Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Monday, 6 August 2012

ကျောက်တော်မြို့နယ်တွင် မီးရှို့မူများ ပေါ်ပေါက်နေ

နိရဉ္ဇရာ

ထွန်းထွန်း
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တွင် ရခိုင်နှင့် မွတ်ဆလင်များ အကြားး တဘက်နှင့် တစ်ဘက် အပြန်အလှန် မီးရှို့မူများ ပေါ်ပေါက်နေကြောင်း  သတင်း ရရှိသည်။

ထိုကဲ့သို့ မီးရှို့မူများ ဖြစ်နေသော ကျေးရွာများးမှာ ဂုတ်ပီထောင့်၊ အပေါက်ဝ၊ ရွှေလိုင်နှင့် တောင်ပေါက်ရွာ တို့တွင် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အပြန်အလှန် မီးရှို့မူများ ဖြစ်ပွားလာခဲ့ခြင်းမှာ ဒေသအတွင်း တာဝန်ကျနေသော စစ်ဘက်ဆိုင်ရာ အရာရှိကြီများ၏ လာဒ်ပေး လာဒ်ယူမူများနှင့် ပြဿနာများ ဖြစ်ပေါ်တိုင်း  အရေးယူရန် ပျက်ကွက်ခြင်း များကြောင့် ဖြစ်ကြောင်း ကျောက်တော် ဒေသခံ တစ်ဦးက ပြောသည်။

“ ကျွန်တော် ကျောက်တော်မြို့ ကားဂိတ်ကို သြဂတ်စ်လ ၂ ရက်နေ့ ၀ါဆိုလပြည့်နေ့မှာ အောက်ပိုက်သည် ရွာက မွတ်ဆလင် လူအုပ်က  ညဥ့် ၂ နာရီတီးမှာ ၀င်ရောက် ဖျက်ဆီးတယ်။ ရွှေပြည်သစ် ကားးဂိတ် အပါအ၀င် တခြား အဆောက်အဦးတွေ ပြူတင်းတွေ ဖျက်ဆီးခြင်းကို ခံရတယ်။ မြို့ထဲက လူတွေနဲ့ လုံခြုံရေး ယူထား သူတွေ လိုက်သွားတော့ ဆူပူ အကြမ်းဖက်သူတွေက ထွက်ပြေးသွားတယ်။ ရဲကို သွားတိုင်တောာ့ စစ်တပ်က အမိန့်မရတဲ့ အတွက် ဘာမှ အရေး မယူဘူး။ ဒီလို လုပ်တော့ ရခိုင်တွေက မကျေနပ်မူတွေ တိုးပွား လာကြတယ်” ဟု ကျောက်တော် ဒေသခံ တစ်ဦးက ပြောသည်။

ကျောက်တော်မြို့ အခြေစိုက် စကခ ၉ တပ်မမှူးအား  ကျပ်သိန်း ၅၀၀ နှင့် တပ်ရင်းမှူးအား ကျပ်သိန်း ၃၀၀ စီ မွတ်ဆလင် ကျေးရွာများကို ကာကွယ်ရန် ဘာသာရေး ခေါင်းဆောင်များက လာဒ်ငွေ ပေးထားသည်ဟု စွပ်စွဲမူများလည်း ကျောက်တော်တွင် သတင်း ထွက်ပေါ်နေကြောင်း ပြောသည်။

“ အခုလို အကြမ်းဖက်တဲ့ သူတွေကို မွတ်ဆလင်တွေ ဖြစ်ဖြစ်၊ ရခိုင်တွေဘဲ ဖြစ်ဖြစ် ချက်ချင်း  အရေး မယူတော့ တဘက်နဲ့ တဘက်ကြားမှာ မကျေနပ်မူတွေ တိုးပွားလာပြီး အခု အပြန်အလှန် မီးရှို့မူတွေ ပေါ်ပေါက် လာတယ်” ဟု သူက ပြောသည်။

သြဂတ်စ်လ ၅ ရက်နေ့က မီးရှို့မူ ဖြစ်ပွားရာ အပေါက်ဝတွင် ၂၅ ဆောင်၊ ဂုတ်ပီထောင့်တွင် အိမ်ခြေ ၅၃ ဆောင်နှင့် ရွှေလိုင်တွင် ၃၅ ဆောင် ပါဝင်သွားခဲ့သည်ဟု သိရသည်။ အများစုမှာ မွတ်ဆလင် နေအိမ်များ ဖြစ်ကြောင်း သိရသည်။

ကျောက်တော် တောင်ဘက် တမိုင်ခန့်အကွာတွင် တည်ရှိသော တောင်ပေါက်ရွာမှ ရခိုင် အမျိုးသား ပိုင်ဆိုင်သော ဆန်စက်ကြီး တလုံးကို သြဂုတ်လ ၅ရက်နေ့ ညဥ့်အချိန်တွင် မီးရှို့ခံရပြီး ဆန်အိပ် ၁၀၀ နှင့် စပါးတင်း ၄၀၀၀ မီးထဲ ပါသွားခဲ့သည်ဟု ဆိုသည်။

ယခု မီးရှို့မူများကို တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် စွပ်စွဲနေကြပြီး  မွတ်ဆလင်များမှာ ကျောက်တော်တွင် လူနည်းစု ဖြစ်သဖြင့် ပိုမို  ထိခိုက် ပျက်စီးဖွယ်ရှိသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် ပြဿနာသည် ဘာသာရေး ပဋိပက္ခမဟုတ်ကြောင်းနှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုများ မရှိကြောင်း ကမ္ဘာတွင် အစ္စလာမ်ဘာသာဝင် အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပြောကြား

EMG

ရခိုင်ပြည်နယ် ပြဿနာသည် ဘာသာရေး ပဋိပက္ခမဟုတ်ကြောင်း နှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုများ မရှိကြောင်း ကမ္ဘာတွင် အစ္စလာမ်ဘာသာဝင် အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူဆီလိုဘန်ဘမ်း ယူဒိုယူနိုက သြဂုတ်လ ၄ ရက်နေ့က ပြောကြားခဲ့သည်။

''မြန်မာအစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ရာ လူ့အဖွဲ့အစည်းများ  ပြန်လည်ရင်ကြားစေ့ရေး လုပ်ဆောင်မှု အပါအ၀င် ဒီမိုကရေစီဖော်ဆောင်ရေး လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ မြန်မာအစိုးရအနေနဲ့ မေလနဲ့ ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပြီးမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်''ဟု အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘမ်းယူဒိုယူနိုက အင်ဒိုနီးရှားနိုင်င်ငံ၊ အနောက်ဂျားဗားရှိ သူ၏နေအိမ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘမ်းယူဒိုယူနိုက ရခိုင်- ရိုဟင်ဂျာပြဿနာသည် ဘာသာရေး ပဋိပက္ခမဟုတ်ဘဲ ဒေသတွင်း လူအုပ်စုကြားဖြစ်ပွားသည့် ပဋိပက္ခသာဖြစ်ပြီး ''အကြောင်းတိုက်ဆိုင်၍ ရိုဟင်ဂျာများက မွတ်ဆလင်ဖြစ်ကာ ရခိုင်များက ဗုဒ္ဓဘာသာ ဖြစ်နေတာ သာဖြစ်ကြောင်း'' ပြောကြားခဲ့သည်။

လူမျိုးသုဉ်း သတ်ဖြတ်မှုများ ရှိနေသည်ဆိုသည်မှာ မမှန်ကြောင်းနှင့် ''လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုတဲ့ လက္ခဏာ မရှိပါဘူး''ဟု  အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန် ဘမ်းယူဒိုယူနိုက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ပဋိပက္ခကို မြန်မာအစိုးရအနေဖြင့် အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ် ဇာတိဖြစ်ကြောင်း၊ သို့ရာတွင် မျိုးဆက်လေးဆက် နေထိုင်လာသည့် ၎င်းတို့ကို မြန်မာအစိုးရက တိုင်းရင်းသား ၁၃၅ မျိုးထဲတွင် ထည့်သွင်းမှု မရှိသေးကြောင်း အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘမ်း ယူဒိုယူနိုက ဆက်လက်ပြောကြားခဲ့ သည်။

ရခိုင်ပြည်နယ် အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုများအား မြန်မာအစိုးရက ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်ရုံးခွဲ)တွင် ဇူလိုင်လ ၃၀ ရက်နေ့က ရှင်းလင်းခဲ့ပြီး အဆိုပါ ရှင်းလင်းပွဲတွင် အင်ဒိုနီးရှားသံအမတ်ကြီးက ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားများထဲတွင် ပါဝင်မှု ရှိ၊ မရှိ နှင့် စပ်လျဉ်း၍ မေးမြန်းရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ''ရိုဟင် ဂျာဆိုတာ ကျွန်တော်တို့လူမျိုး မဟုတ်ပါဘူးလို့ သမ္မတကြီးက ပြောတဲ့စကားကို ကျွန်တော်ထောက်ခံ ပြောကြားလိုပါတယ်။ ဘာကြောင့်ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၁၈၂၄  ခုနှစ် ပထမ-အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ဟာ ဗြိတိသျှ ကိုလိုနီအောက် ရောက်ခဲ့ပါတယ်။ အဲဒီအခါမှာ လယ်ယာလုပ်ငန်းတွေ အတွက်၊ ကာယလုပ်ငန်းတွေ အတွက် လိုအပ်ချက်ရှိလာတဲ့အခါမှာ တစ်ဖက်နိုင်ငံမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေ ကျွန်တော်တို့နိုင်ငံကို အတားအဆီးမဲ့ ၀င် လာခဲ့တဲ့အချိန် ဖြစ်ပါတယ်။ အဲဒီတော့ ဗြိတိသျှလက်ထက်မှာရှိခဲ့တဲ့ အစိုးရပြန်တမ်းတွေကို ကြည့်တဲ့အခါမှာ ၁၉၇၃ ခုနှစ်ကကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေကို ကြည့်တဲ့အခါမှာ ကျွန်တော်တို့မှာ ဘယ်တုန်းကမှ လူမျိုးခွဲခြားမှုထဲမှာ ရိုဟင်ဂျာဆိုတာကို တရားဝင် ဖော်ပြထားတယ်ဆိုတာ မရှိပါဘူး။ ဘင်္ဂါလီလူမျိုးသာ ဖော်ပြထားတာ ရှိပါတယ်။ ကျွန်တော်တို့မှာ တရားဝင် လူမျိုးစုကြီး ရှစ်စုရှိပါတယ်။ ချင်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရှိပါတယ်။ နောက်ပြီး လူမျိုးစု ၁၀၀ ကျော် ရှိပါတယ်။ အဲဒီဟာတွေက တရားဝင်လူမျိုးစုတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာကော၊ ဗြိတိသျှအစိုးရ ပြန်တမ်းမှာရော ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင် စာရင်းတွေမှာရော ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိတဲ့အတွက်ကြောင့်  ရိုဟင်ဂျာသည် ကျွန်တော်တို့ လူမျိုးထဲမှာပါဝင်တဲ့ လူမျိုးမဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံမှာမရှိပါဘူးလို့ ဖြေကြားချင်ပါတယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်၌ အဓိကရုဏ်းများကြောင့် ရခိုင်လူမျိုး ၃၁ ဦး၊ ဘင်္ဂါလီ ၄၆ ဦး စုစုပေါင်း ၇၇ဦး သေဆုံးပြီး ၁၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် စုစုပေါင်း လူနေအိမ် ၄၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၄ လုံးနှင့် စာသင်ကျောင်း သုံးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဝေဖန်သူများက မြန်မာအစိုးရသည် ရခိုင်များကို ဦးစားပေးနေသည်ဟု ဆိုနေပေမယ့် အခြားတစ်ဖက်တွင်မူ ရိုဟင်ဂျာများသည် ကုလသမဂ္ဂ၏ အကူအညီအထောက်အပံ့ ပိုရနေသည်ဟု ရခိုင်များက သတိမူ သဘောပေါက်ထားကြောင်းလည်း အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန် ဘမ်းယူဒိုယူနိုက ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် သံတမန်လမ်းကြောင်းက တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ထံလည်း အင်ဒိုနီးရှားနိုင်ငံ၏ မျှော်လင့်မှုများပါဝင်သည့်စာကို ပေးပို့ရန် ပြင်ဆင်ထားကြောင်း ဆူဆီလိုဘန် ဘမ်းယူဒိုယူနိုက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းဖြစ်သည့် Nahdhatul Ulama ၏ ဥက္ကဋ္ဌ Said Aqil Siradj  က အင်ဒိုနီးရှားအများစုအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခသည် ဘာသာရေး အခြေခံပဋိပက္ခဖြစ်သည်ဟု လွဲမှား စွာ ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်။

