မြစ်မခ
                                       စစ်တွေမြို့တွင် ကင်းအချို့အား ရုတ်သိမ်းလိုက်သော်လည်း ညမထွက်ရအမိန့်အား ထုတ်ပြန်ထားဆဲ ဖြစ်သည်။
  ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေတွင်  တည်ငြိမ်သွားသော်လည်း ရပ်ကွက်များအတွင်းရှိ လူနေအိမ် ခြေများအား မီးရှို့ခံရမှုများ  ရှိနေဆဲဖြစ်သည်။
  ဘုမေရွာအနီးရှိ စစ်တွေတက္ကသိုလ်ရှေ့မှ ရခိုင်လူမျိုးနေအိမ်တစ်လုံးမှာ ဇွန်လ(၃)ရက်နေ့ ညပိုင်းတွင်  မီးရှို့ခံခဲ့ ရခြင်းဖြစ်သည်။ 
   “မနေ့က ညနေ(၁၀)နာရီလောက်မှာတော့ မင်းဂံရပ်ကွက်နဲ့နီးတဲ့  ဘုမေရွာတစ်ဖက်မှာရှိတဲ့ အိမ်တစ်လုံး မီးလောင်သွားတယ်  ရခိုင်နေအိမ်ပါ၊  အဲဒီမှာ လုံခြုံရေးလဲ ရှိပါတယ်၊ မီးလောင်တဲ့အခါ ကျွန်တော်တို့သေနတ်သံ  (၂)ချက်ကြားလိုက်ရတယ်၊ အဲဒီအချိန် မင်းဂံရပ်ကွက် အတွင်းမှာရှိတဲ့  ရခိုင်လူမျိုးတွေ  အကုန်လုံးထပြီးကင်း စောင့်ရတယ် ”မင်းဂံရပ်ကွက်မှ ကိုဌေးဝင်းက ပြောသည်။
  “ သေနတ်တော့ပစ်တယ်၊ မိုးပေါ်ထောင် ပစ်တာပေါ့၊ မီးဘယ်သူတိုက်သွားတယ်ဆိုတာတော့ မမိလိုက်ဘူး’’ဟု မင်းဂံရပ်ကွက်သားတစ်ဦးက ဆိုသည်။
  ဇူလိုင်လ(၁)ရက်နေ့ကလည်း  စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက် စစ်မှုထမ်းဟောင်းခြံမှ အိမ် တစ်လုံးအား  မီးရှို့ဖျက်ဆီးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကဆိုသည်။
  “စစ်မှုထမ်းဟောင်း  ခြံဝင်းက အိမ်ပါ၊ ည(၁၁) နာရီလောက်မှာ မီးလောင်တာ၊ အဲဒီအိမ်က ဘုမေရွာနဲ့  တစ်လမ်းပဲခြားတယ်၊ လာပြီး မီးရှို့သွားတာ’’ဟု ၄င်း အဖြစ်အပျက်သို့  ကိုယ်တိုင် သွားရောက် ခဲ့သည့် မကျည်းမြိုင်ရပ်ကွက်သားတစ်ဦးက  ရှင်းပြခဲ့သည်။
  လက်ရှိတွင်  စစ်တွေမြို့ ချင်းပျံလမ်းနှင့် အောင်မင်္ဂလာတို့တွင် ဘင်္ဂလီများရှိနေဆဲဖြစ်သည့်အတွက်  ရခိုင်လူမျိုးများ၏ နေအိမ်များမှာ မီးဘေးအား စိုးရိမ်နေရဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
  “အခုမြို့ပေါ်ထက် နယ် ဘက်တွေမှာ ပိုစိုးရိမ်နေကြတယ်၊ မှန်စီဆိုလို့ရှိရင် ရခိုင်တွေ မနေရဲတော့ဘူး၊  သံချောင်းမှာ  ဆိုရင်လည်း အဲဒီလိုပဲ၊ ဘင်္ဂလီတွေနဲ့နီးတဲ့ ကျေးရွာတွေကလူတွေဟာ စိုးရိမ်နေကြ  ရပါတယ်၊ ဘာလို့ဆိုတော့ တစ်ချို့်ကျေးရွာတွေမှာ လုံခြုံရေးမရှိဘူး၊ အခု  ကျေးရွာတိုင်း ညဆိုရင် ကင်း စောင့်ရတယ်’’ဟု စစ်တွေသို့ရောက်ရှိလာသည့်  သဲချောင်းရွာသားတစ်ဦးက ရှင်းပြခဲ့သည်။
No comments:
Post a Comment