အဓိကရုဏ်းလည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်တို့ အကြားဖြစ်ပွားသော ဘာသာရေးပဋိပက္ခ လည်း မဟုတ်ပါ။ အမှန်အားဖြင့် အစွန်းရောက် အစ္စလာမ်ဘာသာဝင် စစ်သွေးကြွများ ယုံကြည်လက်ခံထားသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်။
(ခ)      ၃-၆-၂၀၁၂-မှ ၈-၆-၂၀၁၂-အထိ ရက်ပိုင်းအတွင်းသာကြာလိုက်သော တောင်ကုတ်အရေးအခင်းကို အကြောင်းပြု၍ မောတော၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော အရေးခင်းကို လူမျိုးရေး အဓိကရုဏ်းဟု ဆိုဖွယ်ရှိသော်လည်း အကြမ်းဖက် ဘင်္ဂါလီကုလားများသည် ဟိန္ဒူလူမျိုးစုတို့၏ အသက်အိုးအိမ် စည်းစိမ်ကိုပါ ပြောင်ပြောင်တင်းတင်း ပစ်မှတ်ထား၍ ကျူးကျော်တိုက်ခိုက်ကြသည်ကို တွေ့ရသောကြောင့် ရခိုင်-ကုလား လူမျိုးရေးအဓိကရုဏ်းမဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။ မှန်ပါသည်။ ဘင်္ဂါလီကုလားများကို ကာယကံ ဝစီကံတို့ဖြင့် မည်သို့မျှ စော်ကားပြစ်မှားခြင်း မရှိခဲ့သော ဟိန္ဒူလူမျိုးများကိုပါ ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းကြောင့် ရခိုင်-ကုလား လူမျိုးရေးအဓိကရုဏ်း မဟုတ်မှန်းသိသာ ထင်ရှားပေသည်။
(ဂ)      အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် သောင်းကျန်းသူ ဘင်္ဂါလီကုလားများသည် ဗုဒ္ဓရုပ်ပွားတော်၏ မျက်နှာတော်ကို ကျဆုံးသူ ရခိုင်သွေးဖြင့် သုတ်လိမ်းသွားခြင်း၊ ကျောက်ဆင်းတုများ၏ ဦးခေါင်းတော်ကို ဖြတ်တောက်သွားခြင်း၊ ကြေးဆင်းတုတော်များကို မီးတိုက်ခြင်း၊ နားရွက်တော်ကို ဓားဖြင့်ခုတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးများကို သတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ခြင်းစသည့် အဓမ္မလုပ်ရပ်များကို ကြည့်လျှင် ဘာသာရေးပဋိပက္ခဟု ထင်ရဖွယ်ရှိသော်လည်း အကြမ်းဖက်ဘင်္ဂါလီကုလားများသည် နစက ရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ရဲစခန်းဝင်စီး၍ လက်နက်လုခြင်း၊ ပြည်ပမှလက်နက်များ စုဆောင်းထားခြင်းများ ပြုလုပ်လာကြသောကြောင့် ဘာသာရေးပဋိပက္ခ မဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။
(ဃ)    အမှန်အားဖြင့် ရခိုင်အရေးခင်းသည် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့တို့ကို အပိုင်ကြံသော ရခိုင်ပြည်သိမ်းတိုက်ပွဲ (သို့မဟုတ်) အစ္စလာမ်မစ်စတိတ် ထူထောင်လိုသော ဂျီဟတ်ဝါဒီ ဘင်္ဂါလီအကြမ်းဖက် စစ်သွေးကြွများ ဆင်နွှဲသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်။
            ဂျီးဟတ်စစ်ပွဲဖြစ်ကြောင်း ရခိုင်ပြည်သူများ သိမ်းဆည်းရမိသော အချက်အလက်များ၊ ဘင်္ဂါလီကုလားများ၏ မျှော်စင်ဗလီပေါ်မှ အသံချဲ့စက်ဖြင့် ပြိုင်တူအမိန့်ပေးသော စကားများ၊ မော်လဝီဆိုသူ ခေါင်းဆောင်များ၏ ပြောစကားများ၊ ထောင်သောင်းချီ၍ ချီတက်လာသော ကုလားအုပ်ကြီး၏ တပ်လှန့်ကြွေးကြော်သံများကို ကြည့်က သိနိုင်ပါသည်။
            ထို့ကြောင့် ရခိုင်အရေးခင်းသည် အများပြည်သူများ ထင်ထားသလို လူမျိုးရေးအဓိကရုဏ်းလည်း မဟုတ်ပါ။ ဘာသာရေးပဋိပက္ခလည်းမဟုတ်ပါ။ အစ္စလာမ်မစ်စတိတ်ထူထောင်ချင်သော စစ်သွေးကြွ အကြမ်းဖက်ဘင်္ဂါလီကုလားများ၏ ဂျီဟတ်စစ်ပွဲသာ ဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။
(င)      ရခိုင်အရေးခင်း၌ အဓိကတာဝန်ရှိသော နစကကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးနှင့် တပ်ဖွဲ့ဝင်တို့၏ ပေါ့လျော့မှု၊ ညံ့ဖျင်းမှု၊ သစ္စာဖောက်မှုတို့ကြောင့် ရခိုင်ပြည်သူများသည် သွေးဆာနေသော လူရမ်းကားအကြမ်းဖက်သမားများ၏ ဒဏ်ကို ခါးစီးခံခဲ့ရခြင်းဖြစ်ပါသည်။
            ထို့ကြောင့် ရခိုင်ပြည်နယ်အတွက်သာ မဟုတ်ဘဲ မြန်မာတစ်ပြည်လုံးအတွက်ပါ အရေးပါသော ရခိုင်ခံတပ်ခေါ် ပြည်ထောင်စု တံခါးကြီးလုံခြုံရေးအတွက် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် အပြည်အဝရှိသော ဝန်ထမ်းကောင်းများ ကိုသာ ရွေးချယ်ခန့်ထားဖို့ လိုကြောင်းနှင့် ရခိုင်ပြည်လုံခြုံရေး၊ အမျိုးသားလုံခြုံရေး၊ တိုင်းရင်းသားနှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်တို့ လုံခြုံရေးအတွက် စိတ်ချယုံကြည်လောက်သော အစီအမံကောင်းများ စီစဉ်ပေးဖို့ လိုအပ်ပါသည်။
(စ)      ဒုက္ခသည် စခန်းများ၌ မီးလောင်အဖျက်ဆီးခံရသော ရခိုင်ပြည်သူများ၊ အထူးသဖြင့် သေဆုံးသွားသူတို့၏ မိသားစုများ စိတ်ဓာတ်ခွန်အား ပြည့်ဝစေဖို့ စိတ်ဓာတ်မြှင့်တင်ပေးရန် အထူးလိုအပ်လှပါသည်။
(ဆ)    ရခိုင်ပြည်သူများတွင် ကုလားမရှိသော မြို့ရွာများမှာသာ နေလိုကြသူများ၊ လုံခြုံရေးအပြည့်အဝပေးလျှင် ရွာပြန်နေမည်၊ အားကိုးရလောက်သည့် လုံခြုံရေး မပေးနိုင်လျှင် လုံးဝပြန်မနေလိုကြသူများ၊ မိဘများခေါင်းချသွားရာ အရပ်မှာပဲ သေချင်သေပါစေ ပြန်နေပါမည် ဆိုသူများရှိရာ အစိုးရအနေဖြင့် တိုင်းရင်းသားစစ် ရင်သွေးစစ်များ၏ ဆန္ဒကို မိခင်စိတ်အပြည့်အဝထား၍ ဖြည့်ဆည်းပေးဖို့လိုအပ်ပါသည်။
(ဇ)      ကုလားရွာများကြားတွင် ပိတ်မိနေသော ရခိုင်ရွာများ၊ နတလရွာများတွင် ပြည်သူများသည် အပြင်လည်းအထွက်ရဲ၊ မြို့လည်းမတက်ရဲဘဲ ရိက္ခာပြတ်လပ်နေသော ဒုက္ခသည် စာရင်းမဝင်သော ဒုက္ခသည်များ ဖြစ်နေကြပါသည်။ အစိုးရ၏ အထောက်ပံ့ကိုလည်း မရ၊ NGO-တို့၏ အထောက်ပံ့ကိုလည်း မရ၊ မည်သည့်အထောက်ပံ့ကိုမျှ မရလျှင် ရေရှည်ရပ်တည်ဖို့ ခဲယဉ်းနေသော ထိုကျေးရွာများအတွက် ထည့်၍စဉ်းစား စီစဉ်ပေးဖို့ လိုပါသည်။
(ဈ)      ဟိန္ဒူလူမျိုးများသည် ဘင်္ဂါလီမူဆလင်ကုလားတို့၏ ပစ်မှတ်ထားတိုက်ခိုက်မှုကိုလည်း ခံရ၊ တိုင်းရင်းသားမဟုတ်၍ ပစ်ပယ်မှုကိုလည်း ခံနေရပါသည်။ အချို့ဟန္ဒူလူမျိုးများမှာ မူဆလင်ကုလားများနှင့် ရောကာရွှေ့ပြောင်းခံရသည်ကို တွေ့ရပါသည်။ နွားကိုးကွယ်သူနှင့် နွားသတ်သူတို့ကို အတူယှဉ်တွဲထားပါက အင်းအားနည်းသည့် ဟိန္ဒူလူမျိုးတို့သာ အနိုင်ကျင့်ခံရမည် ဖြစ်ပါသည်။
            ထို့ကြောင့် ကုလားများနှင့် ရောပါသွားသော ဟိန္ဒူလူမျိုးများကို အမြန်ဆုံးခေါ်ထုတ်ဖို့ လိုအပ်ကြောင်းနှင့် ဟိန္ဒူလူမျိုးတို့၏ ဒုက္ခကို တိုင်းရင်းသားတို့၏ ဒုက္ခလိုသဘောထားပြီး အလျင်အမြန် ကယ်တင်ဖို့ အကြောင်းသိစေအပ်ပါသည်။
(ည)    ကျေးရွာများပြန်လည်တည်ဆောက်ရာတွင် လူနေအိမ်များကိုသာ စနစ်တကျ မြေပုံကြမ်းဆွဲ၍ တည်ဆောက်ဖို့ပြင်ဆင်နေသော်လည်း မီးရှို့ခံရသော ဘုန်းတော်ကြီးကျောင်းများအတွက် မည်သည့်လုပ်ဆောင်ချက်၊ ပြောဆိုချက်ကိုမျှ အတွေ့ရှိရသေးပါ။ ဝါဆိုဖို့နီးကပ်နေသော်လည်း ဒုက္ခသည်ဘုန်းတော်ကြီးများ၏ အနာဂတ်မရေရာ အသေချာ သေးပါ။
            ထို့ကြောင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးဖို့ အထူးလိုအပ်လှပါသည်။
(ဋ)      UN-လက်အောက်ခံ NGO-များ INGO-များသည် ကုလားရွာများအတွက်သာ ငွေကြေးသုံးစွဲနေပြီး ရခိုင်ပြည်သူတို့ အရေးကို အနည်းငယ်မျှပင် ထည့်သွင်းစဉ်းစားမှု မရှိပါ။ အကြမ်းဖက် အစွန်းရောက်များသည် UN-လက်အောက်ခံ အဖွဲ့စည်းများကို အသုံးချကာ ဂျီဟတ်စစ်ပွဲကို ဆင်နွှဲသွားခဲ့ကြသောကြောင့် UN-လက်အောက်ခံ အဖွဲ့အစည်းများကိုယ်တိုင် လူမိုက်အားပေးလုပ်နေခြင်း၊ ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူအရေးကို ပစ်ပယ်ထားခြင်း၊ တရားမျှတမှုမရှိခြင်းကို တွေ့မြင်ခဲ့ရပေသည်။
            ထို့ကြောင့် တရားမျှတမှုမရှိသော၊ လူမိုက်အားပေးလုပ်နေသော UN-လက်အောက်ခံ အဖွဲ့အစည်းများကို ပြင်းထန်စွာ ရှုတ်ချအပ်ပါသည်။
(ဌ)      ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူမြင်ကောင်းအောင် ဘင်္ဂါလီဒုက္ခသည်များကို လက်မခံဘဲ ဟန်ဆောင်လုပ်ပြနေသော်လည်း ရခိုင်အရေးခင်းတွင် အဓိကတရားခံများဖြစ်သော ရိုဟင်ဂျာဆိုသူ စစ်သွေးကြွများကို တိတ်တစ်ဆိတ်လက်ခံဝှက်ထားပေးနေ သည်ဟု ရခိုင်ပြည်သူတို့ သည့်မြင်ခံစားနေရပါသည်။
            ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်းကောင်းပီသစွာ အစွန်းရောက် အကြမ်းဖက်သမားများကို နှိမ်နှင်းဖို့ အတွက်- မြန်မာအစိုးရနဲ့ရော ရခိုင်ပြည်သူများနှင့်ပါ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါသည်။
(ဍ)      ရခိုင်ကို အပိုင်သိမ်းဖို့ ကြံစည်သော အစွန်းရောက်စစ်သွေးကြွတို့၏ ဂျီဟတ်စစ်ပွဲကို ထောက်ခံအားပေးသော မည်သည့်မူဆလင်ကို မဆို ရန်သူအဖြစ် သတ်မှတ်ပါသည်၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ်စီးပွားကိုယ်ရှာ၊ ကိုယ့်တရားနှင့်ကိုယ်၊ ကိုယ့်မိသားစုနှင့်ကိုယ် အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာ ကိုယ်ချမ်းသာနေလိုသော မည်သည့်မူဆလင်ကို မဆို မိတ်ဆွေအပြစ်သက်မှတ်ပြီး လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။
            ထို့ကြောင့် ဂျီဟတ်စစ်ပွဲ ဆင်နွှဲသော တိရစ္ဆာန်များလို၊ မင်းမဲ့တိုင်းပြည်လို အုပ်စုဖွဲ့အနိုင်ကျင့်မှုများ ပြုလုပ်ခဲ့သော ဘင်္ဂါလီအကြမ်းဖက်သမား လူရမ်းကားများနှင့် အဆက်အသွယ်ရှိခဲ့သူများ၊ အဆက်အသွယ်ရှိနေသူများ အဆက်အသွယ် ဖြတ်တောက်ဖို့ သတိပေးအပ်ပါသည်။
(ဎ)      မြန်မာအစိုးရအနေဖြင့် ၁၉၄၂-ပုံစံမျိုးဖြင့် နယ်ချဲ့ကျူးကျော်ကာ ရခိုင်ပြည်သိမ်းတိုက်ပွဲ (သို့မဟုတ်) ဂျီဟတ်စစ်ပွဲကို တစ်ဖက်သတ် ဦးဆောင်ဆင်နွှဲလာသော ရိုဟင်ဂျာဆိုသူ နာမည်သူခိုး ဖိုးတွန်တီးများဖြစ်ကြသော နယ်မြေဓားပြ အကြီးစားတို့အား ထိရောက်စွာ အရေးယူဖို့လိုသလို၊ ရခိုင်တံခါးလုံခြုံရေးနှင့် လူအုပ်ဖြင့် အနိုင်ကျင့်မှုပပျောက်ရေး၊ ရခိုင်ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို အဓိကထားဆောင်ရွက်ရမည့် အပြင် အချုပ်အခြာအာဏာကို ကျူးကျော်စော်ကားလာသူ မှန်သမျှကို မည်သည့်ဖိအားပေးမှုကိုမျှ ဂရုမစိုက်ဘဲ ခုခံကာကွယ်ဖို့လိုကြောင်း အသိပေးအပ်ပါသည်။
(ဏ)                     “ရခိုင်များအား ဘင်္ဂါလီမူဆလင်များ၏ ခြိမ်းခြောက်မှုများ”
            ၁။ ရခိုင်များ နောက်ထပ် နှစ်လသာထမင်းစားနှင့်ကြ၊ ဗမာများပြန်လျှင် နင်တို့အသားကို ငါတို့စားမည်။
            ၂။ ဒီနေရာကို ငါတို့ပိုင်သွားပြီဆိုတာ မသိဘူးလား။
            ၃။ ငါတို့ကို ကမ္ဘာကကူညီနေတာ မသိဘူးလား။
            ၄။ ကမ္ဘာမှာ ငါတို့အမျိုးတွေ(လူမျိုးတွေ)အများကြီးရှိတယ်။ နင်တို့မှ မရှိဘူး။
            ၅။ နင်တို့မှာ သွားစရာသေလမ်းသာ ရှိတယ်။ ထမင်းဝဝစားထားကြ။
            ၆။ ဗမာအစိုးရကို ငါတို့ဝယ်ထားပြီ။
            ၇။ ဆော်ဒီမှာ ဗမာသံရုံးကို ငါတို့ကလစဉ်ပေးထားတာ၊ နင်တို့ပေးနိုင်သလား။
            ၈။ ငါတို့နောက်မှာ ကမ္ဘာကကူညီနေတယ်။
            ၉။ UN-ဟာ ငါတို့မိတ်ဆွေ၊ အမေရိကမှာ ငါတို့သမ္မတ အုပ်ချုပ်နေတယ်။
            ၁၀။ နင်တို့ ပါးစပ်ပိတ်ထားကြ။
            ၁၁။ နင်တို့မိန်းမများ ငါတို့ကို အားကိုးစေရမည်။
            ၁၂။ ရခိုင်များသေဖို့ပြင်ထား။
            ၁၃။ ဗမာပြည်လည်း ငါတို့လူအုပ်ချုပ်မယ်။
            ၁၄။ နင်တို့မြေနဲ့ နင်တို့ပစ္စည်းထားခဲ့။ အခုထွက်သွားကြ။
            ၁၅။ မသေချင်ပြန်မလာကြနဲ့။
            ၁၆။ နောက်ထက် ဒီမြေမှာ မင်းတို့လုံးဝ မနေစေရ။
၁၇။ အလ္လာဝဂ်ကဘာ၊ အလ္လာဝဂ်ကဘာ၊(အလ္လာသခင်သာ အကြီးမြတ်ဆုံး)
      အလ္လာ-ဘီစတိုဘာ၊ အလ္လာ-ဘီစတိုဘာ(အလ္လာသခင် ကောင်းချီးပေးပါ)
၁၈။ နိုင်ငံခြားမှာ စစ်သင်တန်းတက်ထားတဲ့ ငါတို့လူတွေရောက်နေတာ မသိဘူးလား။
၁၉။ နိုင်ငံခြားက ငါတို့အမျိုး (၅၀၀) စစ်သင်တန်း ဆင်းလာတာမသိဘူးလား။
၂၀။ ဒီနေရာကို ပြန်လာရဲလျှင် လာကြည့်။
၂၁။ ငါတို့မှာ ချမ်းသာတဲ့မူဆလင်နိုင်ငံတွေ အများကြီးရှိတာ မသိဘူးလား။
၂၂။ နင်တို့ဘာအားကိုးရှိလို့ ငါတို့ကို နှင်ထုတ်မှာလဲ။
၂၃။ ဗမာအစိုးရလည်း ငါတို့ဘက်က။
၂၄။ ဆော်ဒီဗမာသံရုံးဟာ ငါတို့ငွေကိုယူထားတာ။
၂၅။ အားလုံးမှာ ငါတို့ငွေတွေ။
၂၆။ မင်းတို့မှာ ဘာရှိလို့လဲ။
၂၇။ ဗမာပြည်ကို ငါတို့အုပ်ချုပ်မှာ နင်တို့ကို အရှင်မထားဘူး။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မန္တလေး။
ဇူလိုင် ၂၀၊ ၂၀၁၂
(နိုင်ငံတကာသတင်းများတွင် အီရန်ကဲ့သို့သော နိုင်ငံများ၊ ဘာသာရေးအစွန်းရောက်အဖွဲ့များနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များကိုယ်တိုင်က မြန်မာပြည်တွင် မူဆလင်ဘာသာဝင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ် မျိုးတုံးနေပြီဟု သတင်းထုတ်ပြန်ခြင်း၊ ကန့်ကွက်မှုများ ပြုလုပ်နေခြင်းတို့ကြောင့် ပြည်တွင်းမှ အများသူငှာ ပြည်သူတို့ လေးစား ယုံကြည်မှု ရှိသူ လူ၊ ပုဂ္ဂိုလ်တို့၏ မိမိဂုဏ်သိက္ခာ အမည်နာမကို တာဝန်ယူ ဖော်ထုတ်ပြီး သဘောထားပြောဆိုချက်တို့ကိုလည်း သိရှိနိုင်စေရန် အရှင်ဝီရသူ၏ သဘောထားကို မူရင်းအတိုင်း မိုးမခမီဒီယာက ထုတ်ပြန်လိုက်သည်။ မိမိတို့၏ သဘောထားမှာလည်း ဒေသဆိုင်ရာ အကြမ်းဖက်မှု အဓိကရုဏ်း၊ ပဋိပက္ခကြီးအဖြစ် ရှုမြင်ပါသည်။ ရခိုင်ဒေသခံများ၊ နယ်စပ်ဒေသက ဘင်ဂါလီလူမျိုးစုများ၊ ဗုဒ္ဓဘာသာ၊ ဟိဒ္ဒူဘာသာ၊ မူဆလင်ဘာသာ၊ ခရစ်ယာန်ဘာသာဝင်များ အားလုံး ထိခိုက်ခံစားနေရသော အရေးအခင်းတခု အဖြစ် မြင်ပါသည်။ ရိုဟင်ဂျာဆိုသည့် အငြင်းပွားဖွယ်ရာ စကားရပ် အသုံးအနှုန်းကို မိုးမခမီဒီယာက လက်ခံခြင်းမရှိပါ။ မိုးမခမီဒီယာ)

