Shwe Lone


ကမ္ဘာတစ်ဝန်း  လူအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နေသည့်  အဖွဲ့ကြီးတစ်ခုဖြစ်သည့် Amnesty International သည် ရခိုင်ပြည်နယ် အတွင်း၌  တိုက်ခိုက် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်းနှင့် တိုက်ခိုက်ခံရသူ  အများစုမှာ “မူစလင် ရိုဟင်ဂျာ” များဖြစ်ကြောင်း ယနေ့တွင် ယင်းတို့၏  အင်တာနက် စာမျက်နှာပေါ်နှာ ထုတ်ဖော်ကြေညာခဲ့သည်။
ဝါရှင်တန်အခြေစိုက်  ယင်းအဖွဲ့၏ ကြေညာချက်တွင် မြန်မာအစိုးရ လုံခြုံရေးတပ်များနှင့် ဗုဒ္ဓဘာသာ  ရခိုင်လူမျိုးများသည် ရိုဟင်ဂျာ များအား ဦးတည်တိုက်ခိုက်မှုများ  ပြုလုပ်လျက်ရှိပြီး၊ ယင်းတိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ  ရိုက်နှက်၊ သတ်ဖြတ်၊ မုဒိမ်းကျင့် ခြင်း ခံခဲ့ရကြောင်း ဖော်ပြပါရှိသည်။ 
“ပြည်နယ်တွင်းမှာ  အရေးအပေါ် အခြေအနေ ကြေညာခဲ့တယ်ဆိုတာကို အခွင့်ကောင်းယူပြီး လူ့အခွင့်အရေး  ချိုးဖောက်တဲ့ လုပ် ရပ်တွေ ဆောင်ရွက်ဖို့ မဟုတ်ပါဘူး။ လူ့သားတွေရဲ့  အခွင့်အရေးကို ကြည့်ပြီး၊ လူမျိုးနဲ့ ဘာသာမခွဲခြားဘဲ ဘေးရန်မှ အကာ အကွယ်ပေး  ဖို့ဆိုတာ လုံခြုံရေးတပ်တွေရဲ့ တာဝန်ပါပဲ။” ဟု Amnesty International ၏  မြန်မာနိုင်ငံ၏ အခြေအနေအား လေ့ လာသူဖြစ်သူ Benjamin Zawacki က  ပြောပြခဲ့သည်။ 
“အရေးပေါ်  အခြေအနေ ကြေညာပြီးချိန်ကစပြီး နစခ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ပါဝင်တဲ့  အစိုးရ လုံခြုံရေးတပ်တွေဟာ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတွေ အနေများတဲ့  ဒေသတွေမှာ ရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့ပါတယ်။ ရိုဟင်ဂျာ အမျိုးသား၊  လူကြီးရော၊ လူငယ်တွေကို ပါ၊ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အများစုကတော့  ပြင်ပနဲ့ ဆက်သွယ်ခွင့် မရရှိသလို၊ ဖမ်းဆီးခံထားရစဉ်မှာ လူမဆန်စွာ ဆက်  ဆံခြင်း ခံနေရတာတွေလဲ ရှိပါတယ်။” ဟု ယင်းက ဆက်လက်ပြောပြခဲ့သည်။ 
Amnesty  International ၏ အင်တာနက် စာမျက်နှာတွင် လုံခြုံရေးတပ်များ၏  ဖမ်းဆီးမှုအများစုမှာ လူမျိုးရေးနှင့် ဘာသာရေး ခွဲခြားကာ  ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို  ချိုးဖောက်နေသည်ဟုလည်း ဖော်ပြထားသည်။ ယင်း အတွက်ကြောင့် နိုင်ငံရေး  အကျဉ်းသားဟု သတ်မှတ်နိုင်သည့် အကျဉ်းသား အရေအတွက်မှာလည်း သိသိသာသာ တိုးတက်  လာနေကြောင်း ဆိုခဲ့သည်။ 
ယင်းကဲ့သို့  ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူများအား နိုင်ငံတကာ ဥပဒေစံနှုန်းများဖြင့်  တရားစွဲဆိုနိုင်မှာသာ ဆက်လက်ထိန်းသိမ်း ထားရန်နှင့် တရားမျှတမှု၊  ဘက်လိုက်မှုနှင့် သေဒဏ် ကင်းမဲ့သော တရားစီရင်ရေး ဖြစ်ရန် လိုအပ်ကြောင်းလည်း  သိရှိရသည်။ 
ထို့အပြင် Amnesty  International အနေဖြင့် ရိုဟင်ဂျာများအား နိုင်ငံသားအဖြစ် လက်ခံမှုမရှိသည့်  ၁၉၈၂ ခု နိုင်ငံသား ဥပဒေ အား ဖြည့်စွက် (သို့) ပြင်ဆင်သွားရန်  ပြည်ထောင်စုလွှတ်တော်အား အလေးအနက် တိုက်တွန်းလိုက်သည်ဟု ဖော်ပြထားသည်။ 
Amnesty International ၏ မူရင်းကြေညာချက်အား ဖတ်ရှုရန် - 
 

 
 
No comments:
Post a Comment