အာရကန်တိုင်းမ်စ်
|  ရခိုင်ပြည်နယ်  မောင်တောမြို့နယ်တွင် လွန်ခဲ့သည့် ဇွန်လက  ဘင်္ဂလီမူဆလင်များအကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်းသားများ  အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရာ မီးဘေးသင့်ပြည်သူများအတွက် နေအိမ်များပြန်လည်  တည်ဆောက်ရာတွင် နေအိမ်ပုံစံအညွန်းနှင့် လက်တွေ့ဆောက်လုပ်ပုံအနေထား  ကွာခြားချက်ရှိနေကြောင်း သတင်းရရှိသည်။ မောင်တောမြို့နယ်  မီးဘေးသင့်ကျေးရွာများတွင် နေအိမ်များပြန်လည်တည်ဆောက်ပေးမှု  အနေအထားမှာသွပ်မိုး၊ ထရံကာ၊ အုပ်ဖိနပ်တိုင် အနေအထားနှင့်ဆောက်လုပ်ရန်  ဖော်ပြထားသော်လည်း လက်ရှိဆောက်လုပ်နေသော အိမ်များတွင်  အုပ်ဖိနပ်တိုင်မပါရှိကြောင်း သိရှိရသည်။ အချိုးအစားအလိုက်  အိမ်တစ်ဆောင်လျှင် သိန်း(၃၀)နှင့် (၃၆) သိန်းကုန်ကျမည်ဖြစ်ပြီး  အဆိုပါဆောက်လုပ်ရာတွင် ကုန်ကျမည့် ငွေများကို INGOs များက  လှူဒါန်းထားကြောင်း သတင်းရရှိသည်။  မောင်တောမြို့နယ်တွင်  ဘင်္ဂလီမူဆလင်များအကြမ်းဖက် မီးရှို့ဖျက်ဆီးမှုကြောင့် ဝေသာလီရွာတွင်  အိမ်(၉)ဆောင်၊ ခရေမြိုင်ကျေးရွာတွင် (၄၉) ဆောင်၊ ရွှေရင်အေးကျေးရွာတွင်  (၆၇)ဆောင်၊ သရီကုန်ဘောင်တွင် (၉၇)ဆောင်၊ မောရ၀တီတွင် (၁၀၉)ဆောင်၊  ကိုင်းကြီးတွင် (၃၆) ဆောင်၊ ကင်းချောင်းတွင် (၂၅) ဆောင်၊  ဗောဓိကုန်းတွင်(၃၁) ဆောင်၊ သာယာကုန်းတွင် (၂၁)ဆောင်၊ စုစုပေါင်း (၄၄၄)ဆောင်  ဆောက်လုပ်သွားမည်ဖြစ်  ရာဇူလိုင်လ  (၁၅) ရက်နေ့ထိ ဝေသာလီရွာတွင် (၇)ဆောင်ခန့်ပြီးစီးနေပြီး၊ ရွှေရင်အေးရွာတွင်  (၁၉)ဆောင်၊ သရီကုန်ဘောင်တွင် (၄) ဆောင် ခန့်ပြီးစီးနေကြာင်း သိရသည်။ နေအိမ်များ  ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး  ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်တို့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်  ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်  အဖွဲ့အစည်းများဖွဲ့စည်းကာ တာဝန်ယူလုပ်ဆောင် နေကြကြောင်းသိရသည်။  ကျေးလက်အိမ်ယာတည်ဆောက်မှု  ကြီးကြပ်ရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်တစ်ဦးနှင့် အဖွဲ့ဝင်  (၈)ဦးဖြင့်ဖွဲ့စည်းပြီး အိမ်ဆောက် လက်သမားများမှာ  ဘင်္ဂလီမူဆလင်များဖြစ်ကြောင်း သတင်းရရှိသည်။ | 
 

 
 
No comments:
Post a Comment