'တခြားဘာသာရေး ယုံကြည်မှုတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ရန်စ တွန်းပို့တာ မခံပါနဲ့၊ စိတ်လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်ကြပါလို့ အင်ဒိုနီးရှား မွတ်စလင်တွေ အားလုံးကို ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံ လိုပါတယ်''ဟု အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး မွတ်စလင် အဖွဲ့အစည်းဖြစ်သည့် Nahdhatul Ulama ၏ ဥက္ကဋ္ဌ Said Aqil Siradj  က ပြောကြားခဲ့သည်။

Sunday, 5 August 2012

ကျောက်ဖြူတွင် မီးရှို့ရန် ကြံစည်မူ စွဲချက်ဖြင့် လူတစ်ဦး ဖမ်းဆီးခံရ

နိရဉ္ဇရာ

မောင်ရမ္မာ
ကျောက်ဖြူမြို့တွင်  မီးရှို့ရန် ကြံစည်မူ စွဲချက်ဖြင့် လူတစ်ဦးကို  သြဂတ်စ်လ ၄ ရက်နေ့က ရဲက ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြို့ မြို့ပေါ်ရပ်ကွက် တစ်ခုဖြစ်သည့် အရာရှိရပ်ကွက် အမှတ် ၄ လမ်းတွင် နေထိုင်သူ  ဗလီ ဥက္ကဌ – အဘ ဦးသန်းအောင်၏ သား ဦးသန်းဌေး (ခ) အင်္ဂလိပ်၊ အသက် (၃၈)နှစ် ဆိုသူဖြစ်သည်။

ယခု ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦး လည်းဖြစ်၊ တရားရုံးချုပ် ရှေ့နေ အငြိမ်းစား တစ်ဦး လည်းဖြစ်သူ ဦးဘရှင်ကို မေးမြန်းရာ သူက  ယခုကဲ့သို့ အတည်ပြုပြောကြားသည်။

“ ဗလီ တာဝန်ခံ တစ်ယောက်ကို ဖမ်းထားပြီး တရားစွဲဖို့ စီစဉ်နေတယ် ဆိုတာကို ကြားသိရပါတယ်။ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆၊ ၅၁၁ နဲ့ အမှုဖွင့်ထားတယ်လို့ သတင်းရရှိပါ တယ်။ ပြစ်မှုဆိုင်ရာ တရား ဥပဒေ ပုဒ်မ ၄၃၆၊ ၅၁၁ တို့က  မီးရှို့ဖို့ ကြိုတင် စီစဉ်တဲ့ အစီအစဉ်နဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။ ဥပဒေ ပေတံနဲ့ တိုင်းမယ် ဆိုလို့ ရှိရင် အဲဒီလိုဘဲ တရားစွဲရမှာ ဖြစ်တယ်” ဟု ပြောသည်။

ဦးသန်းဌေး (ခ) အင်္ဂလိပ်ကို အရှည် တစ်တောင်ခန့်ရှိသော ထင်းချောင်းများ ပေါ်တွင် ဆီစိမ် အ၀တ် ၄ လက်မခန့် ပတ်ထားသော မီးရှို့ရန် စီစဉ်ထားသည့် ထင်းချောင်း ၁၃ ချောင်း နှင့် အတူ ဖမ်းဆီး ရမိခဲ့သည်ဟု အရာရှိ ရပ်ကွက်မှ လူငယ် တစ်ဦးက ပြောသည်။

“သမ္ဗာန်ချောင်းရပ်ကွက်နဲ့ ကျွန်တော်တို့ အရာရှိ ရပ်ကွက်ကို ဒီလ ၄ ရက်နေ့ နံနက် အစောကြီး  ၃ နာရီ လောက်မှာ ဧည့်စာ ရင်းလာစစ်ပါတယ်။ ဧည့်စာရင်း စစ်တဲ့ အခါမှာ သူ့ကို မီးရှို့ဖို့ စီစဉ်ထားတဲ့ မီးချောင်း တွေနဲ့ အတူ ဖမ်းမိတာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ၄ ရက်နေ့ နေ့လည်မှ စလို့ သိရပါ တယ်။ ကျောက်ဖြူ အရာရှိ ရပ်ကွက်က ဗလီဥက္ကဌပါ။ အခု သူ့ကို အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ပြီး တရားစွဲဖို့ လုပ်နေပါတယ်” ဟု ဆိုသည်။

ယခု အမှုနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့တွင် ပါဝင် ပတ်သက်နိုင်သူများဟု  သံသယ ရှိသူ ၁၀ ယောက်ထက် မနည်းကိုလည်း ရဲက ဖမ်းဆီးထားသည် သိရသည်။ သို့သော် အတည် မပြုနိုင်ခြင်း မရှိသေးပါ။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သေချာစွာ သိရှိနိုင်အောင် နိရဉ္စရာက ကျောက်ဖြူရဲစခန်းကို မေးမြန်းရာ ဖုံးကိုင်သူ ရဲအရာရှိက ခဏကိုင်ထားပါဆိုပြီး နောက်ပိုင်းတွင် ကျွန်တော် အခုမှ ဂျူတီ ချိန်းလာတာပါ၊ အဲဒီကိစ္စ မသိရသေးပါဟု ပြောဆိုကာ ဖုံးချသွားခဲ့ပါသည်။ ဖုံးကိုင်ထားစဉ် အတွင်း “ ဟိုကိစ္စမေးနေပါတယ်၊ ဘယ်လို ဖြေကြားလိုက်ရမလဲ” ဟု အထက် တာဝန်ရှိသူကို မေးမြန်းသံများကိုလည်း ဖုံးထဲမှ နိရဉ္စရာမှ ကြားသိ ခဲ့ရပါသည်။

မီးရှို့ရန် ကြံစည်မှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ပေးခြင်း မရှိသဖြင့် ကျောက် ဖြူ ဒေသခံ အကြားတွင် အဆိုပါ ဖမ်းဆီးမူနှင့် ပတ်သက်ပြီး အမျိုးမျိုး သတင်းများ ဖြစ်ပေါ်နေကာ ကောလဟလ သတင်း များကြောင့် မလိုလားအပ်သော အကျိုးဆက်များ   ဖြစ်ပေါ် လာမည်ကိုလည်း အများက စိုးရိမ်နေကြောင်း သိရသည်။

၈၈ မျိုးဆက် ကျောင်းသားများနှင့် ကျောက်ဖြူ လူထု တွေ့ဆုံပွဲတွင် လူထု ချစ်ခင် ယုံကြည်မူက အာဏာထက် ပိုတန်ဖိုးရှိကြောင်း ကိုကိုကြီးမှ ပြောကြား

နိရဉ္ဇရာ

သြဂတ်စ် (၄) ရက်နေ့ ရန်ကုန် မပြန်မီ ကျောက်ဖြူမြို့တွင် ပြုလုပ်သော ၈၈ မျိုးဆက် ကျောင်းသားများနှင့် ရခိုင်လူထုတို့ တွေ့ဆုံပွဲ၌ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးမှ လူထု ချစ်ခင် ယုံကြည် လေးစားမူမှာ အာဏာထက် တန်းဖိုးရှိကြောင်း ပြောဆိုသွားခဲ့သည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ကျောက်ဖြူလူထု တွေ့ဆုံပွဲတွင် စကား ပြောကြားနေစဉ်( ဓါတ်ပုံ- နိရဉ္စရာ)

သြဂတ်စ် ၄ ရက်နေ့ နံနက် ၇ နာရီခွဲချိန်မှ စတင်ပြီး ၁၁ နာရီ ခွဲထိ ကျောက်ဖြူမြို့ ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သော ၎င်း ဆွေးနွေးပွဲသို့ ကျောက်ဖြူမြို့မှ နိုင်ငံရေး သမားများ အပါအ၀င် လူပေါင်း ၂၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်။

ကိုကိုကြီးမှ နောက်ဆုံး အပိတ် မိန်းခွန်း ပြောကြားရာတွင် တက်ရောက်လာသူများအား  လူထု ယုံကြည်မူ တည်ဆောက်ရန် လိုအပ်ကြောင်း ယခုကဲ့သို့ ပြောဆိုသည်။

“ လူထု ယုံကြည်မူ ရအောင်သာ ကျွန်တော်တို့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး ဦးဆောင်တဲ့ သူတွေက ဒီ တက်ကြွတဲ့ လူငယ်တွေက အစ လူထု ယုံကြည်မူ ရအောင် ကြိုးစားပါ။ အဲဒါ အာဏာထက် ပိုပြီး တန်ဖိုးရှိတယ်။ ပိုပြီးတော့  ထက်မြက်ပါတယ်” ဟု ပြောသည်။

လူထု ချစ်ခင် ယုံကြည်မူ ရရှိအောင် လုပ်ဆောင်ရန် လိုအပ်ချက်များကို သူက ယခုလို ထောက်ပြ ပြောဆိုသည်ဟု ဆိုသည်။

“ အဓိကတော့ ဒီထက် ပိုပြီး အလုပ် လုပ်ကြဖို့။  လူထုရဲ့ ယုံကြည် ကိုးစားမူရအောင် ဆောင်ရွက်နိုင်ဖို့။ ဒါ အခုနက ကျနော်တို့ မြို့တိုင်း မြို့တိုင်းမှာ တက်ကြွ လူပ်ရှားတဲ့ သူတွေ အားလုံကိုလည်း ထပ်ပြီး တိုက်တွန်းပါရစေ။  အကြံပြုပါရစေ။ ကျွန်တော်တို့မှာ ဘာအာဏာမှ မရှိပေမယ့် လို့ ရောက်တဲ့ နေရာတိုင်းမှာ ကျနော်တို့ ကိုယ်အိမ်ကို ပြန်ရောက် သလို မျိုး သောင်းသောင်းဖြဖြ သိုက်သိုက်ဝန်းဝန်း ကြိုဆိုကြတာကို မြင်ပီးတော့ တစ်ခါ တစ်ခါ ဆိုရင် ကျနော်ကိုယ်တိုင် မျက်ရည်လည်တယ်။ ပီတိ ဖြစ်တယ်။ အဲဒါ အာဏာထက် ပိုပြီး တန်ခိုးရှိပါတယ်။ အဲသလို အခြေအနေမျိုးကို လူတိုင်း လုပ်နိုင်ပါတယ်။

ကျွန်တော်တို့တွင်  မဟုတ်ဘူး။ လူတိုင်း လုပ်နိုင်ပါတယ်။ ကျောက်ဖြူမှာ ကျောက်ဖြူလူငယ်တွေ၊ ရမ်းဗြဲမှာ ရမ်းးဗြဲက လူငယ် ခေါင်းဆောင်တွေ အဲသလို အခြေအနေမျိုးကို ကိုယ်ဟာကို လုပ်ယူလို့ရပါတယ်။ အဲဒါ အာဏာဆိုတာထက် တန်ဖိုးရှိပါတယ်။ လူထု ချစ်ခင်မူ လေးစားမူ ယုံကြည်မူကို အားလုံး တည်ဆောက်လို့ ရပါတယ်” ဟု ဆိုသည်။

၎င်းပြင် ကိုကိုကြီးမှ ရခိုင်ပြည်နယ်တွင်  ရခိုင်အမျိုးသားများ အကြားတွင်  ညီညွတ်ရေး ရရှိရန် လိုအပ်ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတွင်လည်း  တိုင်းရင်းသားများ ကြားထဲတွင်  ညီညွှတ်ရေး လိုကြောင်း၊ သို့မှသာ  လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို  ပူးပေါင်း ကျော်လွှားနိုင်သည့် အခြေအနေ တစ်ခု ဖြစ်လာနိုင်မည် ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

နောက်ပိုင်းတွင် ဦးကိုကိုကြီးမှ နိုင်ငံသားများ သက်ဆိုင်သော ကိစ္စကို ယခုလို ရှင်းလင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

“ ဖွဲ့စည်း အခြေခံ ဥပဒေအရ။  ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ အခု ဖွဲ့စည်းပုံ အခြေခံ အခု ဥပဒေနဲ့  ပြောတာ  မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တိုင်းရဲ့ စံနုန်း တွေအရ  နိုင်ငံသား  အားလုံးဟာ  တန်းတူ အခွင့်အရေး နိုင်ငံတော်ရဲ့ အကာအကွယ်ကို တန်းတူ ရယူပိုင်ခွင့်ရှိပါတယ်။ အဲဒါဟာ ဥပဒေအရ လက်ခံ ရမယ့် ကိစ္စ  တစ်ခု ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံသားရယ်လို့ ဖြစ်လာပြီဆိုရင် နိုင်ငံသား အဖြစ် မှန်မှန်ကန်ကန် ရခဲ့တားလား။  မသမာနည်းတွေနဲ့ ရခဲ့တာလား။ ဒါက တပိုင်းပါ။ သို့သော် အစဉ်အလာနိုငံသား အဖြစ် ရရှိထား ပုဂ္ဂိုလ် အားလုံးဟာ ဥပဒေအရ တန်းတူ ညီတူ ဖြစ်ပါတယ်။
ကျောက်ဖြူ လူထု တွေ့ဆုံပွဲ ( ဓါတ်ပုံ- နိရဉ္စရာ)

