မိုးမခ
Ashin Wirathu – “ဝီရသူ သဘောထား ၇/၇၄”
“ဝီရသူ သဘောထား ၇/၇၄”
အရှင်ဝီရသူ၊ ဇူလိုင် ၂၁၊ ၂၀၁၂
            ၁၃၇၄-ခု ဒုတိယဝါဆိုလဆန်း(၇) ၂၀-၇-၂၀၁၂-သောကြာနေ့
မောင်တောမြို့နယ်မှ  စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးခင်းနှင့် ပက်သက်၍ မန္တလေးမြို့၊  မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက  ဘဒ္ဒန္တဝိစိတ္တာဘိဝံသ.အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာ  အပ်ပါ သည်။ 
(က)     ၈-၆-၂၀၁၂-ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် တစ်ပြိုင်တည်း  ဖြစ်ပွားခဲ့သော အရေးခင်းသည် ရခိုင်ကုလား အဓိကရုဏ်းလည်း မဟုတ်ပါ။  ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်တို့ အကြားဖြစ်ပွားသော ဘာသာရေးပဋိပက္ခ လည်း  မဟုတ်ပါ။ အမှန်အားဖြင့် အစွန်းရောက် အစ္စလာမ်ဘာသာဝင် စစ်သွေးကြွများ  ယုံကြည်လက်ခံထားသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်။
(ခ)       ၃-၆-၂၀၁၂-မှ ၈-၆-၂၀၁၂-အထိ ရက်ပိုင်းအတွင်းသာကြာလိုက်သော  တောင်ကုတ်အရေးအခင်းကို အကြောင်းပြု၍ မောတော၊ စစ်တွေ၊  ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော အရေးခင်းကို လူမျိုးရေး  အဓိကရုဏ်းဟု ဆိုဖွယ်ရှိသော်လည်း အကြမ်းဖက် ဘင်္ဂါလီကုလားများသည်  ဟိန္ဒူလူမျိုးစုတို့၏ အသက်အိုးအိမ် စည်းစိမ်ကိုပါ ပြောင်ပြောင်တင်းတင်း  ပစ်မှတ်ထား၍ ကျူးကျော်တိုက်ခိုက်ကြသည်ကို တွေ့ရသောကြောင့် ရခိုင်-ကုလား  လူမျိုးရေးအဓိကရုဏ်းမဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။ မှန်ပါသည်။  ဘင်္ဂါလီကုလားများကို ကာယကံ ဝစီကံတို့ဖြင့် မည်သို့မျှ စော်ကားပြစ်မှားခြင်း  မရှိခဲ့သော ဟိန္ဒူလူမျိုးများကိုပါ ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းကြောင့်  ရခိုင်-ကုလား လူမျိုးရေးအဓိကရုဏ်း မဟုတ်မှန်းသိသာ ထင်ရှားပေသည်။
(ဂ)       အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် သောင်းကျန်းသူ ဘင်္ဂါလီကုလားများသည်  ဗုဒ္ဓရုပ်ပွားတော်၏ မျက်နှာတော်ကို ကျဆုံးသူ ရခိုင်သွေးဖြင့်  သုတ်လိမ်းသွားခြင်း၊ ကျောက်ဆင်းတုများ၏ ဦးခေါင်းတော်ကို  ဖြတ်တောက်သွားခြင်း၊ ကြေးဆင်းတုတော်များကို မီးတိုက်ခြင်း၊ နားရွက်တော်ကို  