Monday, 23 July 2012

နည်းပညာတက္ကသိုလ် (စစ်တွေ)ရှိ ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးပါရန် တောင်းဆိုခြင်း

သို့

ဝန်ကြီးချုပ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့

စစ်တွေမြို့

နေ့စွဲ။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်



အကြောင်းအရာ။ ။ နည်းပညာတက္ကသိုလ် (စစ်တွေ)ရှိ ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးပါရန်။

(၁) အထက်ပါကိစ္စနှင့်ပတ်သတ်၍ (၁၇-၇-၂၀၁၂) အင်္ဂါနေ့တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်သည် နည်းပညာတက္ကသိုလ်ရှိ ကျောင်းသား/သူများ မိမိဒေသတွင် မိမိတို့လုံခြုံအေးချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်စေလျက်ရှိပါသည်။

(၂) (၁၇-၇-၂၀၁၂) အင်္ဂါနေ့ မွန်းလွဲ(၂) နာရီခန့်တွင် အရပ်ဝတ်ဖြင့် ထောက်/ပို့တပ်မှ တပ်မတော်သားဟုဆိုသူ (၃)ဦးအား ခတင်ပိုင်ရွာနေ ဘင်္ဂါလီမူဆလင်များမှ ဝိုင်းဝန်းရိုက်ပုတ်မှု ဖြစ်ပွားခဲ့ပါသည်။ ထိုတပ်မတော်သားများ စီးနှင်းလာသည့် သုံးဘီးဆိုင်ကယ်တစ်စီးအား ဘင်္ဂါလီ မူဆလင်များမှ ဝိုင်းဝန်းဖျက်ဆီးခဲ့ပါသည်။