ဒါကြောင့်မို့လို့ နိုင်ငံသားတွေကြားထဲမှာ   ခွဲခြားပြီးတော့ ဥပဒေ ပြဌာန်းတာ၊ ဆက်ဆံ တာမျိုးဟာ တည်ဆဲ ဥပဒေ အရရော၊ နိုင်ငံတကာလူအခွင့်အရေး စံချိန် စံညွှန်းအရ ရော  အလေးအနက် ထားရမယ့် ကိစ္စ ဖြစ်တယ်” လို့ ပြောဆိုသွားသည်။

နယ်စပ် လုံခြုံရေးနှင့် ပတ်သက်ပြီးလည်း မြန်မာ နယ်စပ် အခြေအနေများကို အန္ဒိယ၊ အမေရိကန်တို့နှင့် နိုင်းယှဉ်ပြောကြားသွားသည်ဟု သိရသည်။ ၎င်းပြင် ဆရာတော် ဦးဥတ္တမကိုလည်း ဦးကိုကိုကြီးမှ ဂုဏ်ပြု ပြောကြား သွားကြောင်း  သိရသည်။

၈၈ မျိုးဆက် ကျောင်းသားများနှင့် ကျောက်ဖြူ လုထု တွေ့ဆုံပွဲသို့ ဆရာတော်များ၊ နိုင်ငံရေး သမားများ၊ ကျောင်းသား လူငယ်များ တက်ရောက်ခဲ့ကြပြီး မောင်တော ဆရာတော်၊ ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေ၊ လူငယ် ခေါင်းဆောင် ကိုဗလတို့မှလည်း ပါဝင် တက်ရောက် ဆွေးနွေး ခဲ့ကြသည်ဟု ဆိုသည်။

ဦးကိုကိုကြီး ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များသည် ရမ်းဗြဲ၊ မသီတာထွေး မိသားစု ရှိရာ ကျောက်နီမော် (သပြေချောင်း)၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းသို့ သွားရောက်ခဲ့ကြသည်။
သြဂတ်စ် ၄ ရက်နေ့ နေ့လည်ပိုင်းတွင် ဦးကိုကိုကြီးနှင့် အဖွဲ့သည် ကျောက်ဖြူမှ ရန်ကုန်သို့အဲယား မန္တလေးဖြင့် ပြန်လည် ထွက်ခွာသွားသည်ဟု သိရသည်။

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ထောင် အနှစ် ၄၀ ချခံရ

နိရဉ္ဇရာ

မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော မွတ်ဆလင်များ၏ အကြမ်းဖက်တိုက်ခိုက်မူ အပေါ် လက်ပိုက်ကြည့်နေခဲ့သော နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးကွပ်ကဲရေး ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးကို ထောင်အနှစ် ၄၀ ချမှတ်လိုက်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက် အရ သတင်း ရရှိသည်။
သွေးလန့်တတ်သည်ဆိုသော ယခင် နစကမှူး ဗိုလ်မှူကြီး အောင်ကြီး (ဓါတ်ပုံ- နိရဉ္စရာ)
ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ကို ထိုသို့ နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်သဖြင့် ဇနီးဖြစ်သူမှာ အထူး ပူပင်သောက ရောက်နေကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ သူ့မိန်းမ ဒေါ်လတ်လတ်သိန်းက ဗိုလ်မှူးကြီး အောင်ကြီးကို ထောင် နှစ် ၄၀ ချလိုက်တယ်လို့ ပြောတာပါ။ အခု ဒေါ်လတ်လတ်သိန်းက အရမ်းပူပင်သောက ရောက်နေပါတယ်။ သူမယောင်္ကျား မွတ်ဆလင် တွေဆီက ပိုက်ဆံ တစ်ပြားမှ မစားခဲ့ဘူးဆိုပြီး ပြောနေပါတယ်” ဟု ဒေါ်လတ်လတ်သိန်းကို ကိုးကားပြီး အမည် မဖေါ်လိုသူ တစ်ဦးက နိရဉ္စရာကို ပြောသည်။

ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ဇနီးဖြစ်သူ ဒေါ်လတ်လတ်သိန်းမှာ ရန်ကုန်ကို ရောက်ရှိနေကြောင်း သူက ဆိုသည်။

ဗိုလ်မှူးကြီးအောင်ကြီးအား ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် အဖွဲ့ ဇူလိုင်လ ၇ ရက်နေ့က မောင်တောမြို့ကို လာရောက် လည်ပတ်ပြီး အပြန်တွင် ရာထူးချကာ စစ်တွေသို့ ခေါ်ယူသွားပြီး၊ စစ်တွေမှ တဆင့် နေပြည်တော်သို့ ခေါ်ယူခဲ့ကြောင်း သိရသည်။

“ အခု သူ့ကို ထောင်ချလိုက်တာက နေပြည်တော်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ သူ့ကို စရဖ အဖွဲ့က တော်တော် ပြင်းပြင်းထန်ထန် စစ်ဆေး မေးမြန်းခဲ့တယ်လို့ ပြောပါတယ်” ဟု သူက ဆိုသည်။

ဒေါ်လတ်လတ်သိန်း အပြောအရ ဗိုလ်မှူးကြီးအောင်ကြီးမှာ သွေးကို လန့်တတ်သူ ဖြစ်သဖြင့် ဆန္ဒပြသူ ဘင်္ဂလီမွတ်ဆလင် များအား ပစ်မိန့် မပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

“ သူမရဲ့ယောင်္ကျားက သွေးကို အရမ်းကြောက်တယ်လို့ ပြောပါတယ်။ ဆန္ဒပြသူတွေကို ပစ်မိန့်ပေးရင် သွေးတွေကို မြင်ရမယ်။ လူတွေ သေမယ်။ ဒါကြောင့် ပစ်မိန့်မပေးတာလို့ ပြောပါတယ်။ ပိုက်ဆံတွေ ယူပြီး ပစ်မိန့် မပေးတာ မဟုတ်ဘူးလို့ ဒေါ်လတ်လတ်သိန်းက ပြောပါတယ်” ဟု ဆက်ပြောသည်။

မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူတွင် ဗိုလ်မှူးကြီး အောင်ကြီး သည် လာဒ်ငွေ အမြောက်အများ ယူပြီး အလိုတူ အလိုပါ ပူးပေါင်းကြံစည်ခဲ့သူ အဖြစ် အများ ပြည်သူများက စွပ်စွဲထားကြသည်။

ဆူပူ အကြမ်းဖက်သူ မွတ်ဆလင် လူအုပ်သည် ရခိုင်အမျိုးသားများနေထိုင်သော အိမ်များကို စတင်တိုက်ခိုက်စဉ် ဗိုလ်မှူကြီး အောင်ကြီးမှာ အခြံအရံများဖြင့် ရောက်ရှိလာရာ ဆန္ဒပြ ဆူပူ အကြမ်းဖက်သူများက လက်ခုပ်လက်ဝါးတီးကာ သြဘာပေးခဲ့ကြသည်ဟု အနီးအနားရှိ မျက်မြင်များက ပြောသည်။

၎င်းနောက် သူ့၏ ရှေ့တွင် ပင် အကြမ်းဖက်သူများသည် ရခိုင်အမျိုးသားများ ပိုင်ဆိုင်သော အိမ်များ၊ ဈေးဆိုင်များကို မီးရှို့ပြီး လူများကို သတ်ဖြတ်မူများ ကျူးလွန်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော်လည်း ဗိုလ်မှူးကြီး အောင်ကြီးသည် တစ်စုံတစ်ရာ ဟန့်တာခြင်း မရှိဘဲ အနီးအနားရှိ ဆေးရုံထဲသို့ ဆုတ်သွားကာ အဆိုပါ ဆေးရုံဝင်းထဲမှ နေပြီး ဆူပူ အကြမ်းဖက်သူများ၏ ကျူးလွန်နေမူများကို ရပ်ကြည့်နေခဲ့သည်ဟု ဆိုသည်။

ဗိုလ်မှူးကြီးအောင်ကြီးမှ ပစ်မိန့် မပေးသဖြင့် ဆူပူ အကြမ်းဖက်သူများသည် နစက စခန်းအနီးရှိ ကျေးရွာများကို သာမက မောင်တောမြို့ပေါ်ရှိ ရခိုင်အိမ်များ၊ နစက ကင်းစခန်းမျာ ချထားသော ကျေးရွာများကိုပါ တစ်ရွာပြီး တစ်ရွာ ၀င်ရောက် မီးရှို့သွားခဲ့ဟု ဆိုသည်။ သို့အတွက် အိမ်ခြေပေါင်း ၅၀၀ ကျော် မီးရှို့ခံရကာ လူပေါင်း သောင်းချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။

ဗိုလ်မှူးကြီးအောင်ကြီးအား  ထောင် အနှစ် (၄၀) ချလိုက်သည်ဟု အပြင်တွင် သတင်းများ ထွက်နေသော်လည်း အစိုးရပိုင်းမှ ယခု အချိန်ထိ တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်သေးခြင်း မရှိသေးပါ။

ရခိုင်ပြည်တွင်း ၌ ဖြစ်ပွား ခဲ့သော ပဋိပက္ခ များကို အင်တာနက် ပေါ်တွင် ပုံကြီးချဲ့ ရေးသားဟု Csmonitor သတင်း ဌာန ဆို


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပြင်ပ မူဆလင်နိုင်ငံများတွင် ရေးသားမှူများ နှင့်၊ ဆန္ဒပြပွဲများတွင် ကြွေးးကြော် နေမှူများ အင်တာနက် သတင်းများတွင် ဖော်ပြနေမှူများ သည် အဖြစ်မှန်ထက် ပုံကြီးချဲ့ထားမှူ များက ပိုပြီး များပြားနေကြောင်း The Christian Science Monitor သတင်းဌာနက ဩဂုတ်လ၃ ရက်နေ့ က---

ကွာလာလမ်ပူမြို့ မြန်မာအရောင်းဆိုင် အကြမ်းဖက်သမားများ ဖျက်ဆီး

RFA-Burmese

2012-08-03
မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့လယ်က ရခိုင်တိုင်းရင်းသား ဦးစောအောင် ပိုင်ဆိုင်တဲ့ မြန်မာ့ဥယျာဉ် အမည်ရှိ အရောင်းဆိုင်ကို သောကြာနေ့ ညနေ (၅) နာရီလောက်က အကြမ်းဖက်သမားတွေ ၀င်ရောက် တိုက်ခိုက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်သူ ( ၅၀) နီးပါးဟာ မြန်မာဥယျာဉ်ဆိုင်ရဲ့ အောက်ထပ်မှာရှိတဲ့ စားသောက်ကုန် အရောင်းဆိုင်မှန်ကို ရိုက်ခွဲ ၀င်ရောက်လာကြတာဖြစ်ပြီး ဆိုင်အတွင်းရှိသမျှ ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီး သွားကြတယ်လို့ မြန်မာဥယျာဉ်ဆိုင်ရဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ ဒေါ်ခင်ခင်စန်းအေးက RFA ကို ပြောပါတယ်။

"မှန်တွေကို ခွဲပြီးသူတို့ အထဲကို ဝင်ပါတယ်။ ကွန်ပြူတာ ကောင်တာရှိပါတယ်။ နောက်ပြီး Air ticket ရောင်းတဲ့ ကောင်တာရှိပါတယ်။ ဒီ စတိုးရောင်းတဲ့ ကောင်တာမျိုးတွေ ရှိပါတယ်။ အဲဒါတွေအကုန်လုံး သူတို့ဖျက်ဆီးတယ်။ ကွန်ပြူတာတွေကိုလည်း ရိုက်ခွဲတယ်။ ရှိသမျှပစ္စည်း တစ်ဝက်ကျော်ကျော် လောက်က အကုန်လုံး ဖျက်ဆီးပစ်လိုက်တယ်။ အတွင်းထဲတောင် ဝင်လို့မရဘူး။ ဝန်ထမ်းတွေကလည်းပဲ အပေါ်ကို သူတို့ကြောက်တော့ အကုန်လုံး ပြေးပြီး တနေရာမှာ သူတို့သွားပုန်းနေကြတာပေါ့"

