Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Monday 25 June 2012

ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခဖြစ်ရပ်အပေါ် အလိုတော်ပြည့်ဆရာတော်အား မေးမြန်လျှောက်ထားခြင်း။

အလိုတော်ပြည့်


သံတော်ဆင့်ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်စွာဝင်း၏
ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခဖြဏရပ်အပေါ်
အလိုတော်ပြည့်ဆရာတော်အား မေးမြန်လျှောက်ထားခြင်း။
မေး ။     ။ ဆရာတော်ဘုရား ယခု ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်
နေတဲ့အကြောင်းတရားများကို တပည့်တော်တို့ စိတ်မချမ်းမသာ
နှလုံးမသာမယာ ဖြစ်နေရပါတယ်ဘုရား၊ ဒါကြောင့် ဖြစ်ပေါ်နေတဲ့
ရန်ငြိုးရန်စတွေ အငြိုးအတေး အာဃာတတရားတွေ
ပြေပျောက်ငြိမ်းအေးသွားအောင် ဘယ်လိုလုပ်ကြရမှာပါလဲ ဘုရား။
သံတော်ဆင့်ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်စွာဝင်း၏
ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခဖြစ်ရပ်အပေါ် အလိုတော်ပြည့်ဆရာတော်အား မေးမြန်လျှောက်ထားခြင်း။
ဖြေ ။    ။ဒကာရေ လူတိုင်းမှာ စိတ်ဆိုတာရှိကြပါတယ်၊ ဒီစိတ်က အမြဲတမ်းလည်း ကောင်းနေတာမဟုတ်ဘူး အမြဲတမ်းလည်း
ဆိုးနေတာမဟုတ်ပါဘူး၊ တစ်ခါတရံ မကောင်းတဲ့အာရုံဆိုးပေါ်မှာ ကိုယ့်စိတ်ကရောက်သွားရင် မကောင်းတဲ့အာရုံနှင့် မိမိစိတ်
ပေါင်းမိတဲ့အတွက် အာရုံစိုးအပေါ်မှာ စိတ်ရောက်သွားတဲ့အတွက် စိတ်ဆိုးရတဲ့အကြောင်းပါပဲ။
အဲ့ဒီစိတ်ဆိုးမှုကို ဒေါသလို့ခေါ်ပါတယ်၊ အမျက်ထွက်တယ်လို့လည်းခေါ်ပါတယ်။ ဒီစိတ်ဆိုးခြင်းကို အကြောင်းပြုပြီ ဒေါသ
အငြိုးအတေး အာဃာတတရားတွေ ဖြစ်ပေါ်လာရတာပဲ။

မေး။   ။ ဆရာတော်ဘုရား အငြိုအတေး အာဃာတတရားတွေ လောကထဲမှာရှိနေခဲ့ရင် လူတွေငြိမ်းအေးခြင်းတရားကို
ဘယ်ရနိုင်ပါ့မလဲ။
ဖြေ။   ။ ဟုတ်တယ်ဒကာရေ၊ လူတွေက စိတ်ဆိုးရုံမကဘူး၊ စိတ်ဆိုးတဲ့အာရုံအပေါ်မှာ ရန်ငြိုးဖွဲ့ထားကြသေးတယ်မဟုတ်လား
အကြောင်းညီညွတ်တဲ့အခါမှာ ချေပမယ်၊ လက်စားချေမယ်လို့ မိမိစိတ်ထဲမှာ စွဲမှတ်ထားတဲ့သဘောကို အာဃာတတရား
လို့ခေါ်ပါတယ်။
လူတစ်ချို့က သက်ရှိလူသားတွေကို မဆိုထားနဲ့ဦး၊ သက်မဲ့ဖြစ်တဲ့အရာ စိတ်ဆိုးပြီဆိုမှဖြင့် ခလုတ်တိုက်မိတာတောင်
တိုက်ဦးဟေ့ဆိုပြီး ပြန်ဆင့်တိုက်လိုက်သေးတယ်မဟုတ်လား၊ စိတ်တိုတဲ့သူက ဒေါသအလျှောက်ပြုမိနေတာကို မြင်ရတဲ့လူက
ရယ်စရာလည်းကောင်းတာပဲ၊ သနားစရာလည်း ကောင်းတာပဲ ဒါကြောင့် ကမ္ဘာတစ်ခုလုံးလူသားတွေ ဒေါသဆိုတဲ့
စိတ်ဆိုးခြင်းကို အကြောင်းပြုပြီး ငြိမ်းအေးမှုကို မရနိုင်တော့တာပေါ့။

