မိုးမခ

ရခိုင်ပြည်သူများအတွက် ဆန်ဖရန်ဘေးဧရိယာက ဈေးရောင်းအလှူပွဲတော် ဆိုင် ၂၉  ဆိုင် ရပြီ
မိုးမခအထောက်တော် ၀၀၂၊ ဇူလိုင် ၄၊ ၂၀၁၂
လာမည့် ဇူလိုင် ၈၊  တနင်္ဂနွေနေ့မှာ ဆန်ဖရန်ဘေးဧရိယာ၊ နယူးအခ်ပါဗီလျံ ကွန်မြူနီတီရိပ်သာမှာ  မြန်မာကွန်မြူနီတီ မိသားစုများ စုပေါင်း ဈေးရောင်းအလှူပွဲတော်  ကျင်းပပြီး ရခိုင်ပြည်က ဒုက္ခသည် ရခိုင်တို်င်းရင်းသားနဲ့  ပြည်သူတွေအတွက် အလှူဒါနပြုကြမှာ ဖြစ်ပါတယ်။
အဲသည်  ဈေးရောင်းအလှူပွဲတော်မှာ စေတနာရှင် စားသောက်ဖွယ်ရာဈေးဆိုင်ပေါင်း ၂၉   ဆိုင် ရရှိနေပြီ ဖြစ်တယ်လို့ ဈေးပွဲတော်ဖြစ်မြောက်ရေး ဆောင်ရွက်နေသူ  လုပ်အားပေးစေတနာရှင်တွေဖြစ်တဲ့ ကိုဂျေစင်၊ ကိုကျော်သူရနဲ့ ကိုရှောန်  တို့က မိုးမခကို ပြောပြပါတယ်။
ဆန်ဖရန်ဘေးဧရိယာရောက်  ကချင်ကွန်မြုနီတီကလည်း ဒေသခံမြန်မာတွေအကြိုက် ပွဲတိုင်းကျော်  ပုဇွန်ခွက်ကြော် ပြုလုပ်ရောင်းချပြီး ရခိုင်ပြည်သူတွေအတွက် အလှူဒါနလုပ်  ကုသိုလ်ယူကြမယ်လို့ ပြောကြားပါတယ်။ ဘေးဧရိယာအခြေစိုက်  ရခိုင်အသင်းကြီးနဲ့ ရခိုင်တိုင်းရင်းသားတွေက ရခိုင်ကြာဇံသုပ်၊  ရခိုင်မုန့်တီတို့ ရောင်းချပြီး ရန်ပုံငွေ ရှာမယ်လို့  ဖော်ပြထားပါတယ်။  စားသောက်ဖွယ်ရာ ဆိုင်များစာရင်းကို ထပ်မံ  ဖော်ပြလိုက်ပါတယ်။

 



 
 
No comments:
Post a Comment