အကြမ်းဖက် ဖျက်ဆီးသူတွေဟာ ရိုဟင်ဂျာဆိုတဲ့ စာတန်းတံဆိပ်ပါ တီရှပ်တွေကို ၀တ်ထားတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ကွာလာလမ်ပူမြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြပြီး အပြန်မှာ အဲဒီဆိုင်ကို ၀င်ရောက် ဖျက်ဆီးခဲ့တာ ဖြစ်မယ်လို့ ယူဆကြပါတယ်။

အကြမ်းဖက်သူတွေထဲက (၈) ဦးကို မလေးရှားရဲက ဖမ်းဆီးမိထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အရေး အဖြစ်မှန်ဖော်ထုတ်ဖို့ ကင်တားနားတိုက်တွန်း

RFA-Burmese

2012-08-04
ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို ၆ ရက်ကြာ သွားရောက် လေ့လာစုံစမ်းခဲ့တဲ့ မစ္စတာ ကင်တားနားက ခရီးစဉ်ပြီးဆုံးတဲ့နောက် အခုလို တိုက်တွန်း ပြောဆိုလိုက်တာပါ။

ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ သောမတ်စ် ကင်တားနားက - ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အခွင့်အရေး အခြေအနေဟာ စိုးရိမ်စရာ ကောင်းပါတယ်။ ပဋိပက္ခတွေကြောင့် ပြည်သူတွေ အနေနဲ့ အိုးအိမ်တွေ၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ပျက်စီး ဆုံးရှုံးခဲ့ရတာတွေကို ကိုယ်တိုင်တွေ့မြင်ခဲ့ ရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေနဲ့ မူဆလင် ရိုဟင်ဂျာတွေ အကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန်တွေ စုံစမ်း ဖော်ထုတ်ဖို့ လိုအပ်ကြောင်း၊ ဒါ့အပြင် အဲဒီ အရေးအခင်းအတွင်း မြန်မာ့ လုံခြုံရေး တပ်ဖွဲ့တွေက ညှဉ်းပန်း နှိပ်စက်မှုနဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း စုံးစမ်း ဖော်ထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဟုတ်မှန်ခြင်း ရှိမရှိကိုတော့ သူ့အနေနဲ့ ပြောဆိုရမယ့်သူ မဟုတ်ကြောင်း၊ မြန်မာ အစိုးရအနေနဲ့ ဒီအဖြစ်မှန်တွေကို စုံစမ်းဖော်ထုတ်ပြီး ဖြေရှင်းဖို့ အရေးကြီးကြောင်း ပြောဆိုခဲ့ပါတယ်။
၁၉၈၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို ပြန်လည် သုံးသပ်ဖို့ လိုတယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။ ဒီဥပဒေဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ကနေ ကန့်သတ်ထားသလို လွတ်လပ်စွာ သွားလာခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မစ္စတာ ကင်တားနားက သူ့ရဲ့အခုရီးစဉ်အပြီး တိုက်တွန်းခဲ့တဲ့ အထဲမှာ နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်တပ်က အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အတိုက်အခံတွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန် ဖော်ထုတ်ရေး ကော်မရှင် Truth Commission တစ်ခု ဖွဲ့စည်း ထူထောင်ဖို့ လိုအပ်တယ်လို့လည်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်ပြဿနာ ဘာသာရေးပဋိပက္ခ မဟုတ်ကြောင်း အင်ဒို သမ္မတ ပြောကြား

RFA-Burmese

2012-08-05
ကမ္ဘာမှာ မူစလင်ဘာသာဝင် အများဆုံးရှိရာ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဆူဆီလို ယူဒိုယူနို က ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ နဲ့ ပတ်သက်လို့  မြန်မာနိုင်ငံ အစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ် ဖြေရှင်းနေကြောင်း ပြောကြားလိုက်ပါတယ်။
AFP
အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူဆီလို ယူဒိုယူနို(Susilo Bambang Yudhoyono) ကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က သြစတြေလျနိုင်ငံ ဒါဝင်မြို့တွင် သြစတြေလျ နိုင်ငံ ၀န်ကြီးချုပ် နဲ့ တွေ့ဆုံပွဲတွင် တွေ့ရစဉ်။
အနောက်ဂျားဗားရှိ သူ့ ရဲ့နေအိမ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ ယူဒိုယူနို က သူ့ အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေကို တတ်နိုင်သမျှ မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ နဲ့ ဘက်မလိုက်ဘဲ ကြိုးစား ရှင်းပြနေတာ ဖြစ်ကြောင်းလည်း သတင်းထောက်တွေကို ပြောပါတယ်၊

ရခိုင်- ရိုဟင်ဂျာ ပဋိပက္ခ ဟာ ဘာသာရေး ပဋိပက္ခ မဟုတ်ဘဲ ဒေသတွင်း လူုအုပ်စုကြား ဖြစ်ပွါးတဲ့ ပဋိပက္ခသာဖြစ်ပြီး အကြောင်း တိုက်ဆိုင်လို့ ရိုဟင်ဂျာ တွေက မူဆလင်ဖြစ်ပြီး ရခိုင်တွေက ဗုဒ္ဓဘာသာ ဖြစ်နေတာသာ ဖြစ်ကြောင်းလည်း အင်ဒိုနီးရှား သမ္မတ ကပြောပါတယ်။

ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် ဇာတိဖြစ်ကြောင်း၊ ဒါပေမဲ့ မျိုးဆက် လေးဆက်လောက် နေထိုင်လာတဲ့ သူတို့ကို မြန်မာ အစိုးရက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ထဲ့သွင်းမှု မရှိသေးဘူးလို့ လည်း ပြောပါတယ်။

ဒီပဋိပက္ခမှာ ရိုဟင်ဂျာ ဒုက္ခသည် ၂၈၀၀၀ ကနေ ၅၃၀၀၀ ထိ များပြားလါကြောင်း၊ စာရင်းအရ ရခိုင် ဒုက္ခသည် ၂၄၀၀၀ ရှိနေကြောင်း၊ ဝေဖန်သူတွေက မြန်မာအစိုးရ ဟာ ရခိုင်တွေကို ဦးစားပေး နေတယ်လို့ ဆိုကြပေမဲ့ တဖက်မှာလည်း ရိုဟင်ဂျာတွေဟာ ကုလသမဂ္ဂ ရဲ့ အကူအညီ အထောက်အပံ့ ပိုရနေတယ်လို့ ရခိုင်တွေက သတိမူ သဘောပေါက် ထားကြောင်းလည်း ပြောဆိုပါတယ်၊

မြန်မာနိုင်ငံက ပြဿနာဖြေရှင်းရေး အတွက် အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ သံတမန် လမ်းကြောင်းက တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် ထံလည်း အင်ဒိုနီးရှားနိုင်ငံ ရဲ့မျှော်လင့်မှုတွေ နဲ့ပတ်သက်လို့  စာစောင်ပေးပို့မှာ ဖြစ်ကြောင်း သတင်းထောက်တွေကို ရှင်းပြသွားပါတယ်။

ကျောက်တော်မြို့နယ်အတွင်း မီးရှို့မှုတွေဖြစ်

ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့စဉ်က မီးရှို့ ဖျက်ဆီး တာတွေ ဖြစ်ခဲ့ပါတယ်။
မနေ့တုန်းက ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ် အတွင်းမှာ ရှိတဲ့ ဂုပ္ပီထောင့်နဲ့
 အပေါက်ဝ ကျေးရွာတွေမှာ မီးရှို့မှု တွေဖြစ်ပွား ခဲ့ပါတယ်။

ဒီမီးရှို့မှု တွေ နဲ့ ပတ်သက်လို့ ရွာခံ တဉီးက ဘီဘီစီကို ပြောပြရာမှာတော့ မြို့ပေါ်က
 လူတွေက အဲဒီနေရာ တွေကို လိုက်လာ ခဲ့ကြတဲ့ အကြောင်းနဲ့ လုံခြုံရေးတွေက
အဲဒီ လိုက်လာခဲ့ကြ သူတွေကို လူစုခွဲခဲ့ တဲ့အကြောင်း တွေကို ပြောပြသွားပါတယ်။

ကျောက်တော် မြို့နယ်ဟာ ရခိုင် အများစု နေထိုင်တဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။

ကျောက်တော် မြို့နယ်မှာသာ မကဘဲ ကျောက်ဖြူ မြို့ဘက်မှာလည်း မီးရှို့ဖို့ ကြံစည်
သူတွေကို ဖမ်းမိတဲ့ အကြောင်း သတင်းရရှိ ပါတယ်။

ဘီဘီစီ - မြန်မာပိုင်း

ရခိုင်ပြည်နယ်ခရီး ၈၈ ကျောင်းသားများ သတင်းစာရှင်းလင်း

RFA-Burmese

2012-08-05
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီ-ရိုဟင်ဂျာ အရေး ကိစ္စဟာ အင်မတန် နက်နဲ သိမ်မွေ့တဲ့ အတွက် လူ့အခွင့်အရေး ရှုထောင့် တစ်ဘက်တည်းက မကြည့်ဘဲ တိုင်းတစ်ပါး နိုင်ငံသားတွေရဲ့ ကျူးကျော်မှု၊ နယ်စပ်ဒေသမှာ တာဝန် ထမ်းဆောင်တဲ့ အစိုးရ ၀န်ထမ်းတွေရဲ့ အဂတိ လိုက်စားမှု ကိစ္စတွေကိုပါ ဘက်ပေါင်းစုံက ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
88 Generation Student Group

၈၈ မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းရှိ (၈၈) မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်နေစဉ်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ (၈၈) မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ဒီကနေ့ ညနေပိုင်းက ပြုလုပ်တဲ့ (၈၈) မျိုးဆက်ကျောင်းသားတွေရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင်က အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ဒီကိစ္စမှာ လူ့အခွင့်အရေး ရှုထောင့် တစ်ဘက်တည်းက မကြည့်ဘဲ ကျနော်တို့ နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ကျနော်တို့ တမျိုးသားလုံးရဲ့ အကျိုးစီးပွားတွေ၊ ပြည်ပက ကျူးကျော် ၀င်ရောက်နေမှုတွေ၊ အဲဒီမှာလည်း မတရားသဖြင့် ဒီက အကျင့်ပျက်တဲ့ ၀န်ထမ်းတွေကြောင့် တချိန်တုန်းက ၀င်ရောက်လာတဲ့သူ နည်းလမ်းပေါင်းစုံနဲ့ ၀င်ရောက်လာသူတွေ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ အမျိုးသား အကျိုးစီးပွားအတွက် နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ နဲ့ တိုင်းရင်းသားဆိုလည်း တိုင်းရင်းသားတွေနဲ့ အခွင့်အရေးတွေ အားလုံး ခြုံပြီး ကြည့်ရပါမယ်။ "

ဒါအပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး အခြေအနေမှန်တွေ ဖေါ်ထုတ်ဖို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ တိုက်တွန်းချက် အပေါ် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ သဘောထားနဲ့ ပတ်သက်လို့ ကိုယ်တိုင် သွားရောက် စုံစမ်း လေ့လာခဲ့တဲ့ မမီးမီးက အခုလို ပြောပါတယ်။

"လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ပါဝင်မယ့်သူတွေဟာ တကယ်ကို လွတ်လွတ်လပ်လပ် စုံစမ်းခွင့် ရသလား၊ မရသလား ဆိုတဲ့အပေါ်မှာလည်း မူတည်သလို အာဏာပိုင်ကလည်း လွတ်လွတ်လပ်လပ် စုံစမ်းခွင့်ကို ခွင့်ပြုရမှာ ဖြစ်သလို ဒေသခံ တိုင်းရင်းသား ပြည်သူတွေကလည်း ကိုယ့်ရဲ့ ဒေသ အကျိုးစီးပွားအတွက် ဒီကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။"

(၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ မကြာသေးခင်က ရခိုင်ပြည်နယ်ကို (၃) ကြိမ် သွားရောက်ခဲ့ပြီး၊ ကျပ်သိန်း (၃၅၀) ဖိုးခန့်ရှိတဲ့ အကူအညီတွေကို ဒုက္ခသည်တွေထံ ပေးအပ်ခဲ့ပါတယ်။ ဒီခရီးစဉ်တွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ မနီလာသိန်းနဲ့ မမီးမီးတို့က သတင်း မီဒီယာတွေကို ရှင်းလင်းပြောကြား ခဲ့ကြပါတယ်။