(၃) ထိုအချိန်ခန့်တွင်ပင် နည်းပညာက္ကသိုလ်(စစ်တွေ)မှ ကျောင်းဆင်းလာသော ကျောင်းသား/သူများပါသည့် သုံးဘီးဆိုင်ကယ် အငှားယာဉ်တစ်စီးအား ခတင်ပိုက်ရွာမှ ဘင်္ဂလီမူဆလင်များက ဝိုင်းဝန်းတားဆီးခြင်း၊ ခဲနှင့်ပစ်ပေါက်ခြင်းများ ဖြစ်ပွားခဲ့ပါသည်။ သို့သော်လည်း ထိုအငှားယာဉ်မှာ အရှိန်နှင့် မောင်းနှင်၍ လွတ်မြောက်ခဲ့ပါသည်။

(၄) သို့သော် ထိုလွတ်မြောက်သွားသော အငှားသုံးဘီးဆိုင်ကယ်နောက်မှ လိုက်ပါလာသည့် ကျောင်းသား/သူများစီးနှင်းလာသော ဒိုင်နာအငှားယာဉ်၊ မော်တော်ယာဉ်များနှင့် သုံးဘီးဆိုင်ကယ်များဆီသို့ ထိုဘင်္ဂလီမူဆလင်လူမျိုးများ တုတ်၊ ဓါး၊ လက်နက်များကိုင်ဆောင်၍ ဆက်လက်အုပ်စုဖွဲ့ ချီတက်လာသောကြောင့် ထိုယာဉ်များပေါ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများသည် ကျောင်းဆီသို့ ပြန်လည်ဆင်းပြေးလွတ်မြောက်လာခဲ့ရပါသည်။

(၅) (၁၇.၇.၂၀၁၂) အင်္ဂါနေ့ အဖြစ်အပျက်တွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တစ်စုံတစ်ရာထိခိုက်မှုရှိခဲ့ပါက ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအတွက် အလွန်နစ်နာမည်ဖြစ်သည့်ပြင် ပဋိပက္ခမှာလည်း ပိုမိုကြီးမား ကျယ်ပြန့်လာကာ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကိုလည်း အလွန်ထိခိုက်နိုင်ပါသည်။

(၆) ယခုအခါ နည်းပညာတက္ကသိုလ်၏ ဒုတိယနှစ်ဝက်စာမေးပွဲကြီးမှာလည်း နီးကပ်လာပြီဖြစ်ပါသဖြင့် ကျောင်းသား/သူများ ဆက်လက်၍ လုံခြုံစွာပညာသင်ကြားနိုင်ရေးမှာလည်း အလွန်အရေးကြီးနေပါသည်။

(၇) ထို့အပြင် နည်းပညာတက္ကသိုလ် (စစ်တွေ)မှ စစ်တွေမြို့ထဲသို့သွားရာလမ်းတွင် ခရီးမိုင်နှစ်မိုင်ခန့်ဝန်းကျင် (သုံးဘီးဆိုင်ကယ်ဖြင့် ၁၀ မိနစ်ခန့် မောင်းနှင်းရသည်) လမ်းတစ်လျှောက်တွင် ရခိုင်လူမျိုးများ လုံးဝမရှိဘဲ ဘင်္ဂလီမူဆလင်လူမျိုးများ၏ ကျေးရွာများသာ တည်ရှိနေပါသည်။

(၈) ထို့ကြောင့် ကျောင်းသား/သူများ၏ လုံခြုံရေးကို အမြန်ဆုံးအထူးကြပ်မတ်ကူညီဆောင်ရွက်ပေးပါရန် ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။





ကျောင်းသား/သူများ

နည်းပညာတက္ကသိုလ်(စစ်တွေ)

ရခိုင်ပြည်နယ်



မိတ္တူကို

- နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စစ်တွေမြို့။

- ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ စစ်တွေမြို့။

- မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးရုံး၊ စစ်တွေမြို့။

- ကျောင်းအုပ်ကြီး၊ နည်းပညာတက္ကသိုလ် (စစ်တွေ)၊ စစ်တွေမြို့။

- အများပြည်သူ။

ရခိုင့်တက္ကသိုလ်ကျောင်းသား/သူများ၏ သဘောထား ထုတ်ပြချက်



Sunday, 15 July 2012

NGO ၃၁ဖွဲ့၏ မြန်မာနိုင်ငံ လ.၀.က ဥပဒေပြင်ဆင်ဖို့ တောင်းဆိုချက်အား ဘီဒီစီမှ တုန့်ပြန်ချက်ထုတ်ပြန်

အာရကန်တိုင်းမ်စ်

မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန် NGO ၃၁ဖွဲ့မှ တောင်းဆိုလိုက်ခြင်းအပေါ် Burma Democratic Concern (BDC)မှ တုန့်ပြချက်တစ်စောင်ကို ဇူလိုင်လ ၁၂ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ယင်းတုန့်ပြန်ချက် ထုတ်ပြန်ရခြင်းနှင့် ပက်သက်ပြီး“မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်အတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို ပြုပြင်ပြောင်းလဲရမည့်အချက်ကို ပြည်ပက NGO ၃၁ဖွဲ့ကတောင်းဆိုတာဟာဘောင်တစ်ခုကိုကျော်လွန်သွားပါတယ်၊ ဒီအတွက်ကျွန်မတို့ကဒီတောင်းဆိုတဲ့အဖွဲ့အစည်းတွေကိုယ်တိုင်ရှိနေတဲ့ နိုင်ငံတွေမှာတောင်ဒီလိုမျိုးကုလသမဂ္ဂ ပဋိညာဉ်အတိုင်း အကောင်အထည်ဖော်လုပ်ဆောင်ခြင်းမရှိတဲ့ အစိုးရနိုင်ငံတွေအများကြီးရှိပါတယ်၊ အကယ်၍ ဥပဒေတစ်ရပ်ဟာ နိုင်ငံတကာအဆင့်ဖြင့် သက်ရောက်မှုရှိရမည်ဟု ယူဆတယ်ဆိုရင် ပြန်လည်မေးခွန်းထုတ်စရာတွေအများကြီးရှိပါတယ်၊ ဥပဒေတိုင်းသည် မိမိနိုင်ငံ၏အခြေအနေအလိုက် နိုင်ငံသားအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရတာဖြစ်ပါတယ်၊ အမေရိကလိုနိုင်ငံမျိုး၊ အင်္ဂလန်လိုနိုင်ငံမျိုးတွေမှာလဲ သက်ဆိုင်ရာမိမိတို့ နိုင်ငံအလိုက်နိုင်ငံသားဖြစ်ခွင့်ဥပဒေတွေကို ထုတ်ပြန်ထားလေ့ရှိပါတယ်။ ဘောင်တခုကိုကျော်ပြီး မြန်မာနိုင်ငံရဲ့ပြည်သူလူထုသဘောထား၊ သဘာဝအခြေအနေကို မလေ့လာဘဲ ၀င်ရောက်စွက်ဖက်နေတာက အကျိုးအကြောင်းမဆီလျော်ပါဘူးဆိုတာကို သတိပေးလိုက်တာဖြစ်ပါတယ်။” ဟု BDCရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ မဥမ္မာဦးက ပြောသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ မောင်တောမြို့တွင် အခြေစိုက်သည့် NGOများသည်လည်း ယခုကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ လ.၀.က ဥပဒေနဲ့ပက်သက်ပြီး တရားစီရင်မှုတွေမှာ ၀င်ရောက်စွက်ဖက်မှုများရှိနေသည်ကို“တရားမ၀င်နိုင်ငံဖြတ်ကျော်ဝင်ရောက်မှု (လ၀က မှု/၁၃(၁) လို့ သိကြပါတယ်) တွေကို ဖမ်းဆီးအရေးယူတဲ့အခါမျိုးမှာ တရားခံကိုရုံးတင်စစ်ဆေးတဲ့ခါ တရားခံဘက်က ခုခံချေပဖို့အတွက် ရှေ့နေကို UNHCR က ငှားရမ်းပေးပြီး၊ ကုန်ကျစရိတ်ကိုပါ ကျခံပေးပါတယ်။ ဒါဟာ ဘာသဘောပါလဲ။ ဒီလိုပြစ်မှုမျိုးကို UNHCR က ကူညီထောက်ပံ့ပေးထားတယ်ဆိုတာ နိုင်ငံဖြတ်ကျော်မှုကျူးလွန်တာကို UNHCR က ထောက်ခံထားတဲ့ သဘောပါသလား၊ ဆက်လက်ကျူးလွန်ကြဖို့ အားပေးနေတဲ့သဘောလား၊ စဉ်းစားစရာအလွန် ကောင်းပါတယ်။ ကျွန်တော်နားလည်ထားတာက UN ဖြစ်ဖြစ်၊ တခြား Agencies ဖြစ်ဖြစ်၊ INGO တွေပဲဖြစ်ဖြစ် နိုင်ငံတော်အစိုးရနဲ့ တရားဝင် MOU (နားလည်မှုသဘောတူညီချက်) ရှိမှ လုပ်ငန်းဆောင်ရွက်ခွင့်ရှိပါတယ်။ နိုင်ငံတော်က UNHCR ကို ဒီလောက်ထိတော့ ဆောင်ရွက်ဖို့ သဘောတူထားလိမ့်မယ် မထင်မိပါဘူး”ဟု ဘူးသီးတောင်မြို့နယ်မှ မြို့နယ်သာသာရေးမှူး(ငြိမ်း) ဦးအောင်ကိုကို၏ Arakan Timesသို့ပေးပို့သည့် ဒီပြဿနာဘယ်ရှင်းကြမလဲ ဆောင်းပါးပါ ပြောပြချက်အရ သိရှိရသည်။
BDC statement

