Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Monday, 6 August 2012
အယ်ဒီတာ့အာဘော်
အယ်ဒီတာ့အာဘော်
by Yangon Media Group on Monday, 6 August 2012 at 00:45 ·
အယ်ဒီတာ့အာဘော်
ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကင်တင်နား၏ ရခိုင်အရေးကိစ္စ သုံးသပ်ပြောဆိုချက်များလုံးဝလက်မခံ
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ် အိုဂျီယာ ကင်တင်နားသည် မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာမျှ လာရောက်ပြီးနောက် သြဂုတ်၎ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံမှမထွက်ခွာမီ ရန်ကုန်နိုင်ငံတကာလေဆိပ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းထုတ်ပြန်ချက်တစ်ရပ် ဖတ်ကြားခဲ့သည်။
In this respect, I have, throughout my mandate, consistently highlighted concerns regarding systematic discrimination against the Rohingya community.  Such concerns include the denial of citizenship or legal status to Rohingyas, restrictions on their freedom of movement, marriage restrictions, and other discriminatory policies.  I hope that steps will be taken to address these issues, including a review of the 1982 Citizenship Act to ensure that it is in line with international human rights standards.
ကင်တင်နား၏ သတင်းထုတ်ပြန်ချက်တွင် လတ်တလောဖြစ်ပေါ်နေသော ရခိုင်အရေးကိစ္စကို အထူးအလေး ပြောဆိုသွားခဲ့ရာ အထက်ဖော်ပြပါအပိုဒ်၌ ရိုဟင်ဂျာနှင့်ပတ်သက်ပြီး ကာကွယ်ဘက်လိုက်ပြောဆိုသွား ခဲ့သည်ကို ကျွန်ုပ်တို့လေ့လာမှတ်သားလိုက်ရပါသည်။
ရိုဟင်ဂျာများကိုစနစ်တကျခွဲခြားနှိမ့်ချဆက်ဆံနေခြင်းများအပေါ်စိုးရိမ်မကင်းဖြစ်ကြောင်း ကုလအထူး ကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုသည်။ထို့အပြင် သူတို့အား နိုင်ငံသားဖြစ်မှုသို့မဟုတ် တရားဝင်တည်ရှိမှု ငြင်းပယ်ခြင်း၊   လွတ်လပ်စွာသွားလာမှုများကို ကန့်သတ်ခြင်း၊အိမ်ထောင်ပြုမှုကန့်သတ်ခြင်းနှင့် အခြားသော ခွဲခြားနှိမ့်ချဆက်ဆံမူဝါဒများအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း အသေးစိတ်ပါဖော်ပြထားသည်။ထိုမှတစ်ဖန်  နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့်ကိုက်ညီအောင် ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှုအက်ဥပဒေကို ပြန်လည်သုံးသပ်ရန်လည်း ကင်တင်နားက တိုက်တွန်းခဲ့သည်။
ထိုတစ်ပိုဒ်လုံးသည် ရခိုင်ပြည်နယ်တွင် အမှန်တကယ်ဖြစ်ပျက်နေသည့်ပကတိအခြေအနေနှင့်ကင်းကွာ နေသည့်အပြင် သန်း၆၀လူဦးရေ၏အများစုကြီး၏ လိုလားချက်၊ဆန္ဒများနှင့်လည်း ဆန့်ကျင်နေပေသည်။အထူး သဖြင့် နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ပကတိအခြေအနေ၊သမိုင်းကြောင်း၊ပထ၀ီအနေအထားတို့နှင့်ကိုက်ညီမည့် မိမိနိုင်ငံသားများ၊တိုင်းရင်းသားများအကျိုးစီးပွားကို ကာကွယ်ပေးရမည့် နိုင်ငံသားဥပဒေများရေးဆွဲပြဌာန်းရ စမြဲဖြစ်သည်ကို ကုလအထူးကိုယ်စားလှယ်ကင်တင်နား သိရှိပြီးဖြစ်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။
ယင်းအတွက် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှုဥပဒေအပေါ် လူ့အခွင့်အရေးအကြောင်းပြကာ တရားမ၀င်ဝင် ရောက်နေသူများအား တရားဝင်ဖြစ်ရေး တိုက်တွန်းပြောကြားသုံးသပ်ခိုင်းမှုကို ကျွန်ုပ်တို့လက်မခံနိုင်ဟု အတိအလင်းပြော ကြားလိုပေသည်။
နိုင်ငံတော်သမ္မတကြီးအပါအ၀င် ပြည်ထောင်စုဝန်ကြီးများကလည်း နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍လည်း ကောင်း၊တရားမ၀င် ၀င်ရောက်လာသူများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် ဒုက္ခသည်စခန်း ဖွင့်လှစ်ပေးပြီး ကုလအပါအ၀င်နိုင်ငံတကာအသိုင်းအ၀န်းက ၀ိုင်းဝန်းကူညီရေးနှုင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းစွာပြောကြားပြီးဖြစ်သည်။ ထိုပြောကြားချက်များသညှ်အလွန်မျှတမှုရှိပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အထူးအရေးကြီးသည့် ရပ်တည်ချက်မှန်လည်း ဖြစ်ပေသည်။မကြာသေးမီက ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ခုအတွင်း လွှတ်တော်ကိုယ်စားလှယ်တစ် ဦးက နိုင်ငံသားဖြစ်မှုကိစ္စပြောသည့်အခါ လူ့အခွင့်အရေးဆိုပြီး ကဗျာမဆန်ကြရန် ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားခဲ့သည်ကို ပြန်လည် ညွှန်းဆိုပြသလိုပေသည်။
ထို့အတွက်ကြောင့် လူ့အခွင့်အရေးကျွမ်းကျင်သူဟုဆိုသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကင်တင်နား၏ ရခိုင်အရေးကိစ္စပြောဆိုသုံးသပ်မှုများသည် သန်း၆၀မျှသော မြန်မာပြည်သူအများစုကြီး၏ ဆန္ဒကိုဆန့်ကျင်ပြီး ထိုပြည်သူအများစုကြီး၏ အခွင့်အရေး တစ်နည်းဆိုရသော် မြန်မာပြည်သူအများစုကြီး၏ လူ့အခွင့်အရေးကို ချိုးဖောက်ပြောဆိုနေခြင်းဖြစ်သည့်အတွက် ကျွန်ုပ်တို့က လုံးဝလက်မခံနိုင်ကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် လည်း မျှတစွာသုံးသပ်ပြောဆိုနိုင်သည့် ကိုယ်စားလှယ်တစ်ဦးအား အသစ်လဲလှယ်ခန့်ထားပေးပါရန် ကျွန်ုပ်တို့ကတောင်းဆိုပါသည်။
အယ်ဒီတာ
၅၊သြဂုတ် ၂၀၁၂
(စာပေစိစစ်က ခွင့်ပြုပါက ၇ သြဂုတ်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်တွင်ဖော်ပြမည်ဖြစ်ပါကြောင်းလေးစားစွာအသိ ပေးအပ်ပါသည်။)
Friday, 27 July 2012
မြန်မာနိုင်ငံအပေါ် ဘန်ကောက်ပို့စ် သတင်းစာ၏ ရေးသားချက်ကို အထူးဆန့်ကျင်
The Voice Weekly
[ Editorial ]
မြန်မာနိုင်ငံအပေါ် ဘန်ကောက်ပို့စ် သတင်းစာ၏ ရေးသားချက်ကို အထူးဆန့်ကျင်
အယ်ဒီတာ (၂၅-၇-၂၀၁၂)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အခြေစိုက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဘန်ကောက်ပို့စ် သတင်းစာတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်တို့အပေါ် ပြင်းထန်စွာစွပ်စွဲ တိုက်ခိုက်သည့် အယ်ဒီတာ့အာဘော်တစ်ရပ်ကို ပြီးခဲ့သော ဇူလိုင်လ ၂ဝရက်နေ့က ရေးသားဖော်ပြ ခဲ့ပါသည်။ အဆိုပါအယ်ဒီတာ့အာဘော်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကြောင့် အာရှ၏ ထွန်းသစ်စနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက ရှုမြင်သုံးသပ်ခန့်မှန်းကြသည့်အပေါ် စိုးရိမ်သောကကြီး နေသော ထိုင်းနိုင်ငံအစိုးရအဖွဲ့ရှိ လူပုဂ္ဂိုလ်၊ နိုင်ငံသားအချို့၊ မြန်မာ့အရေးဆိုင်ရာ စီမံကိန်း၊ စီမံချက်အချို့အတွက် သန်းနှင့်ချီသောဘဏ္ဍာငွေများ ကိုင်တွယ်သုံးစွဲနေသော ဘန်ကောက်အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းအချို့ ကိုယ်စား ရေးသားပေးသောစွပ်စွဲ ပုတ်ခတ်ချက် တစ်ရပ် ဖြစ်ဖွယ်ရှိပါသည်။
သမ္မတကြီးဦးသိန်းစိန်၏ ယခုထိုင်းနိုင်ငံခရီးစဉ်မတိုင်မီ နှစ်ကြိမ်ရွှေ့ဆိုင်း ခဲ့ခြင်းနှင့်ပတ်သက်၍ ဘန်ကောက်ပို့စ်သတင်းစာ၏ရေးသားချက်မှာ များစွာတစ်ဖက်သတ်ဆန်နေသည့်အပြင် နှစ်ပေါင်း များစွာ ဆန့်ကျင်ဘက် အသွင်ဆောင်ခဲ့သည့် လူပုဂ္ဂိုလ်နှစ်ဦး လက်တွဲအကောင်အထည်ဖော်နေသော ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေပါသည်။ ဤနေရာတွင် သမ္မတခရီးစဉ်ဖျက်သိမ်းခဲ့မှုနှင့်ပတ်သက်၍ အမှန်စင်စစ် ဦးသိန်းစိန်၏ ခရီးစဉ်နှောင့်နှေးမှုတွင် အကြောင်းအရင်းရှိသည်။ တရားဝင်ခေါင်းဆောင်မဟုတ်သော လူကြိုက်များ အတိုက်အခံ ခေါင်းဆောင် ကို နွေးထွေးစွာကြိုဆိုခဲ့ခြင်းသည် အကြောင်းအရင်းဖြစ်လိမ့်မည်ဆိုသည့် ထိထိမိမိ မှန်းဆမှုရှိနေသော ကြောင့်ပင်ဖြစ်သည်ဟု ဘန်ကောက်ပို့စ်၏ ရေးသားထားခြင်းသည် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေး ထားပြီး တစ်စုံ တစ်ရာနားလည်မှုရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးတို့ အကြား နားလည်မှုလွဲမှားစေနိုင်သော အရေးအသားဖြစ်နေသည်ကို ဒေသတွင်းအတိုင်းအတာတစ်ခုအထိ သိက္ခာရှိရှိ ရပ်တည်လာခဲ့သော ဘန်ကောက်ပို့စ်သတင်းစာ ကောင်းစွာသတိပြုနိုင်ပါလိမ့်မည်။
ထိုင်းနိုင်ငံသည် ဒေသတွင်းရှိ မတည်မငြိမ်ဖြစ်နေခဲ့သော နိုင်ငံများ၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ ၎င်းအတွက် အားသာချက် အသွင်ပြောင်းယူပြီး စီးပွားလမ်းဖြောင့်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများက သက်သေပြလျက်ရှိပါသည်။ ဗီယက်နမ်စစ်ပွဲ၊ ကိုရီးယားစစ်ပွဲ၊ ကမ္ဘောဒီးယား ပြည်တွင်းစစ်၊ မြန်မာနိုင်ငံအတွင်းရှိ ရာစုနှစ်ဝက်ကျော်ကြာ ပြည်တွင်းစစ်၊ အာဏာရှင်စနစ်တို့၏ အားနည်းချက်တို့က ယနေ့ ထိုင်းနိုင်ငံ၏ လက်ရှိအခြေအနေရောက်ရှိစေရန် ပံ့ပိုးပေးခဲ့သော အကြောင်း တရားများလည်း ဖြစ်နေပါသည်။
ဒေသတွင်းမဟာဗျူဟာအချက်အချာနေရာတွင်ရှိနေသော မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ပြောင်း လာပြီး ဖွံ့ဖြိုးတိုးတက်လာပါက ယခင်မြန်မာနိုင်ငံ၏ အခြေအနေဆိုးများကို အခွင့်အလမ်းတစ်ခု အဖြစ် အသုံးချကာ စီးပွားလမ်းဖြောင့် ခဲ့သော ထိုင်းနိုင်ငံ၏ အကျိုးစီးပွားများ ယုတ်လျော့ သွားမည်ကို အထူးစိုးရိမ်နေဟန်ရှိပါသည်။ အထူးသဖြင့် ကုန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်အတွင်း မြန်မာနိုင်ငံ၏ ဆိုးရွားခဲ့သော လူသားအခွင့်အရေး ဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းစစ်၊ နိုင်ငံရေး သောင်မတင် ရေမကျမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကို အကြောင်းပြု၍ အနောက်ကမ္ဘာ၏ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေး လုပ်ငန်းများ၊ ပြည်ပရောက် မြန်မာအဖွဲ့အစည်းများ၊ အမေရိကန်ပြည်ထောင်စု၊ နော်ဝေနိုင်ငံအစိုးရ အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့၊ နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ ဘဏ္ဍာငွေအထောက်အပံ့ ဖြင့် တည်ထောင်ထားသည့် ပြည်ပရောက် မြန်မာမီဒီယာများ၊ ပြည်တွင်း၊ ပြည်ပရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ စသည့်အဖွဲ့အစည်းအမျိုးမျိုးတို့ လုပ်ငန်းလည်ပတ်ရန်အတွက် ထိုင်းနိုင်ငံတွင် အခြေစိုက်ရုံးခွဲများဖွင့်လှစ်ခွင့်ရရှိခဲ့ပါသည်။ ထိုရုံးခွဲများ၏ လည်ပတ် သုံးစွဲငွေအားလုံးနှင့် မြန်မာနိုင်ငံ အတွက်သုံးစွဲသော ငွေကြေးအားလုံးသည် ထိုင်းနိုင်ငံရှိဘဏ်များမှတစ်ဆင့် ထိုင်းဈေးကွက်နှင့် မြန်မာနိုင်ငံအတွင်းသို့ စီးဝင်နေခြင်းဖြစ်ပါသည်။
အခြေအနေအရပ်ရပ်ကြောင့် ထိုင်းနိုင်ငံအတွင်း တရားဝင်နှင့် တရားမဝင်လာရောက် အလုပ်လုပ် ကိုင်နေကြသော မြန်မာနိုင်ငံသားများ၏ လုပ်အားခနည်းပါးမှု၊ ဖိနှိပ်ချင်သလောက် ဖိနှိပ်ခွင့်ရရှိမှု တို့ကြောင့် လူမှုရေးပြဿနာအချို့ ရှိလင့်ကစား ထိုင်းနိုင်ငံရှိ ရေလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ ကုန်ကျစရိတ် နည်းနည်းဖြင့် အကျိုးအမြတ်များစွာရရှိ နေခြင်းကလည်း အားသာချက်တစ်ရပ်ဖြစ်နေပါသည်။
ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းများသည် ရိုဟင်ဂျာတို့၏ အခက်အခဲကို ကောင်းစွာသိရှိ နေသူများဖြစ်ကြောင်း၊ ဇာတိမှ ထွက်ခွာလာကြသော ရိုဟင်ဂျာများသည် အခြားတစ်နေရာသို့ ဆက်လက်သွားရောက်ရန်အတွက် ထိုင်းနိုင်ငံ၌ ခရီး တစ်ထောက်နားကြသော်လည်း မြန်မာ နိုင်ငံမှ မြစ်ဖျားခံလာသော ပြဿနာအရှုပ်ထုပ်ကို ထိုင်းအာဏာပိုင်များကလည်း လက်ခံ ကြိုဆိုခြင်းမပြုကြောင်း ဘန်ကောက်ပို့စ်၏ ရေးသားချက်သည် ရိုဟင်ဂျာများ၏သမိုင်းကြောင်း၊ မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ သမိုင်းကြောင်း၊ ရခိုင်ပြည်နယ်၏ သမိုင်းကြောင်းတို့ကို သေချာစွာမသိဘဲ အနှစ် ၂၀ ခန့် စီမံခန့်ခွဲမှုအလွဲများဖြင့် ဒီမိုကရေစီနည်းမကျစွာ အုပ်ချုပ်ခဲ့သော အမှားများအား လက်ညှိုးထိုးပြီး ရိုဟင်ဂျာခေါင်းစဉ်တပ်ကာ ရန်ပုံငွေများစွာဖြင့် အနှစ် ၂ဝခန့် စည်းရုံးလှုံ့ဆော်ဝါဒဖြန့်ချိနေသူများ၏ အနောက်မီဒီယာများမှ တစ်ဆင့်ထွက်ပေါ်လာသောအသံကို ပဲ့တင်ထပ်ပေးသည့်သဘော သက်ရောက်နေပါသည်။ အထူးသဖြင့်အတိတ်က အာဏာရှင်အုပ်ချုပ်ရေးယန္တရားတွင် ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ယောက် ဖြစ်သော်လည်း ယနေ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကြိုးစားဆောင်ရွက်နေသော မြန်မာနိုင်ငံနှင့် လက်ရှိမြန်မာနိုင်ငံအစိုးရအဖွဲ့ အကြီးအကဲဖြစ်သူ သမ္မတဦးသိန်းစိန်တို့အပေါ် ပြင်းထန်သည့် တစ်ဖက်သတ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရေးသားမှုအဖြစ် The Voice Weekly က ရှုမြင်ပါသည်။
အစိုးရအဖွဲ့သစ်ကို သမ္မတဦးသိန်းစိန် ဖွဲ့စည်းတာဝန်ယူစဉ်မှစ၍ ယနေ့အချိန်အထိတိုင် ဒီမိုကရေစီစနစ် ကျင့်သုံးနေပါသည်ဟုဆိုသော အိမ်နီးချင်းနိုင်ငံတစ်ခုမှ ၎င်းတို့ကိုယ် ၎င်းတို့ သိက္ခာရှိ သတင်းစာတစ်စောင်ဟုဆိုနေသော ဘန်ကောက်ပို့စ်သတင်းစာအနေနှင့် မြန်မာနိုင်ငံသို့လာရောက်၍ သော်လည်းကောင်း၊ အာဆီယံထိပ်သီးဆွေးနွေးပွဲများတွင်သော်လည်းကောင်း သမ္မတကြီးနှင့် တစ်ကြိမ် တစ်ခါမျှ တရားဝင်တွေ့ဆုံမေးမြန်းခြင်း မရှိသေးပေ။ အမေရိကန်ပြည်ထောင်စုမှနာမည်ကျော် ဝါရှင်တန်ပို့စ်သတင်းစာ၊ ဂျာမနီနိုင်ငံမှ Suddeutsche Zeitung သတင်းစာ၊ စင်ကာပူနိုင်ငံမှ Channel NewsAsia တို့သည်ပင်လျှင် သမ္မတကြီးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းကာ ကမ္ဘာအရပ်ရပ်က သိရှိအောင် ထုတ်ပြန်လွှင့်ထုတ် ခဲ့ပြီးဖြစ်ပါသည်။ သမ္မတကြီးနှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံမေးမြန်း ခြင်းမရှိပါဘဲ ရိုဟင်ဂျာအခွင့်အရေးခေါင်းစဉ်တပ်ကာ ဘာသာရေး အကြမ်းဖက်ဖိနှိပ်မှုအဖြစ် သရုပ်ဖော်ရေးသားမှုများမှာ လူကြီးလူကောင်းမဆန်သော စွပ်စွဲချက်သက်သက်သာဖြစ်နေပါသည်။