မေး။    ။ ဆရာတော်ဘုရား …..ဆရာတော်စကားထဲမှာ ပါလာတဲ့ ရန်ငြိုဖွဲ့ခြင်းက ဒေါသအရင်းခံလို့ အာဃာတတရား
တွေဖြစ်တာပဲဆိုတာ တပည့်တော်ကောင်းကောင်း သဘောပေါက်သွားပါပြီ၊ ဒါဆိုရင် ရခိုင်ဒေသမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ
အကြောင်းအရာများဟာ စိတ်ဆိုးမှုဒေါသကြောင့် အငြိုးအတေး အာဃာတတွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး တစ်နေရာနဲ့တစ်နေရာ
ဆိုသလို ဒေါသအရင်းခံတဲ့ အာဃာတအငြိုးအတေးကြောင့် ဖြစ်ပေါ်လာတဲ့တရားတွေလို့ တပည့်တော် ထင်မြင်ယူဆမိပါတယ်
ဘုရား။
ဖြေ။  ။ မမှားပါဘူး ဒကာရေ ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့လူတွေမှာ လူမျိုးစွဲ ဘာသာစွဲ ပုဂ္ဂိုလ်စွဲ အယူဝါဒစွဲတရားတွေကို
ရှေ့တန်းတင်ပြီး စွဲလန်းမှု မကုန်ခန်းနိုင်အောင် အစွဲကြီးစွဲနေတာ အမှန်ပါပဲ၊ ဒီလိုအစွဲတရားတွေကို မိမိစိတ်ထဲမှာ ရှေ့
တန်းတင်ပြီး ရှိနေသမျှ အကြောင်းမညီညွတ်တဲ့အခါ ပေါက်ကွဲမှု့တွေ ဖြစ်ပြီး လူမျိုးတစ်စုနဲ့တစ်စု မုန်တီးမှုတွေ ဖြစ်ပေါ်ရုံမက
ဘဲ သတ်ဖြတ်မှု၊ ကလေ့စားချေမှု မဆုံးနိုင်တဲ့ အာဃာတတရားတွေ ဖြစ်ပေါ်လာတာ အမှန်ပါဘဲ။

မေး။    ။အခု ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ လူမျိုးရေး ပဋိပက္ခမှုက ပိုပြီးတော့ မကျယ်ပြန့်အောင် ငြိမ်းအေးသွားနိုင်တဲ့
အကြောင်းလမ်းစများကို မိန့်တော်မူပါဘုရား….။
ဖြေ။  ။ ဟုတ်ပါတယ် ရခိုင်မျိုးတွေက အမျိုးသီလနှစ်ဌာနကို ရှေးတုန်းက အစဉ်အလာကြီးမားစွာဖြင့် စောင့်ရှောက်ခဲ့တဲ့
လူမျိုးတစ်မျိုးဖြစ်ကြပါတယ်။ ဘိုးဘေးအစဉ်အလာက ဆင်းသက်လာခဲ့တဲ့ ရခိုင်နယ်ပယ်ထဲမှာ နေကြတဲ့ ရခိုင်လူမျိုးရဲ့
ထေရ၀ါဒ ဗုဒ္ဓသာသနာကို အစဉ်ကိုးကွယ်ပြီး အလေးအနက်ထားကာ ဘာသာရေးသဘက်မှ ထိပ်တန်း မမှိတ်မသုံး
ယုံကြည်အားထားတဲ့စလူမျိုးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ တစ်ဖက်မှ ကူးပြောင်းလာတဲ့ ဘာသာမတူ အယူမတူ
လူမျိုးတစ်မျိုးကလည်း မိမိပိုင်းတဲ့အိမ်ပေါ်မှာ ဧည့်သည်ရောက်လာနေထိုင်သလို ဇွတ်အတင်းဝင်ရောက်ပြီး လာနေတာ
မျိုးလိုပေါ့ နောက်ဆုံးမှာတော့ အိမ်ရှင်က ဧည့်သည်ကို ကြောက်ရတော့မလိုဖြစ်နေပါတယ် ဒါကလူမျိုးခြင်းမတူ
ဘာသာခြင်းကွဲပြားနေခြင်းကြောင့် ဖြစ်ပေါ်နေတဲ့သဘောလို့ယူဆမိပါတယ်။ အခုဆိုရင် ဧည့်သည်ကိုအိမ်ရှင်ကကြောက်
အိမ်ရှင်ကဧည့်သည်ကိုကြောက်ဆိုသလိုဘဲ အပြန်အလှန် စိုးရိမ်းပူပန်းခြင်းစိတ်တွေနဲ့တွေ့နေရပါတယ်။

