Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Sunday 24 June 2012

လူဆယ်ယောက် သတ်ဖြတ်ခံခဲ့ရတဲ့ ကူတောင်ရဲ့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး ကူတောင် မြောက်ကျောင်း ဆရာတော်နဲ့ တွေ့ဆုံမေးခြန်းခန်း

Narinjara

ဇွန်လ ၁၉  ရက်နေ့က ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာက လူပေါင်း ၁၀ ဦး အသတ်ခံခဲ့ရပါတယ်။ ကူတောင်ကျေးရွာဟာ ရသေ့တောင်မြို့နယ် တောင်ပိုင်း မစဲကမ်းမှာ တည်ရှိပြီး အိမ်ခြေပေါင်း ၁၀၀၀ ကျော်ရှိတဲ့ ရွာကြီး တစ်ရွာလည်း ဖြစ်ပါတယ်။ ကူတောင်မှာ ရဲစခန်း တစ်ခုလည်း ရှိသလို အထက်တန်းကျောင်းလည်း တည်ရှိပါတယ်။ အဲသလို ရွာကြီး တစ်ရွာမှာ လူ (၁၀) ယောက် အသတ်ခံရပြီးတဲ့ နောက်ပိုင်းမှာ အခြေအနေတွေ ဘယ်လိုရှိတယ်ဆိုတာ သိရှိနိုင်ဖို့ ကူတောင် မြောက်ကျောင်း ဆရာတော်ကို လျှောက်ထားမေးကြည့် ပါတယ်။

-       အရှင်ဘုရား အခင်းဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ လက်ရှိ ကူတောင်ရွာ အခြေအနေက ဘယ်လိုရှိပါသလဲ။  နည်းနည်း မိန့်ကြားပေးပါ။

ဖြေ- ဟုတ်ကဲ့။ အခု အေးအေးဆေးဆေးရှိပါတယ်။ လုံခြုံရေးရှိနေပါတယ်။ ကူတောင်ရွာမှာ အရင်ကတည်းက ရဲစခန်းရှိပါတယ်။ အဲဒီ ရဲစခန်းကို ရဲအင်အားဖြည့်လို့ ရှိပါတယ်။  ရဲသား ၃ ယောက်၊ ၄ ယောက် တိုးချထားတာကို တွေ့ရပါတယ်။

-                   – ရှေ့မှာ အခြေအနေက အေးဆေးဆေးဆေး  တည်တည်ငြိမ်ငြိမ် ဖြစ်မယ်လို့ ထင်ပါသလား။ ဘယ်လိုမြင်ပါလဲ အရှင်ဘုရား။

ဖြေ- ဆရာတော်ကတော့ ရှေ့ကကဲ့သို့ အခြေအနေဆိုးတွေ  ခဏခဏ ဒီလိုကဲ့သို့ မြင်ကွင်းတွေ မြင်ရမလားလို့  ထင်မြင် ယူဆ မိပါတယ်။

-       ရှေ့မှာ ဒီလိုမျိုး  မဖြစ်အောင် ဘယ်လို  တားဆီးနိုင်ပါမလဲ။ ဘယ်လိုလုပ်ရင်ကောင်းမလဲ။  အရှင်ဘုရားအနေနဲ့ ဘယ်လို မြင်ပါလဲ။

ဖြေ- ဆရာတော်ရဲ့  ပုဂ္ဂလိက အတွေး အခေါ်ဆိုလို့ ရှိရင် ဒီနားမှာ မွတ်ဆလင်တွေနဲ့ ရခိုင်တွေနဲ့ အနီး နေမယ် ဆိုရင်တော့ ခဏခဏ ဒီလို ဖြစ်မယ်လို့ ထင်မိပါတယ်။