ဘန်ကောက်ပို့စ်သတင်းစာအနေနှင့် ပဋိပက္ခဖြစ်ပွားနေသော ရခိုင်ပြည်နယ်၏ အတိတ်သမိုင်း ကြောင်းကို အသေအချာလေ့လာခြင်း၊ ယင်းဒေသသို့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းကာ သတင်းရင်းမြစ် များကို စုံစေ့အောင်မေးမြန်းခြင်း၊ စုံစမ်းထောက်လှမ်းခြင်း၊ အောက်ထစ်ဆုံး ဆန့်ကျင်ဘက် သတင်း ရင်းမြစ်နှစ်ခု၏ အယူအဆသဘောထားကို မေးမြန်းခြင်း လုံးဝ (လုံးဝ)မရှိဘဲ ထင်မြင်ချက်ဖြင့် တစ်ဖက်သတ် စွပ်စွဲရေးသားခြင်းသည် ပရော်ဖက်ရှင်နယ်ပီသသောသတင်းမီဒီယာတစ်ခုထက် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများအပေါ် အဆိုးမြင်သဘောထားရှိနေသည့် လှုံ့ဆော်ဝါဒဖြန့်မီဒီယာ တစ်ခုအသွင်ဆောင်နေပါသည်။
အထူးသဖြင့် ရိုဟင်ဂျာများနှင့်ပတ်သက်၍ သမ္မတ၏ပြောကြားချက်ကို လူမျိုးစွဲစိတ်ပြင်းခြင်း၊ မုန်းတီးခြင်း၊ ခြိမ်းခြောက်ခြင်း အငွေ့အသက်များလွှမ်းနေသည်ဟု ရေးသားခဲ့သော ဘန်ကောက်ပို့စ် သတင်းစာအနေနှင့် မြန်မာ-ထိုင်း ရာဇဝင်နောက်ခံ ထိုင်းရုပ်ရှင်ဇာတ်ကားများ၊ ထိုင်းဘာသာဖြင့် ရေးသားထုတ်ဝေသော သတင်းစာများတွင် အတိတ်သမိုင်းကြောင်းမှ မြန်မာဘုရင်တို့၏ ထိုင်းနိုင်ငံ အပေါ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် အနာဟောင်းများကိုတူးဖော်ကာ မြန်မာနိုင်ငံသားများအပေါ် လက်စားချေလိုစိတ် ပြင်းပြလာစေရန် ထိုင်းအမျိုးသားရေးစိတ်ကို လှုံ့ဆော်နှိုးဆွပေးခြင်းဖြင့် ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းလူဆိုးဂိုဏ်း၊ လူမှောင်ခိုဂိုဏ်းများ အပါအဝင် ထိုင်းနိုင်ငံသားအများစုက ထိုင်းနိုင်ငံ အတွင်းရှိ ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသားများအပေါ် မုန်းတီးစိတ်၊ လက်စားချေစိတ်ဖြင့် ခွဲခြားဆက်ဆံမှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှု၊ လုယက်သတ်ဖြတ်မှု၊ ရွှေ့ပြောင်းလုပ်သား အမျိုးကောင်း မြန်မာမိန်းကလေးငယ်များကို အဓမ္မကျင့်သတ်ဖြတ်မှု၊ မလေးရှားနိုင်ငံနှင့် ငါးဖမ်းလုပ်ငန်းများသို့ ကျေးကျွန်များသဖွယ် ရောင်းစားမှုကဲ့သို့သော အဖြစ်အပျက်များရှိနေပါလျက် လျစ်လျူရှုနေသော ထိုင်းအာဏာပိုင်များ၊ ထိုင်းမီဒီယာများ၊ နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများ၊ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်တို့နှင့် ပတ်သက်၍မူ အဘယ့်ကြောင့် ရေငုံနှုတ်ဆိတ်နေပါသနည်း ဟု မေးခွန်းထုတ်ရမည်ဖြစ်ပါသည်။
အထူးသဖြင့် ထိုင်းတောင်ပိုင်းရှိ ခွဲထွက်လိုသော မွတ်ဆလင်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင် များအကြား ကာလကြာရှည်ဖြစ်ပွားနေသည့် အဓိကရုဏ်းနှင့် အကြမ်းဖက် သတ်ဖြတ်မှုများ၊ ဝန်ကြီးချုပ်သက်ဆင်လက်ထက်က ထိုင်းစစ်တပ်၏ သွေးထွက်သံယိုအကြမ်းဖက်ဖြိုခွင်းခဲ့ခြင်း၊ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရှပ်နီဆန္ဒပြသူများအား ဘုရင့်သစ္စာတော်ခံ ထိုင်းစစ်တပ်က ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းများနှင့်ပတ်သက်သော သတင်းများကိုမူ မကြာသေးခင်က ၎င်းတို့နှင့်နယ်စပ်ပဋိပက္ခဖြစ်ပွားခဲ့သည့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်း အခြားနိုင်ငံအရေးကိစ္စများအပေါ် ပြစ်တင်ဝေဖန်ရေးသားသကဲ့သို့ လက်သွက်ခြေသွက်မရှိခဲ့ ခြင်းမှာလည်း ဘန်ကောက်ပို့စ်သတင်းစာ၏ရပ်တည်ချက်ကို မေးခွန်းထုတ်စရာဖြစ်နေပါသည်။
ယခုအခါ အခြေအနေအားလုံး ငြိမ်သက်အေးချမ်းစပြုနေသော ရခိုင်ပြည်နယ်ပဋိပက္ခနှင့် ပတ်သက်၍ ဘန်ကောက်ပို့စ် သတင်းစာ၏ တစ်ဖက်သတ်စွပ်စွဲတိုက်ခိုက်ရေးသားမှုကြောင့် နှစ်ပေါင်း များစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာသော မွတ်ဆလင်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာ ရခိုင် တိုင်းရင်းသား၊ ဗမာတိုင်းရင်းသားများအကြား အထင်လွဲမှု၊ ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာပါက ဘန်ကောက်ပို့စ်သတင်းစာတွင်သာ လုံးဝတာဝန်ရှိကြောင်း အထူးသိစေအပ်ပါသည်။
Thursday, 26 July 2012
ဘင်္ဂလီအရေး (သို့) ဒေသတွင်းနိုင်ငံများ၏ အရေး (အပိုင်း ၁)
by Ko Htoo on Friday, 27 July 2012 at 08:17 ·
မိမိဌာနေတိုင်းနိုင်ငံတွင် ရတက်မအေးထွက်ပြေးကြရရှာသော အာသံပြည်သူများ
ဘင်္ဂလီအရေးကို လုပ်လာတဲ့ သက်တမ်းတလျှောက် အမြဲတမ်းပြောလာခဲ့တာ တစ်ခုရှိတယ်။ ဒီအရေးဟာ အနောက်ဘက် မောင်တော၊ ဘူးသီးတောင်မြို့တွေရဲ့ အရေးပဲ မဟုတ်ဘူး။ ရခိုင်ပြည်၊ ရခိုင်လူမျိုးတွေရဲ့ အရေးပဲ မဟုတ်ဘူး။ မြန်မာပြည်တစ်ခုတည်းနဲ့ဆိုင်တဲ့ အရေးမဟုတ်ဘူး။ ဒီကိစ္စဟာ ဒေသတွင်းနိုင်ငံတွေရဲ့ အရေးကိစ္စဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်နဲ့လည်း ဆိုင်တယ်။ အိန္ဒိယနဲ့လည်း ဆိုင်တယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဘာတွေဖြစ်နေလဲ၊ အိန္ဒိယမှာ ဘာတွေဖြစ်နေလဲ ဆိုတာတွေကို အကုန်လုံး ခြုံငုံသုံးသပ်မှသာလျှင် ဒီကိစ္စရဲ့ အတိမ်အနက်ကို သေချာမြင်နိုင်မှာဖြစ်တယ်။ (Anna Jones and BBC Protest Speech)
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသလို တခြားဘယ်နေရာတွေမှာ ဘယ်လိုဖြစ်နေလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေပြီး၊ ဘယ်လိုဖြေရှင်းနေကြသလဲ၊ ဘယ်လိုသက်ရောက်မှုတွေ ရှိနေပြီး ဘယ်လိုကာကွယ်ကြလဲ ဆိုတာတွေကို လေ့လာနည်းနာယူကြရမှာ ဖြစ်တယ်။
မြန်မာပြည်မှာ လွန်ခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က မောင်တောမြို့မှာရှိတဲ့ ဘင်္ဂလီတွေက ဗလီအဆင်းမှာ အကွက်ကျကျ တိုက်ခိုက်ခဲ့ကြလို့ အဓိကရုဏ်းကြီးတစ်ခု ဖြစ်ပွားခဲ့ရသလို အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာလည်း အဓိကရုဏ်းတွေ ဖြစ်နေပြန်ပါပြီ။ ဒေသခံတိုင်းရင်းသားတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂလီအကြား ဖြစ်ကြတာပဲ ဖြစ်ပါတယ်။ အခုအချိန်အထိ အနည်းဆုံး လူပေါင်း ၄၅ ဦးသေဆုံးသွားပြီးဖြစ်ပြီး အိမ်ပေါင်းများစွာ မီးရှို့ခံခဲ့ကြရပါတယ်။ အနည်းဆုံး လူပေါင်း ၁ သိန်းခွဲကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ ပြည်နယ်ရဲ့ အဓိက သယ်ယူပို့ဆောင်ရေးဖြစ်တဲ့ ရထားတွဲတွေ သောင်တင်ကြရတယ်။
အခုတကြိမ်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက လျော့ရဲတဲ့ နယ်စပ်လုံခြုံရေးနဲ့ အကျင့်ပျက်အမှုထမ်းတွေကြောင့်လို့ ဆိုပါတယ်။ ဘင်္ဂလီတွေဟာ အိန္ဒိယနယ်စပ်စောင့်တပ်သားတွေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သားတွေကို ပိုက်ဆံလေး နည်းနည်းပါးပါး လာဘ်ထိုးရုံနဲ့ အလွယ်တကူဝင်ထွက်သွားလာနိုင်တယ်လို့ ဆိုပါတယ်။ အဲဒါကို နိုင်ငံရေးသမားတွေကလည်း လစ်လျူရှုထားခဲ့ကြရုံမက ပိုမိုဝင်ရောက်လာအောင်တောင် မြူဆွယ်ခဲ့ကြပါတယ်။ မိမိနိုင်ငံအကျိုးစီးပွားထက် မိမိပါတီ၊ မိမိကိုယ်ကျိုးကို ရှေ့တန်းတင်ခဲ့ကြတယ်။ အခုဆိုရင် တရားမ၀င်ဝင်ရောက်လာတဲ့ ဘင်္ဂလီတွေဟာ နိုင်ငံရေးသမားတွေကို လွှမ်းမိုးလာခဲ့ပြီး မိမိဒေသခံတိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လာနေခဲ့ပါပြီ။
အိန္ဒိယရဲ့ အရှေ့မြောက်ဒေသ သတင်းတွေကို ထုတ်ဝေနေတဲ့ အိုးပန်း မဂ္ဂဇင်းရဲ့ တွဲဖက်စာတည်းချုပ် ရာဟူး ပန်ဒိတာက “နိုင်ငံရေးသမားတွေဟာ သူတို့ မဲရရှိဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို အိန္ဒိယနိုင်ငံသားစာရွက်စာတမ်းတွေ ထုတ်ပေးပြီး ၁၉၇၁ (ဘင်္ဂလားဒေ့ရှ်နိုင်ငံ စတင်ပေါ်ပေါက်သော နှစ်)  ခုနှစ်ကနေ မြူဆွယ်နေခဲ့ကြတယ်”လို့ ဆိုပါတယ်။ သန့်ရှင်းဖဆပလ မဲနိုင်ဖို့အတွက် ဘင်္ဂလီတွေကို နိုင်ငံသားဖြစ်တယ်လို့ ဦးနုက ဆိုခဲ့သလိုပါပဲ။
အိန္ဒိယနှင့် "ကြက်လည်ရိုး" ပထ၀ီနိုင်ငံရေး
အရှေ့မြောက်ဒေသတွေဟာ အိန္ဒိယရဲ့ နိုင်ငံရေးချက်မ နယူးဒေလီကနေ အလှမ်းဝေးတာကြောင့် ဗဟိုအစိုးရရဲ့ လျစ်လျူရှုခြင်းကို ခံခဲ့ရတယ်။ (အိန္ဒိယရဲ့ နာမည်ကြီး မီဒီယာတွေကလည်း အရှေ့မြောက်ဒေသအရေးတွေကို လျစ်လျူရှုထားတတ်ကြတယ်။) တရားမ၀င် ၀င်ရောက်လာနေကြတဲ့ ဘင်္ဂလီတွေရဲ့ အန္တရာယ်တွေကို အာသံပြည်သူတွေဟာ ဗဟိုအစိုးရကို တင်ပြလာခဲ့ကြတာပါ။ ဥပမာ - အာသံအုပ်ချုပ်ရေးမှုး ဒုဗိုလ်ချုပ်ကြီး ဆင်ဟာ (SK Sinha) ဆိုရင် တရားမ၀င်လာရောက်ကြတဲ့ ဘင်္ဂလီတွေကြောင့် ဖြစ်ပေါ်လာတဲ့ အလုပ်အကိုင်ရှားပါးမှု အပါအ၀င် သက်ရောက်မှုဆိုးကျိုးတွေကို ဌာနေအာသံပြည်သူတွေ လက်ရှိကြုံတွေ့နေရပုံ၊ ပါကစ္စတန် ခွဲထွက်ရေးကာလကတည်းက အာသံပြည်ကို အရှေ့ပါကစ္စတန်ထဲ ထည့်သွင်းဖို့ လိုလားခဲ့ကြပုံ (ခေါ်တော ဘင်္ဂလီတွေ မောင်တော၊ ဘူးသီးတောင်နယ်ကို ၁၉၄၇ ခုနှစ်တုန်းက ပါကစ္စတန်နိုင်ငံထဲ ထည့်သွင်းဖို့ ကြိုးစားခဲ့သလိုပါပဲ။) ၊ အာသံပြည်ရော၊ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) နဲ့ ကပ်နေတဲ့ ခရိုင်တချို့ကိုပါ ကက်ရှ်မီးယားဒေသကဲ့သို့ ပါကစ္စတန်ရရှိသင့်ကြောင်း ပါကစ္စတန်ခေါင်းဆောင်တွေ ယုံကြည်ခဲ့ကြပုံ၊ အိန္ဒိယကူညီမှုကြောင့် လွတ်လပ်ရေးရလာပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမျိုးသားလွတ်လပ်ရေး ခေါင်းဆောင် ရှိတ်ခ် မူဂျီဘာ ရာမန် ကိုယ်တိုင် သစ်တောထွက်နဲ့ တွင်းထွက်ပစ္စည်းတွေ ကြွယ်ဝတဲ့ အာသံပြည်ကို လိုချင်ခဲ့ပုံတွေကို ၁၉၉၈ ခုနှစ်တုန်းက အိန္ဒိယသမ္မတထံ အစီရင်ခံတင်ပြခဲ့ဖူးပါတယ်။ လက်ရှိအနေအထားအရ အရှေ့မြောက်ဒေသနဲ့ အိန္ဒိယပြည်မကို "ကြက်လည်ရိုး"လမ်းကြောင်းလေးက ဆက်စပ်ထားပြီး မကြာခင်ဖြစ်ပွားလာမယ့် လူဦးရေလွှမ်းမိုးမှုနဲ့အတူ ကြက်လည်ရိုးလမ်းကြောင်းဒေသတွေအပါအ၀င် ဘင်္ဂလားဒေ့ရှ်နဲ့ နီးစပ်နေတဲ့ အိန္ဒိယ ခရိုင်တွေကသာ ဘင်္ဂလားဒေ့ရှ်နဲ့ တချိန်မှာ ပူးပေါင်းသွားပါက အိန္ဒိယနိုင်ငံနှစ်ခြမ်းခွဲပြီး ပြည်ထောင်စုကြီးကို အများကြီးအနှောင့်အယှက်ပေးနိုင်ကြောင်း မဟာဗျူဟာကျကျ တင်ပြခဲ့ဖူးပါတယ်။
ဒါပေမယ့် ဗဟိုအစိုးရဟာ လက်မခံခဲ့ပါဘူး။ ဒါ့အပြင် ဒုဗိုလ်ချုပ်ကြီး ဆင်ဟာကိုတောင် လူမျိုးရေး တင်းမာမှုတွေ ဖြစ်အောင် လှုံ့ဆော်နေတယ်ဆိုပြီး စွပ်စွဲခဲ့ကြပါတယ်။ ဗဟိုအစိုးရဟာ တွင်းထွက်ပစ္စည်းကြွယ်ဝတဲ့ အာသံပြည်က ယူချင်တာကို ယူပြီး ပေးစရာရှိတာကျတော့ ပြန်မပေးခဲ့ကြဘူး။ (ရခိုင်ပြည်က ရွှေဂတ်စ်တွေကို ဗဟိုအစိုးရတွေက ယူသလိုပါပဲ။) ဗဟိုအစိုးရနဲ့ အကျင့်ပျက်နိုင်ငံရေးသမားတွေရဲ့ လက်ထဲမှာ ပြည်သူတွေဟာ မတရားမှုတွေကို မျိုသိပ်နေခဲ့ကြရတယ်။ တချို့ကျတော့လည်း ခွဲထွက်ဖို့လုပ်ခဲ့ကြတယ်။ အင်အားချင်းပြိုင်နေကြတဲ့ တရုတ်ကလည်း ခွဲထွက်ရေးသူပုန်တွေကို ပံ့ပိုးမှုတချို့ ပေးခဲ့ကြတယ်။ အမေရိကရဲ့ စီအိုင်အေတောင် စစ်အေးတိုက်ပွဲကာလ အိန္ဒိယနဲ့ ဆိုဗီယက်ပြည်ထောင်စု ပနံသင့်နေတုန်းက အရှေ့မြောက်ဒေသရဲ့ ခွဲထွက်ရေးလုပ်ငန်းတွေကို ပံ့ပိုးမှုတွေ ရှိခဲ့တယ်လို့ ထောက်လှမ်းရေးသတင်းတွေက ဆိုတယ်။
ဝါးခြမ်းပြားလေးတစ်ခြမ်းကို လက်နှစ်ဖက်နဲ့ အားစိုက်လိုက်ရင် ချက်ချင်း မကျိုးရင်တောင် ၀ါးခြမ်းပြားက တောင့်မခံနိုင်တော့တဲ့ တချိန်ကျရင် ကျိုးတာပါပဲ။ ငလျင်လှုပ်တယ် ဆိုတာကလည်း ကမ္ဘာကို တည်ဆောက်ထားတဲ့ Plate လို့ ခေါ်တဲ့ ကမ္ဘာ့အလွှာပြားကြီးနှစ်ခု တစ်ခုနဲ့ တစ်ခု တွန်းကြရာကနေ တစ်ဘက်ကတောင့်မခံနိုင်တော့လို့ နောက်ဆုံး ငလျင်လှုပ်ခါပြီး သိုလှောင်ထားတဲ့ တွန်းအားတွေကို ထုတ်ပစ်ကြတယ်။ အခုဖြစ်တဲ့ အာသံပြည်နယ်ရဲ့ အနောက်ဘက်မှာ ဖြစ်တဲ့ အရေးအခင်းဟာလည်းပဲ ဘင်္ဂလီတွေရဲ့ တရားမ၀င်ခိုးဝင်လာမှု တွန်းအားတွေကို မခံမရပ်နိုင်တော့လို့ ပေါက်ကွဲကြတာပါပဲ။
ဘင်္ဂလီတွေရဲ့ တရားမ၀င်ကျူးကျော်မှုတွေဟာ ဒေသခံ ဘိုဒိုစတဲ့ တိုင်းရင်းသားတွေကို တောက်လျှောက် ခြိမ်းခြောက်လာခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ နီးစပ်တဲ့ ဒူဘရီစတဲ့ ခရိုင်တွေမှာ ဆိုရင် လူဦးရေတိုးပွားနှုန်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ထဲမှာတင် ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိ ရှိလာပါပြီ။ (စီအိုင်အေရဲ့ ၂၀၁၁ ခုနှစ်ကိန်းဂဏန်းများအရ မြန်မာနိုင်ငံရဲ့ လူဦးရေ တိုးနှုန်းဟာ ၁.၀၇ ပဲ ရှိပါတယ်။) တချို့ခရိုင်တွေမှာဆိုရင် ရခိုင်ပြည်က မောင်တော၊ ဘူးသီးတောင်တွေလိုပဲ ဘင်္ဂလီတွေက လူများစု ဖြစ်လို့ လာနေပါပြီ။ ဗဟိုအစိုးရကလည်း ဘာမှ ထိထိရောက်ရောက်မကာကွယ်ပေးခဲ့ဘူး။ အာသံပြည်သူတွေရဲ့ မွန်းကျပ်နေတဲ့ မခံမရပ်နိုင်မှုတွေကို ဘိုဒိုလူမျိုး ၄ ဦးအသတ်ခံရတာကနေ စပြီး အခုဆိုရင် လူပေါင်းများစွာ သွေးထွက်သံယိုဖြစ်ကြရတဲ့ အဓိကရုဏ်းကြီးအဖြစ်ကို ပြောင်းလဲသွားပါပြီ။
ကိုကရာဂျာတွင် ဖြစ်ပွားသော အဓိကရုဏ်းကြောင့် ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသော အဘွားအို
ဒီလိုမျိုးအဓိကရုဏ်းတွေဟာ အိန္ဒိယရဲ့ အာသံတစ်ခုတည်းမှာပဲ ကွက်ကျား ဖြစ်နေတာ မဟုတ်ပါဘူး။ ဒါဟာ အာသံအရေးတစ်ခုတည်း မဟုတ်ပါဘူး။ အနောက်ဘင်္ဂလားစတဲ့ အိန္ဒိယရဲ့ တခြားပြည်နယ်တွေမှာလည်း တရားမ၀င်ဘင်္ဂလီတွေရဲ့ လူဦးရေအသာစီး ခြိမ်းခြောက်မှုတွေကို ခံလာနေရပါပြီ။ မြန်မာပြည်က ခေါ်တောတွေဟာ ဘင်္ဂလားဒေ့ရှ်က မဟုတ်ဘူးလို့ ငြင်းသလိုပဲ အိန္ဒိယမှာ ရှိတဲ့ တရားမ၀င် ဘင်္ဂလီတွေကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့ဆီက မဟုတ်ဘူးလို့ ဗြောင်တင်းတင်း ငြင်းနေပြန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကိုယ်ပဲ အရှေ့ဘက် စစ်တကောင်းတောင်တန်းပေါ်မှာ ဒေသခံတောင်ပေါ်တိုင်းရင်းသားတွေရဲ့ လယ်မြေတွေကို လုတာမျိုး၊ မီးတိုက်နှင်ထုတ်တာမျိုး စတဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ပြီး မနေရဲအောင် အမျိုးမျိုးယုတ်မာနေကြတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အခုအချိန်ထိ ကုလသမဂ္ဂရဲ့ ဌာနေတိုင်းဦးသားများရဲ့ အခွင့်အရေးကြေညာချက်ကြီးကို လက်မှတ်ထိုးဖို့ ငြင်းဆန်ထားပါတယ်။
အပိုင်း (၂) ကို မကြာမီ ဆက်လက်တင်ပေးသွားပါမည်။
မှီငြမ်း
1. Indian soldiers patrol Assam state following deadly riots
2. India riots: Illegal immigration is behind deadly clashes in Assam
3. CIA Factbook: Bangladesh
4. Population Density
5. Wikipedia: Assam
6. Assam violence: Army deploys 13,000 troops, train services remain stalled
7. Assam riots: Fruits of living in denial over Bangladesh influx
