Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Tuesday 3 July 2012

ရွှေကရုဏာဆေးခန်း မိုလ်ဘိုင်းအဖွဲ့နှင့် မေးမြန်းချက်

အာရကန်တိုင်းမ်

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သော ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်းကြောင့် အိုးမဲ့အိမ်မဲ့၊ အလုပ်လက်မဲ့ဖြစ်သွားခဲ့ရသော ဒုက္ခသည်များအား မိုလ်ဘိုင်းအနေဖြင့် ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ပြုလုပ်ပေးနေသော ရွှေကရုဏာ ဆေးခန်းမှ မိုလ်ဘိုင်းအဖွဲ့သားများနှင့် မေးမြန်းချက်များကို ဖော်ပြပေးလိုက်ရပါသည်။
shwe-gurunar
အာရကန်တိုင်းမ်စ် : ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးမဲ့၊ အိမ်မဲ့၊ အလုပ်အကိုင်မဲ့ဖြစ်သွားကြတဲ့ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးနဲ့ပက်သက်လို့ မိုးလ်ဘိုင်းအနေနဲ့ ဘယ်လိုအကူအညီတွေပေးနေပါလဲ?

မိုလ်ဘိုင်း : ကျွန်တော်တို့ အပိုင်း ၂ပိုင်းခွဲပြီး လုပ်ဆောင်နေပါတယ်။ ၁ပိုင်းက ကုသရေးပိုင်းပေါ့၊ နောက် ၁ပိုင်းကတော့ ကာကွယ်ရေးပိုင်းဆိုပြီး ၂ပိုင်းခွဲပြီး လုပ်ဆောင်နေပါတယ်။

အာရကန်တိုင်းမ်စ် : ၂ပိုင်းခွဲပြီးလုပ်ဆောင်နေတဲ့အခါ ဘယ်လိုရောဂါမျိုးတွေကို ကုသ၊ ကာကွယ်ပေးနေတာပါလဲ?

မိုလ်ဘိုင်း : ကာကွယ်ရေးပိုင်းမှာ အဓိကဖြတ်တတ်တဲ့ ၀မ်းပျော့၊ ၀မ်းလျှော့ရောဂါ ကာကွယ်ရေး၊ အသဲရောင်အသားဝါ ကာကွယ်ရေးတွေပေါ့။ ပြီးတော့ ခုချိန်ကမိုးရာသီဆိုတော့ အဖျားအနာတွေဖြစ်နေကြတာရှိတယ်။ ၀မ်းလျှော့ရောဂါဖြစ်နေတာတွေကို ကုသပေးရတာပေါ့။ ကုသရေးနဲ့ ကာကွယ်ရေးအပိုင်းမှာလည်း ၄ပိုင်းရှိသေးတယ်။ ဒုက္ခသည်စခန်းတွေမှာ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ဖို့၊ ပြီးရင် အိမ်သာမလုံလောက်တဲ့ စခန်းတွေမှာ အိမ်သာတွေ ဆောက်ပေးတာတွေရှိတယ်။ အိမ်သာတွေကို သန့်ရှင်းအောင်နဲ့ အိမ်သာပတ်ဝန်းကျင်တွေကို သန့်ရှင်းအောင်ထားဖို့လိုတယ်ဆိုတာတွေကို အသိပညာပေးရတာတွေရှိတာပေါ့။ အဲဒါတွေကို စနစ်တကျ ကိုင်တွယ်ပြီး ၀မ်းလျှော့၊ ၀မ်းပျော့ ရောဂါတွေ မဖြစ်ရအောင် ကာကွယ်ပေးနေပါတယ်။

အာရကန်တိုင်းမ်စ် : ဒုက္ခသည်စခန်းတွေအတွက် အိမ်သာတွေ ဆောက်ပေးတယ်ဆိုတော့ အစိုးရကဆောက်ပေးတာလား၊ ဘယ်သူတွေက တာဝန်ယူဆောက်ပေးတာပါလဲ?