Friday, 13 July 2012

ရခိုင်ပြည်နယ်အရေး အင်န်ဂျီအိုများ မစွက်ဖက်ရန် ဥရောပမြန်မာများ ထုတ်ပြန်

မိုးမခ


ရခိုင်ပြည်နယ်အရေး အင်န်ဂျီအိုများ မစွက်ဖက်ရန် ဥရောပမြန်မာများ ထုတ်ပြန်
မိုးမခသတင်းကောက်နုတ်ချက်၊ ဇူလိုင် ၁၃၊ ၂၀၁၂
            လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော နယ်စပ်ဒေသ အဓိကရုဏ်းတွင် အင်န်ဂျီအိုအဖွဲ့ ၃၁က အညင်းပွားနေသော ဘင်္ဂါလီလူမျိုးစုများများအပေါ် သဘောထားထုတ်ပြန်ခြင်းကို ကန့်ကွက်ကြောင်း ဥရောပရောက် မြန်မာများက ထုတ်ပြန်လိုက်သည်။
            သူတို့ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
NGOs  ၃၁ ဖွဲ့၏ မြန်မာ လ.၀.က ဥပဒေပြင်ဆင်ဖို့ တောင်းဆိုသည်ကို တုန့်ပြန်ချက်။ 
 နိုင်ငံရပ်ခြားမှာ ဆယ်စုနှစ် ၂ စုကျော်ကျော် နေထိုင်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးလှုပ်ရှားသူများ အနေဖြင့် လူနည်းစု ပြဿနာကို အလေးအနက်ထားရှိပါသည်။ ပထမဆုံး ပြောလိုသည်မှာ မကြာခင်က ဖြစ်ပွားခဲ့သည့် ရခိုင်အရေး အခင်းကိစ္စသည် ၂ ဦး ၂ ဖက်မှ ရာဇ၀တ်မှု့ ကျူးလွန်ခဲ့ကြသည်သာဖြစ်ပြီး လူမျိုးရေး ၊ ဘာသာရေးအပေါ်မှာ အခြေမခံပါ။ ဥပဒေမဲ့မှု့၊ လာဒ်စားမှု့တို့ကို ကျင့်သုံးခဲ့သည့် နှစ်ပေါင်းများစွာ အုပ်ချုပ်လာသည့် စစ်အုပ်ချုပ်ရေးအပေါ်မှာသာ တာဝန်ရှိပါသည်။
(၃၁) ဖွဲ့သော နိုင်ငံခြား NGOs အုပ်စုအတွက် မေးခွန်းကတော့ ၈၀ ရာခိုင်နှုန်း နေရာယူထားသည့် စစ်တပ်နှင့် ၄င်း၏မိတ်ဆွေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက NGOs များ၏ အဆိုပြုချက်ကို နားထောင်လက်ခံ ပါ့မလား?? နားထောင်မှာ မဟုတ်သာသေချာသည်။ အဲ့ဒါကိုလည်း NGOs အသိပင်။ ဒီ (၃၁) ဖွဲ့သော NGO အုပ်စုက လွှတ်တော်ထဲမှာ ၂၀ ရာခိုင်နှုန်းသာရှိသည့် အတိုက်အခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ဒီကိစ္စနှင့်ပတ်သက်ပြီး တွန်းအားပေးနိုင်မည်လို့ယူဆလျှင် ဒီ NGOs တွေမှာ တစ်ခုခုတော့ မှားနေပြီဆိုတာကို ထောက်ပြချင်ပါတယ်။ အကယ်၍ မြန်မာနိုင်ငံတွင် ကောင်းမွန်စွာဒီမိုကရေစီ ဖွံ့ဖြိုးသော နိုင်ငံဖြစ်နေပြီဆိုကြပါစို့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ဥပဒေပြုသူများသည် ၄င်းတို့ မဲဆန္ဒရှင်များ၏စကားကို နားထောင်ရမည်လော သို့မဟုတ် တိုင်းတပါးက NGOs အုပ်စု၏စကားကို နားထောင်ရမည်လော ဆိုသည်မှာ စဉ်းစားရန်ရှိသည်။        
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဆိုသည်မှာ သူရဲ့မူလအဓိပ္ပာယ်အရ ပြည်သူလူထု၏ ဆန္ဒကို ပြည်သူလူထု ကိုယ်စား အကောင်အထည်ဖော်ရန် တာဝန်ရှိသူများသည်ဖြစ်သည်။ ဤအချက်ကို NGOs များအနေဖြင့် သိရှိပြီးသားဖြစ်ပါလိမ့်မည်။ နောက်တချက်ကတော့ ပါလီမာန်အနေဖြင့် လ.၀.က ပြန်လည်ပြုပြင်ရေးဆိုင်ရာ ဥပဒေကိစ္စကို ဆွေးနွေးမည် မဆွေးနွေးမည်ကို မသိရသေးဘဲ ဒီဥပဒေဟာ ဘာတွေထည့်ဆွေးနွေးမည်ဆို တာကို အကြံပေးတာ ပညာရှိမဆန်ပါ။ လက်တွေ့မှာတော့ မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေသည် မည်သည့်လူနည်းစု၊ လူမျိုးစု ဤအခွင့်အရေးများကိုမှ အာမ မခံပါ။
အကယ်၍ ဤ NGOs များအနေဖြင့် သူတပါးတိုင်းပြည်များ၏ ဥပဒေပြုလုပ်ငန်းစဉ်များတွင် ပါဝင်စွက်ဖက်ရန် တာဝန်ရှိသည်ဟု ယူဆပါက၊ ၎င်းတို့အနေဖြင့် မိမိတို့နေထိုင်သော တိုင်းပြည်အသီးသီးတွင် ဥပဒေပြုလုပ်ငန်းစဉ်များ၌ မည်မျှပါဝင်ပတ်သက်ခဲ့ဖူးပါသလည်း။ မိမိကိုယ် မိမိ မေးခွန်းထုတ်ရန်ရှိသည်။ ပိုမိုဆိုးရွားသည်မှာ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်အတိုင်း လ.၀.က ဥပဒေကို ပြုပြင်ပြောင်းလဲရမည့်အချက်ဖြစ်သည်။ မည်သည့်အစိုးရနိုင်ငံများမှ ကုလသမဂ္ဂ ပဋိညာဉ်အတိုင်း အကောင်အထည်ဖော်လုပ်ဆောင်ခြင်းမရှိသည်ကို သတိပြုသင့်သည်။
 ဥပမာအားဖြင့် ကုလသမဂ္ဂအင်အားကြီး နိုင်ငံများသည် R2P (Responsible 2 Protect) ဟု ခေါ်သော စစ်ရေးအရ ၀င်ရောက်ဖြေရှင်းခွင့် ဥပဒေကို အသုံးချပြီး Libya နိုင်ငံကို ကျူးကြော်သိမ်းပိုက်ခဲ့သော်လည်း လက်ရှိ Syria နိုင်ငံ၏ ပြဿနာတွင် ဤဥပဒေ အကြောင်းကို ထည့်တွင်း စဉ်းစားခြင်းမရှိပါ။ အကယ်၍ ဥပဒေ တစ်ရပ်သည် နိုင်ငံတကားအဆင့်ဖြင့် သက်ရောက်ရှိရမည်ဟု ယူဆပါက ဤ NGOs များအနေဖြင့် ကုလသမဂ္ဂကို မေးခွန်းထုတ်သင့်ပါသည်။ ထုတ်ကော ထုတ်ဖူးပါသလား??
ဤနေရာမှာ ကျွန်ုပ်တို့ ပြောလိုသည့်အချက်မှာ ကမ္ဘာမှာ ပြီးပြည့်စုံသည့် ဥပဒေမရှိပါ။ သို့သော်လည်း ဥပဒေတိုင်းသည် မိမိနိုင်ငံ၏ နိုင်ငံသား အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရမည်သာဖြစ်သည်။
နောက်ထပ်ဥပမာ တစ်ခုကတော့ ကမ္ဘာ့အင်းအားအကြီးဆုံး၊ ဒီမိုကရေစီ အထွန်းကားဆုံး အမေရီကန်နိုင်ငံမှ ယနေ့ထုတ်ပြန်ထားသော အမျိုးသားကာကွယ်စောင့်ရှောက်ရေး ဥပဒေ (NDAA, National Defense Authorization Acts) နှင့် တိုင်းတပါးသား မွတ်စလင်များကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားသော Guatanamo အကျဉ်းထောင် ကိစ္စတို့ဖြစ်ပြီး။ အမျိုးသားကာကွယ်စောင့်ရှောက်ရေးဥပဒေသည် အမေရီကန်နိုင်ငံ၏ အဖွဲ့အစည်း အုပ်ချုပ်ရေးဥပဒေကို ဆန့်ကျင်ပြီး၊ Guatanamo အကျဉ်းထောင်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်သည်ကို ဤ NGOs များအနေဖြင့် သိပါသလား။
သိသည်ဆိုပါက NGOs များအနေဖြင့် ဥပဒေမူကြမ်းများ အကြံပြုချက်များ အမေရီကန်အစိုးရကို ပေးပို့ခဲ့ဖူးပါသလား။ အမေရီကန် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိနိုင်ငံ၏ အကျိုးစီးပွားထက် တိုင်းတပါး NGOs များ၏ အကြံဥာဏ်ကို လက်ခံလိမ့်မည်ဟု ကျွန်ုပ်တို့အနေဖြင့် မယူဆပါ။
နောက်ဆုံးပြောချင်တာကတော့ မြန်မာနိုင်ငံသားများ၏ ဆန္ဒကို မလေ့လာပဲ ဤ NGOs များအနေဖြင့် မိမိတို့ ထင်ရာ မြင်ရာများကို မြန်မာနိုင်ငံ၏ သဘာဝ အခြေအနေကို မလေ့လာဘဲ ၀င်ရောက်စွက်ဖက်နေပါက မိမိတို့၏၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကူညီဆောင်ရွက်မှုများသည် အလဟဿ ဖြစ်နေမည်သာ ဖြစ်ကြောင်း ကျွန်ုပ်တို့အနေဖြင့် သတိပေးလိုက်သည်။
အလုပ်အမှုဆောင်ဗဟိုကော်မတီ                             
အလုပ်အမှုဆောင်ကော်မတီအဖွဲ့ ဝင်များ
 Central Working Committee                                          Working Committee
 1. U Aung Than Oo (Germany)                                         1. Dr. Moe Moe Hnin (Belgium)
atoburma@web.de                                                                 naga@fulladsl.be
2. U Hla Myint Naing (The Netherlands)                          2. U Nai Htor Oo (Denmark)
hlamyingtnaing@yahoo.com                                                   htoroo@gmail.com
3. U Htay Tint (The Netherlands)                                     3.U Htin Kyaw Lwin (France)
htaytint@hotmail.com                                                               htinkyaw9954@hotmail.com
4. U Kyaw Thwin (Norway)                                               4. U Ko Htwe ( France )
kyawthwin2004@yahoo.com                                                    letkhine@gmail.com
5. Dr. Than Htike(Poland)                                                 5. Ashin Zawana
htikemaungthan@gmail.com                                                      (The Netherlands)
                                                                                                   mymmom2@gmail.com
6. U Maung Maung Aung (UK)                                         6. U Moe Kyaw (The Netherlands)
maungmaungag@gmail.com                                                       winmoekyaw@yahoo.com
7. Daw Ohnmar Oo (UK)                                                   7. U Myat Thiha (The Netherlands)
shinminoo@gmail.com                                                                 myatthiha101@yahoo.co.uk
                                                                                             8. Sai Mya Han
                                                                                                 (The  Netherlands)
                                                                                                  nationsai@gmail.com
                                                                                             9. Set Myo Oo (The Netherlands)
                                                                                                 Setmyo.oo@gmail.com
                                                                                           10. U Kyaw Thu King (Norway)
                                                                                                 chitsayar18@yahoo.com 
                                                                                           11. Ko Thant Zin Htike (UK)
                                                                                                  tzhtike2004@gmail.com
                                                                                           12. Mr L Goon Tawng ( UK)   
                                                                                                     lgoontawng@yahoo.co.uk   
                                                                                           13. Mr  Chris (alias)
                                                                                                  Ring  Du  Lachyung (UK) 
                                                                                                  rdlachyung@gmail.com
                                                                                           14. U Hla Win  ( Maesod )
                                                                                                  kolawin@gmail.com 
Contect person
U Htay Tint (The Netherlands)         +31206403687        +31 6 8151 9399
Daw Ohnmar Oo (UK)                        +447727236419

Thursday, 28 June 2012

လန်ဒန်ကြေငြာစာတမ်း

 လန်ဒန်ကြေငြာစာတမ်း


                                                                                                         ၁-၆-၂၀၁၂
မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ၊ ပညာရှင်များ၊ ကျောင်းသားများ၊ အလုပ်သမားများ နှင့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊လူမှုရေးအသင်းဖွဲ့များ၊ နိုင်ငံရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများပါဝင်သောအစုအဖွဲ့မှ  နိုင်ငံ တော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာ နှင့် နိုင်ငံတော်တွင်းမှီတင်း နေထိုင်လျှက်ရှိကြကုန် သော တိုင်းရင်း သားလူမျိုးများ၏ ပျံ့နှံ့နေထိုင်မှု၊ နယ်မြေပိုင်ဆိုင်မှု လွတ်လပ်စွာ မှီတင်းနေထိုင် မှုတို့အားကာကွယ် စောင့်ရှောက်ရန်အလို့ငှာ ပြည်ပမှ ၀င်ရောက် လာသော ဘင်္ဂါလီ (ရိုဟင်ဂျာအမည်ခံ) တို့နှင့်ပတ်သက်သော အောက်ဖေါ်ပြပါ ကြေငြာချက် ကိုထုတ်ပြန်သည်။