-       ဒီကိစ္စနဲ့ ပတ်သက်ပြီး အရှင်ဘုရားတို့ အနေနဲ့ အထက် အာဏာပိုင်တွေကို တင်ပြတာတွေ ရှိပါသလား။
ဖြေ- အဓိကရုဏ်း ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကူတောင်ကသေဆုံးသွားတဲ့ အလောင်းတွေကို မရရှိတဲ့ အတွက်ကြောင့်နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ဆရာတော်တို့က အလောင်းတွေကို ရှာပေးဖိုးအတွက် မေတ္တာရပ်ခံ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက တာဝန်ရှိပုဂ္ဂိုလ်တွေ ဥပမာ မြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ ပြည်သူ့ရဲတို့၊ ဦးဆောင်ပြီးတော့ ရှာပေးကြလို့ အလောင်း အားလုံးကို ရရှိလို့ မနေ့က သင်္ဂြိုလ်လို့ ပြီးပါပြီ။ ဒါပေမယ့် နောက်ပိုင်း  ကိစ္စတွေတော့ တင်ပြတာ မရှိသေးဘူး။

-       အခု ကူတောင်လူထု ရခိုင်တွေဖက်က အခြေအနေတွေက ဘယ်လိုရှိပါသလဲ ရှင်ဘုရား။

ဖြေ- ရခိုင်တွေဖက်ကတော့ အရင်က အမျိုးသမီးတွေ တခြားနယ်တွေကို ထွက်ပြေးနေကြတဲ့ အတွက်  ရွာမှာ ၂ ရာခိုင်နှုန်း လောက်ဘဲ  ရွာထဲမှာ လူကျန် နေခဲ့ပါတယ်။ အခုတော့ ပြန်လာနေကြလို့ ၆၀ ရာခိုင်နှုန်းလောက်တော့
ရွာထဲကို ရောက်နေကြပါပြီ။

-       – အဲဒီ မွတ်ဆလင်ရွာတွေမှာ စစ်တပ်က လုံခြုံရေးတွေ ရှိပါသလား။ သူတို့ကို ဖမ်းဆီးတာတွေကော ရှိပါသလား။

ဖြေ- မွတ်ဆလင်ရွာမှာတော့ စစ်တပ်က လုံခြုံရေး ယူထားတယ်လို့ ဆရာတော်က တကာတွေဆီမှ  တစ်ဆင့် ကြားပါတယ်။ ဖမ်းတာတွေကိုလည်း တကာတွေဆီကကြားပါတယ်။ ဟိုတစ်နေ့က ၂၂ယောက်ဖမ်းပြီးတော့ ဒီနေ့ မှာတော့ ၃၁ ယောက် ဖမ်းတယ်လို့ ကြားပါတယ်။

-      -  အရှင်ဘုရား ဒီဆူပူတွေ ထပ်မဖြစ်အောင်၊ ငြိမ်းချမ်းမူ ရရှိအောင်  အရှင် ဘုရား အနေနဲ့ မိန့်စရာတွေရှိရင် မိန့်ကြားပေးပါ အရှင်ဘုရား။

ဖြေ- ဆရာတော်အနေနဲ့ကတော့ အထူးပြောစရာမရှိပါဘူး နိုင်ငံရေး၊ လူမျိုးရေး စတာတွေကိုတော့ ပြောစရာ မရှိပါဘူ။  အားလုံးသော သူတို့သည် မိမိတို့ရဲ့ မေတ္တာ တရားကို လက်ကိုင် ထားပြီးတော့ အားလုံးသော သူတို့သည် သက်ရှိ သတ္တ၀ါတွေဖြစ်တဲ့ အတွက် တစ်ယောက်သော သူမှ မိမိရဲ့ ခန္ဓာကိုယ်ကို နာကျင် ကိုက်ခဲ အနာတရ ဖြစ်မယ့်ဟာ၊  အသက် သေဆုံး သွားမယ့်ဟာကို မလိုလားကြတဲ့ အတွက်ကြောင့် ငြိမ်းချမ်းရေး ကို ဘယ်နည်းနဲ့  ပြုပြင်ရင် ရကောင်းမလဲ ဆိုတာကို  စဉ်းစားကြပြီး  ငြိမ်းချမ်းအောင် ကြိုးစားကြပါလို့ဘဲ ပြောချင်ပါတယ်။

No comments:

Post a Comment

 
Blogger Widgets