အာရကန်တိုင်းမ်စ်
လောကတွင် လူရယ်လိုဖြစ်လာလျှင် ဘ၀ဒုက္ခ၊ ဘ၀သောကနှင့် မည်သူမျှမကင်းနိုင်ကြပါ။ လူတစ်ခု ပူမူရယ်တဲ့ဆယ်ကုဋေ လို ရှေးပညာရှင်များက ဆိုခဲ့ကြသည်မဟုတ်ပါလား၊ ထိုအထဲတွင် သာမန်လူမှုဒုက္ခတစ်ချို့သည် ဘ၀တွင် မပြောပလောက်သော်လည်း မိမိတိုင်းပြည်နှင့်လူမျိုးတစ်ခုလုံး ဘေးအန္တရာယ် ဆိုးကြီးများ ကျရောက်လာပါက တတ်နိုင်သည့်ဘက်မှ မားမားမတ်မတ် ရပ်တည်ပြီး ဘ၀ဒုက္ခ အခက်အခဲများကို ကျော်လွှားကြရမည်ဖြစ်သည်။ မိမိတစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးအနေဖြင့် တာဝန်သိသိ သစ္စာရှိရှိဖြင့် စည်းလုံးစွာ တွန်းလှန်တိုက်ထုတ် ကြရမည်ဖြစ်သည်။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ ဇွန်လ ၂၈ရက်နေ့က စတင်သော ပြဿနာမှ သည်ယနေ့ထိတိုင် မငြိမ်းနိုင်သေးသော ထိုပြဿနာသည် အဘယ်မျှလာက် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ကို မြန်မာနိင်ငံသားများအားလုံး အသိပင်ဖြစ်သည်။ သေမင်းနှင့်စစ်ခင်းနေကြရသောရခိုင်ပြည်သူများမှာ မိမိဘ၀တို့၏ လုံခြံမှုမရှိမှု၊ စိတ်သောကဖိစီးမူ၊ အိုးမဲအိမ်မဲ့ဖြစ်မှု မရေရာသောဘ၀ အာမခံချက်မရှိမှုတို့ကို ခါးစည်းခံနေကြရပါသည်။ နိုင်ငံတကာရောက် ညီတော်၊ နောင်တော် အပေါင်းတို့ကလည်း မိမိတို့ဒေသတွင်း မတည်ငြိမ်မှုတို့ကြောင့် နေစဉ်နှင့်အမျှ စားမ၀င်အိပ်မပျော် ဖြစ်နေကြမည်ကို ယုံကြည်မိပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ခေတ်အဆက်အဆက် အုပ်စိုးခဲ့ကြသော အာဏာရှင်များသည် ပြည်သူများရဲ့ဆန္ဒကို လျစ်လျူရှု့ပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ထင်ရာစိုင်းဝါဒကြောင့် ယနေ့ထက်တိုင် မဖြေရှင်းနိုင်သေးသော ပြသနာပေါင်း သောင်းခြောက်ထောင်ရှိနေရပါသည်။ ထိုအထဲတွင် ဘင်္ဂလီအရေးသည် ရှေ့ဆုံးက ပါဝင်ပေသည်။ တချို့အဖြစ်မှန်ကို နားမလည်ကြသော သူများက တစ်ဆိတ်ရှိ အစိုးရကိုဘဲ အပြစ်မြင်ကြသည်ဟု ဆိုကောင်းဆိုကြပေလိမ့်မည်။ ကျွန်တော်တို့သည် အကြောင်းယုတ္တိမဲ့စွာ ပြောဆိုရေးသားနေကြခြင်းမဟုတ်ပါ။ အုပ်ချူပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အာဏာသုံးရပ်ကို ကိုင်စွဲထားသော အစိုးရအနေဖြင့် ဒီပြသနာများကို မဖြေရှင်းနိုင်သည်မှာ ခေတ်အဆက်အဆက်ပင် ဖြစ်သည်။ နိုင်ငံရေးအရ အမြတ်ထုတ်လိုမှု၊ မိမိပါတီဝင် လူဦးရေးတိုးပွားမူတို့ကိုသာ ရှေ့တန်းတင်ပြီး ဘင်္ဂလီများကို ဖေါ်ကာအဖြစ် ကစားလာသည်မှာ တာတေဦးနုလက်ထက်မှသည် ယနေ့ထိတိုင်ပင်ဖြစ်သည်။