ဓားဖြင့်ခုတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးများကို သတ်ဖြတ်ခြင်း၊  ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ခြင်းစသည့် အဓမ္မလုပ်ရပ်များကို  ကြည့်လျှင် ဘာသာရေးပဋိပက္ခဟု ထင်ရဖွယ်ရှိသော်လည်း  အကြမ်းဖက်ဘင်္ဂါလီကုလားများသည် နစက ရုံးများ၊ စာသင်ကျောင်းများ၊  ဆေးရုံဆေးခန်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ရဲစခန်းဝင်စီး၍  လက်နက်လုခြင်း၊ ပြည်ပမှလက်နက်များ စုဆောင်းထားခြင်းများ  ပြုလုပ်လာကြသောကြောင့် ဘာသာရေးပဋိပက္ခ မဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။
(ဃ)     အမှန်အားဖြင့် ရခိုင်အရေးခင်းသည် မောင်တော၊ ဘူးသီးတောင်၊  စစ်တွေမြို့တို့ကို အပိုင်ကြံသော ရခိုင်ပြည်သိမ်းတိုက်ပွဲ (သို့မဟုတ်)  အစ္စလာမ်မစ်စတိတ် ထူထောင်လိုသော ဂျီဟတ်ဝါဒီ ဘင်္ဂါလီအကြမ်းဖက် စစ်သွေးကြွများ  ဆင်နွှဲသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်။
             ဂျီးဟတ်စစ်ပွဲဖြစ်ကြောင်း ရခိုင်ပြည်သူများ သိမ်းဆည်းရမိသော အချက်အလက်များ၊  ဘင်္ဂါလီကုလားများ၏ မျှော်စင်ဗလီပေါ်မှ အသံချဲ့စက်ဖြင့် ပြိုင်တူအမိန့်ပေးသော  စကားများ၊ မော်လဝီဆိုသူ ခေါင်းဆောင်များ၏ ပြောစကားများ၊ ထောင်သောင်းချီ၍  ချီတက်လာသော ကုလားအုပ်ကြီး၏ တပ်လှန့်ကြွေးကြော်သံများကို ကြည့်က  သိနိုင်ပါသည်။
             ထို့ကြောင့် ရခိုင်အရေးခင်းသည် အများပြည်သူများ ထင်ထားသလို  လူမျိုးရေးအဓိကရုဏ်းလည်း မဟုတ်ပါ။ ဘာသာရေးပဋိပက္ခလည်းမဟုတ်ပါ။  အစ္စလာမ်မစ်စတိတ်ထူထောင်ချင်သော စစ်သွေးကြွ အကြမ်းဖက်ဘင်္ဂါလီကုလားများ၏  ဂျီဟတ်စစ်ပွဲသာ ဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။
(င)       ရခိုင်အရေးခင်း၌ အဓိကတာဝန်ရှိသော နစကကွပ်ကဲရေးမှူး  ဗိုလ်မှူးကြီးအောင်ကြီးနှင့် တပ်ဖွဲ့ဝင်တို့၏ ပေါ့လျော့မှု၊ ညံ့ဖျင်းမှု၊  သစ္စာဖောက်မှုတို့ကြောင့် ရခိုင်ပြည်သူများသည် သွေးဆာနေသော  လူရမ်းကားအကြမ်းဖက်သမားများ၏ ဒဏ်ကို ခါးစီးခံခဲ့ရခြင်းဖြစ်ပါသည်။
