အာရကန်တိုင်းမ်စ်
ရခိုင်ပြည်နယ် စစ်တွေမြို့ ရဲတပ်ရင်း ဗဟိုကွပ်ကဲရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ရဲမှူးစိုးသိန်းနှင့် ဒုရဲအုပ် တင်ဆန်းဦးတို့က စစ်တွေမြို့မှ ဆန်များကို ၀ယ်ယူကာ ဘင်္ဂလီမူဆလင်များအား ရောင်းချနေခြင်းကြောင့် စစ်တွေမြို့ဒေသခံများ မခံမရပ်ဖြစ်နေကြကြောင်း သတင်းရရှိသည်။
လွန်ခဲ့သည့် ဇွန်လက ဘင်္ဂလီမူဆလင်များ၏ အကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်းသားများ သေးဆုံးခဲ့ရပြီး၊ အများအပြား အိုးမဲ့၊ အိမ်မဲ့ဖြစ်ကာ လက်ရှိကာလထိ စားဝတ်နေရေးအခက်အခဲကို ရင်ဆိုင်နေကြရခြင်းကြောင့် ရခိုင်/ဗုဒ္ဓဘာသာ ရဟန်တော်များအပါအ၀င် ရခိုင်တစ်မျိုးသားလုံးမှာ စိတ်မချမ်းမြေ့စရာများခံစားနေရပြီး ဘင်္ဂလီမူဆလင်များအပေါ် စိတ်ဒေါသ ဖြစ်ပေါ်နေချိန်တွင် အမျိုးသားလုံခြုံရေးကို တာဝန်ယူထားသော သူများက စီးပွါးရေးအဖြစ် ဘင်္ဂလီမူဆလင်များအား ဆန်ရောင်းချနေခြင်းသည် နောက်ထပ် ဆူပူအကြမ်းဘက်မှုများ ဖြစ်ပေါ်လာအောင် ဖန်တ်ီနေသကဲ့သို့ ဖြစ်နေကြောင်းကို အမည်မဖေါ်လိုသူ စစ်တွေမြို့မှ မြို့မိ၊ မြို့ဖ တစ်ဦးမှ ပြောသည်။

အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးက တပ်ဖွဲ့ဝင်များ စားသုံးမည်ဟုအကြောင်းပြကာ သုံးကြိမ်တိုင်တိုင် ဆန်အိတ် (၃၀၀) နီးပါးခန့် ၀ယ်ယူကာ သံတော်လီ၊ သင်္ဂနက်၊ လက်မချေ ကျေးရွာရှိ ဘင်္ဂလီမူဆင်များအား အမြတ်ငွေအများဆုံးဖြင့် ရောက်ချခဲ့ကြောင်း သိရသည်။
“ သူတို့က တပ်ဖွဲ့ဝင်တွေစားမယ်ဆိုပြီး ကွပ်ကဲရဲမှူးကိုယ်စား စာရွက်မှာ ရုံးတံဆိပ်ကပ်ပြီးလာဝယ်တာ၊ ဆိုင်ရှင်တွေကလည်း ဟုတ်လေတန်ရဲ့ဆိုပြီးရောင်းတယ်၊ သူက တစ်ခါတည်းဝယ်တာမဟုတ်ဘူး၊ ခဏခဏလာဝယ်တာ၊ ပထမတစ်ကြိမ်မှာ (၁၀၀)၊ ဒုတိယတစ်ကြိမ်မှာ (၉၀)၊ တတိယ တစ်ကြိမ်မှာ (၆၀) ၀ယ်တယ်လို့သိရတယ်၊ စုံစမ်းကြည့်တော့ တပ်ဖွဲ့ဝင်တွေအတွက် ၀ယ်တာမဟုတ်ဘူး ဘင်္ဂလီတွေကို သွားပြီး ဈေးကောင်းကောင်းနဲ့ ရောင်းချနေတာ သိရတယ်။ ” ဟု ဒေသခံတစ်ဦးကပြောသည်။
No comments:
Post a Comment