ခေတ်အဆက်ဆက်အုပ်စိုးခဲ့သောအစိုးရများသည် ရခိုင်ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် ဖိနှိပ်အုပ်ချူပ်မှု၊ သမိုင်းဆိုင်ရာ အမွေအနှစ်များ ပျောက်ပျက်မှု၊ သွေးခွဲအုပ်ချူပ်မှုစသော ဖောက်ပြန်သော ပေါ်လစီများကို တစ်စိုက်စိုက်မတ်မတ်ကျင့်သုံးလာခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။ ရခိုင်ပြည်သူများမှာ စားဝတ်နေရေး မပြေလည်မှု၊ ဆင်းရဲကျပ်တည်းမှု၊ လမ်းပန်းဆက်သွယ်ရေးမကောင်းမှု၊ ကလေးသူငယ်များစွာအား ကောင်းမွန်စွာ ပညာမသင်ကြားနိုင်မှု စသောလူမူဒုက္ခ အ၀၀တို့ကို ခံစားလာကြသည်မှာ အစိုးရအဆက်ဆက်ပင်ဖြစ်သည်။ သဘာဝအားဖြင့် မိမိဇာတိမြေကို ချစ်မြတ်နိုးကြသော ရခိုင်ပြည်သူများမှာမိမိ မိသားစုအရေး စားဝတ်နေရေး ပြေလည်ဖို့ နိုင်ငံအသီးအသီးသို့ ထွက်ခွာလာကြသည်မှာ ပြည်ပနိုင်ငံများတွင် သိန်းနဲ့ချီပြီး ရှိနေကြပေသည်။ သဘာဝသယံ ဇာတပေါများပြီး တိုင်းနှင့်ပြည်နယ်တွင် ချင်းပြည်နယ်ပြီးလျှင် အဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်နေရသည်မှာ အုပ်ချူပ်သောအစိုးရ၏ အရည်အသွေးညံ့ဖျင်းမှုတို့ကိုပေါ်လွင်စေပါသည်။ သက္ကရာဇ် ၂၀၀၀ခုနှစ်က မြန်မာ့အလင်းသတင်းစာတွင် ဆောင်းပါးရှင်တစ်ဦးက နိုင်ငံတော် ဘက်ဂျက်ငွေအားလုံးကို ယခုနှစ်တွင် ရခိုင်ပြည်နယ် လမ်းတံတား စီမံကိန်းကြောင့် ကုန်သလောက်ဖြစ်သွားကြောင်း ၀ါဒဖြန့် ချွေးသိပ်ရေးထားသည်ကို ဖတ်ရှု့ခဲ့ရပေသည်။ မိုးရေချိန်လွန်စွာများသော ရခိုင်ပြည်နယ်လမ်းများမှာ တစ်နှစ်မပြည့်ခင် ပျက်စီးလာသည်ကို ဒေသနေရခိုင်ပြည်သူများအသိပင်ဖြစ်သည်။ ယခုဆိုလျှင် ကားလမ်းများမှာ သွားလို့လာလို့မရလောက်အောင်ပင် ပျက်စီးနေသည်ကို အင်တာနက်သတင်းများပေါ်တွင် နေ့စဉ်နှင့်အမျှတွေ့မြင်နေကြရပါသည်။
ဗုဒ္ဒဘာသာထွန်းကားသော ပြည်ထောင်စုမြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ နေထိုင်ကြရာတွင် ရခိုင်လူမျိုးတို့သည် တိုင်းပြည်နှင့်လူမျိုးအပေါ် ရှေ့တန်းက မားမားရပ်တည်ပြီး သစ္စာခံခဲ့ကြပါသည်။