မိုလ်ဘိုင်း : တစ်ချို့စခန်းတွေက ရှိတဲ့လူဦးရေနဲ့ အိမ်သာနဲ့ကမျှပါတယ်၊ ဒါပေမယ့် တစ်ချို့စခန်းတွေကျတော့ အရမ်းလူများတယ် ဥပမာ-ရွှေစေတီ ဘုန်းတော်ကြီးကျောင်းတွေလို လူများတဲ့နေရာတွေမှာဆို အိမ်သာက လုံးဝလုံလောက်မှုမရှိဘူး။ အိမ်သာတွေ ဆောက်ပေးတာကတော့ ကျနော်တို့ဘက်ကလည်း ကိုယ်နိုင်သလောက် ဆောက်ပေးလိုက်တာရှိတယ်။ နောက်တစ်ခုက နာရေးအသင်းနဲ့ ဘုရားပြုပြင်ရေးအသင်းကနေပြီး မလုံလောက်တဲ့ နေရာတွေမှာ အိမ်သာ ၄လုံးကနေ ၈လုံးအထိ လိုက်ပြီး ဆောက်ပေးနေတာတွေ ရှိပါတယ်။

အာရကန်တိုင်းမ်စ် : အခုလို လတ်တလော လုပ်ဆောင်နေရတဲ့အခါမှာ ဘယ်လိုအခက်ခဲတွေနဲ့ ကြုံတွေ့ရပါလဲ?

မိုလ်ဘိုင်း : အစပိုင်းတော့ တော်တော်လေးအခက်ခဲရှိခဲ့တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုင်ပင်မညီဘူးပေါ့။ တိုင်ပင်မညီဘူးဆိုတာက ကျနော်တို့ကလည်း နေရာတိုင်းကိုသွားတယ်။ မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဆရာဝန်တွေကလည်း နေရာတိုင်းသွားတယ်ဆိုတော့ တစ်နေတည်းမှာ အဖွဲ့တွေ ထပ်နေတယ်။ အခုတော့ ဒုက္ခသည်စခန်းနေရာတွေကို ဘယ်အဖွဲ့က ဘယ်စခန်းတွေကို တာဝန်ယူပေါ့ အဲလိုညှိနှိုင်းပြီးတော့ လုပ်ဆောင်နေပါတယ်။ ပြည်နယ်ကျန်းမာရေးအဖွဲ့ကလည်း သူတို့ တာဝန်ယူနိုင်တဲ့ တစ်ချို့နေရာတွေကို တာဝန်ယူပေးနေပါတယ်။

အာရကန်တိုင်းမ်စ် : မိုလ်ဘိုင်းအနေနဲ့ လှည့်သွားနေတာဆိုတော့ ဘယ်လိုပုံစံမျိုး မိုလ်ဘိုင်း ကုသ၊ ကာကွယ်ပေးတာပါလဲ?

မိုလ်ဘိုင်း : ကားကြီးထဲမှာ ကျနော်တို့ ကုသ၊ ကာကွယ်ရမယ့် ဆေးဝါးအပြည့်အစုံပါပါတယ်။ ပြီးတော့ အိမ်သာပတ်ဝန်းကျင်နဲ့ အမှိုက်ပုံး ပတ်ဝန်းကျင်တွေမှာ ဖြန်းမယ့် ထုံးတွေပါတယ်။ နောက်ထပ် အစားအသောက်နေရာတွေကို ယင်ကောင်တွေမလာရအောင် တားဆီးပေးတဲ့ ဆေးတွေပါတယ်။ အမှိုက်ပုံးမရှိတဲ့နေရာတွေမှာ အမှိုက်ပုံးနဲ့ တံမြက်စည်းတွေပေးဖို့ ကျနော်တို့အကုန်သယ်ပြီးတော့ သွားရမယ့်ဒုက္ခသည်စခန်း တစ်ခုချင်းစီကို လှည့်လည်ပြီးသွားနေတာပေါ့။

အာရကန်တိုင်းမ်စ် : ဒုက္ခသည်စခန်းတွေမှာ ဘာရောဂါတွေ အဖြစ်များပါလဲ။

မိုလ်ဘိုင်း : အဖြစ်များတာကတော့ ကလေးတွေ၊ ကလေးတွေတော်တော်များများက ၀မ်းလျှော့၊ ၀မ်းပျော့ ရောဂါတွေအဖြစ်များတယ်၊ နောက်လူကြီးတွေကတော့ ဖျားတာတွေများပါတယ်။ ဒီရောဂါတွေကတော့ ပုံမှန်ဖြစ်နေကျ ရောဂါတွေလိုပေါ့၊ ရာသီအကူးအပြောင်းဖြစ်တာကြောင့်ရယ်၊ နောက်ပြီး လူအရမ်းများတဲ့အတွက်ကြောင့်ရယ်၊ ဒါပေမယ့် ကူးစက်ရောဂါတွေကတော့ မတွေ့ရသေးပါဘူး ခင်ဗျား။

အာရကန်တိုင်းမ်စ် : ပြည်နယ်အစိုးရအနေနဲ့ကော ကျန်းမာရေးနဲ့ပက်သက်လို့ တစ်စုံတစ်ရာ တာဝန်ယူလုပ်ဆောင်ပေးနေတာတွေရှိပါလား?