၁။ ဘင်္ဂါလီ(ရိုဟင်ဂျာ အမည်ခံ) လူမျိုးတို့သည် မြန်မာနိုင်ငံအ တွင်းမူလဘူတ ပြန့်နှံ့ နေထိုင်သော တိုင်းရင်း သားလူမျိုး တစ်မျိုး မဟုတ်ကြောင်းကြေငြာသည်။


၂။ ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) လူမျိုးတို့အား မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုအဖြစ် အသိအ မှတ်ပြု သော၊ အမှတ်အသားပြုလက်ခံသော UNHCR အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် နိုင်ငံတကာ အစိုးရတို့အား ကျွန်ုပ်တို့၏ အမျိုး သားရေး ကိစ္စရပ်များ တွင် ၀င်ရောက်စွက်ဖက်မှုအဖြစ် သတ်မှတ်သည်။


၃။ ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) လူမျိုးတို့သည် မြန်မာနိုင်ငံ ၏ တိုင်းရင်း သားလူမျိုး တစ်မျိုးဖြစ် ကြောင်း ကြိုးပမ်းမှုအား ငွေကြေးထောက်ပံ့ခြင်း၊ လူမှုရေး အရထောက်ပံ့ခြင်း၊ မီဒီယာများဖြင့် ထောက်ခံရေးသားခြင်း၊ သံခင်းတမန်ခင်းအရ လက်ခံခြင်း သည် ကျွန်ုပ် တို့၏ အမျိုးသားရေး ကိစ္စရပ်များတွင် ၀င်ရောက် စွက်ဖက် မှုအဖြစ် သတ်မှတ်သည်။


၎။ ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) လူမျိုးတို့ သုံးစွဲသော ဘာသာစကား နှင့် စာပေတို့သည် မြန်မာ နိုင်ငံ တိုင်းရင်းသား လူမျိုးစုများ၏ ဘာသာစကား နှင့် စာပေ မဟုတ်ကြောင်း ကြေငြာသည်။


၅။ မြန်မာပြည်တွင်း နှင့် နိုင်ငံတကာရှိမြန်မာ့အရေးဆောင်ရွက်သော အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ အမျိုး သားကောင်စီ ( NATIONAL COUNCIL UNION OF BURMA) အပါအ၀င် ဒီမိုကရေစီအရေး နှင့် တိုင်း ရင်း သားလူမျိုး များ၏ အခွင့်အရေး များတောင်းဆို တိုက်ပွဲဝင်နေသော မြန်မာ တိုင်းရင်း သား တပ်ပေါင်းစုများ၊ တိုင်းရင်းသားပေါင်းစုံအဖွဲ့ အစည်း များတွင် ဘင်္ဂါလီ ( ရိုဟင်ဂျာအမည်ခံ) လူမျိုးများ အား အဖွဲ့ အစည်း တစ်ခုအဖြစ်သော်၎င်း၊ အဖွဲ့ဝင် အဖြစ်သော်၎င်း အသိအမှတ်ပြုလက်ခံဖွဲ့စည်းခြင်း မရှိ ကြောင်း သိစေ အပ်သည်။


၆။ ပညာရှင်ဟု အမည်ခံ၍ တင်ပြလာသူ နိုင်ငံခြားသား များ၏ စာတန်းများ သည် ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) တို့၏ ဖန်တီးထားသော ဖြစ်စဉ် အား စူးစမ်းလေ့လာမှု အဆင့်သာလျှင်ဖြစ်ပြီး။ အကယ်စင်စစ် ထိုပညာ ရှင်များသည် မြန်မာ ပြည် အကြောင်းကို သော်၎င်း မြန်မာပြည်၏ လူမျိုးများပြန်.နှံ့ နေထိုင်မှုကိုသော်၎င်း ရေရာစွာသိရှိသူ များမဟုတ်ကြောင်း ကြေငြာသည်။


၇။ ၁၈၂၄ ခုနှစ်နောက်ပိုင်း မြန်မာပြည်ကို သိမ်းပိုက်ခဲ့သော အင်္ဂလိပ်လူမျိုးများသည် အိန္နိယမှ အလုပ်သမား များကို မြန်မာနိုင်ငံတွင်းသို့ ကိုယ်တိုင်သွင်းယူခဲ့၍ ၎င်း အိန္နိယ နှင့် ဘင်္ဂါလီလူမျိုးများသည် မြန်မာ တိုင်းရင်း သား များ မည်သို့မျှ မဟုတ်ခဲ့သည်ကို သမိုင်းစဉ်နှင့် ချီ၍ သေချာစွာသိရှိခဲ့သော်လည်း။ အင်္ဂလန် နိုင်ငံအပါအ၀င် ၎င်း အင်္ဂလိပ် မျိုးနွယ်စု နိုင်ငံများဖြစ်သည့် အမေရိကန်၊ သြစတြေးလျှ နှင့် ကနေဒါ နိုင်ငံများသည် ၎င်းတို့ မြန်မာနိုင်ငံတွင်းသို့ ခေါ်ယူလာ ခဲ့သော နိုင်ငံခြားသားများအား မြန်မာတို့၏ တိုင်းရင်း သားအဖြစ် ကျော ထောက် နောက်ခံပေး နေခြင်းအား ကန့်ကွက်ကြောင်း သိစေအပ်သည်။


၈။ လူကုန်ကူးသူများနှင့် ဒီမိုကရေစီနိုင်ငံကြီးများတွင် အခြေချနေထိုင်လိုသူများ ၏ ပုဂ္ဂိုလ်ရေး ရည်မှန်း ချက် များဖြင့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) များအား ဖေါ်ထုတ်တင်ပြသွားမည်။


၉။ ပိုမို၍ ကြီးမားကျယ်ပြန့်သော မြန်မာပြည်သူများ၏ သဘောထား ကိုဆက်လက်ကောက်ခံ၍ အပြည်ပြည် ဆိုင်ရာအသိုင်းအ၀ိုင်း သို့တင်ပြသွားမည်။

Wednesday, 27 June 2012

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ သဘောထားထုတ်ပြန်ချက်

Narinjara

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)
ပဋိပက္ခအလွန် ပြန်လည်နေရာချထားရေးနှင့် ပတ်သက်သော
ပါတီ၏ သဘောထား ကြေငြာချက်။
ကြေငြာချက်အမှတ် -၀၄/၂၀၁၂
၂၀၁၂-ခုနှစ်၊ ဇွန်လ (၂၆) ရက်။
၁။ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများသည် ၂၀၁၂-ခုနှစ် ဇွန်လ (၈)ရက်နေ့မှ စတင်ဖြစ်ပွားသည့် အဓိကရုဏ်းကို အကြောင်းပြု၍ အမျိုးသားရေးဆိုင်ရာ ပြင်းထန်သည့် အခက်အခဲများစွာကို ရင်ဆိုင်ကြုံတွေ့ နေကြရပါသည်။
၂။ ယင်းအခက်အခဲများကို ပြည်ထောင်စု အစိုးရနှင့် ပြည်ထောင်စုတ၀ှမ်းလုံးရှိ တိုင်းရင်းသား ပြည်သူတစ်ရပ် လုံးက ပူးပေါင်းပါဝင် ဖြေရှင်းရန် လိုအပ်သည်ဟု ကျွန်ုပ်တို့ပါတီမှ ရှုမြင်ပါသည်။
၃။ ဘင်္ဂလီလူမျိုးများသည် ခေတ်အဆက်ဆက်တွင် တရားမ၀င်သော နည်းလမ်းမျိုးစုံဖြင့် ရခိုင်ပြည်နယ်အတွင်း သို့ ၀င်ရောက်နေထိုင်လာခဲ့ကြရာ လက်ရှိ ဘင်္ဂလီလူမျိုးဦးရေမှာ ရခိုင်ပြည်သူ တစ်ရပ်လုံးနှင့် အခြားတိုင်းရင်း သားများအတွက် အထူးစိုးရိမ်ရသော အခြေအနေဖြစ်ကြောင်း ယခုဖြစ်ပွားနေသည့် ဖြစ်ရပ်များအရ သုံးသပ်သိ ရှိနိုင်ပါသည်။
၎။ မြန်မာနိုင်ငံသားများနှင့် ဘင်္ဂလီလူမျိုးများ အကြား ဖြစ်ပွားခဲ့သော သမိုင်းတွင်သည့် ၁၉၄၂-ခုနှစ် အဓိက ရုဏ်းနောက်ပိုင်းတွင် ရခိုင်ပြည်နယ် အတွင်း၌ ထိုသို့သောအဓိကရုဏ်းများ အကြိမ်ကြိမ်ဖြစ်ပွားမှုများ ရှိခဲ့ပါ သည်။ ရခိုင်ပြည်နယ်တွင် ၁၉၈၈။ ၁၉၉၆။ ၂၀၀၁ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များထက် ယခု ၂၀၁၂ -ခုနှစ် အဖြစ်အပျက်သည် ရခိုင်ပြည်သူများနှင့် မြန်မာတနိုင်ငံလုံး၏ အမျိုးသားအကျိုးစီးပွားကိုပါ ထိပါးနေသည့် အခြေအနေသို့ ရောက်ရှိနေပြီဟု ကျွန်ုပ်တို့ပါတီမှ ရှုမြင်ပါသည်။
၅။ တရားမ၀င် အခြေချနေထိုင်လာသည့် ဘင်္ဂလီလူမျိုးများသည် “ရိုဟင်ဂျာ” အမည်သစ် သမိုင်းလိမ်ကို ဖန်တီး ၍ အကြမ်းဖက်ဝါဒဖြင့် ရခိုင်ပြည်သူ တစ်ရပ်လုံးနှင့်တကွ နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုပါ ထိပါးလာခဲ့ ကြခြင်းဖြစ်ရာ ရခိုင်ပြည်သူ တစ်ရပ်လုံး၏ အသက်အိုးအိမ် စည်းစိမ်လုံးခြုံမှုနှင့် တစ်မျိုးသားလုံး၏ လုံခြုံရေးအ တွက် အပြီးသတ်အဖြေထုတ်၍ ဖြေရှင်းရန်လို အပ်သည်ဟု ကျွန်ုပ်တို့ ပါတီမှ ရှုမြင်ပါသည်။
၆။ ထိုသို့ဖြေရှင်းနိုင်ရန် အတွက် ကျွန်ုပ်တို့ပါတီ၏ အောက်ပါသဘောထားများကို ထုတ်ပြန်ကြေငြာ အပ်ပါ သည်။ -
(က) ရခိုင်ပြည်နယ်အတွင်း ရခိုင်ပြည်သူ တစ်ရပ်လုံး၏ လတ်တလောလုံခြုံမှု ရှိစေရေးအတွက် အစိုးရနှင့် ရခိုင် ပြည်သူတို့ ပူးပေါင်းပါဝင်သော လုံခြုံရေးအစီ အစဉ်များချမှတ် ဆောင်ရွက်ရန်။
(ခ)ရခိုင်ပြည်နယ် အတွင်းရှိ မြို့၊ ရွာများ၌ ရခိုင်လူမျိုးများနှင့် ဘင်္ဂလီလူမျိုးများ နီးကပ်စွာရောနှောနေထိုင်မှု မရှိရအောင် ဘင်္ဂလီလူမျိုးများအား သင့်တော်ရာ၌ ယာယီသီးခြား နေရာချထားရန်။
(ဂ) ရခိုင်ပြည်နယ် အပါအ၀င် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးသို့ နည်းလမ်း ပေါင်းစုံဖြင့် ဘင်္ဂလီလူမျိုး ကျူးကျော် ၀င်ရောက်မှုများကို ဟန့်တားရေးအတွက် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးအားလုံးက ၀ိုင်းဝန်းပါဝင် ဆောင် ရွက်ပေးရန်။
(ဃ) ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ညှိနှိုင်းမှုများရယူပြီး မြန်မာနိုင်ငံ သားမဟုတ်ကြသည့် ဘင်္ဂလီများကို ကာလ တစ်ခုသတ်မှတ်၍ တတိယနိုင်ငံများသို့ ရွှေ့ပြောင်း နေထိုင်စေရန်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
ဗဟိုဌါနချုပ်၊ စစ်တွေမြို့။