8. Wikipedia: People of Assam
9. Wikipedia: Sylhet
10. The Rise of Islam and the Bengal Frontier (1204-1760)
11. World Statistics
12. Problem of Bangladeshi migrants
အမျိုးသားလုံခြုံရေးနှင့် ဒီမိုကရေစီ အပြောင်းအလဲကို ခြိမ်းခြောက်နေပြီလား
မောက္ခပညာရေးမဂ္ဂဇင်း
၂၀၀၆ ခုနှစ်လောက်က ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ (National Security Council) က အရာရှိကြီး တစ်ဦးနှင့် စကား လက်ဆုံ ကျဖူးပါတယ်။ စကားလက်ဆုံ ကျရင်းနဲ့ မြန်မာလူမျိုးတွေ ထိုင်းနိုင်ငံအတွင်း ၀င်ရောက်လာမှု များပြားနေခြင်းဟာ ထိုင်း အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လာနေပြီလို့ ထင်မြင်ကြောင်း အဲဒီအရာကြီးက ပြောဆိုပါတယ်။ အဲဒီအရာရှိကြီး ပြောတဲ့အချိန် တုန်းက မြန်မာရွှေ့ပြောင်းအလုပ်သမား လူဦးရေ (၃) သန်းလောက် ထိုင်းနိုင်ငံထဲမှာ ၀င်ရောက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေက ဘယ်လိုပုံစံမျိုးနဲ့ ခြိမ်းခြောက်နေလဲလို့ မေးကြည့်ဖြစ်တယ်။ နိုင်ငံတစ်ခုကို အခြား နိုင်ငံတစ်ခုက လူဦးရေ သန်းချီ ၀င်ရောက် နေထိုင်တယ်နေတယ် ဆိုရင် အဲဒီနိုင်ငံရဲ့ အမျိုးသား လုံခြုံရေးမှာ ပြဿနာ ရှိနေပြီလို့ ပြန်ဖြေပါတယ်။
ဘယ်နိုင်ငံမှာမဆို အမျိုးသားလုံခြုံရေး (National Security) ဆိုတာ အစိုးရတရပ်ရဲ့ ပထမ ဦးစားပေး ဖြစ်ပါတယ်။ အမျိုးသား လုံခြုံရေး ဆိုတဲ့စကားကို စတင်သုံးစွဲလာတာ ဒုတိယ ကမ္ဘာစစ် အပြီးမှာ အမေရိကန် နိုင်ငံက စတင် သုံးစွဲလာတာ ဖြစ်ပါတယ်။ နိုင်ငံတခု သိက္ခာရှိရှိနဲ့ ကမ္ဘာအလယ်မှာ ရပ်တည်နိုင်ရေးအတွက် အဲဒီနိုင်ငံမှာ ရှိတဲ့ သံတမန်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးတွေကို အသုံးပြုပြီး အမျိုးသားလုံခြုံရေးကို တည်ဆောက်ကြရပါတယ်။ အမျိုးသားလုံခြုံမှုဆိုတာ ခေတ်သစ်မှာတော့၊ စီးပွားရေးအရ လုံခြုံမှု၊ စွမ်းအင်အရ လုံခြုံမှု၊ သဘာဝပတ်ဝန်းကျင် လုံခြုံမှု၊ စစ်ရေးလုံခြုံမှု စတာတွေ အများအပြား ပါလာတာကို တွေ့ရပါတယ်။
နိုင်ငံတခုရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အထဲမှာ နိုင်ငံတစ်ခုကနေ အခြားနိုင်ငံတစ်ခုကို ခြိမ်းခြောက်တာအပြင် နိုင်ငံချင်း မဟုတ်တဲ့ အမျိုးသားလုံခြုံရေးကို ထိပါးတာမျိုးကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ၊ အကြမ်းဖက် အဖွဲ့အစည်းတွေ၊ အမျိုးသား အကျိုးစီးပွားတွေကို ထိပါး ဂုတ်သွေး စုတ်နေတဲ့ ကုမ္ပဏီကြီးတွေ၊ အစိုးရမဟုတ်တဲ့ လူသားချင်းစာနာ ထောက်ထားတဲ့ အဖွဲ့အစည်းကြီးတွေ၊ သဘာဝ ဘေးအန္တရာယ် စတာတွေ ပါဝင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ကြည့်မယ်ဆိုရင် ဒီနေ့ မြန်မာနိုင်ငံရေး ဖြစ်စဉ်ကို သုံးသပ် ရပါလိမ့်မယ်။ အတိုက်အခံတွေ ဘာတွေပြောပြော နှစ်ငါးဆယ် အတွင်းမှာ အပြောင်းအလဲကြီး ဖြစ်စဉ်တွေ ဆက်တိုက် ပေါ်ပေါက်လာပါတယ်။ တခါမှမရှိခဲ့ဘူးတဲ့ လွှတ်တော်တွေ၊ ပြည်သူကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံသားတွေရဲ့ လွတ်လပ်မှု အတိုင်းအတာဟာ ယခင် ဆယ်စုနှစ်တွေကနဲ့ နှိုင်းစာရင် မိုးနဲ့မြေလို ကွာခြားနေ ပါပြီ။ စတုတ္ထမဏ္ဍဆိုရင်လည်း အတိုင်းအတာ တစ်ခုထိ လွတ်လပ် ပွင့်လင်းလာတာကို တွေ့ရတယ်။ အယင်ဆယ်စုနှစ်တွေတုန်းကဆိုရင် အစိုးရက မြို့ပေါ်နေ၊ အတိုက်အခံက တောထဲနေဆိုတဲ့သဘောနဲ့ ခရီး ဆက်ခဲ့ကြရတာပါ။
ဒီလိုအပြောင်းအလဲ ဖြစ်စဉ်တွေနဲ့အတူ မြန်မာနိုင်ငံရေးမှာ အဖုအထစ် အများအပြား ရှိနေတာကလည်း လက်ခံရမယ့် အနေအထားပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ်စဲရေး လုပ်နိုင်သလို၊ မလုပ်နိုင်သေးတဲ့ အဖွဲ့တွေလည်း ရှိနေပါသေးတယ်။ ဒါတွေက ပြည်တွင်းရေး ပြဿနာတွေပါ။ ဘယ်လိုပဲ ဖြစ်နေပါစေ အယင် ဆယ်စုနှစ်တွေကနဲ့ စာရင် နိုင်ငံရေးတည်ငြိမ်မှု ရှိလာနဲ့အမျှ မြန်မာနိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကလည်း အတိုင်းအတာ တစ်ခုထိ တည်ငြိမ်မှု ရရှိလာပြီ ဆိုတာ ပြောလို့ရပါတယ်။ ဒါပေမယ့်….။
၂၀၁၂ ဇွန်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ လူမျိုးရေးပြဿနာဟာ တည်ငြိမ်စ ပြုနေတဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လာပြီဆိုတာ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ နိုင်ငံတကာ သတင်းတွေကို လေ့လာရုံနဲ့ သိနိုင်ပါတယ်။ လူမျိုးရေးအဓိကရုဏ်းကနေ ဘာသာရေးအခြေခံ ပြဿနာအဖြစ် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ပေါ်ထွက်လို့လာပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနဲ့တွေ့စဉ် သမ္မတကြီး ပြောလိုက်တဲ့ တစ်ဖက်နိုင်ငံက ခိုးဝင်လာတဲ့ ဘင်္ဂလီတွေကို လက်မခံနိုင်ဘူးလို့ ပြောဆိုတာဟာ ဒီနေ့ကမ္ဘာ့ ထိပ်တန်းသတင်းတစ်ပုဒ် အဖြစ် ပေါ်ထွက်လာပါတယ်။ နိုင်ငံတခုရဲ့ အုပ်ချုပ်ရေး အာဏာပိုင် ပုဂ္ဂိုလ်တဦးက ဒီလူတွေဟာ သူ့နိုင်ငံသားတွေ မဟုတ်ဘူး၊ တဖက်နိုင်ငံက ခိုးဝင်လာသူတွေပါလို့ ပြောဆိုတာကို ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၊ ကုလသမဂ္ဂ အကြီးတန်း ၀န်ထမ်းတဦးက ငြင်းဆိုပိုင်ခွင့် ရှိပါသလားဆိုတာ မေးရမယ့် မေးခွန်း ဖြစ်လာပါတယ်။ ကုလသမဂ္ဂ အကြီးတန်းဝန်ထမ်းတဦးဟာ နိုင်ငံတခုရဲ့ အချုပ်အခြာ အာဏာကို ၀င်ရောက် စွက်ဖက်ပိုင်ခွင့် ရှိ-မရှိဆိုတဲ့ မေးခွန်း ပေါ်ပေါက်လာပါတော့တယ်။
UN ရဲ့ ပြဌာန်းချက်ပါ ပဋိဥာည်အရဆိုရင် ၀င်ရောက် စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဘယ်သူက နိုင်ငံသား ဖြစ်တယ်၊ ဘယ်သူက ဌာနေတိုင်းရင်းသား ဖြစ်တယ်ဆိုတာကို မြန်မာအစိုးရက လွဲပြီး ဘယ်သူမှ ၀င်ရောက် ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။
အထက်မှာ တင်ပြခဲ့တဲ့ နိုင်ငံတခုရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာတဲ့အထဲမှာ အစိုးရမဟုတ်တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း ပါဝင်နေတာဟာ ဒီမိုကရေစီ ထွန်းသစ်စ မြန်မာနိုင်ငံအတွက် နိမိတ် မကောင်းတဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။ UN အပြင် ဥရောပ သမဂ္ဂ EU၊ အစ္စလာမ်မစ် အဖွဲ့အစည်းတွေ၊ အစ္စလာမ်နိုင်ငံ တွေကပါ ဘင်္ဂလီအရေးမှာ လက်ရှိအစိုးရကို ဖိအားပေးတာကို တွေ့ရပါ တယ်။ မြန်မာ့ပြည်တွင်းရေးကို တိုက်ရိုက် စွက်ဖက်လာတဲ့ သဘောထားကို တွေ့ရပါတယ်။
ကျနော်ဟာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP-Aarkan Libeartion Army) နှင့်  အစိုးရတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မှာ ပါဝင်ခဲ့ပါတယ်။ ဆွေးနွေးပွဲ အပြီး ရခိုင်ရပ်မိရပ်ဖတွေ၊ တတ်သိပညာရှင်တွေနဲ့ တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ရခိုင်လူမျိုး အများစုက နောင်ဖြစ်ပေါ်လာမယ့် အစိုးရတွေက ဒီမိုကရေစီနှင့်အတူ တွဲဖက်ပါလာမယ့် လူ့အခွင့်အရေးတွေကို နိုင်ငံတကာမှာ မျက်နှာ ပန်းလှရေးအတွက် အပြည့်အ၀ လေးစားလိုက်နာပြီး တိုင်းတပါးသားတွေကို နိုင်ငံသားအဖြစ် ပေးတာမျိုးကို မလိုလားဘူး ဆိုတာမျိုးကို အတိအလင်း ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။
ပဋိပက္ခအတွင်းမှာ ကိုယ်တွေ့ ခံစားခဲ့ရတဲ့ လေးသန်း ကျော်သော ရခိုင်ပြည်သူတွေကတော့ မြန်မာနိုင်ငံရဲ့ အလံတော်ကို ရခိုင် လူမျိုးတွေ အိမ်တိုင်းမှာ လွှင့်တင်ပြီး သဘောထားကို ဖေါ်ပြနေကြပါတယ်။ ရခိုင် လူထုတွေက UN အပြင် အခြားသော iNGOs တွေကိုလည်း လက်မခံတာကို တွေ့ရတယ်။ အဲဒီလို ရခိုင် ပြည်သူတွေရဲ့ ခါးသီးမှုတွေနဲ့ ဘင်္ဂလီတွေရဲ့ နယ်သစ်ချဲ့ထွင်ရေး ၀ါဒသစ် ဟာ ရှေ့ဆက်ရမယ့် ထွန်းသစ်စ မြန်မာ့နိုင်ငံရေး ခရီးမှာ အဖုအထစ် ဖြစ်နေပြီလားဆိုတာ တွေးစရာ ဖြစ်လာပါတယ်။
ဒီနေ့ နိုင်ငံတကာမှာ နိုင်ငံတစ်ခုအပေါ် အမျိုးသား လုံခြုံရေးအရ ခြိမ်းခြောက်မှုကတော့ အကြမ်းဖက် အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတာက အစွန်းရောက် အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အစွန်းရောက် အဖွဲ့အစည်းတွေ ရပ်တည် လှုပ်ရှားနေတဲ့ နိုင်ငံတွေကို ကြည့်ရင် နိုင်ငံရေး၊ စီးပွားရေးအရ တည်ငြိမ်မှု မရှိတဲ့ နိုင်ငံတွေ ဖြစ်တာကိုတွေ့ရပါတယ်။ အချို့သော ပညာရှင်တွေက အစွန်းရောက် အဖွဲ့အစည်းတွေ ခိုအောင်းလာနိုင်တဲ့ နေရာဟာ ရခိုင်ပြည်မြောက်ပိုင်း နေရာတွေဖြစ်တယ်လို့ ထောက်ပြကြပါတယ်။
အစွန်းရောက် အကြမ်းဖက်သမားတွေဟာ မတည်မငြိမ် ဖြစ်နေတဲ့ အပြောင်းအလဲ ကာလမှာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ကြ ပါတယ်။ အာဏာရှင်စနစ်ကနေ ကူးပြောင်းတဲ့ အကူးအပြောင်း ကာလမှာ လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေ၊ အုပ်ချုပ်ရေးဆိုင်ရာ ချည့်နဲ့နေတဲ့ အချိန်မျိုးမှာ ၀င်ရောက် နေရာယူတာ မျိုးဟာ သူတို့ရဲ့ နည်းဗျူဟာ ဖြစ်နေတာကို တွေ့ရပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကူးအပြောင်းကာလမှာ မူဆလင် အစွန်းရောက် အဖွဲ့အစည်းတွေက ၀င်ရောက် နေရာယူတာထက် ပိုပြီး ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဖျက်ဆီးခံလိုက်ရတာဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို သွယ်ဝိုက်သော နည်းနဲ့ ခြိမ်းခြောက်တာမျိုးတင်မဟုတ်ဘဲ တိုက်ရိုက်ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။ အဓိကအနေနဲ့ ဒီအချက်အပေါ်မှာ အလေး အနက်ထား တင်ပြလိုတာပါ။
မြန်မာနိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အဖွဲ့အစည်းတွေထဲမှာ အကြမ်းဖက် အဖွဲ့အစည်းတွေအပြင် သတိထားရမယ့် လူ့အခွင့်အရေး အရေခြုံတဲ့ အဖွဲ့အစည်းတွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အထောက်အပံ့ခံ မြန်မာနိုင်ငံသား အဖွဲ့ အစည်းတွေနဲ့ သတင်းမီဒီယာတွေလည်း အများအပြား ရှိနေတာကို တွေ့ရပါတယ်။
အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်တဲ့ အချက်တချက်ကို တင်ပြချင်တယ်။ အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်လာရင် အမေရိကန်အစိုးရဟာ လူတစ်ဦးချင်းရဲ့ အပြုအမူကိုလည်း ခွင့်မလွှတ်ဘူး ဆိုတာကို ပြသနေတဲ့ သာဓက တစ်ခုပါ။ အစွန်းရောက် မူဆလင်တွေ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦကို ၀င်တိုက်အပြီး (9/11) အမေရိကန်မှာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ သံသယရှိနေတဲ့ လူတစ်ဦးချင်းကို အရေးယူမယ့် ဥပဒေတွေ အများအပြား ပြဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေတွေနဲ့ ငြိစွန်းတဲ့ မြန်မာနိုင်ငံသား အများပြား ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၀၆ ခုနှစ် နောက်ပိုင်းမှာ အမေရိကန်နိုင်ငံကို ဒုက္ခသည်အဖြစ် ထွက်ခွာမယ့် မြန်မာ့ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးက အနားယူထားတဲ့ ရဲဘော်တွေဟာ အဲဒီဥပဒေနဲ့ ငြိစွန်းပြီး ခုထိ ဒုက္ခသည် စခန်းမှာတွေမှာ နေထိုင် နေကြရပါတယ်။ လက်နက်ကိုင်တဲ့ လူအပြင် လက်နက်ကိုင်တွေကို ရေတစ်ခွက်၊ ထမင်းထုပ် တစ်ထုပ် ကျွေးဖူးတဲ့သူတွေကိုလည်း အကြမ်းဖက်သမားတွေကို ထောက်ပံ့ ကူညီတယ်ဆိုတဲ့ သဘောနဲ့ အမေရိကန် ပြည်ဝင်ခွင့်ကို ငြင်းပယ်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ဒါက ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီး တစ်ခုက သူ့နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်လာရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ်။
ယခုအချိန်မှာ ရခိုင်ပြည်သူတွေရော၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ ဘင်္ဂလီတွေ၊ တရုတ်တွေ ၀င်ရောက် အခြေချမှုကြောင့် အမိမြေ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ခံစားချက်တွေ တသီတတန်းကြီး ဖြစ်ပေါ်နေပါတယ်။ ဒီလို ခံစားချက်တွေ ဖြစ်ပေါ်လာတဲ့ အခါမျိုးမှာ လက်နက်ကိုင် တပ်ဖွဲ့ကို အားကိုးလာတဲ့ အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။
 ဥပမာ ဒီနေ့ ရခိုင်လူမျိုးတွေရဲ့ ခံစားချက်မှာ သူတို့ကို တင်းပြည့် ကျပ်ပြည့် ကာကွယ်ပေးမှု၊ ဘ၀ လုံခြုံစေမှု တွေကို လိုချင်နေကြ ပါတယ်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အလေးထားတဲ့ ပြည်တွင်းအစိုးရနဲ့၊ တပ်မတော်ကို အထူး လိုအပ်နေတာပါ။
တနည်း ပြောရရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကှို ဗန်းပြပြီး ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မယ့် ဘယ်စနစ်မျိုး၊ ဘယ်အဖွဲ့အစည်း မျိုးကိုမှ မလိုလားကြပါဘူး။  ပြည်သူတွေကြားထဲမှာ ဒီလိုခံစားချက်မျိုး ဖြစ်ပေါ်လာခဲ့ရင် နုနယ်လှတဲ့ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ ကိုပါ ထိခိုက်လာနိုင်စရာ ရှိပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေက အင်အားချည့်နဲ့နေတဲ့ လူနာလို ဖြစ်နေချိန်မှာ ကမ္ဘာ့အဖွဲ့အစည်းကြီးတွေ၊ ဒေသဆိုင်ရာ အဖွဲ့ အစည်းတွေ၊ ဘာသာရေးအခြေခံ အဖွဲ့အစည်းတွေက လူ့အခွင့်အရေး ဗန်းပြပြီး ဘင်္ဂလီအရေးကို ကမ္ဘာ့အရေးလိုမျိုး ဖြစ်အောင် ဖန်တီးလာနေခြင်းနှင့် အစွန်းရောက် အစ္စလာမ်မစ်အဖွဲ့တွေရဲ့ အခြေအနေက မြန်မာနိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက် လာနေပြီ ဆိုတာ တိုင်းရင်းသားစုံ မြန်မာ တမျိုးသားလုံး အမျိုးသားရေး သတိရှိဖို့လိုအပ်နေပြီ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ပါတယ်။
လှရွှေ
(စာရေးသူ လှရွှေသည် ရန်ကုန်တက္ကသိုလ်မှ ၂၀၀၀ ခုနှစ်တွင် Master of Arts သမိုင်းအထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပြီး၊ ရခိုင်သတင်းစဉ် အယ်ဒီတာ၊ ရခိုင်ပြည် အမျိုးသားကောင်စီ၊ နိုင်ငံခြားရေး ကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) တွင် လက်ထောက် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်တဦးဖြစ်သည်။)
ရခိုင်အမျိုးသားပိုင် Arakan အမည်ကို ဘင်္ဂလီလူမျိုးခြားတစ်စုက အလွဲသုံးစား အသုံးပြူနေခြင်းအပေါ် ပြင်းထန်စွာ ရှုံ့ချကန့်ကွက်ကြောင်း..
