Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Sunday 22 July 2012

ရခိုင်ပြည်နယ် လုံခြုံမှုမရှိဟု စစ်တွေလူငယ်များ ပြောဆို

အာရကန်တိုင်းမ်စ်
images copy မြန်မာနိုင်ငံ ကာကွယ်ရေး စစ်ဦးစီးချုပ်ရုံး (ကြည်း) ၀န်ကြီးဋ္ဌာနမှ စစ်ထောက်ချုပ် ၆ ဦးအနက် ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သူ တစ်ဦးဖြစ်သူ ဦးလှမင်းမှာ ရမ်းဗြဲကျွန်း ကျောက်နီမော်သို့ ဇူလိုင် ၁၅ ရက်နေ့က ရောက်ရှိခဲ့ပြီး မသီတာထွေးနှင့် ဆက်စပ်ပြီး ပဋိပက္ခစတင်ဖြစ်ပွားသည့် အခြေအနေများကို စစ်ဆေးသွားခဲ့ကြောင်း သိရှိရသည်။

ဝန်းကြီး ဦးလှမင်းသည် အဆိုပါနေ့က မြောက်ဦး(မြို့ဟောင်း)မြို့သို့ ရောက်ရှိလာပြီး မြို့မိမြို့ဘများနှင့် အစည်းအဝေးတရပ် ပြုလုပ်ခဲ့ရာ သွေးထိုးစကားများ မယုံကြည်ကြဖို့ အလေးအနက် ပြောဆိုတိုက်တွန်းခဲ့ကြောင်းနှင့် မြောက်ဦးမြို့နယ်တွင် လှုပ်ရှားနေသော တောင်ကုတ်အခြေစိုက် တပ်မအမှတ် ၅ စကခနှင့် တခြားတပ်ရင်းများကို စစ်ဆေးခဲ့ကြောင်း စစ်တပ်အခြေအနေကို လေ့လာနေသူ များက ပြောသည်။
 
မောင်တောမြို့နယ် နစကနယ်မြေ()တွင် နစကအရာရှိ ဇနီးမောင်နှံ နှစ်ဦးအား သောင်းကျန်းသူများက အဓမ္မသတ်ဖြတ်မှုများကြောင်း ဗုဒ္ဓဟူးနေ့က မောင်တောမြို့ ဆေးရုံသို့ရောက်ရှိပြီး ကုသမှု ခံယူနေကြောင်း သိရှိရသည်။  
နစကမှ ယင်းသောင်းကျန်းသူများ နေထိုင်သော အောင်သပြေနှင့် ဗန္ဓုလရပ်ကွက်များတွင် ခြိမ်းခြောက်ပစ်ခတ်မှုများကြောင့် ယခုအချိန်ထိ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေကြောင်း သိရှိရသည်။
 
ထို့ပြင် မောင်တောမြို့နယ် နစကနယ်မြေ ()ဒေသအတွင်း မြန်မာဘင်္ဂလီ အချင်းချင်း သတ်ဖြတ်ကြရာ စစ်တပ်က ဇူလိုင် ၁၂ ရက်နေ့က ဖမ်းဆီးပြီး သက်ဆိုင်ရာ ရဲဋ္ဌာနသို့ အပ်လိုက်ကာ ဋ္ဌာနက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
 
ယင်းအချင်းချင်း ခိုက်ရန်ဖြစ်ပွားကြသည့် ဒေသမှာ ကညင်ချောင်းဖြစ်ကြောင်းနှင့် စစ်တပ်က ဖမ်းဆီးပြီး ရဲသို့အပ်ခံရသူများမှာ မာမွတ် တူဆောင်း (ကာလာ) လက်ညိုး၊ လက်သလယ်၊ လက်သကြွယ်ပြတ်၊ အီစ်မာန် (ကာမာဟူဆိန်း) ဘယ်လက်မောင်းဒဏ်ရာရ၊ အီနိုးစ် (ကာလာ) ဘယ်ဖက်လက်မောင်းဒဏ်ရာရ၊ မန္နုလ်ဘက် (နိုဘီ ရာမွတ်) ဦးခေါင်းဒဏ်ရာနှင့် မူဟာမတ် ရော်ချိဒ် (ဒိန်မာမွတ်) ခေါင်းကွဲ ဖြစ်ကြောင်း သိရှိရသည်။  

မောင်တောမြို့နယ်တွင် သောင်းကျန်းသူများ၏ လက်ချက်ကြောင့် မီးလောင်ကျွမ်းခဲ့သော နေအိမ်များကို UNHCRက အိမ်ခြေပေါင်း ၅၅၂ လုံးဆောက်ပေးနေကြောင်းနှင့် အဓိကအားဖြင့် နတလကျေးရွာများဖြစ်သော ရွှေယင်အေးကျေးရွာ၊ သာယာကုန်း၊ မော်ရ၀တီ၊ ခရေမြိုင်၊ ကိုင်းကြီး၊ သရေကုန်းဘောင်၊ ဆင်မကျ၊ ဗောထီးကုန်းနှင့် တခြားမောင်တောမြို့ထက် နေအိမ်တချို့ပါဝင်ကြောင်း သိရှိရသည်။  