မေး။    ။ ဆရာတော်ဘုရား ဧည့်သည်ဆိုတာ အိမ်ရှင်လက်ခံလို့လာတာမဟုတ်ပါလား ဘုရား။
ဖြေ။   ။ မဟုတ်ပါဘူးဒကားရယ် ရခိုင်ပြည်နယ်ပြဿနာက နယ်စပ်ခြင်း နီးကပ်နေတဲ့အတွက် နယ်စပ်ကို ဖြတ်ကျော်မှု
အခြေအနေ အတင်းဝင်ရောက်လာပြီ မှောင်ခိုလာနေတဲ့ အခြေအနေမျိုးပေါ့လေ ထိမ်းချုပ်မှုအင်းအားနဲပါးခဲ့လို့ မိမိပိုင်းတဲ့
အိမ်သို့ အတင်းဝင်ရောက်ပြီးနေသလိုပေါ့ အိမ်ရှင်များက ဧည့်သည်အပေါ်မှာ ကြောက်လန့်ပြီ မပြောရဲမဆိုရဲအောင်
အနိုင်ကျင့်တဲ့သဘောမျိုးဖြစ်သွားတာပေါ့လေ၊ အခုတော့ အိမ်ရှင်က ဧည့်သည်ကိုကြောက်နေရတဲ့ ဘ၀မျိုးလိုပါပဲ။

မေး။    ။ ဒါဖြင့် ဘုရားလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သက်ဆိုင်ရာ အာဏာပိုင်တွေ ထိမ်းသိမ်းမှုမရှိခဲ့ဘူးလားဘုရား။
ဖြေ။   ။ ဒါကတော့ ဘယ်သူ့ကိုမှအခုအချိန်မှာ ပုံချပြီးအပြစ်ပြောစရာ မလိုတော့ပါဘူး၊ ပြီးခဲ့တာတွေ ရှိပါစေတော့
ဒီဖြစ်ရပ်ကို နမူနာယူပြီ ရှေ့ကို မလိုအပ်တဲ့အကြောင်းအရာများ မဖြစ်ရအောင် တင်းတင်းကြပ်ကြပ်ထိမ်းသိမ်းဖို့အရေးကြီး
တာပါပဲ။
ပြီးတော့လဲ အခုဖြစ်ပေါ်နေတဲ့ လူမျိုးရေးပဋိပက္ခကို အဆုံးသက်ပြီ ငြိမ်းအေးသွားစေချင်ပါတယ်။ ရှေ့ကိုဆက်ပြီ
အာဃာတတရားတွေ အငြိုးအတေးတွေ ဒီတရားတွေကိုငြိမ်းအောင် လုပ်ကြမယ်ဆိုရင် သူ့ဖက်ကိုယ့်ဖက်ထိမ်းသိမ်းစောင့်
ရှောက်ဖို့ အင်မတန်မှ အရေးကြီးပါတယ် ဒါပေမဲ့ ဆုံးရှုံးသူကမဲမဲ၊ နိုင်သူကပြုံးပြုံး ဆိုသလိုခံစားရတဲ့ပုဂ္ဂိုလ်တွေ လက်တွေ့
ဘ၀မှာ တွေ့ကြုံခံစားနေရတဲ့အတွက် ဇာတ်တော်ဝတ္ထုထဲက အနာရွတ်ကို စမ်းမိတော့ မဟောသဓာသတိရသလို ခံစားနေရတဲ့
လူအတွက် ဘယ်သောအခါမှမေ့ပျောက်နိုင်စရာအကြောင်း မရှိသလိုဖြစ်နေတာပေါ့။

မေး။    ။ဒီလိုဆိုရင်ဘုရား ဒီအငြိုးအတေးတွေ ဘယ်တော့ပြေနိုင်မလဲ မပြေနိုင်လို့ရှိခဲ့ရင် ရှေ့ဆက်ပြီ ဒုက္ခတွေအများကြီး
တွေ့ကြုံရမယ်လို့ ထင်ပါတယ်ဘုရား။
ဖြေ။    ။ ဟုတ်တယ်ဒကာရယ် ရခိုင်လူမျိုးတွေ့ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်ရေမရောပါဘူး၊ သြော် ကုန်ကုန်ပြောမယ်ဆိုရင်
ဗုဒ္ဓမှတပါး ကိုးကွယ်တဲ့လူမျိုးတွေလဲ မဟုတ်ကြပါဘူး ဒါကြောင့် ယခုအချိန်မှာ ဗုဒ္ဓတရားတော်နှင့်အညီ လိုက်နာကျင့်သုံးပြီး
ထေရ၀ါဒဗုဒ္ဓဘာသာ ပြီပြင်စွာဖြင့် ဗုဒ္ဓရဲ့အဆုံးအမနှင့်အညီ ဖြစ်ပေါ်လာတဲ့ အာဃာတအငြိုးအတေးတွေကို မေတ္တာတရားဖြင့်
ဖြေဖျောက်ပြီး လက်တွေ့ကျင့်သုံးကြရမှာ ဖြစ်ပါတယ်။

