Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Monday, 23 July 2012

နည်းပညာတက္ကသိုလ် (စစ်တွေ)ရှိ ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးပါရန် တောင်းဆိုခြင်း

သို့

ဝန်ကြီးချုပ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့

စစ်တွေမြို့

နေ့စွဲ။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်



အကြောင်းအရာ။ ။ နည်းပညာတက္ကသိုလ် (စစ်တွေ)ရှိ ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးပါရန်။

(၁) အထက်ပါကိစ္စနှင့်ပတ်သတ်၍ (၁၇-၇-၂၀၁၂) အင်္ဂါနေ့တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်သည် နည်းပညာတက္ကသိုလ်ရှိ ကျောင်းသား/သူများ မိမိဒေသတွင် မိမိတို့လုံခြုံအေးချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်စေလျက်ရှိပါသည်။

(၂) (၁၇-၇-၂၀၁၂) အင်္ဂါနေ့ မွန်းလွဲ(၂) နာရီခန့်တွင် အရပ်ဝတ်ဖြင့် ထောက်/ပို့တပ်မှ တပ်မတော်သားဟုဆိုသူ (၃)ဦးအား ခတင်ပိုင်ရွာနေ ဘင်္ဂါလီမူဆလင်များမှ ဝိုင်းဝန်းရိုက်ပုတ်မှု ဖြစ်ပွားခဲ့ပါသည်။ ထိုတပ်မတော်သားများ စီးနှင်းလာသည့် သုံးဘီးဆိုင်ကယ်တစ်စီးအား ဘင်္ဂါလီ မူဆလင်များမှ ဝိုင်းဝန်းဖျက်ဆီးခဲ့ပါသည်။

(၃) ထိုအချိန်ခန့်တွင်ပင် နည်းပညာက္ကသိုလ်(စစ်တွေ)မှ ကျောင်းဆင်းလာသော ကျောင်းသား/သူများပါသည့် သုံးဘီးဆိုင်ကယ် အငှားယာဉ်တစ်စီးအား ခတင်ပိုက်ရွာမှ ဘင်္ဂလီမူဆလင်များက ဝိုင်းဝန်းတားဆီးခြင်း၊ ခဲနှင့်ပစ်ပေါက်ခြင်းများ ဖြစ်ပွားခဲ့ပါသည်။ သို့သော်လည်း ထိုအငှားယာဉ်မှာ အရှိန်နှင့် မောင်းနှင်၍ လွတ်မြောက်ခဲ့ပါသည်။

(၄) သို့သော် ထိုလွတ်မြောက်သွားသော အငှားသုံးဘီးဆိုင်ကယ်နောက်မှ လိုက်ပါလာသည့် ကျောင်းသား/သူများစီးနှင်းလာသော ဒိုင်နာအငှားယာဉ်၊ မော်တော်ယာဉ်များနှင့် သုံးဘီးဆိုင်ကယ်များဆီသို့ ထိုဘင်္ဂလီမူဆလင်လူမျိုးများ တုတ်၊ ဓါး၊ လက်နက်များကိုင်ဆောင်၍ ဆက်လက်အုပ်စုဖွဲ့ ချီတက်လာသောကြောင့် ထိုယာဉ်များပေါ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများသည် ကျောင်းဆီသို့ ပြန်လည်ဆင်းပြေးလွတ်မြောက်လာခဲ့ရပါသည်။

(၅) (၁၇.၇.၂၀၁၂) အင်္ဂါနေ့ အဖြစ်အပျက်တွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တစ်စုံတစ်ရာထိခိုက်မှုရှိခဲ့ပါက ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအတွက် အလွန်နစ်နာမည်ဖြစ်သည့်ပြင် ပဋိပက္ခမှာလည်း ပိုမိုကြီးမား ကျယ်ပြန့်လာကာ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကိုလည်း အလွန်ထိခိုက်နိုင်ပါသည်။

(၆) ယခုအခါ နည်းပညာတက္ကသိုလ်၏ ဒုတိယနှစ်ဝက်စာမေးပွဲကြီးမှာလည်း နီးကပ်လာပြီဖြစ်ပါသဖြင့် ကျောင်းသား/သူများ ဆက်လက်၍ လုံခြုံစွာပညာသင်ကြားနိုင်ရေးမှာလည်း အလွန်အရေးကြီးနေပါသည်။

(၇) ထို့အပြင် နည်းပညာတက္ကသိုလ် (စစ်တွေ)မှ စစ်တွေမြို့ထဲသို့သွားရာလမ်းတွင် ခရီးမိုင်နှစ်မိုင်ခန့်ဝန်းကျင် (သုံးဘီးဆိုင်ကယ်ဖြင့် ၁၀ မိနစ်ခန့် မောင်းနှင်းရသည်) လမ်းတစ်လျှောက်တွင် ရခိုင်လူမျိုးများ လုံးဝမရှိဘဲ ဘင်္ဂလီမူဆလင်လူမျိုးများ၏ ကျေးရွာများသာ တည်ရှိနေပါသည်။

(၈) ထို့ကြောင့် ကျောင်းသား/သူများ၏ လုံခြုံရေးကို အမြန်ဆုံးအထူးကြပ်မတ်ကူညီဆောင်ရွက်ပေးပါရန် ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။





ကျောင်းသား/သူများ

နည်းပညာတက္ကသိုလ်(စစ်တွေ)

ရခိုင်ပြည်နယ်



မိတ္တူကို

- နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စစ်တွေမြို့။

- ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ စစ်တွေမြို့။

- မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးရုံး၊ စစ်တွေမြို့။

- ကျောင်းအုပ်ကြီး၊ နည်းပညာတက္ကသိုလ် (စစ်တွေ)၊ စစ်တွေမြို့။

- အများပြည်သူ။

No comments:

Post a Comment

 
Blogger Widgets