Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Friday 3 August 2012

Peaceful Protests in front of UNHCR Office, Aug 3, 2012

Burma VJ



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်ပြီး ပြောကြားတဲ့ သဘောထားကို ထောက်ခံတဲ့ အနေနဲ့ ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့မှာ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့မှာ လူငယ် အယောက် ၂၀ ခန့် ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။ အဆိုပါ လူငယ်တွေဟာ အင်တာနက် အွန်လိုင်းက တဆင့် facebook စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ status တခုကနေ လာရောက်စုစည်းကာ အခုလို ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ လူငယ်တွေဟာ ရိုဟင်ဂျာအရေး ပြောကြားသော သမ္မတကြီးအား ထောက်ခံပါသည်၊ ရိုဟင်ဂျာသည် တိုင်းရင်းသား မဟုတ်၊ ရိုဟင်ဂျာသည် မြန်မာလူမျိုးမဟုတ်၊ လိမ်ညာဝါဒဖြန့် မီဒီယာများ ချက်ချင်းရပ်၊ ရိုဟင်ဂျာကို တိုင်းရင်းသားဟု ပြောသူများ အလိုမရှိ စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပြီး နိုင်ငံတော်သီချင်းကို သီဆိုကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ နေ့လယ် ၁ နာရီလောက်ကနေ စတင်ခဲ့တဲ့ အဲ့ဒီ ဆန္ဒထုတ်ဖော်မှုမှာ တာဝန်ရှိသူ အာဏာပိုင်တွေက လာရောက်ဟန့်တားခဲ့ပါတယ်။ ရိုဟင်ဂျာ အရေးကိစ္စနဲ့ပတ်သတ်ပြီး UNHCR မဟာမင်းကြီးက သမ္မတဦးသိန်းစိန်ကို ပြောကြားခဲ့တဲ့ ရိုဟင်ဂျာများနဲ့ အတူယှဉ်တွဲ နေထိုင်ရေးကို ကြိုးစားပါ ဆိုတဲ့ စကားအပေါ် မကျေနပ်တဲ့ အတွက် ဒီမိုကရေစီရေး စိတ်ဝင်စားတဲ့ လူငယ်တွေ စုပေါင်းပြီး အခုလို ဆန္ဒထုတ်ဖော်ပြသခဲ့ကြတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

No comments:

Post a Comment

 
Blogger Widgets