အာရကန်တိုင်းမ်စ်
ရခိုင်ပြည်နယ်အတွင်း  သောင်းကျန်းအကြမ်းဖက်ရာဇ၀တ်ပြစ်မှု ကျူးလွန်ခဲ့မှုများတွင်  ဦးဆောင်ပါဝင်ခဲ့သူများအား သက်ဆိုင်ရာမှ ဖမ်းပြပြီးလာဒ်ငွေများယူကာ  လွှတ်ပေးနေသည်ဟု မျက်မြင်ကိုယ့်တွေ့ ရခိုင်ပြည်သူများက ပြောသည်။
မောင်တောမြို့နယ်တွင်  ဇွန် ၈ ရက်နေ့ကစတင်ပြီးရာဇ၀တ်ပြစ်မှု ကျူးလွန်ခဲ့သူများအား လွန်ခဲ့သော ၂  ပတ်ကျော်က ဖမ်းဆီးပြခဲ့ပြီး ယခုအခါဒေသကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီး  ဦးအောင်ကြီးကိုယ်တိုင် ဦးဆောင်လာဒ်ငွေများယူ၍လွှတ်ပေးနေသည်ဟု  ဒေသအာဏာပိုင်များနှင့် နီးစပ်သူက ဆိုသည်။
ဒေသခံများက “တမြို့နယ်လုံးမှာ  အကြမ်းဖက်သောင်းကျန်းမှုကိုဦးဒီလာ၊ ဦးလှမြိုင်၊ ဦးတင်မောင်ဝင်း၊  ဦးရော်ချီး၊ ဦးဟာမိ(တ်)အပြင် တခြား ဦးဆောင်သူတွေဆီကကျပ်ငွေ ဘောက်သာ  (ဂုဏ်နီအိတ်)ဖြင့် ၃ အိတ်နဲ့ ရွှေချပ် ၂ ချပ်ယူပြီး ခုချိန်ထိ  လုံခြုံရေးပေးနေတာ တွေ့ရပါတယ်၊ ရဲနဲ့ နစကတွေဖမ်းဆီးရမိတဲ့ ကုလားတွေဆီကလည်း  ငွေရရင်ရသလိုနဲ့ သူတို့လိုရာခိုင်းစေရသူတွေနဲ့အသုံးပြုလို့ ရလွယ်သူတွေကို  ပြန်လွတ်ပေးနေပါတယ်၊ ဒါပြန်ပြီး  ပြဿနာသောင်းကိုးထောင်တက်အောင်လုပ်နေတာဖြစ်တယ်။”ဟု ရှင်းပြသည်။
 “ ဒုဗိုလ်မှူးကြီးဦးအောင်ကြီးက  မမှန်တရားတာတွေ လုပ်နေတာကြာပါပြီ၊ သူမမှန်မတရားတာတွေ အကြောင်းကို  နယ်ပြည်တော်သို့တိုင်ကြားခဲ့ပြီးပါပြီ၊ ဘာမှထူးခြားမလာဘဲ  အငြိုးတွေနဲ့ပိုဆိုးလာတာဘဲ ရှိပါတယ်၊ ဒီမှာဆန္ဒပြဟန်နဲ့ကျနော်တို့ကို  အကြမ်းဖက် သတ်ဖြတ်ဖို့အတွက် ကျပ် ၃၀၀၀ သိန်းလာဒ်စားပြီး နားလည်မှုပေးခဲ့တာ  ဖြစ်ပါတယ်၊ ကုလားတွေကို နိုင်ငံသားကပ်ထုတ်ပေးခဲ့တာလည်း တဦးစီက ကျပ် ၅၀၀၀၀၀  အထိပုံစံမျိုးစုံနဲ့ယူပြီးလုပ်ပေးခဲ့တာပါ။ ” ဟု အမည်မဖေါ်လိုသူ မောင်တောမြို့နယ်မှ ၀န်ထမ်းတဦးက ရှင်းခြင်းဖြစ်သည်။  
မောင်တောမြို့နယ်  နစကဋ္ဌာနချုပ် ကျီးကန်းပြင်အခြေစိုက်ဒုဗိုလ်မှူးကြီး ဦးအောင်ကြီးမှာ  တခြားအစိုးရ အရာရှိများ တာဝန်ရွေ့ပြောင်း နေရသကဲ့သို့မည်သည့်အခါမျှ  ပြောင်းရွေ့ရခြင်း မရှိကြောင်းနှင့် ဦးအောင်ကြီးနှင့်  ၎င်းအထက်အရာရှိများမှာအပေးအယူ ညီမျှနေမှုများကြောင်းဟု ဒေသခံလူထုအတွင်း  ဝေဖန်မှုများဖြစ်ပေါ်လာ နေကြကြောင်း သိရှိရသည်။