by B Sit Minn on Tuesday, 8 May 2012 at 23:06 ·
Hilary Clinton တလေးတစား၊ယူဆောင်သွားတဲ့ ရခိုင်စာပေ နှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ကပေးအပ်လိုက်သော....ရိုဟင်ဂျာ သမိုင်းအဖြစ်အမှန် နှင့် "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးတို့ကို ခေါ်ဆိုသောရခိုင်အမျိုးသားပိုင် Arakan အမည်ကို ဘင်္ဂလီလူမျိုးခြားတစ်စုက အလွဲသုံးစား အသုံးပြူနေခြင်းအပေါ် ပြင်းထန်စွာ ရှုံ့ချကန့်ကွက်ကြောင်း ကြေငြာချက်" မြန်မာ၊အင်္ဂလိပ် အပြည့်အစုံပါ။
ယခုလို သြစတြေးလျ ၊အမေရိကား၊ ဂျာမဏီ ကိုလေ့လာဖို့ သွားခွင့်ရတဲ့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ ပါတီ ၊ ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့အားလုံးသည် မြန်မာပြည်သူ၊ ပြည်သား အားလုံးအတွက် ရိုဟင်ဂျာ သမိုင်းအဖြစ်အမှန်ကို မိမိရောက်ရှိနေသော တိုင်းပြည်က အုပ်ချုပ်သူများ သိရှိဖို့ ပြောကြားအသိပေးရန် နှင့် တဆင့်ဖြန့်ဖြူးပေးရန် အထူးတာဝန်ရှိပါသည်။
Wednesday, 25 July 2012
 ကျွန်တော်တို့ဟာ ညီအစ်ကိုတွေပါပဲ
EMG
ရန်ကုန်မြို့၌ ဇွန်လ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဘာသာကြီးလေးရပ်မှ ဆုတောင်းပွဲကို တွေ့ရစဉ်
မြန်မာနိုင်ငံ အနောက်ပိုင်းဟာ ကိုဆိုဗိုလို ဖြစ်လာမလားဆိုတဲ့ ဆောင်းပါးကို အွန်လိုင်းလူမှုရေး ၀က်ဘ်ဆိုက် ဖေ့စ်ဘွတ်ခ်မှာ ရေးသားသူ ကိုအောင်ဇင်လတ်ဆီက ခွင့်ပြုချက်ရယူပြီး Weekly Eleven News Journal မှာ ဖော်ပြခဲ့ပါတယ်။ စိတ်ဝင် စားစရာကောင်းတဲ့ သုံးသပ်ချက်တစ်ခုအဖြစ် ဖော်ပြခဲ့တာဖြစ်ပြီး Eleven MediaGroup ရဲ့ အာဘော်မဟုတ်ဘူးဆိုတာကိုတော့ နိဒါန်းချီထားခဲ့ပါတယ်။ ဂျာနယ်ထွက်တဲ့နေ့ (ဇူလိုင် ၂၃) မှာ တစ်ယောက်က ရုံးကို ဖုန်းဆက်ပါတယ်။ ကိုဆိုဗိုလို့ ဘာလို့ သုံးနှုန်းရတာလဲ၊ နောက်တစ်ကြိမ် ထပ်ဖြစ်အောင် လုပ်နေတာလား၊ ဒီလိုလုပ်လို့ တရားစွဲခံထားရတာမျိုးတွေရှိတာ သိတယ် မဟုတ်လားဆိုတာမျိုး ပြောလာပါတယ်။ သူ့အမည်ကို မေးတော့ မဖြေပါဘူး။
၂၄ ရက်နေ့မှာလည်း ဒီကိစ္စကိုပဲ တစ်ယောက်က ဖုန်းဆက်ပါတယ်။ သူ့အမည်နဲ့ နေရပ်ကိုလည်း ပြောပါတယ်။ ဗလီဆရာတစ်ဦးဖြစ်ကြောင်းလည်း ပြောပါတယ်။ သူကတော့ ကိုဆိုဗိုနဲ့ ခိုင်းနှိုင်းတာမျိုးကို မကြိုက်တဲ့အကြောင်း၊ မွတ်စလင်ညီအစ်ကိုတွေမို့ ကူညီတယ်ဆိုတဲ့ သဘောမျိုးသုံးတာကို မကြိုက်တဲ့အကြောင်း ကောင်းကောင်းမွန်မွန် ပြောပါတယ်။ ကိုဆိုဗိုနဲ့ပတ်သက်လို့ အခြေအနေအားလုံး မခြုံငုံမိတဲ့ သဘောဖြစ်နေတယ်လို့ သူထင်တယ်လို့ ဆိုပါတယ်။ သူထပ်ပြောတာက နိုင်ငံတော်သမ္မတကြီး ပြောတာကို လက်ခံတဲ့အကြောင်း၊ သူဟာ အစ္စလာမ်ဘာသာဝင် ဖြစ်သလို မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုတဲ့အကြောင်းပါ။ ရိုဟင်ဂျာဘက်ကနာလို့ ပြောတာမဟုတ်တဲ့ အကြောင်း၊ ဖြေရှင်းဖို့ လိုတယ်ဆိုရင်တောင် မြန်မာနိုင်ငံသားဖြစ်လို့ နိုင်ငံဘက်ကပဲ ရပ်တည်မယ်ဆိုတဲ့အကြောင်းကိုပါ ပြောသွားခဲ့ပါတယ်။ ဒုက္ခရောက်နေတဲ့ ကိစ္စဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် သွားကူညီကြမှာ ဖြစ်တဲ့အကြောင်း၊ အစ္စလာမ်ဘာသာဝင်တွေက ရခိုင်အရေးကိစ္စ ဖြစ်တဲ့အခါမှမဟုတ် ဒုက္ခရောက်တဲ့အခါဆို အားလုံးပဲ အတူတူသွားကူညီကြပါတယ်ဆိုတဲ့ အကြောင်းတွေ ပြောသွားခဲ့ပါတယ်။
ပထမတစ်ယောက်ကတော့ မြန်မာနိုင်ငံသား ဟုတ် မဟုတ်ပြော မသွားခဲ့သလို ခြိမ်းခြောက်တဲ့သဘောမျိုး ပြောသွားခဲ့ပေမဲ့ ဒုတိယတစ်ယောက် ပြောသွားတာတော့  လက်ခံနိုင်စရာပါ။ သူမနှစ်သက်တာကို မနှစ်သက်တဲ့အကြောင်းနဲ့ သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြော သွားတာပါ။ ဒီလိုကိစ္စမျိုးမှာ မိမိ ဘယ်သူဘယ်ဝါဆိုတာ အမှန်ပြောရဲပြီး သူ့အသံကို  ရှင်းရှင်းလင်းလင်း ဖော်ပြရဲတဲ့ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်တစ်ဦးရဲ့ အသံကိုကြားရတာ ၀မ်းသာမိပါတယ်။
အဲဒီမှာ စဉ်းစားမိတာက နိုင်ငံသားဆိုတာပါ။ ကျွန်တော်တို့နိုင်ငံမှာ ဟိုးယခင်ကတည်းက နေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေ ရှိခဲ့ပါတယ်။ ဒီအထဲမှာ အင်္ဂလိပ်လက်အောက် မကျရောက်မီကတည်းက အခြေချခဲ့သူတွေဟာ နိုင်ငံသားတွေပါပဲ။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ ရောက်ရှိသူ မိဘနှစ်ပါးက မွေးတဲ့ တတိယမျိုးဆက်တွေဟာလည်း သမ္မတကြီးပြောသလို နိုင်ငံသားအဖြစ် သတ်မှတ်ရမှာပဲ။ ဒါကြောင့်ပဲ အိန္ဒိယတိုက်မကြီးက ဆင်းသက်လာကြသူတွေ၊ တရုတ် ပြည်မကြီးက ဆင်းသက်လာကြသူတွေထဲ ကနေ နိုင်ငံသားဖြစ်သူတွေ ရှိလာကြတာပါပဲ။ အနည်းဆုံး နှစ် ၆၀ ကျော် နှစ် ၇၀ နီးပါး ကျွန်တော်တို့ရဲ့ အဘိုး အဘွား၊ အဖေ အမေတွေနဲ့အတူ ဒုက္ခခံလာကြတဲ့ မျိုးဆက်က မွေးလာကြတဲ့သူတွေပါ။ ဒါကြောင့် ဒီလိုလူမျိုးတွေဟာ ကျွန်တော်တို့နဲ့ တစ်နိုင်ငံတည်းသားတွေပါပဲ။
သမိုင်းအရကြည့်ရင်လည်း  အနီးစပ်ဆုံး ကိုလိုနီခေတ်နှောင်းပိုင်းနဲ့ လွတ်လပ်ရေးခေတ်ဦးမှာဆိုရင် တကသကို ဦးဆောင်ခဲ့တဲ့ ဦးရာရှစ်၊ အာဇာနည် ခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဦးရာဇတ်၊ သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်တို့လို နိုင်ငံကိုအကျိုးပြုပေးခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ပုဂ္ဂိုလ်ကြီးတွေ ရှိခဲ့ပါတယ်။ တရုတ်နွယ်ဖွားတွေမှာဆိုရင်လည်း  မြန်မာ့သမိုင်းကို တူးဆွရာမှာ ကူညီပေးခဲ့တဲ့ ကျောက်စာဝန်တော်စိန်ခို၊ မြန်မာစာရေးဆရာ သတင်းစာဆရာကြီး ဦးထင်ဖတ် (မောင်ထင်) အစရှိသဖြင့်ပေါ့။
 အိန္ဒိယနွယ်ဖွားတွေမှာဆိုရင် နောက်ပိုင်းလွတ် လပ်ရေးခေတ်အထိ ထင်ရှားခဲ့တဲ့ ဖို့တ် ဂေါ်ရခါးတပ်ရင်းက စစ်သည်တွေ၊ အောင်ဆန်းသူရိယဘွဲ့ရ ဆပ်ဗဟာဒူးရိုင်း၊ မြန်မာ့လက်ရွေးစင် ဘောလုံးအကျော်အမော် ဗဟာဒူးတို့လို နိုင်ငံအတွက် အသက်စွန့်ခဲ့သူတွေ၊ နိုင်ငံ့ဂုဏ်ဆောင်ခဲ့သူတွေ အများကြီးပါ။ ဒါဟာ အနီးကပ်ဆုံး သမိုင်းနောက်ခံပါ။
ပတ်ဝန်းကျင်ကိုလည်း ကြည့်နိုင်ပါတယ်။ ကျွန်တော်နယ်မှာ နေတုန်းက ဘေးအိမ်က တရုတ်လင်မယားဟာ လူရည်ချွန်တွေပါ။ ကျွန်တော့် အဖေသူငယ်ချင်း တရုတ်နွယ်ဖွား နှစ်ဦးဆိုလည်း ဒီလိုပါပဲ။ သူတို့တွေဟာ ဆရာဝန်ဖြစ်နိုင်တဲ့ အရည်အချင်းရှိပေမဲ့ ဖြစ်ခွင့်မရခဲ့ကြဘူး။ အဲဒီခေတ်အခါက အခြေအနေအရပါ။ ဒါပေမဲ့ တစ်ခြားသော အဖေ့မိတ်ဆွေ တရုတ်နွယ်ဖွားတစ်ဦးရဲ့ သမီး၊ ကျွန်တော်နဲ့ ရွယ်တူမိန်းကလေးဆိုရင် အခုအခါမှာ ဆရာဝန်ဖြစ်နေခဲ့ပါပြီ။ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံသား အခွင့်အရေးအတိုင်း တော်ရင် တော်သလို အသက်မွေးခွင့် ရခဲ့တာပါ။ ကျွန်တော့် ဆရာတစ်ယောက်၊ မြန်မာစာပါမောက္ခ၊ အစ္စလာမ်ဘာသာဝင် (အိန္ဒိယနွယ်ဖွားလို့ ထင်ပါတယ်)ဆိုရင် စာသင် စာပြ အင်မတန်ကောင်းသလို တပည့်များအပေါ် အင်မတန်မေတ္တာထားတဲ့သူပါ။ ကျွန်တော့်ခင်တဲ့ သူငယ်ချင်းတွေထဲမှာလည်း တရုတ်နွယ်ဖွားတွေ၊ အစ္စလာမ် ဘာသာဝင်တွေ ရှိတာပါပဲ။ ဆိုးတူ ကောင်းဘက်တွေပါ။
ခြုံပြောရရင် သမိုင်းတစ်လျှောက်ကစလို့ ဒီကနေ့အထိ ကျွန်တော်တို့တစ်တွေနဲ့ ဆိုးတူကောင်းဘက် နေလာကြတဲ့ မြန်မာနိုင်ငံသားဖြစ်နေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ တရုတ်နွယ်ဖွားတွေ ရှိတယ်ဆိုတာ မငြင်းနိုင်တဲ့အချက် ဆိုတာပါ။
ဒီအခြေအနေနဲ့ မရောထွေးစေချင်တဲ့ ကိစ္စတွေကိုတော့ ပြောချင်ပါတယ်။
ပထမဆုံးက လူမျိုးရေးကိစ္စ။
ထိုင်းနိုင်ငံမှာဆိုရင် ယခင်ကတည်းကရှိပြီး ထိုင်းနိုင်ငံသား ဖြစ်ခွင့်ရနေကြတဲ့ ကရင်တိုင်းရင်းသားတွေ၊ မွန်တိုင်းရင်းသားတွေ ရှိပါတယ်။ ထိုင်းနိုင်ငံမှာနေထိုင်ကြတဲ့  လူနည်းစု တိုင်းရင်းသားစာရင်းလည်း ၀င်ပါတယ်။ဒါပေမဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးတဲ့နောက် ပြည်တွင်းစစ် ဖြစ်ပြီး ထိုင်းဘက်ကို တိမ်းရှောင်ခဲ့ကြရတဲ့ ကရင်များ၊ မွန်များကိုတော့ ထိုင်းက ဒုက္ခသည်များအဖြစ်ပဲ သတ်မှတ်ပါတယ်။  နောက်မှဝင်လာသူကိုတော့ သူတို့ လက်ခံမှာ မဟုတ်ပါဘူး။ (ဒုက္ခသည် ဖြစ်နေကြရရှာတဲ့ တိုင်းရင်းသားတွေကိုတော့ ကျွန်တော်တို့နိုင်ငံ ပြန်ခေါ်ကြရမှာပါ) ဆိုလိုတာက နိုင်ငံတစ်နိုင်ငံမှာ လူမျိုးတစ်မျိုးဟာ တိုင်းရင်းသားစာရင်း ၀င်မယ်။ ရှေးကတည်းက နေခဲ့ကြလို့ နိုင်ငံသားဖြစ်ကြသူတွေလည်း ရှိမယ်။ ဒါပေမဲ့ အဲဒီလို ဒီလူမျိုးတွေ ထိုင်းနိုင်ငံထဲမှာ ဟိုးယခင်ကတည်းက ရှိခဲ့တာကြောင့် ထိုင်းနိုင်ငံထဲနောက်မှ ထပ်ဝင်လာတဲ့ ဒီလူမျိုးမှန်သမျှကို ထိုင်းနိုင်ငံသားအဖြစ် လက်ခံရမယ်လို့ ပြောလို့ မရဘူးဆိုတာပါပဲ။ မူရင်း မိခင်နိုင်ငံကပဲ ပြန်လက်ခံရပါမယ်။
နောက်တစ်ချက်က ဘာသာရေးပါ။
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ နိုင်ငံဖြစ်ပေမဲ့ အခြားဘာသာဝင်များလည်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိတဲ့ နိုင်ငံပါ။ လူများစုဖြစ်လို့ ဗုဒ္ဓဘာသာ သမ္မတနိုင်ငံလို့ အမည်တပ်မထားပါဘူး။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေ ရှေးပဝေသဏီကတည်းက နေထိုင် ခဲ့ကြတယ်။ ဗုဒ္ဓဘာသာလူများစု နိုင်ငံဖြစ်တယ်။ အဲဒါကြောင့် နောက်ပိုင်းကာလမှာမှ မြန်မာနိုင်ငံတွင်း ၀င်လာတဲ့သူတွေကိုပါ ဘာသာတူရင် နိုင်ငံသားဖြစ်တယ်လို့ လုပ်လို့ မရပါဘူး။ လုပ်လည်း မလုပ်ပါဘူး။ အဲဒီလိုပါပဲ မြန်မာနိုင်ငံမှာ ရှေးယခင်ကတည်းက နေထိုင်ခဲ့ကြတဲ့ အစ္စလာမ် ဘာသာဝင်များ ရှိကြတယ်။ အဲဒီသူတွေဟာ နိုင်ငံသားများ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ရှေးယခင်ကတည်းက အဲဒီလို အခြေချသူတွေရှိခဲ့လို့ နောက်မှ လာတဲ့ဘာသာတူ သူဟာလည်း နိုင်ငံသားဖြစ်တယ်လို့တော့ လုပ်လို့မရပါဘူး။ နိုင်ငံသားဖြစ်မှုဟာ ဘာသာရေးနဲ့ မဆိုင်ပါဘူး။
နောက်တစ်ချက်ကတော့  နယ်မြေပိုင်ဆိုင်မှုနဲ့ အခြေချခဲ့မှုပါ။
မြန်မာမင်းများ ခေတ်ကောင်းစဉ်က အနောက်ဘက်မှာ အာသံ၊ မဏိပူရ၊ အရှေ့ဘက်မှာ လင်းဇင်း၊ ဇင်းမယ်၊ အယုဒ္ဓယအထိ သိမ်းပိုက်နိုင်ခဲ့တယ်။ ရခိုင်မင်းများ အားကောင်းစဉ်ကလည်း အာသံ၊ မဏိပူရဘက်အထိ ၀င်ရောက်သိမ်းပိုက်နိုင်ခဲ့ဖူးတယ်။ အဲဒါကြောင့် အဲဒီနယ်တွေဟာ မြန်မာပိုင်၊ ရခိုင်ပိုင်နယ်တွေလို့ ကျွန်တော်တို့ ပြောလို့ မရပါဘူး။ အဲဒီလိုပြောရင် အင်္ဂလိပ်က ကျွန်တော်တို့ကို ဘာပြောမလဲ၊ ဂျပန်ကရော။
ဒီအထဲမှာပဲ ထပ်ရှင်းရမဲ့ နောက်တစ်ချက် ရှေးယခင် နေထိုင်ခဲ့တဲ့နေရာပေါ် မူတည်တယ်ဆိုတဲ့ အချက်ပါ။ မရမာကြီးတိုင်းရင်းသားတွေ အကြောင်းနဲ့ ဥပမာပေးချင်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေထဲမှာ မရမာကြီး တိုင်းရင်းသားတွေ ပါဝင်ပါတယ်။ ဒီလိုပဲ ဘင်္ဂလားဒေ့ရှ်မှာလည်း မရမာ ကြီးကို ဒုတိယအကြီးဆုံး လူနည်းစု လူမျိုးအဖြစ် သတ်မှတ်ထားပါတယ်။
မြန်မာနိုင်ငံသားဖြစ်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေ၊ ဟိန္ဒူ ဘာသာဝင်တွေ၊ တရုတ်နွယ်ဖွားတွေအားလုံးဟာလည်း မြန်မာ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ ပတ်သက်လာတဲ့ ကိစ္စတွေမှာ အခြားသော တိုင်းရင်းသားတွေနဲ့အတူ ကိုယ်နေထိုင်ရာ၊ ကိုယ်ကြီးပြင်ရာ၊ ကိုယ်ရှင်သန်ရာ နိုင်ငံအတွက် ရပ်တည်ပါဝင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ် ... . .
ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာရှိတဲ့ မရမာကြီးတိုင်းရင်းသားဟာ မြန်မာနိုင်ငံသား၊ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ မရမာကြီး တိုင်းရင်းသားဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားပါ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား မရမာကြီးတိုင်းရင်းသားဟာ မြန်မာနိုင်ငံမှာ လာနေရုံနဲ့ မြန်မာနိုင်ငံသား မဖြစ်သလို မြန်မာနိုင်ငံသား မရမာကြီး တိုင်းရင်းသားက ဘင်္ဂလားဒေ့ရှ် သွားနေရင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မဖြစ်ပါဘူး။
နောက်ဆုံးပြောချင်တဲ့ တစ် ချက်က နိုင်ငံသားတစ်ယောက်ရဲ့ရပ် တည်ချက်ပါ။
လက်ရှိ ဒေသတွင်းမှာဆိုရင် နိုင်ငံအများအပြားနဲ့ ဆက်နွှယ်တဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ ဥပမာပေးချင်ပါတယ်။ တောင်တရုတ်ပင်လယ်လို့ အများက သိထားတော့ ဒီပင်လယ် တောက်လျှောက်ကို ပိုင်တယ်လို့ တရုတ်အစိုးရက ရပ်တည်ပါတယ်။ အခုအငြင်းပွားနေတဲ့ သယံဇာတတွေ ရှိတယ်ဆိုတဲ့နေရာက တရုတ်ရဲ့ ပင်လယ်ထဲ အစွန်းအထွက်ဆုံး ကမ်းရိုးတန်းအစွန်းက တိုင်းမယ်ဆိုရင်တောင် သူနဲ့ အငြင်းပွားနေတဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်ကာပူ၊ ဘရူနိုင်းတို့ရဲ့ ကမ်းရိုးတန်းကနေတိုင်းတာလောက် မနီးပါဘူး။ ဒီကိစ္စမှာ ဘယ်သူပိုင်သင့်တယ်ဆိုတာကို ပြောချင်တာ မဟုတ်ပါဘူး။ ဒီကိစ္စမှာတရုတ် အစိုးရရဲ့ လုပ်ဆောင်မှုတွေကို မကျေနပ်တော့ အငြင်းပွားကြတဲ့ နိုင်ငံတွေမှာ တရုတ်ကို ဆန္ဒပြကြပါတယ်။ အဲဒီ ဆန္ဒပြကြတဲ့သူတွေထဲမှာ တရုတ်လူမျိုးတွေပါ ပါတယ်။ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့လို နိုင်ငံတွေမှာ တရုတ်နွယ်ဖွားတွေ၊ တရုတ်နဲ့ ယဉ်ကျေးမှု သမိုင်းနောက်ခံအရ အတွင်းကျကျကို ဆက်စပ်ပတ်သက်မှု ရှိခဲ့ကြသူတွေ အများကြီးပါပဲ။ သူတို့ဟာ ပြည်ကြီးက သူတို့မျိုးနွယ်တွေ၊ ဆက်နွှယ်သူတွေကို ကန့်ကွက်နေကြတာ မဟုတ်ပါဘူး။ ပြည်ပအစိုးရ တစ်ရပ်  ရဲ့မသင့်လျော်တဲ့မူဝါဒနဲ့ လုပ်ဆောင်မှုတွေက သူတို့နေထိုင်ကြီးပြင်းရတဲ့သူတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာက ထိပါးလာလို့ ဆန္ဒပြကြတာပါ။ အဖြေက ဒါပါပဲ။
မကြာသေးမီက ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ကိစ္စဟာ အချုပ်အခြာ အာဏာပိုင်မှု (sovereignty) ဆိုင်ရာ ပြဿနာပါပဲ။ လူမျိုးရေးလည်းမဟုတ် ဘာသာရေးလည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံသားဖြစ်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ တရုတ်နွယ်ဖွားတွေရဲ့ အခွင့် အရေးအတွက် အခြားတိုင်းရင်းသားတွေက ကာကွယ်ပေးကြရပါမယ်။ ထို့အတူပဲ မြန်မာနိုင်ငံသားဖြစ်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ တရုတ်နွယ်ဖွားတွေ အားလုံးဟာလည်း မြန်မာ့အချုပ်အခြာ အာဏာပိုင်မှုနဲ့ ပတ်သက်လာတဲ့ကိစ္စတွေမှာ အခြားသော တိုင်း ရင်းသားတွေနဲ့အတူ ကိုယ်နေထိုင်ရာ၊ ကိုယ်ကြီးပြင်ရာ၊ ကိုယ်ရှင်သန်ရာ နိုင်ငံအတွက် ရပ်တည်ပါဝင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ဟာ ညီအစ်ကိုတွေပါပဲ။ 
Monday, 23 July 2012
ရခိုင်ပြည်နယ် ငြိမ်ချမ်းရေး သုံးသပ်ချက် စာတမ်းများ ထွက်ရှိ
မိုးမခ
ရခိုင်ပြည်နယ် ငြိမ်ချမ်းရေး သုံးသပ်ချက် စာတမ်းများ ထွက်ရှိ
မိုးမခ၊ ဇူလိုင် ၂၃၊ ၂၀၁၂
ယခင် ဇွန် ၈ က စတင်ပြီး ရခိုင်ပြည်နယ် နယ်စပ်ဒေသမှ အစပြု၍ ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားများကြောင့် အရေးအခင်းများ ဖြစ်ပွားခဲ့ပြီးနောက် ပြည်ပနိုင်ငံများနှင့် မူဆလင်နိုင်ငံများက ထုတ်ဖော်ပြောဆိုကြရာတွင် မြန်မာပြည်၊ ရခိုင်ဒေသတွင် ရိုဟင်ဂျာ အမည်ခံယူထားသည့် မူဆလင်များအား မြန်မာတို့က ရက်စက်စွာ သတ်ဖြတ်ဖျောက်ဖျက်နေသည်ဟု စွပ်စွဲချက်များ၊ ဆန္ဒပြကန့်ကွက်မှုများ ဖြစ်ပေါ်လာသည်။ အီရန်နိုင်ငံက ကုလသမဂ္ဂတပ်များ ၀င်ရောက်ပေးပါဟု ပြောဆိုသည်အထိ ဖြစ်လာသည်။
အတိတ်ကာလတလျောက်ကို ပြန်ကြည့်လျင် ကမ္ဘာနိုင်ငံအသီးသီးသည် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားနယ်စပ်ဒေသ ပြည်တွင်းစစ်များ၊ အတိုက်အခံ ဒီမိုကရေစီနိုင်ငံရေးသမားများအပေါ် အကြမ်းဖက် ဖမ်းဆီး အကျဉ်းချနေမှုများ၊ ၂၀၀၇ ရွှေဝါေ၇ာင်သံဃာတော်များ သတ်ဖြတ်နှိမ်နှင်းခံရခြင်း၊ ၂၀၀၈ နာဂစ်မုန်တိုင်း လူပေါင်းများစွာ သေဆုံး ဘေးဒုက္ခကပ်ဆိုက်ခြင်း စသည့် အရေးအခင်း ဘေးအန္တရယ် အသီးသီး ဖြစ်ပျက် ရင်ဆိုင်ခဲ့ရစဉ်က အထက်ပါ အရေးကိစ္စကဲ့သို့ မည်သည့်နိုင်ငံကမျှ အထူးတလည်အားဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့များ ၀င်ရောက်ကယ်တင်ရန် ကုလအတွင်းရေးမှူးအား တိုက်တွန်းခဲ့သည့် သတင်းကြားသိခဲ့ရခြင်း မရှိပေ။ ယခုကဲ့သို့ ရိုဟင်ဂျာ အမည်ခံ ဘင်ဂါလီလူမျိုးစုတို့၏ အရေးကိစ္စမှာ မြန်မာပြည်တွင်းသာမက ပြည်ပနိုင်ငံများနှင့် မူဆလင်နိုင်ငံများ၊ ဘာသာရေးအဖွဲ့အစည်းများအတွက် စိတ်ဝင်စားစရာ ဖြစ်လာသည်မှာ ထပ်မံ၍ စိတ်ဝင်စားဖွယ်ရာ ကောင်းသည်။
သို့ဖြစ်ပါ၍ မြန်မာပြည်တွင်းက
စာတမ်း ၃ စောင်ကို မိုးမခက အများပြည်သူတို့ လေ့လာဖတ်ရှုနိုင်ရန် စုစည်း တင်ပြလိုက်ပါသည်။
Sunday, 22 July 2012
ကပ္ပတိန်သာစိန်မှ ပြည်သူ့ လွှတ်တော်တွင်တင်သွင်းသော ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရေး
by Yeyint Nge's Facebook on Friday, 20 July 2012 at 05:31 ·
ပေးပို့သောကိုအောင်ခိုင်မြင့်အားကျေးဇူးတင်ပါသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ကပ္ပတိန်သာစိန်မှ ပြည်သူ့ လွှတ်တော်တွင်တင်သွင်းသော ရခိုင်ပြည်နယ်
ပဋိပက္ခဖြေရှင်းရေးများကို အဆိုတင်သွင်းသည့် အကြောင်းအရာများ
Saturday, 21 July 2012
မေ့ပျောက်ရန် မလွယ်ကူသော
by Myo Morn Tun on Saturday, 21 July 2012 at 22:37 ·
အရိုးပေါ်အရေတင် ခန္ဓာကိုယ်နှင့် မျက်နှာမှာလည်း သွေးမရှိသကဲ့သို့ ဖြူဖျော့နေသော အသက် ၆၀ ကျော်အရွယ် ဒေါ်ထားသည် ဘုန်းကြီးကျောင်းတစ်ကျောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် ရှေ့တွင်ထိုင်၍ ၀င်ပေါက်ကိုလှမ်းကြည့်ကာ တစ်စုံတစ်ခုကို မျှော်ငေးနေသည်။သူ့ပုံစံမှာ တစ်စုံတစ်ခုကို ကြောက်ရွံ့နေပုံမျိုးလည်း အထင်းသားပေါ်လွင်နေသည်။
"အရမ်းကြောက်တယ်။ ညဆို လုံးဝမအိပ်ရဲဘူး။ ထမင်းလည်း စားချင်စိတ်မရှိဘူး။" ဟု သွေးပျက်မတတ် ကြောက်လန့်နေသော ပုံစံဖြင့် ဒေါ်ထားက ပြောဆိုသည်။
ယင်းမြင်ကွင်းကား ဆူပူအကြမ်းဖက်မှုများကြောင့် စစ်မြေပြင်ကြီးတစ်ခုသဖွယ် ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းဒေသ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မင်းဂံရပ်ကွက် အဓိဌာန်ဘုန်းကြီးကျောင်းတွင် ဖွင့်ထားသည့် ဒုက္ခသည် စခန်းတစ်ခုမှ ဒုက္ခသည်တစ်ဦး၏ ရင်တွင်းအပူမီးကို ဇွန်လ ၁၃ ရက်နေ့က တွေ့မြင်ရခြင်းဖြစ်ပါသည်။
ယင်းစခန်းတွင် ဒေါ်ထားအပါအ၀င် သက်ကြီးရွယ်အိုများ အမျိုးသမီးများ အများဆုံးပါဝင်သော ဒုက္ခသည်ဦးရေ ၄၀၀ ခန့် ခေတ္တခိုလှုံနေကြရသည်။
၎င်းတို့မှာ နေအိမ်များ မီးရှို့ခံရ၊ ဆူပူအကြမ်းဖက်မှုများကြောင့် အသက်အန္တရာယ် မလုံခြုံနိုင်တော့သဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဘေးလွတ်ကင်းရာ ထွက်ပြေးလာကြရသူများဖြစ်ပြီး သန်မာသော အမျိုးသားအများစုမှာ မိမိရပ်ရွာလုံခြုံရေးအတွက် စောင့်ကျန်နေခဲ့ရကြောင်း အဆိုပါ ဒုက္ခသည်များက ပြောကြားသည်။
"သားလေးက အိမ်ကိုစောင့်ကျန်နေခဲ့ရတယ်။ လိုက်မလာနိုင်ဘူး။ အရမ်းစိတ်ပူတယ်။"ဟု ၀မ်းနည်းငိုရှိုက်သံဖြင့် ဒေါ်ထားက ရှင်းပြသည်။
ဒေါ်ထားမှာ ဘေးလွတ်ကင်းရာနေရာသို့ ရောက်ရှိနေသည့်တိုင် အကြောက်တရား သောကမီးများဖြင့် ဖြတ်သန်းနေသော နေ့ရက်များက ရှည်လျားလွန်းလှသည်။ အခြားဒုက္ခသည်များမှာလည်း ၎င်းနှင့် မထူးခြားနားပေ။ ဒုက္ခသည်အများစု၏ မျက်နှာများတွင် ကြောက်ရွံ့ တုန်လှုပ်မှုများ ပေါ်လွင်နေသည်သာမက ကျန်နေခဲ့သော မိသားစုဝင်များအတွက် စိုးရိမ်သောကများကို ၎င်းတို့၏စကားသံများက သက်သေပြုနေသည်။
"ကျွန်မတို့ကတော့ အသက်ဘေးက လွတ်လာပြီ။ ဟိုမှာကျန်ခဲ့တဲ့သူတွေ သေလား၊ ရှင်လားလည်း မသိရတော့ဘူး"ဟု စစ်တွေမြို့ ဆင်ကူးလမ်းဘုန်းကြီးကျောင်း ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ဗျိုင်းဖြူရွာကျေးရွာမှ အသက် ၃၀ အရွယ် အမျိုးသမီး ဒုက္ခသည်တစ်ဦးမှ ဆိုသည်။
ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စု သပြေချောင်းကျေးရွာမှ မသီတာထွေးကို ဘင်္ဂါလီလူမျိုးသုံးဦးက မေလ ၂၈ ရက်နေ့တွင် မုဒိမ်းကျင့်၊ လုယက်၊ သတ်ဖြတ်ခဲ့သည့် အမှုဖြစ်ပွားပြီး နောက်ပိုင်း လူမျိုးရေးအသွင်ဆောင်သော ဆူပူ အကြမ်းဖက်မှုများ တောင်ကုတ်မြို့၊ မောင်တောမြို့၊ စစ်တွေမြို့သို့ ရက်အနည်းငယ်အတွင်း ကူးစက်သွားခဲ့သည်။
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်သော မောင်တောမြို့နယ်၌ ဇွန်လ ၈ ရက်နေ့က စတင်ကာ ဘင်္ဂါလီလူမျိုးများ ၀င်ရောက်မီးရှို့မှုကြောင့် နေအိမ်၊ အဆောက်အအုံများနှင့် ကျေးရွာဆယ်ရွာကျော် မီးလောင်ကျွမ်းသွားကြောင်း၊ ဒေသခံများမှာ ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး သေဆုံးသူ ဆယ်ချီရှိခဲ့ကြောင်း မောင်တောမြို့ ဒေသခံများက ပြောဆိုကြသည်။
မောင်တောမြို့ ဆူပူမှုစတင်ပြီး နောက်တစ်နေ့ ဇွန်လ ၉ ရက်နေ့တွင် စစ်တွေမြို့၌ ဆူပူအကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့တွင် ရပ်ကွက် ငါးခု မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
မီးတဟုန်းဟုန်း တောက်လောင်နေသော နေရာအသီးသီးမှ မီးခိုးလုံးများကြောင့် စစ်တွေမြို့အနှံ့ ညှော်နံ့များကလည်း တထောင်းထောင်း။ မြို့လမ်းများပေါ်တွင် ဒေသခံများမှာ တုတ်၊ ဓား ကိုယ်စီကိုင်ဆောင်ထားပြီး လမ်းတစ်လျှောက် လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် လူများစုရုံးနေကြသည်။ ၎င်းတို့သည် အထိတ်တလန့် ဖြစ်နေပုံမှာလည်း အထင်းသား ပေါ်လွင်နေသည်။ လူအများစုမှာ အိမ်ထဲတွင် မနေရဲကြ။ အိမ်ရှေ့တွင် စုဝေးထိုင်နေကြသည်။ လူတစ်ဦး ဖြတ်လျှောက်သွားလျှင်လည်း သံသယအကြည့်ဖြင့် စူးစိုက်ကြည့်နေကြသည်။
အသက်အရွယ် ၁၅ နှစ် ၀န်းကျင်ရှိသော အမျိုးသမီးငယ်များမှာပင် မိမိလုံခြုံရေးအတွက် လက်နက်ကိုယ်စီဖြင့် အန္တရာယ်ကို ရင်ဆိုင်ရန် အသင့်အနေအထား ပြင်ဆင်ထားခဲ့ကြသည်။
"ကိုယ့်ကိုယ်ကို ကာကွယ်တာကလွဲလို့ ဘာမှ မလုံခြုံတော့ဘူး"ဟု စစ်တွေမြို့ ဓည၀တီရပ်ကွက်မှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကဆိုသည်။
"ကြောက်ကြောက်နဲ့ ပြေးလာကြတာ တချို့ကလေးတွေ ပျောက်ကျန်နေခဲ့တယ်"ဟု စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက် ဓမ္မာရုံ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ဗျိုင်းဖြူရွာမှ ဒုက္ခသည် အမျိုးသမီးတစ်ဦးက ဆိုသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းများတွင် လာရောက်ခိုလှုံလာသော ဒုက္ခသည်ဦးရေမှာ ဇူလိုင်လ ၁၄ ရက်နေ့အထိ သောင်းဂဏန်းအထိရှိကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်သူများထံမှ သိရှိရသည်။
