Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Wednesday, 11 July 2012

ရခိုင်မြေမှာ ရခိုင်ဒုက္ခသည်မရှိပါ

အာရကန်တိုင်းမ်စ်


246592 143662555770001 1097167068 nပြည်တွင်းစစ်ကြောင့်ကျွတ်လွပ်ရာ အနီးအနားတိုင်းပြည်တစ်ခုခုသို့ ခိုလှုံခဲ့ရခြင်းမဟုတ်သကဲ့သို့ မီး၊ ရေ၊ လေ ဘေးဘယာကြောင့် ရှောင်တိမ်းကြရခြင်းလည်းမဟုတ်ချေ။ ကိုယ့်အိမ်ထဲမှာ တစုံတရာ ရောဂါ ဝေဒနာကြောင့် ဒုက္ခရောက်နေခြင်းကားအလျည်းမဟုတ်ပေ။ သို့ဖြစ်လျှင် အဘယ်ကဲ့သို့သော ဒုက္ခသည်မျိုးနည်း။ အဖြေကား လှေစီးရင်း ရေငပ်နေရသည့်၊ အိမ်ရှင်ရခိုင်သားတို့၏ သရုပ်မှန်ပင်ဖြစ်သည်။ တိုင်းတပါးသားတို့၏ မတရား ကျူးကျော် ရက်စက်ညှင်းပန်းမှုကြောင့် အမိမြေပေါ်မှာ အဆင်းမလှသောဖြစ်ရပ်ပေါင်းများစွာကို ခံစားရင်း၊ မိမိပိုင်အိမ်မြေယာကိုစွန့်လွှတ်၍ နီးရာ အရပ်ကိုအသက်အန္တရာယ်ဘေးမှ ကာကွယ်နိုင်ရေးအပေါ် ထွက်ခွာ လိုက်ကြရခဲ့ခြင်းဖြစ်လေသည်။

ယခုကား ဒုက္ခသည်၊ ဒုက္ခသည်စခန်းဟူ၍ ဖြစ်ပေါ်လာခဲ့ပြီ။ အလှုစေတနာရှင်တို့၏ ပေးကမ်းလှုဒါန်းမှုများဖြင့် ဘ၀ရပ်တည်နေကြရလေပြီ။ ငါတို့သည် ဒုက္ခသည်မဟုတ်တော့ဟု မည်သူကိုမျှပြောပြ၍ ယုံနိုင်ကြပေတော့မည်မဟုတ်ချေ။ ယခု ငါတို့သည် ဒုက္ခသည်၊ ရေပင်မရောစပ်သည့် ဒုက္ခသည်အစစ်။ ရခိုင်ပြည်၊ ရခိုင်မြေထဲမှာ ရခိုင်ဒုက္ခသည်များဖြစ်ကြ၏။ သို့သော်.. ရခိုင်သားတို့ကား ရခိုင်မြေမှာ ဒုက္ခသည်ဟူ၍ မဖြစ်နိုင်ချေ။ ဒုက္ခသည် ( Refugee ) ဆိုသည်မှာ ပြည်တွင်းစစ်ကြောင့်သော်၎င်း၊ တိုင်းတပါးက ကျူးကျော်စစ်ကြောင့်သော်၎င်း၊ နိုင်ငံရေး ဘာသာရေးနှိပ်ကွပ်ခံရမှုကြောင့်သော်၎င်း နီးစပ်ရာတိုင်းနိုင်ငံ တခုခု၌ခိုလှုံခြင်းကိုဆိုလိုသည်ဟုသာ သဘောပေါက်ပါသည်။ ဒုက္ခသည်စခန်းဆိုသည်မှာလည်း ယင်းပုဂ္ဂိုလ်များခိုလှုံရာယာယီနေရပ်ကို ခေါ်ဆိုခြင်းဟုသာ ယူဆသည်။