Friday, 3 August 2012

ရခိုင်ပြည်နယ် စာသင်ကျောင်များ ပြုပြင်ရန် တေးဂီတပွဲကျင်းပမည်

The Voice Weekly
ရခိုင်ပြည်နယ် စာသင်ကျောင်များ ပြုပြင်ရန် တေးဂီတပွဲကျင်းပမည်

ရန်ကုန်၊ သြဂုတ် ၃

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ဖျက်စီးမှုများကြောင့် ပျက်စီးယိုယွင်းသွားသော စာသင်ကျောင်းများ ပြန်လည်မွန်းမံပြုပြင်ခြင်းနှင့် ပညာရေးသင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ရေးတွက် ရံပုံငွေစင်တင်တေးဂီတပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ Wave Myanmar အဖွဲ
.မှ ကိုစောဟောရှေးက ပြောကြားသည်။

၂၀၁၂ ခုနှစ် သြဂုတ်လ (၁၉) ရက် တနင်္ဂနွေနေ့ တွင် ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇတ်ရုံတွင် ရံပုံငွေ စင်တင်တေးဂီတ တရပ်အား ရခိုင်အမျိုးသားကွန်ရက်၊ WAVE Myanmar၊r နှင့် ဖွံဖြိုးရေး မဏ္ဍိုင်အဖွဲ့တို့မှ ဦးဆောင်လျှက် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

" ပညာရေးကို ဦးတည်တဲ့ ပွဲပါ။ ၀င်ကြေး ၁သောင်း၂ထောင်လောက် ယာယီသတ်မှတ်ထားတယ် " ဟု ကရင်အမျိုးသားစောဟောရှေးက ဆိုသည်။

အဆိုပါ ရံပုံငွေတေးဂီတအစီအစဉ်၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်တွင်းရှိ ဇွန်လအတွင်ကဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖျက်စီးမှုကြောင့် ပျက်စီးသွားသော စာသင်ကျောင်းများ ပြန်လည်မွန်းမံရန်နှင့်၊ ကျောင်းသူ/သားများအတွက် လတ်တလောလိုအပ်လျှက်ရှိသော သင်ထောက်ကူ ပစ္စည်းများ အချိန်မှီထောက်ပံ့ နိုင်ရေးအတွက် ဤရန်ပုံငွေတေးဂီတအစီအစဉ်ကို ကျင်းပခြင်းဖြစ်သည်။

Peaceful Protests in front of UNHCR Office, Aug 3, 2012

Burma VJ



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်ပြီး ပြောကြားတဲ့ သဘောထားကို ထောက်ခံတဲ့ အနေနဲ့ ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့မှာ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့မှာ လူငယ် အယောက် ၂၀ ခန့် ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။ အဆိုပါ လူငယ်တွေဟာ အင်တာနက် အွန်လိုင်းက တဆင့် facebook စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ status တခုကနေ လာရောက်စုစည်းကာ အခုလို ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ လူငယ်တွေဟာ ရိုဟင်ဂျာအရေး ပြောကြားသော သမ္မတကြီးအား ထောက်ခံပါသည်၊ ရိုဟင်ဂျာသည် တိုင်းရင်းသား မဟုတ်၊ ရိုဟင်ဂျာသည် မြန်မာလူမျိုးမဟုတ်၊ လိမ်ညာဝါဒဖြန့် မီဒီယာများ ချက်ချင်းရပ်၊ ရိုဟင်ဂျာကို တိုင်းရင်းသားဟု ပြောသူများ အလိုမရှိ စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပြီး နိုင်ငံတော်သီချင်းကို သီဆိုကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ နေ့လယ် ၁ နာရီလောက်ကနေ စတင်ခဲ့တဲ့ အဲ့ဒီ ဆန္ဒထုတ်ဖော်မှုမှာ တာဝန်ရှိသူ အာဏာပိုင်တွေက လာရောက်ဟန့်တားခဲ့ပါတယ်။ ရိုဟင်ဂျာ အရေးကိစ္စနဲ့ပတ်သတ်ပြီး UNHCR မဟာမင်းကြီးက သမ္မတဦးသိန်းစိန်ကို ပြောကြားခဲ့တဲ့ ရိုဟင်ဂျာများနဲ့ အတူယှဉ်တွဲ နေထိုင်ရေးကို ကြိုးစားပါ ဆိုတဲ့ စကားအပေါ် မကျေနပ်တဲ့ အတွက် ဒီမိုကရေစီရေး စိတ်ဝင်စားတဲ့ လူငယ်တွေ စုပေါင်းပြီး အခုလို ဆန္ဒထုတ်ဖော်ပြသခဲ့ကြတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Thursday, 2 August 2012

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မောင်တောခရီးစဉ်တွင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများကိုင်ပြီး ဆန္ဒဖေါ်ထုတ်

နိရဉ္ဇရာ

ယနေ့နေ့လည် ၁ နာရီကျော်က မြန်မာနိုင်ငံ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနား မောင်တောသို့ ကားများဖြင့် လှည့်ပတ် ကြည့်ရှ့စဉ် ရခိုင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများ ကိုယ်စီ ကိုင်ဆောင်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်ဟု သိရသည်။

“ သူတို့က လူ့အခွင့်ရေး ကိုယ်စားလှယ် ကားတန်းနဲ့ မောင်တောမြို့ထဲကို လာရောက်ကြည့်ရှု့တဲ့ အခါ မြို့ထဲမှာ ပိုစတာတွေ ကိုယ်စီကိုင်ပြီး ဆန္ဒဖေါ်ထုတ်ကြတာကို တွေ့ရပါတယ်။ လူပေါင်းက ၂၀၀ ခန့်ရှိပါမယ်။

ဘေးပတ်ဝန်းကျင်က လာကြည့်တဲ့သူတွေကလည်း ၃၀၀- ၄၀၀ လောက်ရှိတာ ကို တွေ့ရပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒဖေါ်ထုတ်ကြတာပါ” ဟု လူမူရေး လုပ်ငန်း ဆောင်ရွက်နေ သူ ကိုကျော်အေးမောင်က ပြောသည်။

ပိုစတာများထဲတွင် မြန်မာလို  (၁) နိုင်ငံတော်သမ္မတကြီးဆုံးဖြတ်ချက်ကိုလေးစားပါ။ (၂) မြန်မာနိုင်ငံ ၏ အချုပ်အချာအာဏာကိုလေးစားပါ။ (၃) တိုင်းရင်းသားတို့၏ လူအခွင့် ရေးကို လေးစားပါ။(၄) မျှမျှတတ ဆက်ဆံပါ ဟု စာလုံးမဲများဖြင့် ရေးသားထားသည်ဟု သူက ပြောသည်။

“ ပိုစတာတွေကို ကိုယ်စီကိုင်ပြီး ငြိမ်းချမ်း သေ၀ပ်စွာနဲ့ ဆန္ဒ ထုတ်ဖေါ်ကြတာ ဖြစ်ပါတယ် ။ လူတွေ ကလည်းနိုင်ငံတော်အလံကိုလည်း  ကိုယ်စီကိုင်ထားကြပါတယ်။ ကားပေါ်က လူတွေက ဓါတ်ပုံတွေ ရိုက်ကြပါတယ်။ လူတွေ အများကြီးပါဘဲ။ သူတို့ ( ကင်တားနားနဲ့ အဖွဲ့) ဒီလို ဆန္ဒတွေ ဖေါ်ထုတ်တယ် ဆိုတာကို သိသွားပါတယ်” ဟု သူက ဆက်ပြောသည်။

လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနား အဖွဲ့သည် ပြည်သူများ ဆန္ဒထုတ်ဖေါ်ပွဲအား အသွား တစ်ကြိမ်၊ အပြန်တစ်ကြိမ် မြင်တွေ့သွားခဲ့ပြီး ယခုအခါ ကားတန်းမှာ အလိုတော်ပြည့် ကျောင်းဘက်သို့ ဦးတည် သွားနေကြောင်း ကိုကျော်အေးမောင်က ပြောသည်။
(သတင်းပေးပို့ချိန် မြန်မာစံတော်ချိန် နေ့လည် ၁ နာရီ ၄၅ မိနစ်)

လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်တွေမြို့ နေရာ (၂) ခုတွင် ပြဿနာ ဖြစ်ပွား

နိရဉ္ဇရာ

စစ်တွေမြို့တွင် ယမန်နေ့က လက်နက်ကိုင် တင်ဖွဲ့ဝင်များနှင့် မွတ်ဆလင်များ အကြားတွင် နေရာ (၂) ခု၌  ပြဿနာ ဖြစ်ပွားခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။

ပထမ တစ်ခုမှာ စစ်တွေမြို့ သဲချောင်းတွင် ယမန်နေ့ နေ့လည် ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး  ဦးအောင်မြကျော်က ယခုလို ပြောသည်။

“ ဖြစ်တာက သဲချောင်းကို ဖြတ်ပြီ မန်ဇီဘက်က မွတ်ဆလင် ဒုက္ခသည် စခန်းတွေဆီကို ဆန်သွားပို့တဲ့ ကားကို ၀ိုင်းပြီး လမ်းကနေတားကြပါတယ်။ အဲသလို တားဆီးတာကို  အဲဒီဆန်ကားကို နောက်ကနေ မော်တော်ဆိုင်ကယ်တွေနဲ့ အစောင့်အရှောက် လိုက်ပါလာတဲ့ မင်းဂံရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့တွေက ဟန့်တားတယ်။ အဲသလို ဟန့်တားနေစဉ် မွတ်ဆလင် လူအုပ်က တိုက်ခိုက်ဖို့ ၀ိုင်းလာတဲ့ အတွက် ဆိုင်ကယ်ကို ပစ်ထားပြီး ကိုယ်လွှတ်ထွက်ပြေးခဲ့ကြရပါတယ်” ဟု ပြောသည်။

စခန်းမှူး အပါအ၀င် ရဲတပ်သား ၄ ဦးမှာ  အနီးအနားရှိ စစ်သားများ ယာယီ စခန်းချနေသော မန်ဇီ ရွာ စခန်းသို့ ကိုယ်လွှတ်ရုန်း ထွက်ပြေးခဲ့ရသည်ဟု သူက ဆက်ပြောသည်။

“ ရဲတွေကို ပစ်ခတ်မူ မလုပ်ဖို့ အထက်က ညွန်ကြားထားပုံရပါတယ်။ ဒါကြောင့် သူတို့က ဘာမှ မတုန့်ပြန်ဘဲ ကိုယ်လွှတ် ထွက်ပြေးကြတာ ဖြစ်ပါတယ်။ နောက်ဆုံး ကျွန်တော်တို့ ရတဲ့ သတင်းက စစ်တပ်နဲ့ အဲဒီနေရာကို လာပြီး ထိန်းလိုက်မှ အခြေအနေ တည်ငြိမ်သွားတယ်လို့ သိရပါတယ်” ဟု သူက ပြောသည်။

အခင်း ဖြစ်ပွားရာတွင် ပါဝင်ခဲ့သော  ရဲတပ်ဖွဲ့ဝင်များမှာ မင်းဂံ စခန်းမှူး၊ တပ်ကြပ်ကြီး ဦးဖေသန်းဦး၊ တပ်သား အောင်ရွှေနှင့် တပ်သား ကိုလှဝင်းတို့ ဖြစ်ကြောင်းနှင့် သူတို့တွင်  စက်ကလေးတစ်လက်၊ ရိုင်ဖယ် (၂)လက်နှင့် ခြောက် လုံးပြူး (၁)လက်တို့ ပါရှိခဲ့သည်ဟု ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။

နောက်တစ်ခြား ဖြစ်စဉ် တစ်ခုတွင် မြန်မာ စစ်တပ်နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး  သေနတ် ပစ်ခတ်မူ အထိ ဖြစ်ပွားခဲ့သည်ဟု ဦးအောင်မြကျော်က ပြောသည်။