             ထို့ကြောင့် ရခိုင်ပြည်နယ်အတွက်သာ မဟုတ်ဘဲ မြန်မာတစ်ပြည်လုံးအတွက်ပါ  အရေးပါသော ရခိုင်ခံတပ်ခေါ် ပြည်ထောင်စု တံခါးကြီးလုံခြုံရေးအတွက်  မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် အပြည်အဝရှိသော ဝန်ထမ်းကောင်းများ  ကိုသာ ရွေးချယ်ခန့်ထားဖို့ လိုကြောင်းနှင့် ရခိုင်ပြည်လုံခြုံရေး၊  အမျိုးသားလုံခြုံရေး၊ တိုင်းရင်းသားနှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်  စည်းစိမ်တို့ လုံခြုံရေးအတွက် စိတ်ချယုံကြည်လောက်သော အစီအမံကောင်းများ  စီစဉ်ပေးဖို့ လိုအပ်ပါသည်။
(စ)       ဒုက္ခသည် စခန်းများ၌ မီးလောင်အဖျက်ဆီးခံရသော ရခိုင်ပြည်သူများ၊ အထူးသဖြင့်  သေဆုံးသွားသူတို့၏ မိသားစုများ စိတ်ဓာတ်ခွန်အား ပြည့်ဝစေဖို့  စိတ်ဓာတ်မြှင့်တင်ပေးရန် အထူးလိုအပ်လှပါသည်။
(ဆ)     ရခိုင်ပြည်သူများတွင် ကုလားမရှိသော မြို့ရွာများမှာသာ နေလိုကြသူများ၊  လုံခြုံရေးအပြည့်အဝပေးလျှင် ရွာပြန်နေမည်၊ အားကိုးရလောက်သည့် လုံခြုံရေး  မပေးနိုင်လျှင် လုံးဝပြန်မနေလိုကြသူများ၊ မိဘများခေါင်းချသွားရာ အရပ်မှာပဲ  သေချင်သေပါစေ ပြန်နေပါမည် ဆိုသူများရှိရာ အစိုးရအနေဖြင့် တိုင်းရင်းသားစစ်  ရင်သွေးစစ်များ၏ ဆန္ဒကို မိခင်စိတ်အပြည့်အဝထား၍  ဖြည့်ဆည်းပေးဖို့လိုအပ်ပါသည်။
(ဇ)       ကုလားရွာများကြားတွင် ပိတ်မိနေသော ရခိုင်ရွာများ၊ နတလရွာများတွင်  ပြည်သူများသည် အပြင်လည်းအထွက်ရဲ၊ မြို့လည်းမတက်ရဲဘဲ ရိက္ခာပြတ်လပ်နေသော  ဒုက္ခသည် စာရင်းမဝင်သော ဒုက္ခသည်များ ဖြစ်နေကြပါသည်။ အစိုးရ၏  အထောက်ပံ့ကိုလည်း မရ၊ NGO-တို့၏ အထောက်ပံ့ကိုလည်း မရ၊  မည်သည့်အထောက်ပံ့ကိုမျှ မရလျှင် ရေရှည်ရပ်တည်ဖို့ ခဲယဉ်းနေသော  ထိုကျေးရွာများအတွက် ထည့်၍စဉ်းစား စီစဉ်ပေးဖို့ လိုပါသည်။
(ဈ)       ဟိန္ဒူလူမျိုးများသည် ဘင်္ဂါလီမူဆလင်ကုလားတို့၏  ပစ်မှတ်ထားတိုက်ခိုက်မှုကိုလည်း ခံရ၊ တိုင်းရင်းသားမဟုတ်၍ ပစ်ပယ်မှုကိုလည်း  ခံနေရပါသည်။ အချို့ဟန္ဒူလူမျိုးများမှာ မူဆလင်ကုလားများနှင့်  ရောကာရွှေ့ပြောင်းခံရသည်ကို တွေ့ရပါသည်။ နွားကိုးကွယ်သူနှင့်  နွားသတ်သူတို့ကို အတူယှဉ်တွဲထားပါက အင်းအားနည်းသည့် ဟိန္ဒူလူမျိုးတို့သာ  အနိုင်ကျင့်ခံရမည် ဖြစ်ပါသည်။
             ထို့ကြောင့် ကုလားများနှင့် ရောပါသွားသော ဟိန္ဒူလူမျိုးများကို  အမြန်ဆုံးခေါ်ထုတ်ဖို့ လိုအပ်ကြောင်းနှင့် ဟိန္ဒူလူမျိုးတို့၏ ဒုက္ခကို  တိုင်းရင်းသားတို့၏ ဒုက္ခလိုသဘောထားပြီး အလျင်အမြန် ကယ်တင်ဖို့  အကြောင်းသိစေအပ်ပါသည်။