ပဋိပက္ခအလွန် ပြန်လည်နေရာချထားရေးနှင့် ပတ်သက်သော


ပဋိပက္ခအလွန် ပြန်လည်နေရာချထားရေးနှင့် ပတ်သက်သော

ပါတီ၏ သဘောထား ကြေငြာချက်။

ကြေငြာချက်အမှတ် -၀၄/၂၀၁၂

၂၀၁၂-ခုနှစ်၊ ဇွန်လ (၂၆) ရက်။

၁။ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများသည် ၂၀၁၂-ခုနှစ် ဇွန်လ (၈)ရက်နေ့မှ စတင်ဖြစ်ပွားသည့် အဓိကရုဏ်းကို အကြောင်းပြု၍ အမျိုးသားရေးဆိုင်ရာ ပြင်းထန်သည့် အခက်အခဲများစွာကို ရင်ဆိုင်ကြုံတွေ့ နေကြရပါသည်။

၂။ ယင်းအခက်အခဲများကို ပြည်ထောင်စု အစိုးရနှင့် ပြည်ထောင်စုတ၀ှမ်းလုံးရှိ တိုင်းရင်းသား ပြည်သူတစ်ရပ် လုံးက ပူးပေါင်းပါဝင် ဖြေရှင်းရန် လိုအပ်သည်ဟု ကျွန်ုပ်တို့ပါတီမှ ရှုမြင်ပါသည်။

၃။ ဘင်္ဂလီလူမျိုးများသည် ခေတ်အဆက်ဆက်တွင် တရားမ၀င်သော နည်းလမ်းမျိုးစုံဖြင့် ရခိုင်ပြည်နယ်အတွင်း သို့ ၀င်ရောက်နေထိုင်လာခဲ့ကြရာ လက်ရှိ ဘင်္ဂလီလူမျိုးဦးရေမှာ ရခိုင်ပြည်သူ တစ်ရပ်လုံးနှင့် အခြားတိုင်းရင်း သားများအတွက် အထူးစိုးရိမ်ရသော အခြေအနေဖြစ်ကြောင်း ယခုဖြစ်ပွားနေသည့် ဖြစ်ရပ်များအရ သုံးသပ်သိ ရှိနိုင်ပါသည်။

၎။ မြန်မာနိုင်ငံသားများနှင့် ဘင်္ဂလီလူမျိုးများ အကြား ဖြစ်ပွားခဲ့သော သမိုင်းတွင်သည့် ၁၉၄၂-ခုနှစ် အဓိက ရုဏ်းနောက်ပိုင်းတွင် ရခိုင်ပြည်နယ် အတွင်း၌ ထိုသို့သောအဓိကရုဏ်းများ အကြိမ်ကြိမ်ဖြစ်ပွားမှုများ ရှိခဲ့ပါ သည်။ ရခိုင်ပြည်နယ်တွင် ၁၉၈၈။ ၁၉၉၆။ ၂၀၀၁ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များထက် ယခု ၂၀၁၂ -ခုနှစ် အဖြစ်အပျက်သည် ရခိုင်ပြည်သူများနှင့် မြန်မာတနိုင်ငံလုံး၏ အမျိုးသားအကျိုးစီးပွားကိုပါ ထိပါးနေသည့် အခြေအနေသို့ ရောက်ရှိနေပြီဟု ကျွန်ုပ်တို့ပါတီမှ ရှုမြင်ပါသည်။

၅။ တရားမ၀င် အခြေချနေထိုင်လာသည့် ဘင်္ဂလီလူမျိုးများသည် “ရိုဟင်ဂျာ” အမည်သစ် သမိုင်းလိမ်ကို ဖန်တီး ၍ အကြမ်းဖက်ဝါဒဖြင့် ရခိုင်ပြည်သူ တစ်ရပ်လုံးနှင့်တကွ နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုပါ ထိပါးလာခဲ့ ကြခြင်းဖြစ်ရာ ရခိုင်ပြည်သူ တစ်ရပ်လုံး၏ အသက်အိုးအိမ် စည်းစိမ်လုံးခြုံမှုနှင့် တစ်မျိုးသားလုံး၏ လုံခြုံရေးအ တွက် အပြီးသတ်အဖြေထုတ်၍ ဖြေရှင်းရန်လို အပ်သည်ဟု ကျွန်ုပ်တို့ ပါတီမှ ရှုမြင်ပါသည်။

၆။ ထိုသို့ဖြေရှင်းနိုင်ရန် အတွက် ကျွန်ုပ်တို့ပါတီ၏ အောက်ပါသဘောထားများကို ထုတ်ပြန်ကြေငြာ အပ်ပါ သည်။ -

(က) ရခိုင်ပြည်နယ်အတွင်း ရခိုင်ပြည်သူ တစ်ရပ်လုံး၏ လတ်တလောလုံခြုံမှု ရှိစေရေးအတွက် အစိုးရနှင့် ရခိုင် ပြည်သူတို့ ပူးပေါင်းပါဝင်သော လုံခြုံရေးအစီ အစဉ်များချမှတ် ဆောင်ရွက်ရန်။

(ခ)ရခိုင်ပြည်နယ် အတွင်းရှိ မြို့၊ ရွာများ၌ ရခိုင်လူမျိုးများနှင့် ဘင်္ဂလီလူမျိုးများ နီးကပ်စွာရောနှောနေထိုင်မှု မရှိရအောင် ဘင်္ဂလီလူမျိုးများအား သင့်တော်ရာ၌ ယာယီသီးခြား နေရာချထားရန်။

(ဂ) ရခိုင်ပြည်နယ် အပါအ၀င် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးသို့ နည်းလမ်း ပေါင်းစုံဖြင့် ဘင်္ဂလီလူမျိုး ကျူးကျော် ၀င်ရောက်မှုများကို ဟန့်တားရေးအတွက် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးအားလုံးက ၀ိုင်းဝန်းပါဝင် ဆောင် ရွက်ပေးရန်။

(ဃ) ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ညှိနှိုင်းမှုများရယူပြီး မြန်မာနိုင်ငံ သားမဟုတ်ကြသည့် ဘင်္ဂလီများကို ကာလ တစ်ခုသတ်မှတ်၍ တတိယနိုင်ငံများသို့ ရွှေ့ပြောင်း နေထိုင်စေရန်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ

ဗဟိုဌါနချုပ်၊ စစ်တွေမြို့

Tuesday, 26 June 2012

ထိုင်းမြန်မာနယ်စပ်အခြေစိုက် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDFအဖွဲ့က (ရိုဟင်ဂျာ)ကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးတမျိုးအနေနဲ့ အသိအမှတ် ပြုမှာမဟုတ်ကြောင်း ဒီကနေ့ ကြေညာချက်ထုတ်ပြန်


ထိုင်းမြန်မာနယ်စပ်အခြေစိုက် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDFအဖွဲ့က
(ရိုဟင်ဂျာ)ကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးတမျိုးအနေနဲ့ အသိအမှတ်
ပြုမှာမဟုတ်ကြောင်း ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက် ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ်တွင်းမှာ ရိုဟင်ဂျာမူဆလင်တွေနဲ့
ဒေသခံ ရခိုင်တိုင်းရင်းသားတွေကြား အဓိကရုဏ်းတွေဖြစ်ပွါးခဲ့တဲ့အပေါ် အခြေခံပြီး အခုလို ကြေညာချက်ထုတ်ရတာဖြစ်ကြောင်း NDFအဖွဲ့
အထွေထွေ အတွင်းရေးမှူး (ခွန်အိုး)က ပြောပါတယ်။

အခုလို ရခိုင်ပြည်နယ်တွင်းအဓိကရုဏ်းတွေ ပေါ်လာရတာဟာ မြန်မာအစိုးရ
အဆက်ဆက်ရဲ့မှန်ကန်တိကျတဲ့ တရားဥပဒေစိုးမိုးရေး မရှိခြင့်ကြောင့်ပဲ
ဖြစ်ကြောင်း NDFအဖွဲ့ရဲ့ ကြေညာချက်က ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း ပေါ်ပေါက်ခဲ့တဲ့ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး
စိုးရိမ်ပူပန်ကြောင်း ၊ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေကြောင်းအရ တိတိကျကျ အရေးယူအပြစ်ပေးဖို့နဲ့ ၊ အသက်အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်သူတွေအတွက် ကူညီ ကယ်ဆယ်ရေးတွေကို မြန်မာအစိုးရကရော
နိုင်ငံတကာအစိုးရတွေကပါ ဝိုင်းဝန်းပံ့ပိုးပေးဖို့ အမျိုးသားဒီမိုကရေစီ
တပ်ပေါင်းစုအဖွဲ့က ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတိုက်တွန်းထားပါတယ်။

Monday, 25 June 2012

လက်ရှိဖြစ်ပွားနေသော မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့တို့မှ ဘင်္ဂါလီ ဆူပူမှု ပြဿနာနှင့် ပတ်သက်၍ RNDP ပါတီ သဘောထား ကြေညာချက်

လက်ရှိဖြစ်ပွားနေသော မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့တို့မှ ဘင်္ဂါလီ ဆူပူမှု ပြဿနာနှင့် ပတ်သက်၍ RNDP ပါတီ၏ သဘောထား ကြေညာချက် အမှတ် (၀၃/၂၀၁၂)

Thursday, 21 June 2012

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်သတ်ဖြတ်မှုများ ရပ်တန့်ရန်နှင့် တရားဥပဒေအရ အပြည့်အ၀ ကာ ကွယ်စောင့်ရှောက်ပေးရန် တိုက်တွန်းတောင်းဆိုခြင်း

၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၂)ရက်

ရခိုင်ပြည်နယ် နေရာတချို့တွင် လတ်တလောဖြစ်ပွါးနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အခင်းဖြစ်ပွါးရာနေရာရှိ အပြစ်မဲ့ပြည်သူများစွာမှာ ကြောက်ရွံ့စိုးရိမ်ဖွယ်ရာ အသက်ဘေးအန္တရာယ်ဆိုး များနှင့် ကြုံတွေ့နေကြရသည်။ အကြမ်းဖက်တိုက်ခိုက်မှုများမှာ ယခုအချိန်ထိ ရပ်တန့်ငြိမ်သက် သွားခြင်းမရှိဘဲ တဖြည်းဖြည်း ကြီးထွားကျယ်ပြန့်လာနေသည်ကို ကြားသိရသည်။

သက်ဆိုင်ရာ အာဏာပိုင်များမှ လုံခြုံရေးတပ်ဖွဲ့များ ချပေးထားကြောင်းနှင့် တည်ငြိမ်စေရန် ထိန်းသိမ်းထားပြီးဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားနေသည့် တပြိုင်နက်မှာပင် အဓိကရုဏ်းစတင်ဖြစ်ပွား ခဲ့သည့် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့အပြင် ရသေ့တောင်နှင့် ကျောက်တော်မြို့ တို့အထိ ကျယ်ပြန့် လာနေသည်ဖြစ်ရာ ၄င်းဒေသအတွင်းနေထိုင် ကြသော နှစ်ဖက်ပြည်သူများအတွက် အထူးစိုးရိမ်ဖွယ်ရာ ဖြစ်လာနေသည်။