မောင်တောမြို့နယ်  အလယ်သံကျော် မကျဉ်းချောင်းနစကနယ်မြေ(၇) တပ်ခွဲ-စခန်း(၁၅)တွင် တာဝန်ကျနေသော  နစက ဗိုလ်ကြီး မျိုးထိုက်ဆိုသူအားသက်ဆိုင်ရာမှ အရေးယူနိုင်ရန်  နစကတပ်သားတဦးက အောက်ပါအတိုင်း ရှင်းပြတိုင်းကြားသည်။
“ နစကဗိုလ်ကြီး  မျိုးထိုက်က ရခိုင်သားပါ၊ သူလာဒ်ငွေအများအပြား ရရှိဖို့အတွက် ကုလားဘက်က  ဘက်ပေါင်းစုံက ကာကွယ်ပေးပြီး အမျိုးသားတွေ အကျိုးယုတ်ဖို့လုပ်ဆောင်နေပါတယ်၊  နေ့ကိုတော့ မမှတ်မိတော့ဘူး၊ ကျနော်တို့ရွာတွေကို မီးတိုက်ရာမှာ  ဦးဆောင်ပါတဲ့ကုလားနှစ်ဦးဆီက ကျပ် ၁၇ သိန်းယူပြီး သူကိုယ်တိုင်  လက်ခံပေးထားပါတယ်၊ တပ်စခန်း ရဲဘော်တွေရဲ့ရိက္ခာတွေကို ကုလားတွေကို  ချင်သလိုရောင်းချနေပါတယ်၊ ငွေရဖို့ဘဲသိတော့ ရဲဘော်တွေလည်း မကြေနပ်မှုတွေ  ဖြစ်လာနေကြပါပြီ။ ” ဟု အလယ်သံကျော်မှ အမည်မဖေါ်လိုသူ နစကတပ်သား တဦးက ထုတ်ဖေါ်တိုင်ကြားခြင်းဖြစ်သည်။
ဗိုလ်ကြီး  မျိုးထိုက်မှာ အလယ်သံကျော်နယ်မြေရှိပိုက်ဆိပ်၊ ရေပုံးပျံ၊ အင်းဒင်၊  ပဒေါင်းဆိပ်နှင့် အနီးအနားရှိ  ကျေးရွာဒေသများအတွင်းရှိမြန်မာဘင်္ဂလ်ီများအကြား ကျက်စားနေကြောင်းနှင့်  ပဋိပက္ခကာလမှ ယခုထိ ခြစားမှုဖြင့် နာမည်ကျော်ကြားလာသူဖြစ်ကြောင်း ဆိုသည်။  
မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်း နစကသတ်မှတ်နယ်မြေ (၉)ခုရှိပြီး ယခုအခါ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်  နယ်စပ်များသို့ နစကနယ်မြေတိုးမြင့်သတ်မှတ်ရန် စီစဉ်ဆောင်ရွက်မှုများ  ရှိနေကြောင်းနှင့် ဘူးသီးတောင်နယ်စပ်တွင် များမကြာမီကနစကစခန်း(၂၈)တခု  တိုးမြင့်ချထားကြောင်း နစကက အတည်ပြုပြောသည်။
မြန်မာဘင်္ဂလီများမှာ မောင်တောမြို့နယ်နှင့်  ဘင်္ဂလာနယ်စပ်မြို့များဖြစ်သော တာခ်နာမြို့နှင့် နီလာမြို့နယ်များမှ  ဆန်အိတ်များ အမြောက်အများဝယ်ယူစု ဆောင်းနေကြောင်း၊ တောင်ပြိုနယ်မြေမှူးက  အလယ်သံကျော်သို့ တိုက်ရိုက်ဆန်အိတ်များရာချီပြီး လွန်ခဲ့သောအပတ်က  ချရောင်းခဲ့ကြောင်းနှင့် တချို့နစကနယ်မြေမှူးများ အနေဖြင့်စခန်းတွင်း  ရိက္ခာများကိုပါဈေးကောင်းရ၍ ချရောင်းနေကြကြောင်း မောင်တောမြို့နယ်  သတင်းထောက်တဦးက   ပြောသည်။  
မောင်တောမြို့အ၀င်/အထွက်ဂိတ်မှ  စခန်းမှူး ဦးဆောင်ပြီးဒုတပ်ကြပ် ဦးမျိုးဇော် (နစကဟောင်း)နှင့်  ဦးသန်းဇော်မှာ ဆန်အိတ်ပေါင်း ၁၀၀၀ ကျော်နှင့်စသည့်  စခန်းရိက္ခာပေါင်းစုံများကို ယခုရက်ပိုင်းအတွင်း သောင်းကျန်းသူများအား  ရောင်းချခဲ့ကြောင်း ဆိုသည်။