အယင်ကတော့ ရခိုင်သမိုင်းစာအုပ်များကိုဖတ်၍ ကြည်နူးခဲ့ဖူးပါသည်၊ ၀မ်နည်းခဲ့ဖူးပါသည်။ ရခိုင်ဂုဏ်ရောင် ထွန်းပြောင်ခဲ့မှုများကြောင့် ကြည်နူးပျော်ရွှင်ခဲ့ရသကဲ့သို့၊ ကျွန်သဘောက်ဘ၀ကျရောက်လာခဲ့ကြောင်း သိလာရချိန်မှာ ၀မ်းနည်းကြေကွဲမှုများခံစားခဲ့ရသည်။ နှစ်ပေါင်း ၂၂၀ ကျော် သူ့ကျွန်ဘ၀၌ကျင်လည်နေရသော ငါတို့ရခိုင်သားများ၏ ၀မ်းစာမဲ့ဖြစ်ရခြင်းသည်ကား ရှက်ကြောက်စရာ အကောင်းဆုံး အနိဌာရုံပင်ဖြစ်ပေသည်။ ပွားများသည့် လယ်ယာမြေနှင့် မြေရိုင်းပြင်များ၊ စိမ်းစို့နေသော တောင်တန်းကြီးများ၊ တရွှင်ရွှင်စီးဆင်းနေသော မြစ်မကြီး လေးသွယ်နှင့် ရှည်လျားသော အနောက်ဖက်တရိုးက ဘင်္ဂလားပင်လယ်အော်တို့သည် ၄သန်းသာမျှသာ ငါတို့ ရခိုင် ပြည်သားများ၏ ၀မ်းစာကို မဖုံလုံ၊ မပြည့်ဝစေနိုင်တော့ပေ။ ရခိုင်သားများ ဤမျှပင် အစားကြူးကြလေပြီလော။

သမိုင်းတခေတ်မှာ အလုပ်သမားများကို ပြည်ပက ငှားရမ်းယူသုံးခဲ့ကြရသူ ရခိုင်သား တို့အိမ်၌ ယခုအခါ ၀မ်းစာဆန်ကိုပင် ဖုံလုံအောင် မသိုထားနိုင်ကြတော့ပြီ။ ရက်စာရှာဖွယ် ၀ယ်ယူစား သုံးကြသူများကား ဒုနှင့်ဒေး။ နောက်ဆုံးတွင် ရခိုင်ပြည်ရွာများ၌ လူငယ်လူရွယ်ပိုင်းများမှာလည်း မရှိသလောက် ရှားပါးလေတော့သည်။ အဘယ်ကို ရောက်ကုန်ကြပြီနည်း။ ဤမျှထက်ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ကို ရှာမတွေ့တော့ပြီ။ ရခိုင်လူငယ်အပေါင်းကား ၀မ်းစာရေးအတွက် အမိမြေကိုစွန့်ခွာ၍ နယ်ခြား အရပ်ဒေသ အသီးသီးသို့ ရွင့်ပျောက်ကြရလေပြီ။ အခြားပြည်နယ်များမှာ ရွှေ၊ သတ္တုတူး အလုပ်သမား ဘ၀၊ ထိုင်းနှင့်မလေးမှာ ထွေရာလေးပါး အလုပ်သမားဘ၀များတို့ဖြင့် အသက်ဆက်နေကြရလေပြီ မဟုတ်ပါလော။ တရားသော နည်းဖြင့်တမျိုး၊ မတရားသောနည်းဖြင့်တဖုံရပ်တည်၍ ဖြစ်သလို လုပ်ကိုင် နေကြရလေပြီ။ ရွှေပြည်ရခိုင်မှာ လေပြေပင်မသွေးနိုင်သည့် လက်တွေ့ဘ၀ကို ရခိုင်ပြည်သားတို့ ရေဆန်ကူးခတ်နေကြရသည်။