မိုလ်ဘိုင်း : ပြည်နယ်ကျန်းမာရေးကတော့ အဓိက ဒုက္ခသည်အရမ်းများတဲ့ မင်းဂံ အ.ထ.က ကျောင်း၊ ရဲကျော်သူကျောင်း၊ ရွှေစေတီဘုန်းကြီးကျောင်းတွေမှာ ပင်မဆေးခန်းတွေဖွင့်ပေးထားတယ်။ ကျနော်တို့နဲ့ လက်တွဲပြီး ပင်မဆေးခန်းတွေလည်း တစ်ချို့နေရာတွေမှာ ဖွင့်ပေးထားတယ်။ ဒါပေမယ့် ဒုက္ခသည်စခန်း အကုန်လုံးမှာတော့ မဟုတ်ဘူးပေါ့။

အာရကန်တိုင်းမ်စ် : ဒီဒုက္ခသည်စခန်းတွေရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဒုက္ခသည်တွေ နေရပ်မှာ ပြန်လည်အခြေချဖို့အတွက်ကို ဘယ်လောက်ထိ ရည်ရှည်သွားနိုင်မယ်လို့ ထင်ပါလဲ?

မိုလ်ဘိုင်း : လောလောဆယ်ဆယ်တော့ ဒီနှစ်ပတ် သုံးပတ်လောက်ကို ဒီအတိုင်းဘဲ ဆက်သွားနေရဦးမှာပါ။ အခြေအနေတွေက ဘယ်လိုဖြစ်လာမယ်မပြောတတ်သေးဘူး။ အခုတော့ ဒီအတိုင်းဘဲ ကျနော်တို့ ဆက်လက်လုပ်ဆောင်နေရဦးမှာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်မယ့် ကိစ္စက။ ဒုက္ခသည်တွေက နှစ်ပိုင်းခွဲပြီးရှိတယ်။ တစ်ပိုင်းက အိမ်တွေမီးရှို့ခံရလို့ လုံးဝ အိုးမဲ့အိမ်မဲ့၊ အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဒုက္ခသည်တွေရယ် နောက်တစ်ပိုင်းက ဘင်္ဂလီမူဆလင်တွေရဲ့ ရန်ကိုကြောက်ပြီးတော့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေရယ်ဆိုပြီး နှစ်ပိုင်းရှိတယ်။ ခုတော့ တစ်ချို့လုံခြုံပြီဖြစ်တဲ့ နေရာတွေကို ပြန်ပြီးပို့နေတာတွေ ရှိတယ်။ ဒါကတော့ စစ်တွေမှာ လူအနည်းစုပေါ့။ ဒုက္ခသည်အနည်းအကျဉ်းကို ပြန်ပြီး နေရပ်မှာ ပြန်ပို့နေတာတော့ရှိတယ်။ မီးတိုက်ခံရတဲ့ ဒုက္ခသည်တွေတော့ မပြန်နိုင်သေးဘူး။ ကျနော်တို့ တွေ့ရသလောက်တော့ ဒုက္ခသည်တွေ အရမ်းမတိုးလာတော့ပေမယ့် အခုချိန်ထိ အရမ်းလည်းလျော့မသွားသေးဘူး။

အာရကန်တိုင်းမ်စ် : အခုစစ်တွေမြို့အခြေအနေက ဘယ်လိုရှိပါလဲ?