သို့သော်လည်း တာခ်နာနှင့် နီလာမြို့နယ်များမှဝယ်နေသူနေသည့် ဆန်အိတ် ၃၀၀၀ ကျော်အား သက်ဆိုင်ရာ BGBက လိုက်လံစစ်ဆေးပြီး ဖမ်းဆီးအရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိနေကြောင်း ဒေသထုတ် သတင်းစာများကဆိုသည်။
ရခိုင်ပြည်နယ်အတွင်း မောင်တောမြို့နယ်မှ စတင်သည့်အကြမ်းဖက်သောင်းကျန်းမှု ပဋိပက္ခမှာ နယ်စပ်ဒေသအခြေစိုက် သက်ဆိုင်ရာ အာဏာပိုင်များ လာဒ်စားမှုများကြောင်းနှင့် NGOနှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့များ လာဒ်စားမှုများဖြင့် ဖြစ်သည်ဟု ဒေသခံများအကြား ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း သိရှိရသည်။
ဦးအောင်ကြီး  ဦးဆောင်သည့် နစကနယ်မြေမှူးများကဘင်္ဂလီဦးရေတိုးပွားလာမှုများကို ၂၀၀၈ ခု၊ မေလက  နိုင်ငံသားကပ် ကိုင်ဆောင်ခွင့်အား ဘင်္ဂလီများမှတဦးလျှင် ကျပ် ၁၀၀၀၀၀  စီကောက်ခံပြီး လုပ်ပေးခဲ့ကြောင်းနှင့် အိမ်ထောင်စုစာရင်း စစ်ဆေးမှုများတွင်  ခေတ်သစ်ဘင်္ဂလီများမှ ကျပ် ၂၀၀၀၀၀ မှ ၅၀၀၀၀၀ အထိလာဒ်ငွေယူဆောင်ပြီး  လုပ်ပေးခဲ့ကြောင်းအာဏာပိုင်နှင့် နီးစပ်သူ များက ပြောသည်။
ဘင်္ဂလာနယ်စပ်စောင့် BGBက  မြန်မာနိုင်ငံသားများဟုစွပ်စွဲပြီး မကြာခဏ နယ်စပ်ဒေသများမှ အသုတ်လိုက်  ဘင်္ဂလီများအား တရားမ၀င် အတင်းအဓမ္မ ရခိုင်ပြည်နယ်သို့ပို့ဆောင်နေမှုမှာ  ယမန်နေ့ကအထိ ရက်ပေါင်း ၃၀ ကျော်အတွင်း ၁၈၀၀ ဦးရေခန့်ရှိနေပြီး  ဖြစ်ကြောင်းနှင့်သက်ဆိုင်ရာမှ အရေးယူစစ်ဆေးမှုများ မပြုလုပ်နိုင်ခြင်းမှာ  ဦးအောင်ကြီးနှင့် အဖွဲ့(၁)အမည်ရှိကြေးနန်းကိုင်စစ်တပ်နှင့် BGB တပ်ဖွဲ့တို့အကြား ပူးပေါင်းခြစားမှုများ ရှိနေကြောင်းမောင်တောမြို့ ခရိုင်ရုံးသတင်းရပ်ကွက်က ပြောသည်။  
ယင်းအကြမ်းဖက်မှုများ  မဖြစ်ခင်က မြို့လူကြီးများအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များသို့  ကြိုတင်အကြောင်းကြား တိုင်ကြားထားခဲ့ သော်လည်း  အရေးယူဆောင်ရွက်မှုများမလုပ်ခဲ့သည်မှာ ခြစားမှုများကြောင့်ဟု ဒေသခံများအတွင်း  သံသယများ ရှိနေကြောင်း သိရှိရသည်။  