(ည)     ကျေးရွာများပြန်လည်တည်ဆောက်ရာတွင် လူနေအိမ်များကိုသာ စနစ်တကျ  မြေပုံကြမ်းဆွဲ၍ တည်ဆောက်ဖို့ပြင်ဆင်နေသော်လည်း မီးရှို့ခံရသော  ဘုန်းတော်ကြီးကျောင်းများအတွက် မည်သည့်လုပ်ဆောင်ချက်၊ ပြောဆိုချက်ကိုမျှ  အတွေ့ရှိရသေးပါ။ ဝါဆိုဖို့နီးကပ်နေသော်လည်း ဒုက္ခသည်ဘုန်းတော်ကြီးများ၏  အနာဂတ်မရေရာ အသေချာ သေးပါ။
            ထို့ကြောင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးဖို့ အထူးလိုအပ်လှပါသည်။
(ဋ)       UN-လက်အောက်ခံ NGO-များ INGO-များသည် ကုလားရွာများအတွက်သာ  ငွေကြေးသုံးစွဲနေပြီး ရခိုင်ပြည်သူတို့ အရေးကို အနည်းငယ်မျှပင်  ထည့်သွင်းစဉ်းစားမှု မရှိပါ။ အကြမ်းဖက် အစွန်းရောက်များသည် UN-လက်အောက်ခံ  အဖွဲ့စည်းများကို အသုံးချကာ ဂျီဟတ်စစ်ပွဲကို ဆင်နွှဲသွားခဲ့ကြသောကြောင့်  UN-လက်အောက်ခံ အဖွဲ့အစည်းများကိုယ်တိုင် လူမိုက်အားပေးလုပ်နေခြင်း၊  ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူအရေးကို ပစ်ပယ်ထားခြင်း၊  တရားမျှတမှုမရှိခြင်းကို တွေ့မြင်ခဲ့ရပေသည်။
            ထို့ကြောင့် တရားမျှတမှုမရှိသော၊ လူမိုက်အားပေးလုပ်နေသော UN-လက်အောက်ခံ အဖွဲ့အစည်းများကို ပြင်းထန်စွာ ရှုတ်ချအပ်ပါသည်။
(ဌ)       ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူမြင်ကောင်းအောင် ဘင်္ဂါလီဒုက္ခသည်များကို လက်မခံဘဲ  ဟန်ဆောင်လုပ်ပြနေသော်လည်း ရခိုင်အရေးခင်းတွင် အဓိကတရားခံများဖြစ်သော  ရိုဟင်ဂျာဆိုသူ စစ်သွေးကြွများကို တိတ်တစ်ဆိတ်လက်ခံဝှက်ထားပေးနေ သည်ဟု  ရခိုင်ပြည်သူတို့ သည့်မြင်ခံစားနေရပါသည်။
             ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်းကောင်းပီသစွာ အစွန်းရောက်  အကြမ်းဖက်သမားများကို နှိမ်နှင်းဖို့ အတွက်- မြန်မာအစိုးရနဲ့ရော  ရခိုင်ပြည်သူများနှင့်ပါ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါသည်။
(ဍ)       ရခိုင်ကို အပိုင်သိမ်းဖို့ ကြံစည်သော အစွန်းရောက်စစ်သွေးကြွတို့၏  ဂျီဟတ်စစ်ပွဲကို ထောက်ခံအားပေးသော မည်သည့်မူဆလင်ကို မဆို ရန်သူအဖြစ်  သတ်မှတ်ပါသည်၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ်စီးပွားကိုယ်ရှာ၊  ကိုယ့်တရားနှင့်ကိုယ်၊ ကိုယ့်မိသားစုနှင့်ကိုယ် အေးအေးဆေးဆေး  ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာ ကိုယ်ချမ်းသာနေလိုသော မည်သည့်မူဆလင်ကို  မဆို မိတ်ဆွေအပြစ်သက်မှတ်ပြီး လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။