ဤကဲ့သို့ အကြမ်းဖက်လုပ်ရပ်သည် လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးသော လူသားတိုင်းအတွက် မလိုလားအပ်သော ဖြစ်ရပ်ဆိုးပင်ဖြစ်သည်။ မည်သည့်အကြမ်းဖက်မှုပင်ဖြစ်စေ ထိုအကြမ်းဖက်မှု လုပ်ရပ်ကြောင့် ထိခိုက်နစ်နာမှုများကို အများဆုံး ခံစားကြရသည်မှာ အမျိုးသမီးနှင့် ကလေးသူငယ် များဖြစ်ကြသည်။

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွါးရာ မောင်တောနှင့် စစ်တွေနယ်မြေတ၀ိုက်ရှိ ရခိုင်လူမျိုး အများစုနေ ထိုင်ရာ ရွာများကို မီးရှို့ဖျက်ဆီးခံနေရခြင်းကြောင့် ယခုအခါ အကြမ်းဖက်တိုက်ခိုက်မှုမှ လွတ်မြောက်ရန် ထွက်ပြေးတိမ်းရှောင်နေကြရရာ ဒုက္ခသည်များ ပိုမိုများပြားလာနေပြီး အမျိုးသမီးနှင့် ကလေးသူငယ်များ ၏ လုံခြုံရေးအတွက် မိမိတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ များစွာစိုးရိမ်ပူပန်မိပါသည်။

ရခိုင်လူမျိုးများနှင့် ဘင်္ဂလီမူဆလင်လူမျိုးများအကြား အပြန်အလှန် အကြမ်းဖက်တိုက်ခိုက်မှုများကို ဆက်လက်ကျူးလွန်နေမည်ဆိုပါက အပြစ်မဲ့သော အမျိုးသမီးများနှင့် ကလေးများမှာကြောက်မက်ဖွယ် ရာ အသက်ဘေးအန္တရာယ်ဆိုးများနှင့် ဆက်လက်ကြုံတွေ့နေမည့် အနေအထားတွင်ရှိနေသည်။ ထို့အပြင် ယခုဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက်မှုသည် ရခိုင်ပြည်နယ်တွင်သာမက တတိုင်းပြည် လုံးအတိုင်း အတာဆောင်သည့် အခြေအနေသို့ ရောက်ရှိလာမည့်အလားအလာရှိနေသည်ကို မိမိတို့ အဖွဲ့ချုပ်မှ သုံး သပ်မိပါသည်။

ယခုဖြစ်ပေါ်နေသော အကြမ်းဖက်မှုများလုံးဝရပ်တန့်၍ ရခိုင်ပြည်နယ်ရှိ ပြည်သူများ ဘ၀လုံခြုံမှုအပြည့် အ၀ပြန်လည်ရရှိပြီး မြန်မာတနိုင်ငံလုံးရေ ရှည်ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြစေရေးအတွက် လက်ရှိ ဦးသိန်းစိန်အစိုးရမှ တာဝန်ယူဆောင်ရွက်ပေးရန် အောက်ပါအချက်များကို တောင်းဆိုလိုက် သည်။

၁။ သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် အခင်းဖြစ်ပွါးနေသော နေရာအနှံ့တွင် လုံလောက်သော လုံခြုံရေးတပ်များချထားပေးရန်နှင့် ရခိုင်ပြည်နယ် အနှံ့လက်တွေ့ကျသည့် မာရှယ်လော အမိန့်ချမှတ် ထုတ်ပြန်ပေးရန်။

၂။ ပြီးခဲ့သည့် မေလ (၂၈) ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၌ မသီတာထွေး အား လူမဆန်စွာ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် ရာဇ၀တ်မှုအတွက် တရားခံများကို မှန်မှန်ကန်ကန်ဖော် ထုတ်၍ ထိရောက်စွာ အပြစ်ပေးအရေးယူသွားရန်။

၃။ ဇွန်လ (၃)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ အစ္စလာမ်ဘာသာဝင် ခရီးသွားပြည်သူ (၁၀)ဦးအား ရက်စက်စွာ သတ်ဖြတ်ကျူးလွန်မှု အပြင် ယခုဖြစ်ပေါ်နေသော အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန်နေသူ တရားခံများအားလုံးအား အမြန်ဆုံး စုံစမ်းဖေါ်ထုတ်၍ ထိရောက်သော အပြစ်ပေးအရေး ယူမှုများ လုပ်ဆောင်ပေးရန်။

၎။ ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသော အပြစ်မဲ့ ရခိုင်လူမျိုးများနှင့် ဘင်္ဂလီမူဆလင်များ၏ အသက် အိုးအိမ်၊ ပစ္စည်းများကို တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးပါရန်နှင့် ၄င်းတို့ဘ၀ လုံခြုံရေး အတွက် ပြည့်ဝသော ကာကွယ်စောင့်ရှောက်မှုပေးရန်


ဆက်သွယ်ရန်
ဒေါ်တင်တင်ညို + 66 (0) 81 0322 882
ဒေါ်သင်းသင်းအောင် + 919 891 252 316

Wednesday, 20 June 2012

ရခိုင်ပြည်နယ်ပဋိပက္ခနှင့်ပတ်သက်၍ သံဃာ့ဆန္ဒကို ကြေငြာချက် ထုတ်ပြန်ခြင်း

စစ်ကိုင်းတောင်ရိုး၌ သီတင်းသုံးနေထိုင်လျက် ရှိကုန်သော သံဃာတော်အရှင်မြတ်များသည် ယနေ့ ဖြစ်ပေါ်လျက်ရှိသည့် ရခိုင်ပြည်နယ် အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ သံဃာ့ဆန္ဒ၊ သံဃာ့ သဘောထား ကို အတိအလင်း ထုတ်ပြန်ကြေငြာလိုက်သည်။

မြန်မာနိုင်ငံရှိ သံဃာတော်အရှင်မြတ်များသည် အမျိုး ဘာသာ သာသနာအတွက်ဆိုလျှင် သွေး အေးအေး မနေတတ်ပါ။ အရေးကြီးက သွေးနီသည့်စိတ်ဓာတ် အပြည့်အ၀ ရှိပါကြပါသည်။ အမျိုးဘာသာ သာသနာကို ဖျက်စီးနေသော၊ မြန်မာ့တိုင်းရင်းသားများကို အနိုင်ကျင့်၍ လူမဆန်စွာ မီးရှို့သတ်ဖြတ်နေသော မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမဆို ဥပဒေဘောင်အတွင်းမှ ကန့်ကွက်တားဆီးသွားမည် ဖြစ်ပေ သည်။

ယင်းသို့ သံဃာ့ဆန္ဒကို ထုတ်ပြန်ကြေငြာခြင်းသည် လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းကို ဖြစ်စေ လိုသော ကြောင့် မဟုတ်ပါ။ ပုဂံခေတ်ကကဲ့သို့ ရှမ်း ဗမာ ကချင် ကရင် ကယား မွန် ရခိုင်စသည့် မြန်မာ့တိုင်းရင်းသား လူမျိုးအချင်းချင်း လက်တွဲကာ အေးချမ်းစွာ နေလိုသောကြောင့် ဖြစ်ပါသည်။ ယင်းထုတ်ပြန်ကြေငြာချက် ကိုလည်း လွှတ်တော် ၂-ရပ်လုံးသို့ တင်သွင်းမည်ဖြစ်ပါသည်။

ယင်းကြေငြာချက်မှာ အချက် (၅)ချက် ဖြစ်ပါသည်။ ယင်း (၅)ချက်မှာ . . .
(၁)၂၀၁၂-ခုနှစ်၊ မေ ၂၈-ရက်နေ့သည် မြန်မာတစ်မျိုးသားလုံးအတွက် မမေ့နိုင်သော နေ့ တစ်နေ့ဖြစ်သည်။ ထိုနေ့သည် အနာဂတ်မြန်မာနိုင်ငံ၏ “သွေးချောင်းစီးပြီး နိုင်ငံပြိုကွဲနိုင်သော အန္တရာယ်”ကို ထင်ထင်ရှားရှား မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။ ထိုနေ့တွင် လူမျိုးခြား ဖြစ်သော ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိးများ၏ ရက်စက်မှု၊ စော်ကားမှု၊ ဗိုလ်ကျမှု၊ အနိုင်ကျင့်မှုကို မြန်မာတစ်မျိုးသားလုံး ခံလိုက်ရသည့်နေ့ ဖြစ်၏။ ထို့ကြောင့် မေ ၂၈-ရက်နေ့သည် မြန်မာတစ်မျိုးသားလုံးကို တပ်လှန့်ခြင်း၊ သတိပေးနှိုးဆော်ခြင်းပင် ဖြစ်သောကြောင့် ထိုနေ့ကို “ကျောက်နီမော်ရဲ့ ခေါင်းလောင်းသံနေ့” အဖြစ်သတ်မှတ်ပါသည်။

ထိုမေ ၂၈-ရက်နေ့၌ ရခိုင်ပြည်နယ်၊ ကျောက်နီမော်ရွာနေ မြန်မာ့တိုင်းရင်းသူ ဗုဒ္ဓဘာသာဝင် ရခိုင်အမျိုးသမီး မသီတာထွေးကို လူမျိုးခြားဖြစ်သည့် ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုး သုံးယောက်က မုဒိန်းကျင့်၍ သတ်ဖြတ်လိုက်၏။

ဘင်္ဂါလီလူမျိုးသုံးယောက်သည် မြန်မာမြေပေါ်မှာနေ၊ မြန်မာ့ရေကိုသောက်၊ မြန်မာ့ဆန်ကိုစား၍ မြန်မာ့တိုင်းရင်းသူ ရခိုင် အမျိုးသမီးလေးကို လူမဆန်စွာ သတ်ဖြတ်လိုက်ခြင်းသည် “ယာရှင်ကို မျောက်တွေကမောင်း” ဆိုသကဲ့သို့ အိမ်ရှင်မြန်မာတိုင်းရင်းသားများကို ဗြောင်ကျကျ ဗိုလ်ကျခြင်းပင် ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်မြန်မာ့ တိုင်းရင်းသား အားလုံးကို ဤနယ်မြေ၌ မနေရဲအောင် ကြိုတင်စီမံချက်ဖြင့် ရည်ရွယ်ချက်ရှိရှိ စော်ကားခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော အကြမ်းဖက်သမား ဘင်္ဂါလီအုပ်စုများကို အများပြည်သူ ရှေ့မှောက်၌ ထိရောက်စွာ အရေးယူ ပေးပါရန်။

(၂) ရခိုင်ပြည်နယ်အရေးအခင်း (သို့မဟုတ်) ကျောက်နီမော်အရေးအခင်း၏ ဖြစ်ရခြင်း၏ လက်သည် တရားခံကို ရှာဖွေရပေမည်။ လှုံ့ဆော်သူ၊ တိုက်တွန်းသူမရှိလျှင် ဤမျှလောက် လုပ်ရက်စရာ အကြောင်းမရှိ။ ရခိုင်အမျိုးသမီးလေးကို မုဒိန်းကျင့်ပြီး သတ်ဖြတ်သူများမှာ မွတ်စလင်ဘာသာဝင် ဘင်္ဂါလီလူမျိုး ၃-ယောက် ဖြစ်သော်လည်း သူတို့၏ နောက်ကွယ်မှ ကြိုးကိုင်နေသူ၊ လှုံ့ဆော်နေသူ ရှိပေသည်။ ထိုသူများသည်သာ အဓိကတရားခံ ဖြစ်ပေသည်။