ဇွန်  ၈ ရက်နေ့တွင် သောင်းကျန်းသူများက မောင်တောမြို့ရှိယူနိုက်တစ်၊  မြို့မဘုန်းတော်ကြီးကျောင်းနှင့် သဇင်တည်းခိုခန်းများအား  ခဲဖြင့်ကိုင်ပေါက်မီးရှီုးဖျက်ဆီးနေမှုများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ  သေနပ်မိုးပေါ်ထောင်ပစ်ပြီး လူစုခွဲခဲ့သည်ကိုဒုဗိုလ်မှူးကြီး  ဦးအောင်ကြီးကအပြစ်တင် တားမြစ်ခဲ့ကြောင်း မောင်တောမြို့  ရဲတပ်ကြပ်တဦးကပြောသည်။  
မောင်တောမြို့နယ်  ဒေသခံများက နိုင်ငံတော်အစိုးရအနေဖြင့် ယင်းအကြမ်းဖက်ကျူးကျော်  သတ်ဖြတ်မှုများ၏ ရာဇ၀တ်ကျူးလွန်ခဲ့သော တရားခံများအားဥပဒေကြောင်းအရ  ဖေါ်ထုတ်အရေးယူ ဆောင်ရွက်သင့်ကြောင်း ပြောသည်။  
မောင်တောမြို့မှ  ဘင်္ဂလီတချို့အနေဖြင့် ဒေသဆိုင်ရာအာဏာပိုင်များက ပဋိပက္ခကို  အချိန်မီထိမ်းသိမ်းနိုင်မှု မရှိသောကြောင်း ယခုကဲ့သို့ ပြဿနာများကြီးမားစွာ  ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ဆိုသည်။
မောင်တောမြို့ပဋိပက္ခဖြစ်စဉ်တွင်  အဓိက ဒုဗိုလ်မှူးကြီးဦးအောင်ကြီး ခြစားမှုများသာဖြစ်ကြောင်း၊ ဦးအောင်ကြီးမှာ  မောင်တော မြို့နယ်တွင် ၇ နှစ်ကျော်ကြာမြင့်နေပြီးဖြစ်ကြောင်းနှင့်  လွန်ခဲ့သော စနေနေ့က စခန်းအတွင်းမှ ခရီးထွက်ခွာသွားကြောင်းနီးစပ်သူက ပြောသည်။
နစကအရာရှိတဦးနှင့်  နီးစပ်သူက မောင်တောနှင့်ဘူးသီးတောင်မြို့နယ်အတွင်း  အာဏာပိုင်များခြစားနေသည့် သတင်းရင်းမြစ်များကို  ရှာဖွေပြီးထုတ်ဖေါ်သွားမည်ဖြစ်ကြောင်း ပြောသည်။
မြန်မာစစ်တပ်မှ  မောင်တောမြို့နယ် တောင်ပိုင်းရှိနုရုလ္လာကျေးရွာမှ ဟာဘီဘူရ်  ရော်ဟာမန်း၏သမီးနှင့် အာဇိဇူလ် ဟောက် ၏သမီးနှင့်အတူ မြန်မာဘင်္ဂလီအမျိုးသမီး၎  ဦးအား ဇူလိုင် ၃ ရက်နေ့က ဖမ်းဆီးခေါ်သွားပြီး အဓမ္မပြုကျင့်မှုများလုပ်၍  ပြန်လည် လွတ်ပေးမှုများရှိခဲ့ကြောင်းမောင်တောမြို့နယ်ရှိ သောင်းကျန်းသူများက  ဘင်္ဂလာသတင်းစာများသို့ သတင်းအမှားများ လုပ်ကြံပြောခဲ့သည်ဟု  စုံစမ်းသိရှိရသည်။
လွန်ခဲ့သော  ရက်အနည်းငယ်ခန့်က စစ်တပ်မှ ဘင်္ဂလီအမျိုးသမီး၁၅ ဦး၊ ကလေး ၂၄ ဦးနှင့်  အမျိုးသား ၅ ဦး မောင်တောမြို့နယ် တောင်ပိုင်း  နုရုလ္လာကျေးရွာနေအိမ်တအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း  သိရှိရသည်။
ရခိုင်ပြည်နယ်  အခြေစိုက်စစ်တပ်တပ်ရင်းများမှ အရှေ့ဖက်စစ်ဆင်ရေးသို့ စေလွှတ်ထားသော  စစ်တပ်များမှာ ယခုအခါ ပြန်လည်ဆုတ်ခွာလာပြီး နစကနယ်မြေများတွင်  အင်အားတိုးမြင့်တာဝန် ယူဆောင်နေကြောင်း စစ်တပ်သတင်းရပ်ကွက်က ဆိုသည်။
 

 
 
No comments:
Post a Comment