Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Saturday 21 July 2012

ဘင်္ဂါလီများ စုဖွဲ့ချီတက်သဖြင့် သေနတ် မိုးပေါ်ထောင်ဖောက် လူစုခွဲ

ဧရာဝတီ

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဘင်္ဂါလီ ၁၅၀ ကျော် စုရုံးချီတတ်လာသဖြင့် အစိုးရ လုံခြုံရေးအဖွဲ့များက သေနတ် မိုးပေါ်ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း စစ်တွေမြို့ အာဏာပိုင်များနှင့် ဒေသခံများက ပြောသည်။

စစ်တွေမြို့စွန်ရှိ မင်းဂံရပ်ကွက်၏ အနောက်ဘက် ၂ ဖာလုံခန့်ဝေးသော ဘင်္ဂါလီလူမျိုးများ နေထိုင်ရာ ဒွိဝပြင် ရွာမှ ဗလီတက်ပြီး ပြန်လာကြသော ဘင်္ဂါလီများက အုပ်စုဖွဲ့၍ မင်းဂံရွာဖက်သို့ စုရုံးတက်လာခဲ့ပြီး လုံခြုံရေးအဖွဲ့များက နှုတ်ဖြင့် တားမြစ်ခြင်းကို ဆန့်ကျင်သဖြင့် သေနတ်ဖောက်၍ တားဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“အုပ်စုလိုက် ရခိုင်တွေနေတဲ့ မင်းဂံရွာဖက်ကို တက်လာတယ်။ လုံခြုံရေးတွေက ထပ်မတက်လာဖို့ လူစုခွဲဖို့ တားတယ်၊ သူတို့က ဆက်တက်တယ်။ အဲဒါနဲ့ လုံခြုံရေး အယောက် ၃၀ လောက်က သေနက်ဆက်တိုက် ဖောက်လိုက်မှ လူစုကွဲသွားတယ်” ဟု စစ်တွေမြို့ခံတဦးက ဧရာဝတီသို့ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တွေမြို့ပေါ်ရှိ အမှတ် (၁) နှင့် အမှတ် (၂) ရဲစခန်းများသို့ ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ်မှန်ကန်သော်လည်း အသေးစိတ်အချက်များကို ပြောဆိုခွင့်မရှိကြောင်း ပြောသည်။ ပြည်နယ်အစိုးရ ပြန်ကြားရေးကို ဆက်သွယ် မေးမြန်းခဲ့ရာတွင် ဖုန်းဖြေဆိုခြင်း မရှိပေ။

ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းများဖြစ်ပွားခဲ့မှုကြောင့် သမ္မတ ဦးသိန်းစိန်က ဇွန်လ ၁၀ ရက် ညမှ စတင်၍ ရခိုင်ပြည်နယ်ကို ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသကဲ့သို့ အရေးပေါ် အခြေအနေလည်း ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် ဗလီများတွင် ယခုကဲ့သို့ အများအပြား စုရုံးခြင်းမရှိသော်လည်း ယမန်နေ့က အစ္စလမ် ဘာသာဝင်များ၏ ရာမာဒန် ခေါ် ဥပုသ်လ စတင်သည့်နေ့ဖြစ်ခြင်းကြောင့် ဗလီတွင် ဘင်္ဂါလီများ စုခဲ့ကြပြီး မင်းဂံရွာဖက်သို့ တက်လာခြင်း ဖြစ်နိုင်ကြောင်း စစ်တွေမြို့ခံများက သုံးသပ်ပြောဆိုနေကြသည်။
ဘင်္ဂါလီများ အုပ်စုဖွဲ့၍ စစ်တွေမြို့ဘက် တက်လာကြောင်း မြို့တွင်း၌ ပြန့်နှံ့ခဲ့ပြီးနောက် မြို့ခံများလည်း စိုးရိမ်ပူပန်မှုများ ဖြစ်ခဲ့ရကြောင်း၊ သို့သော် ညနေပိုင်းတွင် မြို့ပေါ်၌ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားကြောင်း စစ်တွေမြို့ခံတဦးက ပြောသည်။

“အစက သူတို့တက်လာတယ်ဆိုပြီး ဒီမှာ တဆင့်စကားကနေ ကြားတယ်။ ပြဿနာတွေ ပြန်စပြန်တော့မလားဆိုပြီး ကြောက်လန့်စိတ်တော့ ဖြစ်တာပေါ့။ ညနေပိုင်းတော့ ထိန်းနိုင်လိုက်တယ်ဆိုတော့ စိတ်ပူတာလျော့သွားတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် အမတ် ဦးအောင်မြကျော်ကလည်း “တမြို့လုံးရိုတ်ခတ်သွားတာပေါ့။ အစိုးရကတော့ ပြောတာပါပဲ၊ တည်ငြိမ်အေးချမ်းသွားပြီ၊ ထိန်းနိုင်ပြီဆိုပြီး အခုလိုအခြေအနေမျိုးကြတော့ ဘယ်လိုမှ စိတ်ချလို့မရဘူး။ ပြည်သူလူထုက ကျီးလန့်စာစားရမယ့် သဘောမျိုးဖြစ်နေတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

အစ္စလမ် ဘာသာဝင်များနှင့် စုဖွဲ့ထားသော အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) ဗဟို ကော်မတီအဖွဲ့ဝင် ဦးခင်ကျော်က ယနေ့မှစ၍ တလအတွင်း အစ္စလမ်ဘာသာဝင်တိုင်း အထွဋ်အမြတ်ထားရာ ရာမာဒန် (ဥပုသ်လ) ဖြစ်ကြောင်း ထို့ကြောင့် အစ္စလမ် ဘာသာဝင်အများစုမှာ တလတိတိ ဥပုသ်ဝင်ကြလိမ့်မည်ဖြစ်ကြောင်း ပြောသည်။

အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော မောင်တော၊ ဗူးသီးတောင်နှင့် တခြားမြို့များတွင် တည်ငြိမ်နေပြီး ထိုမြို့နယ်များရှိ  ဒေသခံများအနေဖြင့် လယ်ယာလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နေကြပြီးဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

ထို့အတူ ယခင်က ဘင်္ဂါလီများ အန္တရာယ်ပေးမည်ကို စိုးရိမ်နေကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းရှိ ရခိုင်လူမျိုးများနေထိုင်ရာ ကျေးရွာများကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က လုံခြုံရေး ဆက်လက်ယူထားပေးသဖြင့် လတ်တလော အခြေအနေများအရ စိုးရိမ်စရာမရှိဟု ဆိုသည်။

“ဒီဘက်ကမှာကတော့ အေးအေးဆေးဆေးပဲ ရှိနေကြပါတယ်။ ဒီအစိုးရကလည်း ထိန်းနေတာကြောင့်လည်းပါတယ်။ ဘင်္ဂါလီကိစ္စ အခု ဥပုသ်လမှာ ငြိမ်သွားနိုင်တယ်” ဟု ဘင်္ဂလားဒေရှ့် နယ်စပ်တွင် နေထိုင်သူ မြန်မာနိုင်ငံသား တဦးက ဧရာဝတီသို့ ပြောသည်။

No comments:

Post a Comment

 
Blogger Widgets