မိုဘိုင်းလ် : တစ်မြို့လုံးက ခြောက်ကပ်နေတာပေါ့၊ ဈေးလည်းမဖွင့်ဘူး၊ ရုံးလည်းမဖွင့်သေးဘူး။ မြို့အလယ် လမ်းမကြီးမှာတော့ အသွားလာနည်းနည်းရှိလာပြီ။ လူတွေရဲ့ အတွင်းစိတ်ထဲမှာတော့ စိုးရိမ်စိတ်က ရှိတုန်းဘဲ။ အပြင်ပန်းအားဖြင့်တော့ လူတွေနည်းနည်း အသွားအလာတွေရှိနေတာပေါ့။

အာရကန်တိုင်းမ်စ် : မိုလ်ဘိုင်းအနေနဲ့ပေါ့ အခုဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ နောက်ထပ် ဖြည့်စွက်ပြောချင်တာတွေ၊ ထင်မြင်ချက်တွေရှိရင် ပြောပြပေးပါလား?

မိုလ်ဘိုင်း : ပြည်နယ်တစ်ခုရဲ့ မြို့တောထဲမှာတောင် ဒုက္ခသည်တွေကို မြင်တွေ့နေရတယ်။ ကချင်ပြည်နယ်မှာတောင်မှ ပြည်နယ်မြို့တော်ထဲ ဒုက္ခသည်မရှိဘူး။ အခုကျတော့ ကိုယ့်ပြည်နယ်ရဲ့ မြို့တော်မှာ ကိုယ်လူမျိုး ဒုက္ခသည်တွေဖြစ်နေတာကို မြင်ရတော့ စိတ်မကောင်းဘူး။ အုပ်ချူပ်နေတဲ့ သူတွေကလည်း တစ်ဖက်နိုင်ငံသားနဲ့ ကိုယ့်နိုင်ငံတိုင်းရင်းသားအချင်းချင်းကြားမှာ ကြားနေမယ်လို့ တစ်ချို့ ဒီကိုလာတဲ့သူတွေက ပြောကြတယ်။ နောက်တစ်ခုက ကျနော်တို့ဆီကို နယ်တွေကနေ ဒဏ်ရာတွေနဲ့ ရောက်လာတဲ့သူတွေရှိတယ်။ အကုန်လုံးက ဘင်္ဂလီမူဆလင်တွေရဲ့ စတင်ရန်ရှာမှုကြောင့် ခံခဲ့ရတဲ့ လူတွေချည်းများတယ်။ ပြီးတော့ အကာကွယ်ပေး လုံခြုံရေးယူတဲ့အခါကျတော့လည်း ကိုယ့်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မကာကွယ်ဘဲနဲ့၊ ကျူးကျော်ဝင်လာတဲ့ တစ်ဖက်နိုင်ငံသားတွေကို ကာကွယ်ပေးနေတော့ အခုစစ်တွေ မြို့ခံတွေအနေနဲ့ ခံပြင်းမိတာတွေကိုတွေ့ရတယ်။ နောက်ဆုံးပြောချင်တာကတော့ အခုစစ်တွေမြို့ဒေသခံတွေရဲ့ သဘောထားပေါ့လေ။ အဲဒါက ဘင်္ဂလီမူဆလင်နဲ့ ရခိုင်လူမျိုးတွေကို ပြတ်ပြတ်သားသားဖြစ်စေချင်တယ်။ ဖြစ်စေချင်တယ်ဆိုတာက ရခိုင်နဲ့ ဘင်္ဂလီမူဆလင်တွေကို မရောဖို့ကိုပြောတာပါ။ ကျွန်တော်တို့ ရခိုင်တွေက အငြိုးမထားတတ်ဘူး၊ ဒါပေမယ့် ဘင်္ဂလီမူဆလင်တွေက အမှတ်ကြီးတယ်၊ အငြိုးကြီးတယ်။ အစီစဉ်တကျ သတ်တယ်၊ အိမ်တွေကိုမီးရှို့တယ်။ အဲဒါကြောင့် ရောလို့ထားမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ ထပ်ပြီးအသတ်ခံရမယ်၊ ဒုက္ခသည်တွေ ထပ်တိုးလာမယ်၊ ဒီပြဿနာတွေ ဆက်ဖြစ်လာနိုင်ဦးမှာဘဲလို့ ပြောချင်ပါတယ်။

အာရကန်တိုင်းမ်စ်: ဟုတ်ကဲ့... အခုလိုမေးမြန်းချက်တွေကို ဖြေကြားပေးတဲ့အတွက် အာရကန်တိုင်းမ်စ် သတင်းဌာနအနေနဲ့ ကျေးဇူးတင်ရှိပါတယ်။

No comments:

Post a Comment

 
Blogger Widgets