မြန်မာစစ်တပ်နှင့် UNHCRက ပူးပေါင်းပြီး စစ်တွေမြို့နယ်အတွင်း အိမ်ခြေပေါင်း ၇၇၂ လုံး ဆောက်ပေးရန် အစီအစဉ်ရှိနေကြောင်း၊ အများအားဖြင့် အိမ်ခြေများမှာ မြန်မာဘင်္ဂလီ အိမ်များဖြစ်ကြောင်းနှင့် စစ်တွေမြို့နယ် မြန်မာဘင်္ဂလီတို့မှာ အခုအခါ စစ်တပ်စာရင်းအရ အဆမတန် တိုးပွားလာနေကြောင်း စစ်တွေမြို့ လူငယ်များက ပြောသည်။  

သို့သော်လည်း ဒုက္ခရောက်နေကြသည့် ရခိုင်ပြည်သူများ အနေဖြင့် ရခိုင်ပြည်နယ်တွင် ပဋိပက္ခကို အားပေးအားမြှောက် ဘက်ပေါင်းစုံက ဆောင်ရွက်ပေးခဲ့မှုနှင့် ခွဲခြားဆက်ဆံမှုများကိုသာ ပြုလုပ်ခဲ့သော UNHCR, INGO”တို့ကို လုံးဝ အလိုမရှိဟူ၍ ပြောဆိုခဲ့ကြသည်။ ၀န်ကြီး ဦးလှမင်း ရခိုင်ပြည်နယ်သို့ ဆိုက်ရောက်နေသည့်အချိန်တွင် အဆိုပါအကြမ်းဖက် သောင်းကျန်းမှုများ ဆက်လက်ဖြစ်ပွား နေခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူများမှာ ဒုတိယအပတ် သောကြာနှင့် တနင်္ဂနွေနေ့များအတွင်း ထပ်မံပြီး စစ်တွေမြို့နယ်ကို တိုက်ခိုက်ရန် အိမ်နီးနားချင်း ကပ်လျက်တည်ရှိသော ဘင်္ဂလာရေလမ်းများမှ ချဉ်းကပ်ဝင်ရောက်လာခဲ့ရာ သက်ဆိုင်ရာ အာဏာပိုင်များက တချို့တ၀ှက် ထိမ်းသိမ်းဖမ်းဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။  

ဇူလိုင် ၁၂ ရက်နေ့က မြောက်ဦးမြို့နယ် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)မှ ဒုဥက္ကဌ ဦးအေးမောင်သန်းနှင့် အဖွဲ့ဝင် ဦးဘတင် တို့ကို ဒေသဆိုင်ရာ စစ်တပ်နှင့် ရဲများလာရောက်ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ပြန်လည်လွတ်ပေးရန် ရခိုင်ပြည်သူလူထု ၂၀၀ ကျော်က ငြိမ်းချမ်းစွာ တောင်းဆိုခဲ့မှုကြောင့် လွတ်မြောက်လာကြောင်း သိရှိရသည်။


သူရ ဦးရွှေမန်းနှင့်အဖွဲ့ ရောက်ရှိမှုအတွင်း ပြည်နယ်တိုင်းရင်းသားရေးရာ၊ ပြည်တွင်းငြိမ်းချမ်းမှုရေးရာကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်တို့ ပါဝင်ကြောင်းနှင့် တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘုန်းမြတ်တို့ အပါအ၀င်ဖြစ်ကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့က စတင်သည့် အကြမ်းဖက်မှု ပဋိပက္ခကြောင့် မှတ်ပုံတင် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇူလိုင်လ ၁ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
 
ဝန်ကြီး ဦးခင်ရီက ယင်းတွေ့ဆုံပွဲတွင် လွန်ခဲ့သော ၁၉၇၈ ခုနှစ်က နဂါးမင်း စစ်ဆင်ရေးဖြင့် တခါပြုလုပ်ဖူးခဲ့ကြောင်း၊ ရခိုင်ပြည်နယ် ကယ်ဆယ်ရေးစခန်းများအတွင်းရှိ အားလုံးကို လိုက်လံစစ်ဆေးနေကြောင်း၊ အတုတွေ့ရှိရင် Criminal Caseဖြင့် စွဲဆိုသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံသားအတုလုပ်နေခြင်းနှင့် လိမ်လည်ခြင်းများအတွက် ရာဇသတ်ကြီးနှင့်ဆိုင်သော ပုဒ်မများအတိုင်း တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
 
ရခိုင်ပြည်နယ် လုံခြုံရေးအတွက် နိုင်ငံတော်ထိပ်တန်း ခေါင်းဆောင်များ ယင်းကဲ့သို့မနားတန်း ရောက်ရှိစစ်ဆေးနေမှုနှင့် အရေးပေါ် အခြေအနေ ထုတ်ပြန်ထားသော်လည်း ယမန်နေ့ကအထိ စစ်တွေမြို့နယ် မင်းဂံရပ်ကွက်သို့ အကြမ်းဖက်သောင်းကျန်းသူ ၆၀၀ ကျော်က တိုက်ခိုက်ရန် ကြိုးစားခြင်းမှာ လုံခြုံမှုမရှိသည်ကို ပြသခြင်းဖြစ်သည်ဟု စစ်တွေလူငယ်များက သုံးသပ်ပြောဆိုနေကြသည်။

No comments:

Post a Comment

 
Blogger Widgets