မေး။    ။ ဆရာတော်ဘုရား အာဃာတဆိုတာ သဘောမပေါက်လို့ရှင်ပြပါဦးဘုရား။
ဖြေ။   ။ ဟုတ်တယ် ဒကာရယ် ဘုန်းကြီးတို့ဗုဒ္ဓရှင်တော် ဟောကြားတဲ့ အာဃာတတရားကိုးပါရှိပါတယ်၊ ရန်ငြိုးဖွဲ့ခြင်းရဲ့
အကြောင်းတရားတွေပါပဲ၊ ဒီရန်ငြိုတွေကို ငြိမ်းအေးသွားအောင် ဗုဒ္ဓက ဒီလိုဆုံးမခဲ့ပါတယ် ဘာတွေလဲဆိုရင် (၁) ဒီလူက
ငါ့ကိုအကျိုးမရှိအောင် ရှေ့ကလဲ ပြုခဲ့တယ်၊ အခုလဲပြုနေတယ်၊ နောင်လည်းပြုလိမ့်မယ်လို့ရန်ငြိုဖွဲ့ခြင်း၊ (၂) ဒီလူက
ငါ-အိမ်သူအိမ်သား၊ သာသမီး၊ ဆွေမျိုး၊ မိတ်ဆွေ၊ ဆရာတပည့်စသည်များကို အကျိုးမဲ့အောင်ပြုခဲ့တယ်၊ နှိပ်စက်စော်
ကားပြုခဲ့တယ်၊ အခုလဲပြုနေတယ်၊ နောက်လည်းပြုလိမ့်မယ်ဟု ရန်ငြိုအာဃာတတရားထားရှိခြင်း (၃) ဒီလူက ငါနှင့်အယူဝါဒ
မတူသည့်အတွက် မကြီးပွါးစေခြင်းဘူး၊ ဆင်းရဲဒုက္ခရောက်စေချင်တယ် အခုလဲဆင်းရဲဒုက္ခရောက်အောင်ပြုမယ်၊ တစ်ချိန်က
လည်းပြုခဲ့ပြီးပြီ၊ နောင်ကိုလည်းပြုလိမ့်မယ်ဟု ရန်ငြိုဖွဲ့ခြင်း ကိုးပါကို ဗုဒ္ဓကဆုံးမခဲ့ပါတယ်။ ဒီလိုတစ်ယောက်နဲ့တစ်ယောက်
သူ့အကျိုးကိုယ့်အကျိုးမဲ့အောင်၊ ရန်ငြိုးဖွဲ့ခြင်း၊ တစ်ဦးကိုတစ်ဦးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အာဃာတတရားတွေက
ကောင်းတဲ့တရားတွေမဟုတ်ပါဘူး မကောင်းတဲ့တရားတွေသာဖြစ်ပါတယ်လို့ ဗုဒ္ဓကဟောခဲ့ပါတယ်၊ ၇န်ငြိုးဖွဲ့ခြင်း၊
ဒေါသအလျှောက်သတ်ဖြတ်နှိပ်စက်ခြင်းတရားက မျက်မှောက်ပစ္စုပ္ပန်မှာလဲ အကျိုးမရှိ၊ နောင်သံသရာမှားအကျိုးမဲ့ကို
ဖြစ်စေတတ်ပါတယ်၊ သံသရာတစ်လျှောက်လုံး တစ်ဦးနှင့်တစ်ဦး ရန်ဘက်ဖြစ်သွားနိုင်တယ် ဒါကြောင့် အငြိုအတေး
အာဃာတတွေ ရန်ငြိုးဖွဲ့တာတွေ ရှောင်ကြဉ်ရပါမယ် အာဃာတကင်းတာအကောင်းဆုံးတရားလို့ ဗုဒ္ဓဟောကြားတဲ့
ဒေသနာနှင့်အညီ မောင်မဲကို မောင်ဖြူက အကျိုးမဲ့အောင်ပြုလုပ်တယ် သတ်ဖြတ်တယ်ဆိုရင် မောင်မဲရဲ့အဆက်အနွယ်
တွေကလည်း ပြန်လည်းလက်စားချေကြမှာပါဘဲ ဒီနည်းအတိုင်း အပြန်အလှန် လက်စားချေတာက ဒီဘ၀မကဘဲ
သံသရာတလျှောက်လုံးဒုက္ခဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းကို ပြောပါရစေ။

No comments:

Post a Comment

 
Blogger Widgets