“အရင်းစစ်လျှင် အမြစ်မြေက”ဆိုသကဲ့သို့ ယခုလို လူသတ်၊ မုဒိန်းကျင့်၊ မီးရှို့စသဖြင့် အတင့်ရဲစွာ ပြုလုပ်ခြင်းသည် မွတ်စလင်ဘာသာဝင် ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုးများ၏ သွေးထိုးမှု၊ လှုံ့ဆော်မှုတို့ကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ရခိုင်ပဋိပက္ခ (သို့မဟုတ်) ကျောက်နီမော် အရေးအခင်း၏ အဓိကတရားခံမှာ “မွတ်စလင်ဘာသာဝင် ဘင်္ဂါလီလူမျိုးများ” ဖြစ်ကြောင်း ကမ္ဘာသိ ကြေငြာပေးရန်။

(၃) ၁၈၂၅-တွင် ရခိုင်ပြည်နယ်၌ မွတ်စလင် ဘင်္ဂါလီလူဦးရေ ၃၀,၀၀၀ ရှိခဲ့ရာမှ ၁၉၃၀- ခုနှစ်တွင် ဘင်္ဂါလီလူဦးရေ ၂၁၇၈၀၀-ထိ တိုးပွားလာပါသည်။ ဗြိတိသျှအစိုးရက မွတ်စလင် ဘင်္ဂါလီ လူဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေစုံစမ်းရန် ၁၉၃၉-ခု ၌ စုံစမ်းရေး ကော်မရှင် တခု ဖွဲ့စည်းပေးခဲ့ရသည်အထိ ဖြစ်ခဲ့ရပါသည်။ သို့သော် ထိထိရောက်ရောက် မလုပ်ဖြစ်ခဲ့ပါ။

ထိုကဲ့သို့ တဖြေးဖြေးနှင့် ဘင်္ဂါလီလူဦးရေ တိုးပွားလာခဲ့ရာ ယခုအချိန်မှာတော့ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီလူဦးရေမှာ ၁-သန်း ကျော် ရှိနေပြီ ဖြစ်၏။ အဘယ့်ကြောင့် ထိုမျှလောက် မြန်မြန်ဆန်ဆန် တိုးပွားလာသနည်း။

မွတ်စလင်အုပ်စုဝင် မှောင်ခိုဂိုဏ်းကြီးတစ်ခုမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီကုလားများကို ခိုးသွင်းခြင်း၊ မြန်မာ့တိုင်းရင်းသူများကို မွတ်စလင်ဘာသာဝင်ဖြစ်အောင် သိမ်းပိုက်ခြင်း၊ ဇနီးများများယူခြင်း၊ သားသမီးများများ မွေးထုတ်ပေးခြင်း၊ စသည်ဖြင့် မတရားသဖြင့် ကြိုးစားသောကြောင့်ပင်တည်း။

အစိုးရအဆက်ဆက်သည် မွတ်စလင်အုပ်စုဝင် မှောင်ခိုဂိုဏ်းကြီးအကြောင်း မသိကြပါ။ ယင်းမှောင်ခိုဂိုဏ်းကြီးသည် တစ်ဘက်နိုင်ငံမှ ဘင်္ဂါလီလူမျိုးများကို မြန်မာ နိုင်ငံ၌ နေထိုင်ခွင့်ရအောင် လိမ်ညာ၍ မှတ်ပုံတင်များရအောင် စီစဉ်ပေးခြင်း၊ မှတ်ပုံတင်အတုများ ပြုလုပ်ပေး ခြင်း၊ ထိုသို့မှ မရလျှင် နိုင်ငံတကာ၏ ထောက်ခံမှုရအောင် ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုးများသည် “မြန်မာ့တိုင်းရင်းသား” ဖြစ်ကြောင်း ကမ္ဘာ့မီဒီယာများမှ တဆင့် လူသိထင်ရှား ထုတ်ဖေါ်ပြော ခိုင်းခြင်းစသည်ဖြင့် လုပ်ဆောင်လျက် ရှိပါသည်။ ထို့ကြောင့် ပြဿနာပေါင်း သုံးခြောက်ထောင်ကို မီးမွှေးနေသော မွတ်စလင်အုပ်စုဝင် ယင်းမှောင်ခိုဂိုဏ်းကြီးကို စိစစ်ဖေါ်ထုတ်၍ ပြင်းပြင်းထန်ထန် အရေးယူပေးရန်။

(၄) ဖဆပလခေတ် အစိုးရမှသည် ယခုအစိုးရမတိုင်မီအထိ ယခင်အစိုးရလက်ထက်က ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီလူမျိုးများ မြန်မာနိုင်ငံထဲသို့ ခိုးဝင်လာသောကြောင့် နဂါးမင်းစစ်ဆင်ရေး၊ ဟင်္သာစစ်ဆင်ရေး ပြုလုပ်ပြီး ဘင်္ဂါလီလူမျိုးများကို မောင်းထုတ်ခဲ့ဖူးပါသည်။

ယခု အချိန်မှာလည်း မြန်မာနိုင်ငံအတွင်းသို့ ဘင်္ဂါလီလူမျိုးများ ၀င်လာမဆဲတသဲသဲပင်။ ထို့ကြောင့် တရားမ၀င်နေထိုင်လျက် ရှိသည့် ဘင်္ဂါလီလူမျိုးများကို မြန်မာနိုင်ငံမှ အပြီးပိုင်ထွက်ခွာသွားရေးအတွက် နဂါးမင်းစစ်ဆင်ရေး ဟင်္သာစစ်ဆင်ရေးကဲ့သို့ စစ်ဆင်ရေးများ ပြန်လည် ပြုလုပ်ပြီး တိုင်းတပါးသား ဘင်္ဂါလီလူမျိုးများကို အမိမြန်မာပြည်မှ နှင်ထုတ်ပေးရန်။

(၅) ယနေ့မျက်မှောက်ခေတ်၌ ကမ္ဘာ့လူသားများကို မီးလောင်တိုက်သွင်းနေသည့် မွတ်စလင်အုပ်စုဝင် “အယ်လ်ကိုင်ဒါ” အဖွဲ့ကို နိုင်ငံတကာက“အကြမ်းဖက်အဖွဲ့” အဖြစ် အတိအလင်း သတ်မှတ်ထားပါသည်။ ယင်း အကြမ်းဖက်အဖွဲ့ကြီးသည် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသော အဖွဲ့ကြီးဖြစ်ပေသည်။

တချို့ ဘင်္ဂါလီလူမျိုးများသည် ယင်းအယ်လ်ကိုင်ဒါအဖွဲ့နှင့် ဆက်သွယ်ကာ အကြမ်းဖက် လုပ်ရပ် များလုပ်ဖို့ ရေတိုရေရှည် စီမံကိန်း ရေးဆွဲထားပေသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်အရေးအခင်းသည် တခဏချင်း ကြီးထွားလာခြင်းဖြစ်ပါသည်။ ဇွန် ၁၃-ရက်နေ့အထိ နောက်ဆုံးသတင်းအရ အိမ်ခြေပေါင်း ၂၅၂၈ - မှာ မီးရှို့ခံလိုက် ရ၏။ မြန်မာ့တိုင်းရင်းသား ၂၉-ယောက် အသတ်ခံလိုက်ရ၏။ တစ်ရွာသား၏ ဗိုလ်ကျခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်ပါသည်။

ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုးဆိုသည်မှာ ၁၈၂၄-နောက်ပိုင်း မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးမှ ၀င်ရောက် လာသော မွတ်ဆလင်ဘာသာ ကိုးကွယ်သည့် စစ်တကောင်းတောင်တန်းနေ ဘင်္ဂါလီလူမျိုး များ ပင် ဖြစ်သည်။ အင်္ဂလိပ်အုပ်ချုပ်မှု လက်အောက်၌ လယ်ကူလီများအဖြစ် ရောက်လာကြသူများပင်တည်း။ ဒေသခံ ဗုဒ္ဓဘာသာဝင် ရခိုင်များက သူတို့ကို သနားသဖြင့် အမှတ်မထင် လက်ခံထားခဲ့ရာမှ တဖြေးဖြေး တိုးပွားလာခြင်း ဖြစ်ပေသည်။ လူမျိုးခြား၊ ဘာသာခြားကို သနားခြင်း၏ ဆိုးကျိုးပင်တည်း။ အားနာက ခါးပါရသည် မဟုတ်ပါလော။

၁၉၂၁- ခုနှစ်တွင် အင်္ဂလိပ်အစိုးရမှ ရခိုင်ပြည်နယ်မှာ ရှိနေသည့် မွတ်ဆလင် ဘာသာဝင် ဘင်္ဂါလီလူမျိုး အားလုံးကို အိန္ဒိယတိုင်းရင်းသားများအဖြစ် မှတ်တမ်းတင်ခဲ့သည်။ မြန်မာ့တိုင်းရင်းသားဟု ဘယ်တုံးကမှ မသတ်မှတ်ခဲ့ပါ။

ယခုရခိုင်ပြည်နယ် ပဋိပက္ခ၌ ယင်းဘင်္ဂါလီလူမျိုးများက မြန်မာ့တိုင်းရင်းသားလူမျိုးများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ အမျိုးသမီးများကို မုဒိန်းကျင့်ခြင်း၊ ပစ္စည်းများကို လုယက်ခြင်းသည် လူမဆန်သည့် လုပ်ရပ်ဖြစ်ပါ သည်။ ယင်းသို့ လူမဆန်သောလုပ်ရပ်များကို လုပ်နေသော ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုးများသည် “မြန်မာ့ တိုင်းရင်းသား” လုံးဝ မဟုတ်ပါ။

ထို့ကြောင့် တိုင်းပြည်ရှိ သံဃမဟာနာယကဆရာတော်များ၊ လူထုခေါင်းဆောင်၊ ပါတီခေါင်းဆောင်၊ ကျောင်းသား ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခကြီးများ၊ စာရေးဆရာများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အလုပ်သမားသမဂ္ဂ တို့မှ ရိုဟင်ဂျာခေါ် ဘင်္ဂါလီများသည် တိုင်းရင်းသား မဟုတ်ကြောင်း ကမ္ဘာသိ ကြေငြာပေးရန်။

ဘုရင်အနော်ရထာသည် အရှင်အရဟံကို ဆရာတင်၍ မြန်မာနိုင်ငံကြီးကို ဘက်ပေါင်းစုံမှ တိုးတက် အောင် ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ခဲ့၏။ အရှင်အရဟံကလည်း ဘုရားသားတော်ပီပီ တိုင်းသူ ပြည်သား လူအများအား ဓမ္မကို ဟောပြောပို့ချ၍ ဂုဏ်သရေရှိသော မြန်မာ့ယဉ်ကျေးမှုကို ဖန်ဆင်းခဲ့ပါသည်။

ထိုကဲ့သို့ ဆရာဒကာလက်တွဲ၍ ကြိုးစားအားထုတ်ခဲ့သောကြောင့် မြန်မာ့ယဉ်ကျေးမှုသည် ဘုန်းမီး နေလတောက်ခဲ့၏။ အမျိုးဘာသာ သာသနာသည် တိုးတက်ခဲ့၏။ ထို့ကြောင့် မြန်မာတိုင်းရင်းသားများအတွက် အရှင်အရဟံနှင့် ဘုရင်အနော်ရထာ၏ ကျေးဇူးတို့ကား ဆပ်၍ မကုန်နိုင်လောက်အောင် ကြီးမား လှပေသည်။ ထိုကျေးဇူးတရားဆပ်သောအားဖြင့် ဆရာဒကာလက်တွဲကာ လူမျိုးခြား ဘာသာခြား တိုင်းတပါးသားများကို ဥပဒေဘောင်အတွင်းက တားဆီးကာကွယ်သွားရမည် ဖြစ်ပေသည်။

စစ်ကိုင်းတောင်ရိုးမှ သံဃာတော်များ
(၂၀၁၂-ခု၊ ဇွန် ၁၆-ရက်၊ စနေနေ့)

လူကြိုက်များသော သတင်းဆယ်ပုဒ်

 
Blogger Widgets