“ မနေ့က ညနေပိုင်းမှာ စစ်တွေမြို့ပြင်   ဒုံးပြင် မွတ်ဆလင် ရွာမှာလည်း စစ်တပ်နဲ့ ပြဿနာ ဖြစ်တယ်လို့ ကြားရပါတယ်။ ဖြစ်တာက အဲဒီရွာက မွတ်ဆလင် သုံးလေးဦးက အနီးအနားမှာ စခန်းချနေတဲ့  စစ်တပ်ဖွဲ့ တစ်ခုက စစ်သားတွေကို သူတို့ရွာမှာ မြေပိုင်ဆိုင်မူနဲ့ အရှုပ်အထွေး ဖြစ်ပြီး စကားများနေကြတဲ့ အတွက် လာရောက် ဖြေရှင်းပေးပါဆိုတာကြောင့် ရွာထဲကို လိုက်သွာံးတဲ့အခါ မွတ်ဆလင် လူအုပ်က ၀ိုင်းလာတဲ့ အတွက် မိုးပေါ်ကို သေနတ် ထောင်ပစ်ပြီးတော့ ထွက်ပြေးလာရတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ စစ်တပ်က တပ်ကူလိုက်သွားပြီး ပစ်ခတ်တဲ့ အတွက် လူ (၃) ဦး ဒဏ်ရာ ရရှိသွားတယ်လို့ ကြားရပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ပြုလုပ်ကြခြင်းမှာ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား စစ်တွေကို ရောက်ရှိနေချိန်တွင် ပြဿနာ ဖြစ်ပွားပြီး အရှုပ်အထွေး ဖြစ်အောင် တမင် ဖန်တီး လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဦးအောင်မြကျော်က သုံးသပ် ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မွတ်ဆလင်များ ဘက်မှ သဘောထားကို သိရှိနိုင်အောင် ဖုံးဖြင့် ဆက်သွယ်သော်လည်း ယခုအချိန်ထိ အဆက်အသွယ် မရရှိသေးပါ။

ဝါဆိုလပြည့် တရားဟောနေစဉ် သဲချောင်းကို ၀ိုင်းဝန်းတိုက်ခိုက်ရန် ဆူပူလိုသူများ ကြိုးပမ်း

နိရဉ္ဇရာ

ဒီကနေ့ ၀ါဆိုလပြည့်နေ့ ညနေဘက် စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှာ ဆရာတော် တရားဟောနေစဉ် အနီးအနားက ဆူပူလိုသူ  မွတ်ဆလင် ၂၀၀ ကျော်ခန့်ဟာ တုတ်ဓါးတွေနဲ့  တိုက်ခိုက်ရန် ၀ိုင်းဝန်းလာခဲ့တယ်လို့ သိရပါတယ်။

အခုလို ၀ိုင်းဝန်းလာတဲ့ အတွက် အနီးအနားက စစ်တပ်ကို ဖုံးနဲ့ အကြောင်းကြားလိုက်တဲ့ အတွက် တပ်ရင်းမှူးကိုယ်တိုင် ကားတွေနဲ့ လာပြီး တားဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

“ ညနေ ၅ နာရီကျော် ဆရာတော် တရားဟောလို့ မပီးတပီးမှာ ဖြစ်တာပါ။ စစ်တပ်က ရောက်လာတဲ့ အတွက် လူစုကွဲပြီး ဘင်္ဂလီတွေ ၀င်ပြေးသွားကြပါတယ်။ အခု စစ်တပ်နဲ့ လုံထိန်းတွေ ရွာထဲကို လိုက်သွားပါတယ်” ဟု သဲချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

အခုအခါမှာတော့ အခြေအနေ အေးဆေး ငြိမ်သက်သွားပြီလို့ ပြောပါတယ်။ ဒါပေမယ့် စိတ်ချရတဲ့ အနေအထားတော့ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဦးစိုးမြင့်၊ ချိုလေးမာ၊ မောင်ခင်ထွေးတို့နဲ့ မစ္စတာ ကင်တေးနား၊ ဘူးသီးတောင်က ဆန္ဒဖေါ်ထုတ်မူ

နိရဉ္ဇရာ

မနေ့က  (သြဂတ်စ်လ ၁ရက်နေ့) ဘူးသီးတောင်ကို လာရောက်ခဲ့တဲ့  မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တေးနားဟာ ဘူးသီးတောင်ထောင်ထဲက ယူအန် ၀န်ထမ်း (၃) ဦး အပါအ၀င် ရှေ့နေတွေ၊ သူ့မိသားစုတွေနဲ့ တွေ့ဆုံသွားခဲ့တယ်လို့ သိရပါတယ်။

သူဟာ နံနက် (၉) နာရီခန့်မှာ ရဟတ်ယာဉ်တွေနဲ့ အတူ စစ်တွေကနေ ဘူးသီးတောင်ကို ရောက်ရှိလာပြီး ရောက်တာနဲ့ ချက်ချင်း ဘူးသီးတောင်ထောင်ကို သွားရောက်ခဲ့ပြီး ယူအန် ၀န်ထမ်း မွတ်ဆလင် သုံးဦးဖြစ်ကြတဲ့ ဦးစိုးမြင့်၊ မချိုလေးမာနဲ့ မောင်ခင်ထွေးတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ အမည်မဖေါ်လိုသူ ထောင်အရာရှိကြီး တစ်ဦးက နိရဉ္စရာကို ပြောပါတယ်။

“ တွေ့တာက ၉ နာရီကနေ ၁၁ နာရီခွဲထိ တွေ့ပါတယ်။ သူတို့နဲ့ သီးသန့်ဘဲ တွေ့ကြတာပါ”  လို့ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ယူအန် ၀န်ထမ်း (၃) ဦးဟာ တခြား အန်ဂျီအို ၀န်ထမ်း ၆ ဦးနဲ့ အတူ မောင်တောမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မူ အတွင်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

“ သူတို့ကို  အိမ်တွေ မီးရှို့မူ၊ ဆူပူဖြစ်အောင် စာရွက်စာတန်းတွေ ဖြန့်ဝေမူတွေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်တယ်” လို့ အစိုးရ တာဝန်ရှိသူတွေက ထုတ်ဖေါ် ပြောကြားပါတယ်။

မစ္စတာ ကင်တေးနားဟာ သူတို့ (၃) ဦးနဲ့ တွေ့ပြီး ထောင်ထဲကနေ နံနက်  ၁၁ နာရီခွဲမှာ ထွက်လာတဲ့ နောက်မှာ ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်မှာ ရှိတဲ့ ဦးစိုးမြင့်နေအိမ်ကို သွားရောက်ပြီး အေးဒီမှာ ဦးစိုးမြင့် မိသားစုရယ်၊ ရန်ကုန်က ရောက်ရှိနေတဲ့ ရှေ့နေ (၂) ဦးနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
ဘာတွေကို ဆွေးနွေးကြတယ်ဆိုတာတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မစ္စတာ ကင်တေးနား ဘူးသီးတောင်ကို ရောက်ရှိလာတဲ့ ၉ နာရီကနေ ၁၂ နာရီ အချိန်ထိ ရခိုင်တိုင်းရင်းသား ၂၀၀ ခန့်က ထောင်ရှေ့မှာ နိုင်ငံတော် အလံတွေ၊ ပိုစတာတွေကို ကိုင်ပြီး ဆန္ဒ ထုတ်ဖေါ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့ ဆန္ဒဖေါ်ထုတ်တာက ယူအန်နဲ့ နိုင်ငံတကာ အန်ဂျီအိုတွေဟာ ဘက်လိုက်မူတွေ ရှိနေပြီး လူ့အခွင့်အရေးကို အကြောင်းပြပြီး မြန်မာနိုင်ငံရေးကို ၀င်ရှုပ်နေတဲ့ အတွက် ဖြစ်တယ်လို့ RNDP ဘူးသီးတောင်က ပြောရေးဆိုခွင့်ရှိသူ ကိုသန်းလိုင်က ပြောပါတယ်။

“ သူတို့ အန်ဂျီအိုတွေ တရားမျှတမူ မရှိဘူး။ ဘက်လိုက်မူတွေ ရှိတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရေးမှာ ၀င်ရှုပ်နေတာတွေကို နေ့စဉ် ရက်ဆက်ဆိုသလို ကြားနေရတယ်။ ဒါကြောင့် INGO တွေ get out ဆိုတဲ့ ပိုစတာတွေ၊ တီရှပ်တွေကို ၀တ်ပြီး ဆန္ဒ ဖေါ်ထုတ်တာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

“ ပိုစတာတွေထဲမှာ တရားမျှတမူ ရှိပါစေ၊ သမ္မတကြီး ဆုံးဖြတ်ချက်ကို လိုက်နာပါ။ နိုင်ငံတော် အချုပ် အချာ အာဏာကို လေးစားပါ။ ခွဲခြားဆက်ဆံမူ အလိုမရှိ၊ ရခိုင်ပြည်နယ်ကို ကိုဆိုဗိုလို မဖြစ်စေနှင့်  စတဲ့ စသားတွေကို ကိုင်ပြီး ဆန္ဒဖေါ်ထုတ်တာ ဖြစ်ပါတယ်။ နံနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီထိ ဘူးသီးတောင် ထောင်ရှေ့မှာ ပြုလုပ်တာ ဖြစ်ပါတယ်။ ပီးရင် ကျွန်တော်တို့က ကင်တေးနားနဲ့ တွေ့ခွင့်တောင်းပါတယ်။ ဒါပေမယ့် တွေ့ခွင့်မရပါဘူး” ဟု ကိုသန်းလိုင်က ပြောပါတယ်။

ဒီ မစ္စတာ ကင်တေးနားရဲ့ ဘူးသီးတောင် ခရီးစဉ်ဟာ မွတ်ဆလင် ဘင်္ဂလီတွေကို အဓိက အလေးထားပြီး လာကြည့်တဲ့ ခရီးစဉ်သာ ဖြစ်ပြီး ရခိုင်တိုင်းရင်းသားတွေ အတွက် ဘာမျှ မျှော်လင့်စရာ မရှိဘူးလို့ အခု ကင်တေးနား ခရီးစဉ်နဲ့ ပတ်သက်ပြီး ကိုသန်းလိုင်က သုံးသပ် ပြောဆိုပါတယ်။

ခုလို ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်တာကိုတော့ အာဏာပိုင်တွေက ဘာမှ ဟန့်တားတာ မရှိဘူးလို့လည်း သိရပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့ မောင်တော ခရီးစဉ် အတွင်းမှာလည်း မစ္စတာ ကင်တေးနားကို လူပေါင်း ၂၀၀ ခန့်က နိုင်ငံတော် အလံတွေ၊ ပိုစတာတွေကို ကိုင်ပြီး ခွဲခြားဆက်ဆံမူတွေ မပြုလုပ်ဖို့၊ နိုင်ငံတော် အချုပ်အချာအာဏာကို လေးစားလိုက်နာဖို့ ၊ သမ္မတရဲ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ဆန္ဒတွေ ဖေါ်ထုတ်ခဲ့တယ်လို့ မောင်တော မြို့ခံတွေက ပြောဆိုပါတယ် ခင်ဗျား။

Monday, 30 July 2012

 ရခိုင်ပြည်နယ်အခြေအနေနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ ရှင်းလင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များက အခြားပြင်ပမှ သွေးထိုးလှုံ့ဆော်မှုနှင့် အားထုတ်မှုရှိသည်ကို သက်သေပြနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