"ဘ၀ပျက်ပြီ။ တစ်သက်လုံးစုလာခဲ့တာ အကုန်လုံး မီးရှို့ခံလိုက်ရပြီ"ဟု ဂြစ်ချေဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော နာဇီကျေးရွာမှ အမျိုးသားဒုက္ခသည်တစ်ဦးက ဒေါသသံဖြင့် ဆိုသည်။
စစ်တွေမြို့တွင် ဘင်္ဂါလီများ မိမိနေအိမ်ကို မီးရှို့ထွက်ပြေးသွားရာမှ ရခိုင်တိုင်းရင်းသားများ နေထိုင်သော နေအိမ်များပါ မီးလောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း စစ်တွေမြို့ဒေသခံတို့က ပြောကြားသည်။
ယင်းသို့ဆူပူအကြမ်းဖက်မှုများကြောင့် နှစ်ဦးနှစ်ဘက် ယုံကြည်မှု လုံးဝပျက်စီးသွားပြီဖြစ်ကြောင်း စစ်တွေမြို့မှ လူမှုကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်းတစ်ခုဖြစ်သော ၀ံလက်ဖောင်ဒေးရှင်းမှ ဦးသိန်းထွန်းအေးက သုံးသပ်သည်။
အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးဝဏ္ဏရွှေကမူ "နှစ်ဖက်လုံးကတော့ အရမ်းထိတ်လန့်နေကြမှာပဲ။ တစ်ဖက်က ဘာလုပ်မလဲဆိုတာကို အရမ်းစိုးရိမ်နေကြမှာပဲ။ ယုံကြည်မှုတွေကလည်း ပျက်စီးသွားပြီ။"ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် ၁၉၄၈ ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက်ရှိကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ ဤကိစ္စကို ကိုင်တွင်ရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတိုင်းရင်းသားများကို တာဝန်ယူမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန်ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က နေပြည်တော်တွင် ရောက်ရှိနေသော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်လ ၁၁ ရက်နေ့က လက်ခံတွေ့ဆုံစဉ် ပြောကြားသည်။
ယခုအကြမ်းဖက်မှုမှာ ဂီရိမုန်တိုင်းထက် အဆပေါင်းများစွာ ကြောက်ရွံ့တုန်လှုပ်ဖွယ်ကောင်းကြောင်း၊ ပျက်စီးဆုံးရှုံးမှုလည်း ပိုများပြားကြောင်း ရခိုင်ပြည်နယ် ဒေသခံများက မှတ်ချက်ပေးသည်။
"ဂီရိတုန်းက သဘာဝဘေးအန္တရာယ်နဲ့ တွေ့တာ။ ပြန်လည်ထူထောင်ဖို့က လွယ်တယ်။ အခုပြဿနာက လူအချင်းချင်း တွေ့တာဆိုတော့ လူအချင်းချင်းမှာ စိတ်ဒဏ်ရာရသွားကြပြီ။ ပြန်လည်ထူထောင်နိုင်ဖို့ကလည်း မလွယ်သေးဘူး"ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက သုံးသပ်သည်။
ပစ္စည်းဥစ္စာဆုံးရှုံးမှုများထက် မိသားစုဝင်များ၊ ချစ်ခင်ရသူများ ဆုံးရှုံးခဲ့ရခြင်းမှာ မည်သို့မျှ အစားထိုးမရနိုင်တော့သည့် ဆုံးရှုံးမှုဖြစ်သည်။
"ကျွန်တော့် သူငယ်ချင်းဆို ကျွန်တော့်ရှေ့မှာပဲ အသတ်ခံလိုက်ရတာ။ အဲဒီအဖြစ်အပျက်က မျက်လုံးထဲက မထွက်ဘူး"ဟု စစ်တွေမြို့ ရူပမြောက်ရပ်ကွက်တွင် နေထိုင်သော အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
ဒုက္ခသည်အရေးများကို လိုက်ပါဆောင်ရွက်ပေးနေသော စစ်တွေမြို့ ဒေသခံတစ်ဦးကမူ "မိသားစုဝင်တစ်ယောက် အဆုံးအရှုံးခံလိုက်ရတဲ့သူတွေ ဆိုရင် အပူမီးတွေက ဘယ်တော့ငြိမ်းနိုင်မှာလဲ"ဟု ၎င်း အမြင်ကို ပြောဆိုသည်။
ယင်းကဲ့သို့ ဆူပူအကြမ်းဖက်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်သော ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ အမျိုးသမီးများမှာ စိတ်ဒဏ်ရာ ရသွားနိုင်ကြောင်း ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှ အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာ ဒေါ်ခင်အေးဝင်းက သုံးသပ်သည်။
ကလေးငယ်များ စိတ်ဒဏ်ရာရသွားလျှင် စိတ်ပုံမှန် အခြေအနေမရနိုင်တော့ရုံသာမက ကိုယ်ရည်ကိုယ်သွေးများ ထိခိုက်သွားနိုင်ကြောင်း၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများဆိုပါက စိတ်ကြောက်လန့်သောရောဂါ (Post Traumatic Stress Disorder) ရောဂါမျိုး ရရှိသွားနိုင်ကြောင်း ၎င်းက ဆိုသည်။
"ကလဲ့စားချေချင်တဲ့ စိတ်ဒဏ်ရာတွေ ရသွားနိုင်တယ်။ ဘ၀အတွေ့အကြုံကလည်း အရမ်းခါးသီးသွားတာကိုး"ဟု ဒေါ်ခင်အေးဝင်းက သုံးသပ်သည်။
လက်ရှိတွင် အေးချမ်းတည်ငြိမ်သော အခြေအနေသို့ ရောက်ရှိသွားသော်လည်း ဒေသခံများတွင် ခံစားနေရသော စိတ်ဒဏ်ရာများကို ကုစားပေးနိုင်ရန်မှာ နိုင်ငံတော်၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ မီဒီယာများကပါ ၀ိုင်းဝန်းကူညီ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စိတ်ဒဏ်ရာများကို ဖြေဖျောက်ပေးနိုင်ရန် စိတ်ဒဏ်ရာများနှင့် ပတ်သက်သော ပညာပေးများ၊ Workshop များ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ဦးဦးလှစောက ဆိုသည်။
ဒေါ်ခင်အေးဝင်းကမူ "စိတ်ဒဏ်သင့်သွားကြတဲ့အတွက် Psycho Socitey Support (စိတ်ပိုင်းဆိုင်ရာ လူမှုရေးအထောက်အပံ့)ပေးဖို့ အရေးတကြီး လိုအပ်တယ်။ နာဂစ်တုန်းက စိတ်ဒဏ်ရာ ရတဲ့သူတွေကို ဒီနည်းနဲ့ ကုစားခဲ့ရတယ်"ဟု ၎င်းအတွေ့အကြုံများနှင့် နှိုင်းယှဉ်ကာ ရှင်းပြသည်။
လူမျိုးအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရန် ယုံကြည်မှုကို ဦးစွာတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ယုံကြည်မှု တည်ဆောက်ရန် နိုင်ငံတော်အပါအ၀င် မီဒီယာများ၊ နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ကာ ၀ိုင်းဝန်းဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ ယုံကြည်မှုမှတဆင့် ရင်းနှီးချစ်ခင်စွာ နေထိုင်နိုင်ရန် တရားဥပဒေ စိုးမိုးရေးမှာ အလွန်အရေးကြီးကြောင်း ဦးဝဏ္ဏရွှေက သုံးသပ်သည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောကမူ "စိတ်ဒဏ်ရာကို မကုစားနိုင်ရင် နောင်ဒီထက်ကြီးမားတဲ့ ပြဿနာဖြစ်လာနိုင်တယ်"ဟု သုံးသပ်သည်။
ဘေးလွတ်ကင်းရာနေရာတွင် ခိုလှုံနေရပြီဖြစ်သော်လည်း ဒေါ်ထားအဖို့ကား ထိတ်လန့်မှု စိုးရိမ်သောကများကား မငြိမ်းနိုင်သေးပေ။ သားအလာကို စောင့်မျှော်ရင်း စိုးရိမ်သောကများကြောင့် မအိပ်နိုင် မစားနိုင်ဖြစ်နေသည်။
စကားအနည်းငယ် ပြောရုံဖြင့် မောဟိုက်နေသည်။
သို့သော်လည်း ဒေါ်ထားမျှော်နေသော သားဖြစ်သူကား မိခင်ဆီကို ရောက်မလာနိုင်သေးပေ။
ဒေါ်ထားမှာ အဆိုပါကျောင်းဝင်းတွင် ခေတ္တခိုလှုံရင်း ရောက်လာမည့် ၎င်း၏သားကို နေ့စဉ် စောင့်မျှော်နေဆဲ ဖြစ်သည်။
အောင်မြင့်ထွန်း
July 23-29,2012 နေ့စွဲဖြင့် ထုတ်ဝေသော The Voice Weekly Journal Vol.8/ No.31 မှ-
Friday, 20 July 2012
ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား
by Aung Zin Latt on Friday, 20 July 2012 at 16:33 ·
ဘင်္ဂလားနိုင်ငံခြားရေးဝန်ကြီး ဘင်္ဂါလီမက ရိုဟင်ဂျာဆိုတာ မြန်မာကိစ္စပဲ မြန်မာဘက်က ပြန်ခေါ်ပါဆိုပြီး သူတို့ဘက်မှာ ဒုက္ခသည်အဖြစ်နဲ့ နေနေတဲ့ စစ်တကောင်းဘင်္ဂါလီတွေကို မြန်မာဘက်အတင်းပြန်ပို့နေပါတယ်။ ဒါ့အပြင် ကော့ဘဇားဒေသက မဲပေးပိုင်ခွင့်ရှိနေတဲ့ ရိုဟင်ဂျာအမည်နဲ့ စစ်တကောင်းဘင်္ဂါလီတွေကိုလည်း မဲပေးခွင့်တွေ ပယ်ဖျက်နေတာလည်းတွေ့ရတယ်။
ဒါဟာ လက်ရှိအာဏာရ အဝါမီလိဂ်က သူ့ရဲ့နိုင်ငံရေးပြိုင်ဘက် ဘင်္ဂလား အမျိုးသားရေးနဲ့ အစ္စလာမ်မစ်ဝါဒီ ဘီအင်န်ပီ လာမဲ့ရွေးကောက်ပွဲမှာ မဲအသာမရအောင် လုပ်နေတာလို့ လေ့လာသူအချို့က သုံးသပ်ကြတယ်။
အမေရိကန်ဦးဆောင်တဲ့ အနောက်ကအမြင်မှာ လက်ရှိဘင်္ဂလားဝန်ကြီးချုပ် ရှိတ်ဟာဇီနာရဲ့ အဖေ ဘင်္ဂလားကျားကြီး ရှိတ်မူဂျစ် လက်ထက်ကတည်းက အဝါမီလိဂ်ဟာ ဘာသာရေးနဲ့ နိုင်ငံရေးကို စည်းခြားတဲ့သဘောထားမျိုးရှိတဲ့ လက်ဝဲယိမ်း လစ်ဘရယ်သမားတွေရဲ့ ပါတီလို့ ယူဆထားတာမို့ သူ့ပြိုင်ဘက် ဘီအင်န်ပီနဲ့ ယှဉ်ရင် အဝါမီလိဂ် အာဏာရနေတာမျိုးကို သဘောကျကြပုံပဲ။ ဘီအင်န်ပီကတော့ ဗိုလ်ချုပ်ကြီး ဇီယာရာမန် စထောင်ကတည်းက အစ္စလာမ်မစ်တွေရဲ့ပါတီ အမျိုးသားရေးအစွန်းရောက်တွေရဲ့ ပါတီလို့ သိထားကြတာကိုး။
ဟိုးအရင့်အရင်ကတည်းက ဘာသာရေးကို တံတိုင်းတစ်ခုလို အသုံးပြုနေတဲ့ ရိုဟင်ဂျာတွေနဲ့ ဘီအင်န်ပီက အဖွဲ့ကျတယ်၊ အဝါမီလိဂ်က သူတို့ကို ချီးထုပ်တွေ ဝန်ထုပ်ဝန်ပိုးတွေလို့သဘောထားပြီး ဖြစ်နိုင်ရင် အားလုံးယိုတဲ့ချီး ပုဇွန်ဆိပ်ခေါင်းမှာပုံသလို မြန်မာပြည်ထဲ ပစ်ထည့်ချင်နေတယ်။
ပြီးခဲ့တဲ့ ရက်တွေတုန်းက မြန်မာဒုနိုင်ငံခြားရေးဝန်ကြီးဆိုတဲ့သူက ဒီရိုဟင်ဂျာဆိုတဲ့ စစ်တကောင်းဘင်္ဂါလီတွေကို လက်ခံပါမယ် ဆိုတဲ့ သတင်းတွေထွက်လာတယ်၊ ဒါပေမဲ့ မြန်မာအစိုးရဘက်က ဒီကိစ္စကို ရေငုံနေပြီး ဘင်္ဂလားဘက်က မီဒီယာတွေသာ ရေးကြသားကြ ထုတ်လွှင့်ကြတာကို သတိထားမိတယ်။
နောက်တော့ ကုလဒုက္ခသည် မဟာမင်းကြီးနဲ့ သမ္မတဦးသိန်းစိန်တွေ့တော့မှ မြန်မာဘက်က သဘောထားကို အားလုံး သိသွားကြတာ။
ဦးသိန်းစိန်က ဒီဘင်္ဂါလီတွေဟာ စစ်တကောင်းအနွယ်ဖွားတွေပဲ သူတို့ကို ပြန်မခေါ်နိုင်ပါဘူးလို့ အတိအလင်းပြောသွားတယ်၊ ဒါပေမဲ့ ဖ-ဆ-ပ-လ ခေတ်က လုပ်ခဲ့တဲ့ အမှားကိုဆက်ခံဖို့ ငြင်းဆန်ခွင့်မရှိတော့ အဲဒီတုန်းက နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူတွေရယ်၊ သူတို့က ဆက်ပွားလာတဲ့ သားရယ် မြေးရယ်ကို ခိုင်ခိုင်လုံလုံ အထောက်အထားပြနိုင်ရင်တော့ လက်ခံမယ် ဆိုတာမျိုးတော့ ပြောတာရှိတယ်။
ဘင်္ဂလားဘက်က ပြောနေတာက မြန်မာအစိုးရပြောပြောနေတဲ့ အထောက်အထားစာရွက်စာတမ်း (မှတ်ပုံတင်၊ သန်းခေါင်စာရင်းနဲ့ မွေးစာရင်း ဆိုတာမျိုးတွေ) ရှိတဲ့သူတွေက သုံးသောင်းကျော်ရှိတယ် မရှိတဲ့သူတွေက လေးသိန်းလောက်ရှိတယ် လို့ဆိုတယ်။
ခိုင်လုံတဲ့ အထောက်အထား ရှိသူနဲ့ သား မြေ ၂ ဆက်ကို လက်ခံမယ်ဆိုရင်တောင် အရပ်ထဲမှာပြောပြောနေတဲ့ အဖေတစ်ယောက် သားသမီး အယောက် ၂၀ ဆိုတဲ့ ဒီစစ်တကောင်းဘင်္ဂါလီတွေရဲ့ ကြောက်စရာကောင်းတဲ့ မွေးဖွားနုန်းကိုလည်း ထည့်တွက်ဖို့ လိုမှာလည်း သတိထားမိတယ်။ သုံးသောင်း အမြှောက် နှစ်ဆယ် ကို နောက်ထပ် အမြှောက် နှစ်ဆယ် ဆိုရင်လည်း မလွယ်လှဘူး။
လောလောဆယ်ဆယ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရဟာ ရာစုဝက်လောက် နာမည်ပျက် ပုံရိပ်ဆိုးခဲ့တဲ့ မြန်မာနိုင်ငံကို ပုံရိပ်ကောင်းပြန်းထွက်အောင် အသဲအသန်ကျိုးစားနေရတာ သတိထားမိတယ်။ ကျိုးစားပေမဲ့ သူ့အစိုးရအဖွဲ့ထဲက ကျပ်မပြည့်တဲ့ အဖွဲ့ဝင်အချို့ရယ်၊ နောက်ကွယ်က သူငယ်နာမစင်သေးတဲ့သူတွေရယ်၊ ကိုယ်ကျိုးစီးပွားထိခိုက်မှာကို အရမ်းစိုးရိမ်နေတဲ့ သိုက်တူးသမားတွေရယ်၊ သူတို့ကိုယ်သူတို့ မရှိမဖြစ်တွေ သူရဲကောင်းတွေ ချောက်ထဲမကျအောင် ကယ်တင်တဲ့သူတွေလို့ အထင်ရောက်ရင်း ရင်ဘက်ပြားကပ်ကပ်ကို ကော့ကော့ပြနေတဲ့ သူတွေရယ်က ကတစ်ဖက် အတိုက်အခံဘက်မှာလည်း ခံစားခဲ့ရတာကို စားမြုံ့ပြန်ရင်း အနာဖက်ကို အရသာခံခွာစားနေသူတွေရယ်ကတစ်ဖက်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူပေါင်းမှု (ဗမာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး) ဟာ အဖုတွေအထစ်တွေနဲ့ ထင်သလောက် ခရီမတွင်လှဘူး။
တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်အစိုးရ ဒီထက်ပိုပြီး ချောချောမွေ့မွေ့နဲ့ ပူပေါင်းနိုင်မယ်ဆို မြန်မာ့ပုံရိပ်ဟာ အခုထက်ပိုထွက်နိုင်မယ်။ ဒီထက်မက ဗမာအမျိုးသား ပြန်လည်ရင်ကြားစေ့ရေးထက်ကိုကျော်ပြီး ဟိုး ဗိုလ်ချုပ်တို့ မကွယ်လွန်ခင် လွတ်လပ်ရေးခေတ်ကလို့ တိုင်းရင်းသားတွေနဲ့ပါ ပြန်လည်ရင်ကြားစေ့ပြီး အမျိုးသားညီညွှတ်ရေးကြီး ဖြစ်မယ်ဆို ရာစုဝက်လောက် ဆိုးခဲ့တဲ့ ပုံရိပ်ကို ပျောက်သွားစေမှာပဲ။