             ထို့ကြောင့် ဂျီဟတ်စစ်ပွဲ ဆင်နွှဲသော တိရစ္ဆာန်များလို၊ မင်းမဲ့တိုင်းပြည်လို  အုပ်စုဖွဲ့အနိုင်ကျင့်မှုများ ပြုလုပ်ခဲ့သော ဘင်္ဂါလီအကြမ်းဖက်သမား  လူရမ်းကားများနှင့် အဆက်အသွယ်ရှိခဲ့သူများ၊ အဆက်အသွယ်ရှိနေသူများ အဆက်အသွယ်  ဖြတ်တောက်ဖို့ သတိပေးအပ်ပါသည်။
(ဎ)       မြန်မာအစိုးရအနေဖြင့် ၁၉၄၂-ပုံစံမျိုးဖြင့် နယ်ချဲ့ကျူးကျော်ကာ  ရခိုင်ပြည်သိမ်းတိုက်ပွဲ (သို့မဟုတ်) ဂျီဟတ်စစ်ပွဲကို တစ်ဖက်သတ်  ဦးဆောင်ဆင်နွှဲလာသော ရိုဟင်ဂျာဆိုသူ နာမည်သူခိုး ဖိုးတွန်တီးများဖြစ်ကြသော  နယ်မြေဓားပြ အကြီးစားတို့အား ထိရောက်စွာ အရေးယူဖို့လိုသလို၊  ရခိုင်တံခါးလုံခြုံရေးနှင့် လူအုပ်ဖြင့် အနိုင်ကျင့်မှုပပျောက်ရေး၊  ရခိုင်ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို  အဓိကထားဆောင်ရွက်ရမည့် အပြင် အချုပ်အခြာအာဏာကို ကျူးကျော်စော်ကားလာသူ  မှန်သမျှကို မည်သည့်ဖိအားပေးမှုကိုမျှ ဂရုမစိုက်ဘဲ ခုခံကာကွယ်ဖို့လိုကြောင်း  အသိပေးအပ်ပါသည်။
(ဏ)                     “ရခိုင်များအား ဘင်္ဂါလီမူဆလင်များ၏ ခြိမ်းခြောက်မှုများ”
            ၁။ ရခိုင်များ နောက်ထပ် နှစ်လသာထမင်းစားနှင့်ကြ၊ ဗမာများပြန်လျှင် နင်တို့အသားကို ငါတို့စားမည်။
            ၂။ ဒီနေရာကို ငါတို့ပိုင်သွားပြီဆိုတာ မသိဘူးလား။
            ၃။ ငါတို့ကို ကမ္ဘာကကူညီနေတာ မသိဘူးလား။
            ၄။ ကမ္ဘာမှာ ငါတို့အမျိုးတွေ(လူမျိုးတွေ)အများကြီးရှိတယ်။ နင်တို့မှ မရှိဘူး။
            ၅။ နင်တို့မှာ သွားစရာသေလမ်းသာ ရှိတယ်။ ထမင်းဝဝစားထားကြ။
            ၆။ ဗမာအစိုးရကို ငါတို့ဝယ်ထားပြီ။
            ၇။ ဆော်ဒီမှာ ဗမာသံရုံးကို ငါတို့ကလစဉ်ပေးထားတာ၊ နင်တို့ပေးနိုင်သလား။
            ၈။ ငါတို့နောက်မှာ ကမ္ဘာကကူညီနေတယ်။
            ၉။ UN-ဟာ ငါတို့မိတ်ဆွေ၊ အမေရိကမှာ ငါတို့သမ္မတ အုပ်ချုပ်နေတယ်။
            ၁၀။ နင်တို့ ပါးစပ်ပိတ်ထားကြ။
            ၁၁။ နင်တို့မိန်းမများ ငါတို့ကို အားကိုးစေရမည်။
            ၁၂။ ရခိုင်များသေဖို့ပြင်ထား။
            ၁၃။ ဗမာပြည်လည်း ငါတို့လူအုပ်ချုပ်မယ်။