EMG


w743pic1
တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးများနှင့် သံရုံးအသီးသီးမှာ တာဝန်ရှိသူများ
ရခိုင်ပြည်နယ် အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုများအား ပြည်ထောင်စုအစိုးရက ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးဟောင်းတွင် ဇူလိုင်လ ၃၀ ရက်နေ့က ရှင်းလင်းခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဦးစွာ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ရခိုင်ပြည်နယ် အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်အချို့၏ အချိန်ကို ကြည့်ပါက တစ်ချိန်တည်း တစ်ပြိုင်တည်း ဖြစ်ခဲ့သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ အဆိုပါဖြစ်ရပ်များက အခြားပြင်ပမှ လူများ၏ နိုင်ငံရေး ရည်မှန်းချက်ကို ဦးတည်သည့် ပြင်ပမှ သွေးထိုးလှုံ့ဆော်မှုနှင့် အားထုတ်မှုရှိသည်ကို သက်သေပြနေကြောင်းဟု နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားခဲ့သည်။
ထို့ပြင် ဘင်္ဂါလီများ၏ မွေးဖွားနှုန်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ဘင်္ဂါလီ ဦးရွှေရောက်ဒူလာ မိသားစုအကြောင်းကို ဥပမာပေး ပြောကြားခဲ့ပြီး ဦးရွှေရောက်ဒူလာတွင် မိန်းမ လေးဦး၊ သားနှင့်သမီး ၂၈ ဦး၊ မြေးများ ၄၉ ဦး စုစုပေါင်း မိသားစုဝင် ၈၂ ဦး ရှိကြောင်းနှင့် မွေးဖွားနှုန်းကို ဖော်ပြရန် "စကားလုံး ရှာလို့ မရနိုင်ကြောင်း" ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် အခြေအနေကို ၎င်းက (၁) ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့် ဖြစ်ရပ်များ၊ (၂) မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် ဆူပူသောင်းကျန်းသော လူအုပ်ဖြစ်ရပ်များ၊ (၃) အစိုးရ၏ အရေးယူမှုနှင့် ကာကွယ်တား ဆီးရေး ဆောင်ရွက်မှုများ၊ (၄) စစ် တွေမြို့နှင့် အခြားမြို့များတွင် အကြမ်းဖက်မှုနှင့် ဆူပူသောင်းကျန်းသော လူအုပ်ဖြစ်ရပ်များ၏ နောက်ဆက်တွဲဖြစ်စဉ်များ၊ (၅) ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ပြန်လည်ရရှိရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်၊ (၆) လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးနိုင်ရေးလုပ်ဆောင်မှု၊ (၇) ကယ်ဆယ်ရေး၊ ပြန်လည်နေရာ ချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်၊ (၈) တရားဥပဒေစိုးမိုးရေး၊ (၉) သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းသို့ စသည့် ခေါင်းစဉ်များခွဲ၍ ရှင်းလင်းခဲ့သည်။
ထိုကဲ့သို့ရှင်းလင်းပြီး၌ ဒေသခံ တိုင်းရင်းသားများနှင့် ရွှေ့ပြောင်းအခြေချ နေထိုင်သူ (ဘင်္ဂါလီများ) အတွက် ကြုံတွေ့နိုင်သည့် ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ရွှေ့ပြောင်း အခြေချနေထိုင်သူများ၏ လူဦးရေ အလွန်အမင်း တိုးမြင့်လာမှု၊ ဘာသာရေး ပဋိပက္ခ၊ ယဉ်ကျေးမှု ပဋိပက္ခ၊ လူမှုရေး ပဋိပက္ခ၊ မြေယာအသုံးပြုမှု ပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခ၊ ဆက်သွယ်သွားလာနိုင်မှု အကန့်အသတ် ရှိခြင်း၊ တင်းကျပ်သည့် ၀န်းကျင်၊ တင်းကျပ်သည့် ဈေးကွက်အခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု၊ ပညာရေး အဆင့်အတန်း နိမ့်ပါး၍ စာမတတ်မြောက်မှု၊ မဖွံ့ဖြိုးသည့် အခြေခံ အဆောက်အအုံများ စသည်တို့သည် ဒေသခံ တိုင်းရင်းသားများနှင့် ရွှေ့ပြောင်းအခြေချနေထိုင်သူ (ဘင်္ဂါလီများ) အတွက် ကြုံတွေ့နိုင်သည့် ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ဖွယ် ရှိသည့် နည်းလမ်းများကိုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

w743pic2
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးမှ ရှင်းလင်းပြောကြားနေစဉ်

တည်ငြိမ်မှုနှင့် ဥပဒေစိုးမိုးမှုကို တိုးမြှင့်ခြင်း၊ ပင်ကိုစွမ်းရည်ရှိသော ပြည်သူ့အုပ်ချုပ်ရေး၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ ပေါ်ပေါက်ဖွံ့ဖြိုးလာခြင်း၊ ပဋိပက္ခကာကွယ်ရေး ပြုစုပျိုးထောင်ခြင်း၊ လူ့အဖွဲ့အစည်း နှစ်ရပ်လုံးအတွက် ရပ်ရွာအသိုင်းအ၀ိုင်း ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်း၊ ဆက်သွယ်သွားလာနိုင်မှု တိုးတက်အောင် ပြုလုပ်ခြင်း၊ ဒေသခံများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ကို ဖော်ထုတ်ခြင်း၊ ရပ်ရွာအသိုင်းအ၀ိုင်းကြား အပြန်အလှန်ဆက်သွယ်ခြင်း၊ လူမှုရေး လုပ်ငန်းများ အားပေးခြင်း၊ ဈေးကွက် အခွင့်အလမ်း ဖော်ထုတ်ခြင်းနှင့် ဈေးကွက်အခြေအနေများကို အားပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးခြင်းနှင့် စိုက်ပျိုးရေးကို အားပေးခြင်း၊ ပညာရေးနှင့် ကျန်းမာရေးကို တိုးမြင့်ဆောင်ရွက်ခြင်း၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခြင်းသည် ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ဖွယ်ရှိသည့် နည်းလမ်းများဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်၌ အဓိကရုဏ်းများကြောင့် ရခိုင်လူမျိုး ၃၁ ဦး၊ ဘင်္ဂါလီ ၄၆ ဦး စုစုပေါင်း ၇၇ဦး သေဆုံးပြီး ၁၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် စုစုပေါင်း လူနေအိမ် ၄၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၄ လုံးနှင့် စာသင်ကျောင်း သုံးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။
ထို့ပြင် အဓိကရုဏ်များကြောင့် လက်ရှိဒုက္ခသည် ဦးရေမှာ ဇူလိုင်လ ၃၀ ရက်နေ့အထိ ရခိုင်လူမျိုး ၈၀၃၁ ဦး၊ ဘင်္ဂါလီ ၅၃၃၉၀ ဦး စုစုပေါင်း ၆၁၄၂၁ ဦး ရှိကြောင်း သိရသည်။
ရခိုင်လူမျိုး ၈၀၃၁ ဦးအနက် ၅၇၀၂ ဦးမှာ စစ်တွေရှိ ကယ်ဆယ်ရေးစခန်း ၄၃ ခုတွင် ရှိပြီး ၂၃၂၉ ဦးမှာ မောင်တောရှိ ကယ်ဆယ်ရေး စခန်း ခြောက်ခုတွင်ရှိကြောင်း သိရသည်။
ဘင်္ဂါလီ ၅၃၃၉၀ ဦးမှာ စစ်တွေရှိ ကယ်ဆယ်ရေးစခန်းများတွင် ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် အဓိကရုဏ်များနှင့် ဆက်စပ်ပြီး UNHCRE မှ ငါး ဦး၊ WFP မှ တစ်ဦး၊ AZG မှ လေးဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်းနှင့် အဓိကရုဏ်းတွင် မပါဝင်သည်ကို တွေ့ရှိရသည့်အတွက် တစ်ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားများထဲတွင် ပါဝင်မှု ရှိ၊ မရှိနှင့် စပ်လျဉ်း၍ မေးမြန်းရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက "ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့လူမျိုး မဟုတ်ပါဘူးလို့ သမ္မတကြီးက ပြောတဲ့စကားကို ကျွန်တော် ထောက်ခံပြောကြား လိုပါတယ်။ ဘာကြောင့်ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၁၈၂၄ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ဟာ ဗြိတိသျှ ကိုလိုနီအောက် ရောက်ခဲ့ပါတယ်။ အဲဒီအခါမှာ လယ်ယာလုပ်ငန်းတွေအတွက်၊ ကာယလုပ်ငန်းတွေအတွက် လိုအပ်ချက် ရှိလာတဲ့အခါမှာ တစ်ဖက်နိုင်ငံမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေ ကျွန်တော်တို့နိုင်ငံကို အတားအဆီးမဲ့ ၀င်လာခဲ့တဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီတော့ ဗြိတိသျှလက်ထက်မှာရှိခဲ့တဲ့ အစိုးရ ပြန်တမ်းတွေကို ကြည့်တဲ့အခါမှာ ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေကို ကြည့်တဲ့အခါမှာ ကျွန်တော်တို့မှာ ဘယ်တုန်းကမှ လူမျိုးခွဲခြားမှုထဲမှာ ရိုဟင်ဂျာဆိုတာကို တရားဝင် ဖော်ပြထားတယ် ဆိုတာ မရှိပါဘူး။ ဘင်္ဂါလီလူမျိုးသာ ဖော်ပြထားတာ ရှိပါတယ်။ ကျွန်တော်တို့မှာ တရားဝင် လူမျိုးစုကြီး ရှစ်စု ရှိပါတယ်။ ချင်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရှိပါတယ်။ နောက်ပြီး လူမျိုးစု ၁၀၀ ကျော် ရှိပါတယ်။ အဲဒီဟာတွေက တရားဝင် လူမျိုးစုတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာကော၊ ဗြိတိသျှ အစိုးရ ပြန်တမ်းမှာရော ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာရော ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိတဲ့အတွက်ကြောင့် ရိုဟင်ဂျာသည် ကျွန်တော်တို့လူမျိုးထဲမှာ ပါဝင်တဲ့လူမျိုး မဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံမှာ မရှိပါဘူးလို့ ဖြေကြားချင်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါရှင်းလင်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၌ ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana လည်း တက်ရောက်ခဲ့ကာ ရှင်းလင်းပြောကြားချက်များနှင့် စပ်လျဉ်း၍ မိမိအနေဖြင့် သေချာလေ့လာဆန်းစစ် သွားမည်ဖြစ်ပြီး မိမိခရီးစဉ်အပြီးတွင် ကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

w743pic3
ဘင်္ဂါလီလူမျိုး ဦးရွှေရောက်ဒူလာမိသားစုဝင်များ
 

Sunday, 29 July 2012

ပြည်ပမှ ရိုပာင်ဂျာအရေးခြိမ်းခြောက်မှုများအား လက်ခံနိုင်ဖွယ်မရှိဟု ပြန်လည်တုံ့ပြန်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ပြည်ပ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ပပါလီမန်တို့   ၏ဝေဖန်ပြော ဆိုနေမှုအား  မြန်မာ ဒီမိုကရေစီ အရေး ပျက်ယွင်း အောင်ဆောင် ရွက်ခြင်းဟု သတ်မှတ်ထားကြောင်း RNDPပါတီ အထွေထွေ
 အတွင်းရေးမှူး ကပြောသည်။

ထိုသို့ သတ်မှတ်ရခြင်း အကြောင်းမှာ ပြည်ပမှ တိုက်ခံနေသော အဖွဲ့ အစည်း၊ ပါလီမန်များ၏ ပြောဆိုမှုများသည် ခိုင်မာမှုမရှိခြင်း၊ ထုတ်ပြန်နေသော သတင်းများ မှားယွင်းနေခြင်းကြောင့် ဖြစ်သည်ဟုရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ   (RNDP) က ဆိုလိုက်ခြင်းဖြစ်သည်။

“ဒါဒို့ နိုင်ငံရဲ့ ဒီမိုကရေစီအရေးကိုအသွင်ပြောင်းအောင်လုပ်တာပါ။ ရိုပာင်ဂျာ ပြဿနာကိုလည်းပိုမိုကြီးထွားလာနိုင်ပါတယ်။ အမှန်ကကျွန်တော်တို့က အစော်ကားခံနေရတာပါ”ပာု RNDP ပါတီက ရခိုင် တိုင်းရင်းသား တစ်ဦးဖြစ်သူ
 ဦးဦးလှစောက ပြောသည်။

ဘင်္ဂလီအရေးနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်လက်အောက်တွင်ရခိုင်တိုင်ရင်းသားများနှင့် တပ်မတော်က ပူပေါင်းဆောင်ရွက်သွားရန် RNDPပါတီမှ နိုင်ငံတော်အစိုးရသို့ တင်ပြထားပြီးဖြစ်သည်။

လက်ရှိအချိန်တွင်ပါကစ္စတန်နိုင်ငံရှိတာလီဘန်များကလည်း Tehreek-e-TalibanPakistan (TTP) အဖွဲ့ကရခိုင်ပြည်နယ်တွင် ဖြစ်ပွား  ခဲ့သောရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုများပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ဇူလိုင်လ (၂၆)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်များတွင် နှစ်နိုင်ငံဆက်သွယ်ရေးလမ်းကြောင်းများဖြက်တောက်ရန်ဖိအား
 ပေးထားပြီး မြန်မာနိုင်ငံ၏ အကျိုးစီးပွားများအားဖျက်စီးမည်ပာု ပါဝင်ရေးသားထားသည်။

ထိုသို့ ပြည်ပအဖွဲအစည်းများ၏ ခြိမ်းခြောက်မှုများနှင့် ပတ်သတ်၍မြန်မာ-မွတ်စလင်လူမျိုးဖြစ်သော၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးကယခုကဲ့သို့ သုံးသပ်ခဲ့သည်။

 “ကျွန်တော့်အနေနဲ့  အကြမ်းဖက်မှုတွေ ခြိမ်းခြောက်မှုတွေကိုလုံးဝလက်မခံပါဘူး။ ဒီလိုလုပ်ဆောင်မှုတွေပာာ ပြည်တွင်းမှာ ဘင်္ဂလီအရေးနဲ့ပတ်သက်ပြီး ကိုယ်တိုင်လုပ်နေတဲ့ သူတွေအတွက်လည်း အကျိုးမပြုပါဘူး။”ပာုပြောကြားသည်။