ယခုလည်း ခံနေကြဆဲပင်ဖြစ်သည်။ ၁၉၃၀ခုနစ် ဒို့ဗမာအစည်းရုံး အဖွဲ့ကပင် မိစ္ဆာနယ်ချဲ့ ဘုရင်ကို သက်တော်ရှည်ဖို့ အရေးကိုဆုတောင်းနေကြတုန်း ရခိုင်လူမျိုး ရဟန်းတော်တစ်ပါးဖြစ်သော ဆရာတော် ဦးဥတ္တမက တော်လှန်သော အတွေးအခေါ်ဖြင့် နိုင်ငံရေး မျိုးစေ့ကို မြန်မာပြည်သူများအား ချပေးခဲ့ပါသည်။
ဆရာတော် ဦးဥတ္တမ သာလျှင်မဟုတ်ပေ။ ခေတ်အဆက်ဆက် မြန်မာနိင်ငံကို ကမ္ဘာအလယ်တွင် ၀င့်ကြွားခဲ့ကြသောအိန္ဒိယနိုင်ငံမှ ကမ္ဘာ့သာသနာပြု ရဟန်းတော် အရှင်စန္ဒြမဏိ၊ ဥပဒေပညာရှင်ကြီး ဦးချန်ထွန်း၊ ဦးမေအောင်၊ ဒေါက်တာရွေဇံအောင်၊ ဦးစံသာအောင်၊ ဦးကျော်မင်း၊ ရဲမင်းကြီးထွန်းလှအောင်၊ ၀န်ကြီးဦးဘစော၊ ဦးသန်းစိန်၊ ပါမောက္ခဒေါက်တာမောင်မောင်ကြီး၊ ဒါက်တာအေးကျော်၊ ဒေါက်တာအေးချမ်းအထိပင်ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ရခိုင်လူမျိုးတို့၏ တိုင်းပြည်နှင့်လူမျိုးအပေါ်ထားသော သစ္စာတရားများကို အစိုးရအဆက်ဆက် မျက်ကွယ်ပြုခဲ့ကြသည်မှာ လွယ်စွာဝမ်းနည်းဖွယ်ပင်ဖြစ်သည်။
ယနေ့ရခိုင်ပြည်တွင် ဖျက်ဖြစ်နေသော ဘင်္ဂလီခေါ်တော ပြဿနာမှာ ရခိုင်လူမျိုးတစ်ခု အနေနှင့်သာ မရှု့မြင်ဘဲ ပြည်ထောင်စုတစ်ခုလုံး၏ အရေးဟု မြန်မာအစိုးရအနေနင့် ရှု့မြင်ဖို့လိုပေသည်။ ထိုကိစ္စများကို လျှင်မြန်စွာကိုင်တွယ်ပြီး ဖြေရှင်းရမည်ဖြစ်သည်။ သို့မဟုတ်လျှင် မျောက်မွေးဆံတောင်း လုပ်နေကြသော နိုင်ငံကြီးတစ်ချို့၏ ကိုယ်ကျိုးမျှော်ဝါဒကြောင့် မကြာခင်ရှုပ်ထွေး လာနိုင်ပါသည်။ ရခိုင် နယ်နိမိတ်များကို ထပ်မံမဆုံးရှုံးစေသင့်ပါ။ မကြာခင်က ရေပိုင်နက် အငြင်းပွားမှုတွင်လည်း အစိုးရတာဝန်ပေါ့လျော့မှုကြောင့် များစွာထိခိုက်နစ်နာခဲ့ပြီးဖြစ်သည်။ ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး၏ တာဝန်မဲ့ ပြောဆိုမှုတို့ကိုလည်း မြန်မာအစိုးရ အနေဖြင့် တာဝန်သိစွာဖြင့် ပြန်လည် ဖြေရှင်းရမည်ဖြစ်သည်။
သို့မဟုတ်ပါက ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လမ်းနေသော အစိုးရအနေဖြင့် ပြည်သူများ၏ ယုံကြည်မှု ကင်းမဲ့ပြီး နိုင်ငံတော် တိုးတက်ရေးအတွက် များစွာ အဟန့်အတားဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ဘင်္ဂလီအရေးကို လက်မနှေးဘဲ လျင်မြန်စွာ ဖြေရှင်းသင့်ကြောင်း တာဝန်သိ ပြည်သူတစ်ယောက်အနေနင့် အကြံပြု တိုက်တွန်းလိုပါသည်။

No comments:
Post a Comment