မြန်မာက ဆိုးနေတဲ့ သူတို့ရဲ့ ပုံရိပ်ကို အသဲအသန် ကျိုးစားပြီး ပုံရိပ်ကောင်းထွက်အောင် လုပ်နေတာကို သတိထားမိတဲ့ ဒီစစ်တကောင်း ဘင်္ဂါလီတွေဟာ မြန်မာ့အခက် ရိုဟင်ဂျာအချက်ဆိုပြီး ကမ္ဘာမှာ မြန်မာပုံရိပ်ဆိုးထွက်အောင် လိုက်လုပ်ရင်း ဖိအားတွေပေးနေတယ်။
ဒီလူတွေက အင်မတန်လည်တယ်။ ပြဿနာကို လူမျိုးရေးပုံစံမျိုးမဟုတ်ပဲ ဘာသားရေးဖိနှိပ်မှု ပုံပေါ်အောင် စနစ်တကျ မီဒီယာတွေကို ဝင်ရောက်ထိုးဖေါက်ထားတာတွေ့ရတယ်။ ဒါဟာ အခုမှမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်တွေအများကြီးကတည်းက စနစ်တကျ ပလန်ချပြီး ကြိုတင်စီစဉ် ထိုးဖေါက်နေရာယူထားတာပဲ ဖြစ်ရမယ်။
တကယ်တော့ သူတို့ဟာ အတိုက်အခံတွေရဲ့ စစ်အစိုးရအပေါ် လူ့အခွင့်ရေးချိုးဖေါက်ဖိနှိပ်မှု စွတ်စွဲချက်တွေကို မှီတွယ်ပြီး ညောင်ပင်လို ဝါးမျိုခဲ့တာပဲ။
သူတို့ရဲ့ အစီစဉ်က ကိုဆိုဗိုမှာလို အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားတွေ ကမ္ဘာ့ဂရုဏာသက်မှုနဲ့အတူ အောင်ပွဲခံခဲ့တာမျိုး ဖြစ်အောင်လုပ်ချင်တာ။
မူလက အယူမှန်ခရစ်ယာန်ဘာသာဝင် ဆလပ်တွေရဲ့ နေရာကို ခိုးဝင်ရောက်အခြေချလာတဲ့ အိမ်နီးနားချင်း အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားက တဖြေးဖြေးနဲ့ အင်အားကြီးထွားလာတော့ မူရင်းဒေသခံ ဆလပ်တွေ လူနည်းစုဖြစ်၊ အဲဒီကနေ အခု ရခိုင်ဒေသမှာလိုပဲ လူမျိုးရေးပဋိပက္ခဖြစ်တော့ အယ်ဘေးနီးယားက ပံ့ပိုးပြီး ကိုဆိုဗိုလွတ်မြောက်ရေး တပ်မတော်ဆိုပြီးဖွဲ့ ဒီကနေ အယ်ဘေးနီးယား အမျိုးသားတပ်မတော်ဆိုပြီး မူလဒေသခံ ဆလပ်တွေကို သတ်တာတွေ ဖြတ်တာတွေလုပ်၊ အဲဒီတုန်းက  ယူဂိုဆလားဗီးယား တစ်နိုင်ငံလုံးမှာဆို ဆလပ်တွေက လူများစု ဖြစ်ပြီး အယ်ဘေးနီးယားအနွယ်တွေက လူနည်းစုပေါ့၊ ဒါပေမဲ့ ကိုဆိုဗိုမှာကတော့ အယ်ဘေးနီးယားအနွယ်တွေက လူများစု ဆလပ်တွေက လူနည်းစု အခု ဘူးသီးတောင် မောင်းတောလိုပေါ့။
(၁၄ရာစုက ကိုဆိုဗိုမှာ ဆာတ့်က ၉၆.၆% အယ်ဘေးနီးယားက ၃% ပဲရှိတယ်၊ အဲ ၁၉၉၁ ရောက်တော့ အယ်ဘေးနီးယားက ၈၁.၆% နဲ့ ဆာ့တ်က ၉% ပဲ ကျန်တဲ့အထိ ပြောင်းပြန်ဖြစ်သွားတယ်)
ပြဿနာဖြစ်ပြီဆို လူများစု ဆလပ်တွေက လူနည်းစု အယ်ဘေးနီးယားအနွယ်တွေကို အနိုင်ကျင့်တာပေါ့ ဒါပေမဲ့ တကယ်ခံရတာက ကိုဆိုဗိုက လူနည်းစု ဆလပ်တွေ၊ အပြင်ကလူတွေက နကိုယ်ကတည်းက လက်ဝဲ ယူဂိုဆလပ် အစိုးရကို မကြိုက်တာနဲ့ အခုရိုဟင်ဂျာလိုပဲ အယ်ဘေးနီးယားတွေ အငိုပြကောင်းတာနဲ့ အစ္စလာမ်ဘာသာဝင် နိုင်ငံတွေရဲ့ ပံ့ပိုးမှုနဲ့ နိုင်ငံတကာ အမြင်မှာ လူများစု ဆလပ်တွေ လူနည်းစု အယ်ဘေးနီးယားတွေကို ဘာသာရေးအကြောင်းပြုပြီး နှိပ်စက်တယ်ပေါ့။
ဒီလိုနဲ့  နောက်ဆုံး မီလိုဆီဗစ်တို့လို ခပ်ကြမ်းကြမ်း  ဆလပ် (ဆာ့တ်) တွေ ဝင်လာတော့ နိုင်ငံတကာအမြင်မှာ ဆလပ်တွေဟာ လူရိုင်းတွေ လူဆိုးတွေလို့ မြင်သွားရရော။
အဲဒီကိုဆိုဗိုစစ်မှာ မွတ်ဆလင်ညီအကို ဆိုတဲ့အမြင်နဲ့ ဘာသာရေးအရဖိနှိပ်မှုလုပ်တယ်လို့ အစ္စလာမ်ဘာသာဝင်နိုင်ငံတွေက ဆာ့တ်တွေကို ဆန့်ကျင်ကန့်ကွက်ပြီး အယ်ဘေးနီးယားတွေကို ကူညီခဲ့ကြတယ်။ တောင့်တင်းတဲ့ သူတို့ရဲ့ ဓနအင်အားနဲ့ အားနည်းရာကို ဂရုဏာသက်လေ့ရှိတဲ့  မီဒီယာတွေ လူ့အခွင့်ရေးသမားတွေကို လွှမ်းမိုးပြီး နိုင်ငံတကာအသိုင်းအ၀န်းဟာ ကိုဆိုဗိုစစ်ပွဲကို အယ်ဘေးနီးယားနဲ့ ဆာ့တ်တွေရဲ့ လူမျိုးရေး ပြဿနာရယ်လို့ မမြင်တော့ပဲ မွတ်ဆလင်လူနည်းကို ခရစ်ယာန်လူများစုက အနိုင်ကျင့်နှိပ်စက်တယ်လို့ မြင်ခဲ့ကြတယ်။ အများစုက အယ်ဘေးနီးယားနွယ် အစ္စလာမ်ဘာသာဝင်တွေကိုပဲ ဂရုဏာသက်ခဲ့ကြပြီး ဆလပ်တွေရဲ့ ရက်စက်မှုတွေကိုသာ ရှုတ်ချကန့်ကွက်ခဲ့ကြတော့ အယ်ဘေးနီးယားတွေရဲ့ ဆလပ်တွေအပေါ် ကျူးလွန်ခဲ့ကြတဲ့ လူသားမဆန်မှုတွေဟာ မှေးမှိန်ခဲ့ရတယ်။
တကယ်ဆို ကိုဆိုဗိုမှာ အယ်ဘေးနီးယား အစ္စလာမ်ဘာသာဝင်တွေက လူများစုဖြစ်ပြီး အယူမှန်ခရစ်ယာန်ဘာသာဝင် ဆာ့တ်တွေက လူနည်းစုပါ။
အခု ရိုဟင်ဂျာဆိုတဲ့ စစ်တကောင်းဘင်္ဂါလီတွေက ဒီနည်းကို ပုံတူကူးပြီး ကမ္ဘာ့က မြန်မာကို အရိုင်းအစိုင်းတွေမြင်အောင် လုပ်နေကြတာပဲ။
၁၉၈၁ ကိုဆိုဗိုမှာ ဆာ့တ်နဲ့ အယ်ဘေးနီးယား လူမျိုးရေး ပဋိပက္ခဖြစ်တော့ အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားတွေက တိုက်ခိုက်လို့ ဆာတ့်လူမျိုး တစ်သောင်းလောက် ကိုဆိုဗိုကနေ ပြောင်းပြေးခဲ့ကြတယ်၊ ဆာ့တ်တွေရဲ့ ရှေးဘာသာရေး အဆောက်အဦးတွေ အဖျက်အဆီးခံရတယ်။ နောက်ပိုင်း ပဋိပက္ခတွေ ခဏခဏဆက်ဖြစ်နေတော့ လူနည်းစုဆာ့တ်တွေက ကိုဆိုဗိုမှာ မနေရဲကြတော့ဘူး။ ဒီလိုနဲ့ ကိုဆိုဗိုဟာ အယ်ဘေးနီးယားအနွယ် အစ္စလာမ်ဘာသာဝင် လူများစုနေထိုင်တဲ့ အရပ်ဖြစ်သွားခဲ့တယ်။
အခု မောင်းတော ဘူးသီးတောင်မှာလည်း ဒီအတိုင်းပဲ ပဋိပက္ခဖြစ်ရင် ရခိုင်နဲ့ အစ္စလာမ်ဘာဝင်မဟုတ်တဲ့ လူနည်းစုက ပြောင်းပြေးရပြီ။ ကျောင်းဆရာတွေ ကျမ္မာရေးဝန်ထမ်းတွေ စတဲ့ အစိုးရဝန်ထမ်းတွေတောင် မနေရဲ့ မသွားရဲတော့ဘူး၊ ဒီတော့ နောက်ပိုင်း မောင်းတော ဘူးသီးတောင်ဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်မသွားနိုင်လို့ မပြောနိုင်ဘူးပေါ့။
တစ်နေ့က တိုင်းရင်းသားပါတီတွေနဲ့ မိတ်ဖက် ဒီမိုပါတီတွေ သမ္မတဦးသိန်းစိန်နဲ့တွေ့ပြီး ရခိုင်တွေက ပြည်သူ့စစ်လို တပ်ထောင်ပြီး နယ်ခြားစောင့် တပ်အဖြစ်တာဝန်ပေးဖို့ သွားဆွေးနွေးသတဲ့။ သမ္မတကြီးက ဒီကိစ္စအပေါ် ဘာမှမတုံ့ပြန်ပေမဲ့ မြန်မာပြည်မှာက ဘီဂျီအက်ဖ်လို နယ်ခြားစောင့်တပ် ပေါ်လစီရှိတော့ ရခိုင်တွေတင်ပြချက်ဟာ မဖြစ်နိုင်ဘူးလို့လို့လည်း ပြောလို့မရဘူး။
ရခိုင်တွေသာ နယ်ခြားစောင့်တပ်အဖြစ် နယ်ခြားကို စောင့်ရှောက်ရရင် မျိုးချစ်စိတ်အပြည့်နဲ့မို့ နယ်ခြားကနေ အကျင့်ပျက်ခြစားမှုကို ဂယ်ပေါက်တစ်ခုလိုအသုံးချပြီး ခိုးဝင်မဲ့ကိစ္စမျိုး မဖြစ်နိုင်တော့ဘူး။ ဒါ့အပြင် အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေ မနေရဲတဲ့ မောင်းတောလို ဘူးသီးတောင်လို နေရာမျိုးတွေမှာ တပ်စွဲခြင်းအားဖြင့် အဲဒီဒေသကို ထိန်းချုပ်ပြီးသား ဖြစ်သွားနိုင်တယ်။
ဒါပေမဲ့ ရခိုင်တပ်တွေအနေနဲ့ မျိုးချစ်စိတ် ပြင်းထန်လွန်းတော့ မီလိုဆီဗစ်နဲ့ သူတပ်တွေ ခံသွားရသလို အဖြစ်မျိုး မကြုံအောင် အတော်လေးသတိထားရမယ်၊ ဒီအတွက် စိတ်ဓါတ်မြင့်မားအောင် ပညာပေး လေ့ကျင့်ထားဖို့လိုမယ်။
ဒါ့အပြင်နောက်တစ်ချက်က နယ်ခြားစောင့်တပ်ဟာ ပြည်ထောင်စုတပ်မတော်ရဲ့ အထိန်းအကွပ်အောက်မှာရှိဖို့လိုတယ်၊ ဒါကလည်း ရာဇဝင်ကို လှေလုပ်စီးပြီး အတိတ်က ရွှေထီးကို ပြန်တမ်းတတတ်တဲ့ အလေ့အထ တိုင်းရင်းသားလူမျိုးစုတွေမှာ ရှိကြတာမို့ နယ်ခြားစောင့်တပ်ကနေ ခွဲထွက်ရေးတောင်းဆိုတဲ့ တပ်ဖြစ်မသွားအောင်ပါ။
တစ်ဖက်မှာလည်း နိုင်ငံတကာက အစ္စလာမ်ဘာသာဝင်နိုင်ငံတွေက ရိုဟင်ဂျာပြဿနာကို ဘာသားရေးနှိပ်ကွပ်တဲ့ လုပ်ရပ်ဆိုပြီး ဒါးဆွဲ ဒုတ်ဆွဲ မြန်မာကို ဆဲဆိုရှုတ်ချကြိမ်းဝါးနေတာကို ပြည်တွင်း မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေက ဒါဟာ ဘာသာရေးပြဿနာမဟုတ်ဘူး လူမျိုးရေးပြဿနာပါလို့ ဘာလို့ထွက်မပြောကြသလဲ။ သူတို့ပါ ဒီစစ်တကောင်းဘင်္ဂါလီတွေကို မွတ်ဆလင်ညီအကိုများဆိုပြီး ဂရုဏာသက် ဘက်လိုက်ကာကွယ်တဲ့ စာတွေ အပြောတွေလုပ်နေကြတယ်၊ ဒါလည်း မဟုတ်သေးဘူး။
အခုတော့ အားလုံးက ဒီစစ်တကောင်းဘင်္ဂါလီတွေ ကြောင်းတဲ့လမ်းအတိုင်းလိုက်ပြီး ဘာသာရေးပဋိပက္ခယိမ်း ကနေကြတယ်။ ဒါနဲ့ပတ်သတ်ပြီး တစ်ခုသတိရမိတာက ဒီပဋိပက္ခတွေမဖြစ်ခင် တစ်လ နှစ်လလောက်က ဗလီဆောက်တဲ့ ကိစ္စနဲ့ အငြင်းပွားမှုတွေ အစ္စလာမ်ဘာသာဝင်တွေနဲ့ စီးပွားရေးအရ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာဟာ တစုံတရာဟာ ဒီလမ်းကြောင်းရောက်အောင် အချိန်အတော်ကြာကြာကတည်းက စီစဉ်နေခဲ့တယ်လို့ ယူဆလောက်တယ်။
အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေက ဘာမှမဆိုင်ပဲ ငါတို့မွတ်လဆင်တွေဆိုပြီး ရိုဟင်ဂျာဘက်လိုက် ပြောနေရေးနေကြတာ အရမ်းသိသာလွန်းတယ်၊ ကမ္ဘောဒီယားနဲ့ ထိုင်း ဟိန္ဒူဘုရားကျောင်းလုပွဲတုန်းက နုတ်ဆိတ်လွန်းတဲ့ အာဆီယံအတွင်းရေးမှူး ထိုင်းနိုင်ငံသား အစ္စလာမ်ဘာသာဝင် ဒေါက်တာဆူရင်းဖစ်ဆူဝမ်က အခု ရိုဟင်ဂျာကိစ္စကျမှ အသံထွက်လာတာ အတော်ရုပ်ပျက်လွန်းတယ်။
တကယ်ဆို ရိုဟင်ဂျာပြဿနာကို အဲဒီမွတ်ဆလင်နိုင်ငံတွေက ဘာများဖြေရှင်းပေးနိုင်သလဲ၊ အိန္ဒိယက သူ့ထဲဝင်လာတဲ့ ဘင်္ဂလားတွေကို ပစ်သတ်နေတာကို မွတ်ဆလင်ဘရားသားဆိုပြီး ဘာပြောရဲသလဲ၊ တကယ်ဆို အိန္ဒိယရဲ့ အနောက်ဘင်္ဂလားဟာ အရှေ့ဘင်္ဂလားဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တနွယ်တည်းသော ဘင်္ဂါလီလူမျိုးတွေနေနေကြတာ၊ အဲဒါကမှ ဘာသာရေးပြဿနာစစ်စစ်။ ပြီးတော့ မြင့်မြတ်ရာနယ်မြေဆိုတဲ့ ဆော်ဒီကရော မွတ်ဆလင်ဘရားသားဆိုပြီး သူ့ဆီရောက်တဲ့ ရိုဟင်ဂျာတွေကို ကောင်းကောင်းမွန်မွန် နေရာပေးလက်ခံပါရဲ့လား။
တကယ်တော့ အလာဟ်ကပဲဖန်ဆင်းထားထား ဘုရားသခင်ကပဲ ဖန်တီးခဲ့တယ်ဆိုဆို ယေဟိုးဝါးကပဲ ပြုလုပ်ခဲ့တယ်ပြောပြော ဗြဟ္မာကြီးတွေကြောင့် ပေါ်လာတာပဲဖြစ်ဖြစ် လက်ရှိ ကမ္ဘာမြေကြီးဟာ နယ်နမိတ်အပိုင်းအခြားတွေ နိုင်ငံအခွဲအခြမ်းတွေနဲ့ စိတ်ပိုင်းထားပြီး ပိုင်ဆိုင်သူအသီးသီးနဲ့ နယ်မြေတွေဖြစ်နေကြပါပြီ။ အဲဒီအပိုင်းအခြားထဲမှာ နေနေကြတဲ့ လူတွေဟာလည်း လူချင်းအတူတူပဲမပြောနဲ့ အမေ၀မ်းထဲက တ၀မ်းထဲ ထွက်ခဲ့ပါစေ ခံယူတဲ့ နိုင်ငံသားချင်းမတူရင် လူမျိုးကွဲပဲ။ ဒီတော့ ဘယ်လောက်ပဲ ဘာသာတူတူ နိုင်ငံသားချင်းမတူရင် လူမျိုးခြားပဲ။
ဘာသာရေးနဲ့ နိုင်ငံသား ကွဲကိုကွဲနေရမယ် မဟုတ်ရင် အားလုံးရှုတ်ကုန်မှာ။
ဘယ်လိုပဲဖြစ်ဖြစ် ဘာသာနဲ့ လူမျိုး လေ၀မ်းမကွဲသူတွေက ဘယ်လောက်ပဲ အော်နေပါစေ ရခိုင်မြောက်ပိုင်းကို ဒုတိယကိုဆိုဗိုတော့ အဖြစ်မခံနိုင်တာ မြန်မာမှန်တဲ့သူတိုင်းရဲ့ဆန္ဒပါ။
ကျနော်တို့သာ ဟိုတွေးဒီရေး ပြောနေဆိုနေကြပေမဲ့ နိုင်ငံခေါင်းဆောင် တက်လုပ်နေသူတွေကတော့ ဘာလုပ်ရမယ်ကို စီစဉ်ပြီးသားဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
Wednesday, 18 July 2012
ရိုဟင်ဂျာ ပြဿနာ အာဆီယံတွင် မီးပွားလွင့်
The Voice Weekly
Written by The Voice
အရှေ့တောင်အာရှအာဆီယံဒေသတွင်း၌ စစ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေးသို့ အအောင်မြင်ဆုံးအသွင်ကူးပြောင်းနိုင်ခဲ့သော မြန်မာနိုင်ငံသည် အပယ်ခံဘဝမှ ပြောင်းလဲခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဒေသတွင်း၌ ဥက္ကဋ္ဌရာထူးကို ရယူနိုင်သည်အထိ အာဆီယံအလယ်တွင် ယခုနှစ်အတွင်းမှစတင်၍ တင့်တယ်လာခဲ့သည်။ သို့သော် လွန်ခဲ့သောရက်သတ္တလေးပတ်က မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရိုဟင်ဂျာပဋိပက္ခသည် မြန်မာနိုင်ငံကိုထပ်မံ၍ အာဆီယံအလယ်တွင် စိုးရိမ်သောကဗျာပါရများပွေရန် အကြောင်းဖန်လာခဲ့ရပြန်သည်။ မြန်မာသမ္မတ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်ကိုပင်လျှင် မြန်မာနိုင်ငံ အနောက်ပိုင်းဒေသအချို့တွင် ၎င်းတို့နှင့်ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။
ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးကိစ္စများဆွေးနွေးကြမည့် အမေရိက၊ အီးယူ၊ ပြင်သစ်၊ ရုရှား၊ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်စသည့် မဟာအင်အားကြီးများတက်ရောက်ကြသည့် (၁၉) ကြိမ်မြောက်အာဆီယံဒေသတွင်း အစည်းအဝေးမင်းပရိတ်သတ်ဗိုလ်ပုံအလယ်တွင် ယင်းပြဿနာကို အထုပ်ဖြေကာပြောရဆိုရ ရှင်းပြရမည့် ဆွေးနွေးစရာအထိပင် ဖြစ်လာရန်ရှိနေသည်။ ထိုပြဿနာမှာ မြန်မာနိုင်ငံရှိတိုင်းရင်းသားအားလုံးက ဘင်္ဂါလီဟုသတ်မှတ်ကြပြီး နိုင်ငံတကာတွင် ရိုဟင်ဂျာဟု အမည်ထွက်နေသည့် အနောက်ဘက်မှ ကူးလာသူတို့ကြောင့်ပင်ဖြစ်သည်။
အာဆီယံလူဦးရေ သန်း ၅၉ဝ၏ ၄၀ ရာခိုင်နှုန်းမှာ မွတ်ဆလင်ဘာသာဝင် လူမျိုးများဖြစ်ပြီး ယင်းလူဦးရေအနက် အာဆီယံစတင်ဖွဲ့စည်းရာတွင် ပါဝင် သည့် အင်ဒိုနီးရှားနှင့် မလေးရှားပေါင်း လျှင် သန်း ၂၂၀ ခန့်ရှိနေသည်။ မြန်မာ နိုင်ငံသည် အာဆီယံတွင် ထိုင်းနိုင်ငံပြီး လျှင် ပဉ္ဓမမြောက်မွတ်ဆလင်ဘာသာဝင် လူမျိုးများနေထိုင်သော နိုင်ငံဖြစ်ပြီး နှစ်သန်းခန့်အရေအတွက်ရှိနေသည်။ မြန်မာနိုင်ငံတွင်နေထိုင်သော အဆိုပါ မွတ်ဆလင်ဘာသာဝင်အရေအတွက်သည် အရှေ့အလယ်ပိုင်းရှိ ကာတာနှင့် ဘာရိန်း တွင်ရှိသော မွတ်ဆလင်ဘာသာဝင် အရေအတွက်နှင့် ပမာဏတူညီလျက်ရှိ သည်။
ကမ္ဘာပေါ်တွင် အင်အားအကောင်း ဆုံး ဗုဒ္ဓဘာသာဝင်နိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ၊ ကမ္ဘာ့လူဦးရေ အများဆုံးမွတ်ဆလင် နိုင်ငံ အင်ဒိုနီးရှား၊ မလေးရှားနှင့် နိုင်ငံ လူဦးရေ ၉၀ ရာခိုင်နှုန်းခန့် ခရစ်ယာန် ဘာသာဝင်များအဖြစ်ပါဝင်နေသော ဖိလစ်ပိုင်နိုင်ငံတို့ ပါဝင်ဖွဲ့စည်းထား သည့် အာဆီယံအဖွဲ့ကြီးတွင်းကလည်း ထိုပဋိပက္ခကို မြန်မာအစိုးရ မည်သို့ ဖြေရှင်းမည်ကိုလည်း စောင့်ကြည်လျက်ရှိ သည်။ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာစူရင်းက ''အာဆီယံက မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဒီကိစ္စ ကို ဆွေးနွေးဖို့ရှိတယ်'' ဟု (၁၉)ကြိမ် မြောက် အာဆီယံဒေသတွင်း အစည်း အဝေးမတိုင်မီရက်ပိုင်း အာဆီယံဒေသ တွင်း သတင်းစာဆရာများနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။
 မြန်မာနိုင်ငံ သားတို့နှင့် မွတ်ဆလင်ဘာသာဝင် အာဆီယံနိုင်ငံအချို့တွင် ရိုဟင်ဂျာနှင့် ပတ်သက်၍ အမြင်မတူညီကြပါ။ကမ္ဘာ့လူဦးရေအများဆုံး မွတ်ဆလင် နိုင်ငံဖြစ်သော အင်ဒိုနီးရှားမှ သတင်းစာ ဆရာတစ်ဦးက အင်ဒိုနီးရှားတို့ ရိုဟင်ဂျာ ပြဿနာသည် ဗုဒ္ဓဘာသာဝင်နှင့် မွတ်ဆလင်ဘာသာဝင်လူနည်းစုတို့ ဖြစ်သည့် ပြဿနာဟု မှတ်ယူကြသည် ဟုပြောသည်။ အင်ဒိုနီးရှားနိုင်ငံမှ ဩဇာရှိသော ဂျာကာတာပို့စ်သတင်းစာ အယ်ဒီတာ့အာဘော်က မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေမှုများကို ဒေသတွင်းထိုင်းနှင့် ဖိလစ်ပိုင်တို့တွင် ဖြစ်ပွားနေသည့် မွတ်ဆလင် ဘာသာဝင်များအတွက် ကြားဝင်ညှိနှိုင်းသကဲ့သို့ အင်ဒိုနီးရှား အစိုးရနှင့် မွတ်ဆလင်အဖွဲ့အစည်းများ က ဖြေရှင်းသင့်သည်ဟုပင် ပြီးခဲ့သည့် ဇွန်လအတွင်း ပဋိပက္ခများဖြစ်ပွားနေစဉ် ရေးသားသည်။
သို့သော်မြန်မာနိုင်ငံမှ ထင်ရှား သော နိုင်ငံရေးလှုပ်ရှားသူ ကိုကိုကြီးက ''အခုဖြစ်တဲ့ကိစ္စက လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းကဖြစ်နေတဲ့ စိတ်ခံစား မှုတွေလို့ ကျွန်တော်မြင်ပါတယ်။ မြန်မာ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ ပြဿနာလို့ မမြင်ပါဘူး။ တစ်ဖက်က ဝင်လာတဲ့ ရိုဟင်ဂျာတွေကြောင့် ဖြစ်ရ တာပါ။ တစ်ဖက်က ဝင်လာတဲ့ သူတွေ များလာတဲ့အတွက် အခုလိုပြဿနာတွေ ဖြစ်လာတာပါ။ ကျွန်တော်တို့က လူသား ချင်း စာနာမှုအရ လက်ခံထားတာရယ်၊ နိုင်ငံတကာ ဆက်ဆံရေးတွေကြောင့် အားနာလို့ လက်ခံထားခဲ့တာပါ။ သဘော ကောင်းခဲ့တာကို ဖိအားပေးလာတဲ့ သဘောပါ။ ကျွန်တော်တို့ကတော့ အချုပ် အခြာအာဏာကို အထိပါးမခံနိုင်ပါဘူး။ ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား မဟုတ် လို့ လက်မခံနိုင်ပါဘူး'' ဟု ပြောကြား သည်။
ရိုဟင်ဂျာလူမျိုးဆိုသည်မှာ မြန်မာ နိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စု ၁၀၀ ကျော်ထဲတွင် မရှိသကဲ့သို့ မိမိတို့၏ တိုင်းရင်းသားလူမျိုးလည်း မဟုတ်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ငြင်းဆိုခဲ့သည်။ရိုဟင်ဂျာဆိုသည်မှာ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲမှစ၍ မြန်မာနိုင်ငံအနောက်ဘက်ခြမ်းမှ အင်္ဂလိပ် များနှင့်အတူ ဝင်ရောက်လာသော လူမျိုး များဖြစ်ပြီး ဂျပန်ခေတ် အင်္ဂလိပ်များ ဆုတ်ခွာချိန်တွင် အချို့ကိုလက်နက်ကိုင် တော်လှန်ရေးအတွက် ချန်ထားခဲ့သူများ က ၎င်းတို့ကိုယ်တိုင် ရိုဟင်ဂျာလူမျိုး များဖြစ်ကြောင်း သတ်မှတ်ထားခြင်းဖြစ် သည်ဟု ဝန်ကြီးက ပြောဆိုသည်။ သို့ သော်ပြီးခဲ့သည့် ဇူလိုင်လ ၁ဝရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီ စီမြို့တော်ရှိ သတင်းထောက်များ အသင်းတိုက်တွင် မြန်မာနိုင်ငံမှ ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အခြေအနေအကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အမြင်သဘောထားများကို ရှင်းလင်းခဲ့ ကြသည်။ ဘင်္ဂါလီ ရိုဟင်ဂျာများသည် ဘာသာရေးကိုအခြေခံပြီး ဖိနှိပ်ခံနေရ ကြောင်း၊ နိုင်ငံမဲ့ဖြစ်နေသည့်အတွက် ရရှိသင့်သော ပညာသင်ခွင့်၊ ခရီးသွား လာခွင့်များ ဆုံးရှုံးနေကြောင်း၊ ထို့အပြင် လူမျိုးတစ်ခုထဲကို ဦးတည်ပြဋ္ဌာန်းသည့် လက်ထပ်ထိမ်းမြားခွင့်ကိုပါ ဆုံးရှုံးနေရ ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
'မြန်မာနိုင်ငံကို ယခုအခါ ဒီမိုကရေစီအရေးအတွက် တွန်းအားပေးဆောင်ရွက်နေသော နိုင်ငံတကာက ယင်းလူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ထုတ်ဖော်ပြော ဆိုသင့်ကြောင်းလည်း ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတစ်ဦးက ပြောကြားသည်။ အမေရိကန်ခေါင်းဆောင်များနှင့်တကွ နိုင်ငံတကာခေါင်းဆောင်များကို ဘင်္ဂါလီ ရိုဟင်ဂျာများအရေးနှင့် ပတ်သက်၍ ထည့်သွင်းပြောဆိုရေး တိုက်တွန်းကြ ရန်လည်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့၏ အာရှပစိဖိတ်ရေးရာ လှုံ့ဆော် ရေးမှူး မစ္စတာတီကူးမားက ဝါရှင်တန် တွင် ပြောကြားသွားခဲ့သည်။ 'မြန်မာ ပြည်သူများ၏ လုံခြုံမှုကို ထိပါးရန် လည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်ရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက် စေရန်လည်းကောင်း ဆောင်ရွက်သူများ သည် မည်သည့်ဘာသာဝင်၊ မည့်သည် လူမျိုး၊ မည်သည့် အဖွဲ့အစည်းဝင် ဖြစ်စေကာမူ တစ်မျိုးသားလုံး၏ရန်သူ" Enemy of State ဖြစ်ပါသည်' ဟု နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိကြီး တစ်ဦး၏ Facebook စာမျက်နှာတွင် လွန်ခဲ့သော ပဋိပက္ခဖြစ်ပွားနေစဉ် အတွင်းက ရေးသားဖော်ပြသည်။
ရိုဟင်ဂျာနှင့်ပတ်သက်လာလျှင် မြန်မာနိုင်ငံအတွင်း၌အစိုးရကိုယခင်က ဆန့်ကျင်သူများကပင် အစိုးရနှင့် အမြင် တူကြသည်။ မြန်မာနိုင်ငံက ၂၀၀၈ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသော အာဆီယံပဋိညာဉ်အရ အာဆီယံဒေသ အတွင်းတွင် မည်သည့်အိမ်နီးချင်းနိုင်ငံ ကမျှ ပြည်တွင်းရေးကိုဝင်ရောက်စွက် ဖက်ခွင့်မရှိ။ သို့သော်လည်း အာဆီယံက ထိုကိစ္စကို သိရှိလိုသည်ဟုပြောလာခြင်းမှာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ အာဆီယံ အတွင်းရေးမှူးချုပ် သက်တမ်း ၅လခန့် သာကျန်တော့သည့် ဒေါက်တာစူရင်းက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတို့နှင့် နိုင်ငံ အတွင်းဖြစ်ပွားခဲ့သော ကိစ္စများကို နိုင်ငံ အတွင်း အရေးတယူဆောင်ရွက်နေပြီး မြန်မာအစိုးရက နိုင်ငံတကာအသိုင်း အဝိုင်းသို့ပြည့်ပြည့်စုံစုံရှင်းပြမည်ဟု ယူဆ ကြောင်းဖနွမ်းပင်တွင် ပြောကြားခဲ့သည်။
မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာကိစ္စ ပြဿနာကို ပွင့်ပွင့်လင်းလင်း အရေး တယူကိုင်တွယ်လျက်ရှိပြီး မြန်မာနိုင်ငံ သားအဖြစ်ပြဋ္ဌာန်းမည့် ဥပဒေတစ်ရပ်၊ လူ့အခွင့်အရေးမူဝါဒနှင့် လျော်ညီ သည့် ဥပဒေသစ်တစ်ရပ်ပြဋ္ဌာန်းရန်ကို လည်း နိုင်ငံတကာကတိုက်တွန်းကြ သည်။ ထိုသို့နိုင်ငံတကာတောင်းဆိုမှု များကိုအလေးထားခြင်းနှင့် မြန်မာအစိုးရ သည် အာဆီယံတွင် ဒီမိုကရေစီနိုင်ငံ ဖြစ်သည်ဆိုသည်ကို စစ်မှန်စွာပြရန် အတွက် ပြဿနာများကိုအကြမ်းမဖက် ဘဲ နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန်မှာ အထူး အရေးကြီးပြီး အကြမ်းဖက်မှုများနှင့်သာ ဖြေရှင်းပါက နိုင်ငံတကာအပါအဝင် အာဆီယံက နောက်ကြောင်းပြန်လမ်းပေါ် ဦးလည်သွားသည်ဟုဆိုကာ ဖြစ်ထွန်းစ မြန်မာနိုင်ငံပေါ်ယုံကြည်မှုများ ရုတ် တရက်ပျောက်ကွယ်သွားပါလိမ့်မည်။
နောက်ကြောင်းပြန်သော အာဏာ ရှင်လုပ်ရပ်ဟု နိုင်ငံတကာတွင် တံဆိပ် ကပ်ခံခြင်းကို ခံရပါလိမ့်မည်။ ထို့အတွက် ကြောင့် ရိုဟင်ဂျာပြဿနာသည် စစ် အုပ်ချုပ်ရေးမှ ပြောင်းလဲလာသော မြန်မာအစိုးရကို ဒီမိုကရေစီနိုင်ငံ စစ် မစစ် နိုင်ငံတကာက စမ်းသပ်သော၊ လူ့အခွင့် အရေးနှင့်ပတ်သက်၍ နိုင်ငံတကာက မှတ်ချက်ပေးမည့် နိုင်ငံတကာမှ အကဲ ဖြတ်ချက်တစ်ခုဖြစ်လာနိုင်သော ကိစ္စ ဖြစ်ပြီး မကြာမီအာဆီယံအဖွဲ့ကြီး၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာ နိုင်ငံက ယင်းကာလမတိုင်မီယင်းကိစ္စ ကို မည်သို့မည်ပုံဖြေရှင်းမည်ကို စောင့် ကြည့်နေကြမည်လည်းဖြစ်ပါသည်။ ထိုသို့ နိုင်ငံတကာတောင်းဆိုမှု များကို အလေးထားခြင်းနှင့် မြန်မာ အစိုးရသည် အာဆီယံတွင် ဒီမိုကရေစီ နိုင်ငံ ဖြစ်သည်ဆိုသည်ကို စစ်မှန်စွာပြ ရန်အတွက် ပြဿနာများကို အကြမ်း မဖက်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာ ခရီးစဉ်များအပြီး မြန်မာ နိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား နေကြသည့်အမေရိကနှင့် ဗြိတိန်တို့မှ စီးပွားရေးအုပ်စုများကို လူ့အခွင့်အရေး များချိုးဖောက်ဆဲဟုဆို၍ အကြောင်းပြ ကာ ရင်းနှီးမှုမပြုလုပ်ရန် စပျစ်သီးချဉ် သည် ဥပမာကဲ့သို့ အချိန်ကိုက်လုပ်ကြံမှု ကြီးတစ်ရပ်လည်း အထူးဖြစ်နိုင်ခြေရှိ ပါသည်။
Sunday, 15 July 2012
အိန္ဒိယနွယ်ဖွားမြန်မာနိုင်ငံသားများသို့  အိတ်ဖွင့်ပေးစာ
by Myat Thein Tun's Facebook on Sunday, 13 November 2011 at 03:22 ·
နောက်ပြီး ကျွန်တော်တို့ Anti-Rohingha အဖွဲ့ သားတွေကလည်း ပြည်တွင်းက  အိန္ဒိယနွယ်ဖွားညီနောင်များကို ထိခိုက်စေမဲ့ အပြောအဆို အရေးအသားမျိုးတွေ၊ ပြည်ပရောက် Pro-Rohingha သူတောင်းစားတွေ ပြန်အသုံးချလို့ ရမဲ့ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်စေလိုပါတယ်။
လူသားအားလုံးကိုလေးစားပါတယ်..ဒါပေမဲ့ Pro-Rohingha သူတောင်းစားတွေ နဲ့ Rohingha ခေါ်တောများမပါပါ။
အစ္စလာမ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားကတောင် လက်မခံလိုတဲ့ ရိုဟင်ဂျာဆိုသူများ
မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် ဆော်ဒီမှာဆို ဓာတ်ပုံထဲက အမျိုးသမီး ခေါင်းမြီးမခြုံလို့  အနည်းဆုံး ကြိမ်ဒဏ်လောက်တော့ ထိနိုင်တယ်
လူကြိုက်များသော သတင်းဆယ်ပုဒ်
Blogger Widgets