            ၁၄။ နင်တို့မြေနဲ့ နင်တို့ပစ္စည်းထားခဲ့။ အခုထွက်သွားကြ။
            ၁၅။ မသေချင်ပြန်မလာကြနဲ့။
            ၁၆။ နောက်ထက် ဒီမြေမှာ မင်းတို့လုံးဝ မနေစေရ။
၁၇။ အလ္လာဝဂ်ကဘာ၊ အလ္လာဝဂ်ကဘာ၊(အလ္လာသခင်သာ အကြီးမြတ်ဆုံး)
      အလ္လာ-ဘီစတိုဘာ၊ အလ္လာ-ဘီစတိုဘာ(အလ္လာသခင် ကောင်းချီးပေးပါ)
၁၈။ နိုင်ငံခြားမှာ စစ်သင်တန်းတက်ထားတဲ့ ငါတို့လူတွေရောက်နေတာ မသိဘူးလား။
၁၉။ နိုင်ငံခြားက ငါတို့အမျိုး (၅၀၀) စစ်သင်တန်း ဆင်းလာတာမသိဘူးလား။
၂၀။ ဒီနေရာကို ပြန်လာရဲလျှင် လာကြည့်။
၂၁။ ငါတို့မှာ ချမ်းသာတဲ့မူဆလင်နိုင်ငံတွေ အများကြီးရှိတာ မသိဘူးလား။
၂၂။ နင်တို့ဘာအားကိုးရှိလို့ ငါတို့ကို နှင်ထုတ်မှာလဲ။
၂၃။ ဗမာအစိုးရလည်း ငါတို့ဘက်က။
၂၄။ ဆော်ဒီဗမာသံရုံးဟာ ငါတို့ငွေကိုယူထားတာ။
၂၅။ အားလုံးမှာ ငါတို့ငွေတွေ။
၂၆။ မင်းတို့မှာ ဘာရှိလို့လဲ။
၂၇။ ဗမာပြည်ကို ငါတို့အုပ်ချုပ်မှာ နင်တို့ကို အရှင်မထားဘူး။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မန္တလေး။
ဇူလိုင် ၂၀၊ ၂၀၁၂
(နိုင်ငံတကာသတင်းများတွင်  အီရန်ကဲ့သို့သော နိုင်ငံများ၊ ဘာသာရေးအစွန်းရောက်အဖွဲ့များနှင့်  နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များကိုယ်တိုင်က မြန်မာပြည်တွင်  မူဆလင်ဘာသာဝင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ် မျိုးတုံးနေပြီဟု  သတင်းထုတ်ပြန်ခြင်း၊ ကန့်ကွက်မှုများ ပြုလုပ်နေခြင်းတို့ကြောင့်  ပြည်တွင်းမှ အများသူငှာ ပြည်သူတို့ လေးစား ယုံကြည်မှု ရှိသူ လူ၊  ပုဂ္ဂိုလ်တို့၏ မိမိဂုဏ်သိက္ခာ အမည်နာမကို တာဝန်ယူ ဖော်ထုတ်ပြီး  သဘောထားပြောဆိုချက်တို့ကိုလည်း သိရှိနိုင်စေရန် အရှင်ဝီရသူ၏  သဘောထားကို မူရင်းအတိုင်း မိုးမခမီဒီယာက ထုတ်ပြန်လိုက်သည်။ မိမိတို့၏  သဘောထားမှာလည်း ဒေသဆိုင်ရာ အကြမ်းဖက်မှု အဓိကရုဏ်း၊ ပဋိပက္ခကြီးအဖြစ်  ရှုမြင်ပါသည်။ ရခိုင်ဒေသခံများ၊ နယ်စပ်ဒေသက ဘင်ဂါလီလူမျိုးစုများ၊  ဗုဒ္ဓဘာသာ၊ ဟိဒ္ဒူဘာသာ၊ မူဆလင်ဘာသာ၊ ခရစ်ယာန်ဘာသာဝင်များ အားလုံး  ထိခိုက်ခံစားနေရသော အရေးအခင်းတခု အဖြစ် မြင်ပါသည်။ ရိုဟင်ဂျာဆိုသည့်  အငြင်းပွားဖွယ်ရာ စကားရပ် အသုံးအနှုန်းကို မိုးမခမီဒီယာက  လက်ခံခြင်းမရှိပါ။ မိုးမခမီဒီယာ)
 


 
 
No comments:
Post a Comment