ထို့ပြင် ယခင်က မြန်မာနိုင်ငံမှ ပြည်ပသို့သွားရောက်ခိုလုံနေသောမြန်မာနိုင်ငံရေသမားပောာင်း အချို့ကလည်းရိုပာင်ဂျာအရေးနှင့် ပတ်သက်၍ သွေးထိုးလှုံဆော်မှုများလည်းပြုလုပ်လာကြကြောင်း ရခိုင်တိုးတက်ရေးပါတီပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သေးသည်။

“အခုဖြစ်နေတဲ့ ဘင်္ဂလီလူမျိုးအရေးပာာ မြန်မာလူမျိုးတွေရဲ့အရေးပါ။ အစိုးရကို
တိုက်ခိုက်ချင်တိုင်း ဒီအရေးကို အကောင်းမမြင်တဲ့ဘက်ကနေ ၀င်စွက်ဖက်ဖို့မလိုပါဘူး။” ပာု
ဦးဦးလှစောက မှတ်ချက်ပေးသည်။

အဆိုပါပြည်ပနိုင်ငံများမှ လက်နက်ကိုင်အဖွဲ့ အစည်းများ၏ခြိမ်းခြောက်ပြောဆိုမှုများကို  မန္တလေးမှဘင်္ဂလီအရေးအားလေ့လာ သူ မြန်မာ-မွတ်စလင်လူမျိုး တစ်ဦးကလည်း နိုင်ငံတော်အစိုးရ၏ ဘင်္ဂလီလူမျိုး များဘက်မှသတင်းထုတ်ပြန်မှုအပိုင်းတွင် ပွင့်လင်းမြင်သာမှုအားနည်းနေသဖြင့်အခြားနိုင်ငံမှ အဖွဲ့အစည်းများ၏ ဖိနှိပ်ချုပ် ချယ်မှုများကိုအများဆုံခံရဖွယ်ရှိနိုင်ကြောင်း သုံးသပ်ဝေဖန် ပြောဆိုသည်။

“လူမျိုးရေးကိုအကြောင်းပြပြီး ဘာသာရေးကို ထိပါးလာရင်တစ်ကမ္ဘာလုံးမှာရှိတဲ့ မွတ်စလင်တွေက ငြိမ်ခံမှာ မပာုတ်ပါဘူး။” ပာုအစ္စလာမ်ဘာသာကိုးကွယ်သူ မြန်မာလူမျိုးတစ်ဦးက ဆိုသည်။

အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ အတွင်းရေးမှူးချုပ်Ekmeleddin Ihsanoglu ကလည်း မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ်အကြမ်းဖက်မှုများအား အဆုံးသတ်ရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့မှ ကူညီဆောင်ရွက် ပေးပါရန်ဇူလိုင်လ (၂၅)ရက်နေ့က ၎င်းတို့ထံသို့ စာရေးသားတောင်းဆိုခဲ့သည်။

စောဇင်ညီ (မြစ်မခ)
by Myit Makha Mediagroup

မည်သည့် ခြိမ်းခြောက်မှုမျှ မကြောက်ဟု ရခိုင်ပါတီ ပြော


 မည်သည့် ဘာသာရေး အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကိုမျှ ကြောက်စရာ မလိုကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောကြားသည်။

ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည့် ပါကစ္စတန် အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့ တခုဖြစ်သည့် TTP ၏ ရခိုင်ပြည်နယ် ရိုဟင်ဂျာ မူဆလင် အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက် ပြောဆိုမှုများကို
ပြန်လည်တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျနော်ပြောမယ်။ တာလီဘန် မကလို့ ဘာပဲဖြစ်ဖြစ်၊ ကျနော်တို့က လုံးဝမကြောက်ဘူး။ ကျနော်တို့မှာရှိတဲ့ လက်နက်နဲ့၊ ရှိတဲ့ စိတ်ဓါတ်နဲ့ ခုခံမယ်။ မည်သည့်ဘာသာရေး အစွန်းရောက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ မည်သည့် ခြိမ်းခြောက်
မှုမှ ကျနော်တို့ လက်မခံဘူး။ ကျနော်တို့မှာ အသက်ရှိနေသမျှ ကာလပါတ်လုံး ခုခံမှာပဲ။ ဒါပဲ။ ဒါဟာ ကျနော်တို့ လူမျိုး တခုလုံးရဲ့စိတ်ဓါတ်ကို ပြောတာ” ဟု မဇ္ဈိမကို ပြောုသည်။

TTP ၏ ခြိမ်းခြောက်စာတွင် ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာ သံရုံးကိုလည်း ပိတ်ပစ်ရန်နှင့် ပိတ်မပစ်ပါက မြန်မာ့အကျိုးစီးပွား မှန်သမျှ ဖျက်ဆီးပစ်မည်ဟု ပါရှိသည်။

“ပါကစ္စတန်ရဲ့ တာဝန်ပဲလေ။ သံရုံး တရုံး ဆိုတာ နိုင်ငံတခုကို ကိုယ်စားပြုတယ်။ သံအမတ်ကြီး ခန့်အပ်လွာကို နိုင်ငံတကာ သံခင်းတမန်ခင်း ထုံးတမ်းစဉ်လာအရ သက်ဆိုင်ရာ နိုင်ငံ ကိုယ်စားပြုတဲ့ နယ်မြေအဖြစ် ခန့်အပ်ခြင်းခံရ
တဲ့ နိုင်ငံကို အသိအမှတ် ပြုပေးရတာကိုး။ အဲဒီနိုင်ငံမှာရှိတဲ့ သံရုံးလုံခြုံရေးကို တာဝန်ခံရမယ့်သူက အဲဒီ သက်ဆိုင်ရာ နိုင်ငံက တာဝန်ရှိတဲ့ လက်ရှိအစိုးရပါပဲ” ဟု ဒေါက်တာအေးမောင် က ဆိုသည်။

၎င်းတို့ တောင်းဆိုသည့်အတိုင်း မလိုက်လျောပါက မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာများ သတ်ဖြတ်ခံခဲ့ရသည်တို့ကို
ပြန်လည် ဂလဲ့စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု TTP အဖွဲ့က ဆိုသည်။ ၎င်းတို့က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအား “သင်တို့ကျခဲ့ရတဲ့ သွေးတွေ အတွက် ကျွန်ုပ်တို့ လက်စားချေမည်” ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီက ဖြစ်ပွါးခဲ့သည့် ဗုဒ္ဓဘာသာ ရခိုင်များနှင့် မူဆလင် ရိုဟင်ဂျာများ၏ ပဋိပက္ခများကြောင့် ဘက်နှစ်ဖက်မှ စုစုပေါင်း လူ ၇၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီး သောင်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု မြန်အစိုးရ အာဏာပိုင်များက တရားဝင်ပြောဆိုသည်။ သို့သော် ပြည်ပရှိ မွတ်ဆလင်ကမ္ဘာကမူ ထိုပဋိပက္ခအတွင်းနှင့် ဖြစ်ပြီးနောက်ပိုင်းတွင် ရိုဟင်ဂျာ ဒါဇင်ပေါင်းများစွာ အသတ်ခံခဲ့ရသည်ဟု ဆိုကြသည်။

ထို့ပြင် ရိုဟင်ဂျာ အများအပြား နေထိုင်သည့် ဒေသများတွင် နယ်မြေရှင်းလင်းရေး အတွင်း အမျိုးသားကြီးများနှင့် ငယ်ရွယ်သူကောင်လေး အများစု ပါဝင်သည့် ရာပေါင်းများစွာသော လူများအား ဖမ်းဆီး အကျဉ်းချထားသည်ဟု ဆိုခဲ့ပြီး ထိုလူအားလုံးအား ထီးတည်း တည်ရှိနေသည့် နေရာများတွင် အကျဉ်းချထားကာ မမျှမတ ဆက်ဆံခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က ပြောဆိုထားသည်။

ရခိုင် ဗုဒ္ဓဘာသာများနှင့် လုံခြုံရေး တပ်ဖွဲ့များက ပြုလုပ်ခဲ့သည့် မုဒိမ်းမှု၊ ပစ္စည်းဥစ္စာ ဖျက်ဆီးမှုနှင့် ဥပဒေမဲ့ သတ်ဖြတ်မှုများ အပါအဝင် နိုင့်ထက် စီးနင်းမှုများနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရလောက်သော အစီရင်ခံစာများ ရရှိထားသည်ဟု AI က ဆိုသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ထိုပဋိပက္ခများကို လေ့လာကြည့်ပါက ဘာသာရေး ပြဿနာ မဟုတ်ကြောင်း
ဒေါက်တာအေးမောင် က သုံးသပ်သည်။

“ဖြစ်ပျက်နေတာ အကုန်လုံးဟာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ ဖြစ်တာမျိုး မဟုတ်ဘူး။ အစ္စလာမ်ဘာသာကလည်း
ငြိမ်းချမ်းမှုကိုလိုလားတယ်။ ဗုဒ္ဓဘာသာကလည်း လိုလားတယ်။ ဖြစ်နေတာက တိုင်းရင်းသားအခွင့်အရေးကို လိုချင်တဲ့၊ တိုင်းရင်းသား ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေက၊ တိုင်းရင်းသား မဟုတ်ပါဘဲလျက် အဆင့်ကျော်ပြီး လုပ်တဲ့
ဇာတ်လမ်းလေးတွေပါ။ အခုကိစ္စက ဘာသာရေးကို ခုတုံးလုပ်ပြီးကာမှ ဘာသာရေးကို အကြောင်းပြပြီးကာမှ ဒီဘက်မှာနေတဲ့ လူများစုကြီးက ပြင်ပက လာတဲ့ လူမျိုးနည်းစုတွေကို ဖိနှိပ်တယ်၊ သတ်ဖြတ်တယ်၊ မတော်မတရား လုပ်တယ်ဆိုပြီးတော့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တာ” ဟု မဇ္ဈိမကို ပြောသည်။

သူက ဆက်လက်၍ “အပြင်မှာရှိတဲ့ အုပ်စုက အပြင်ကလာတဲ့ ပုံစံအတိုင်း နှစ်ပေါင်း ဘယ်လောက် ကြာပြီ၊ ဒီဘက်နိုင်ငံမှာရှိတဲ့ နိုင်ငံသား အခွင့်အရေးတွေကို အဆင့်ဆင့်ပေါ့ဗျာ၊ တရားဥပဒေကြောင်းအရ တောင်းတယ်ဆိုရင်
ပြည်ထောင်စုသားတွေက လက်ခံနိုင်ဖွယ် ရှိတယ်။ ဒါပေမယ့်လို့ ဒီဘက်မှာရှိတဲ့ လူမျိုးစုတစု ပုံသဏ္ဍာန်မျိုးနဲ့
နှစ်ပေါင်းများစွာက သမိုင်းအရနဲ့ နေလာခဲ့တယ်ဆိုပြီး ဇာတ်ကြောင်းထပ်နေတဲ့ လိမ်ထားတဲ့ဟာတွေကိုတော့ သမိုင်းကို ပြုပြင်ဖန်တီးပြီး လုပ်တာမျိုးကို ဒီဘက်က လူတွေကလည်း လက်မခံဘူး” ဟု RNDP ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ပြောဆိုသွားသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှစ်သိန်းခန့်ရှိမည်ဟု ကုလသမဂ္ဂအဖွဲ့များက ခန့်မှန်းထားသော်လည်း မြန်မာအစိုးရကမူ ၎င်းတို့အား နိုင်ငံသားအဖြစ် အသိအမှတ် မပြုခဲ့ပေ။ ၂၀၁၅ ခုနှစ်တွင် ထွက်ပေါ်လာမည့် သန်းခေါင်စာရင်းတွင်လည်း ၎င်းတို့အား ထည့်သွင်းကောက်ခံမှု ပြု/မပြု ရေရာစွာ မသိရှိရသေးပေ။

ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာ ခေါ် မူဆလင်များအကြား မေလ ၂၈ ရက်နေ့မှ ပြန်လည် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများတွင် သေဆုံးသူ ၇၇ ဦး၊ ဒဏ်ရာရရှိသူ ၁၁၁ ဦး၊ မီးရှို့ဖျက်ဆီးခံရသည့် အိမ်မြေ ၄,၈၂၂ လုံး၊ ဒုက္ခသည် ခုနှစ်သောင်းခန့်နှင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ အရ ညမထွက်ရ အမိန့်ကို ကျူးလွန်၍ ဖမ်းဆီးထိန်းသိမ်းထားသူ ၈၇၂ ဦး ရှိကြောင်း ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း က မဇ္ဈိမကို ပြောဆိုထားသည်။

နေမျိုး |နယူးဒေလီ (မဇ္ဈိမ)

လူကြိုက်များသော သတင်းဆယ်ပုဒ်

 
Blogger Widgets