အမှန်စင်စစ် ရခိုင်မြေကြီး၌ သန်းပေါင်း ၄၀ (လေးဆယ်)သော ရခိုင်ပြည်သူကို အလုပ်အကျွေး ပြုနိုင်သော သဘာဝအရင်းအမြစ် အပြည့်အစုံ လုံလုံလောက်ရှိ၏။ သို့သော် သူ့ကျွန်ဘ၀၏ အကျိုးဆက်အဖြစ် ရခိုင်သားတို့ ၀မ်းမ၀၊ ခါးမလှ ဖြစ်နေခဲ့ကြရသည်မှာ ယနေ့ထိတိုင်။ နောင်နှစ်ပေါင်းမည်မျှထိတိုင် ရခိုင်သားတို့ ဤမည်သော ဆင်းရဲအတိဒုက္ခကို ခံစားနေကြရမည်ကို ဟောကိန်းထုတ်ရန် နက္ခတ္တဗေဒ ပညာရှင်ကြီးလည်းပေါ် မလာသေးချေ။ ဘုရားဒဏ် သင့်နေ ကြရပြီလား မပြောတတ်။ ရခိုင့်ရှေးဟောင်း ဘုရားပုထိုးစေတီတော်များသည်ကား တရုပ်နိုင်ငံသို့ သွယ်တန်းသည့် ဂတ်စ်ပိုက်လိုင်းအောက်သို့ ရောက်ကုန်ခဲ့ကြရပြီ။ မြန်မာ့ရွှေပြည် နယ်ပြည်တော် သည်ကား ရောင်စုံမီးရောင်များအောက်၌ နတ်ပြည်တမျှ ရှုမ၀စရာ။ ရန်ကုန်မြို့တော်၏ စက်ရုံ၊ အလုပ်ရုံများသည်ကား ၂၄ နာရီလုံးလုံးလည်ပတ်မြဲ။ ငါတို့ ရခိုင်ပြည်မှ အမျိုးသမီးငယ်များကား မြို့တော် ရန်ကုန်မှာသွားပြီး စက်ရုံ အလုပ်ရုံတွေမှာ နေ့မအား၊ ညမလပ် အသက်ဆက်ဖို့ အလုပ်လုပ် နေကြရသည်။ ၄ သန်းခန့် သော ရခိုင်လူဦးရေ၏ တ၀က်မျှသည် ရခိုင်မြေတွင်မရှိကြရ၊ ၀မ်းရေးအတွက် အသက်ဆက်ဖို့ မိသားစုကိုခွဲခွါလို့ ဝေးရပ်ဒေသများဆီသို့ ဦးတည်ထွက်ခွါလာခဲ့ကြရပေပြီ။ များသောအားဖြင့် ရခိုင်လူငယ် မြောက်များစွာတို့ကား ထိုင်းနှင့်မလေးရှားနိုင်ငံများမှာ တရားမ၀င်နေထိုင်ပြီး ဘ၀ လုံခြုံရေးမရှိဘဲ အသက်ဆက်ကြေးရှာဖွေနေကြရသည်။ ဤသည်ကား ဗမာအစိုးရ အဆက်ဆက် တို့၏ ဆိုးမွေပေါင်းမျိုးစုံကို ရခိုင်ပြည်သူတို့ အဆက်မပြတ်ခါးစည်းခံစားလာနေရသော သမရိုးကျဖြစ်ရပ်ပင်တည်း။ သို့သော် အငတ်ပြတ်ဘေးကြောင့် ရခိုင်မြေမှာ ရခိုင်ဒုက္ခသည်မရှိပါ။

ရမ်းဗြဲမြို့နယ် သပြေချောင်း ကျေးရွာမှ အသက် ၂၆ နှစ် အရွယ် ရခိုင်သူမငယ် မသီတာထွေးအား မေလ ၂၈ ရက်နေ့မှာ လူမျိုးခြားတစုက မုဒိမ်းကျင့်ခံရသည်သာမက ရက်ရက်စက်စက်ပင် သတ်ဖြတ် ခံလိုက်ရသည်။ ယင်း၏ နောက်ဆက်တွဲဖြစ်ရပ်ဆိုးများကား အံ့မခန်းဖွယ်မျှ ကျယ်ပြော၍၊ ရခိုင်ပြည်သူ တရပ်လုံး၏ အသက်အိုးအိမ်စီးစဉ်ကို တိုက်ရိုက်ထိပါးလာစေခဲ့သည်။ တိုင်းတပါးသားတို့၏ နယ်ချဲ့စစ်ကြောင့် အ၀တ်တထည် ကိုယ်တခုဘ၀ကို သိန်းချီသော ရခိုင်သားတို့ ရောက်သွားကြရလေပြီ။ ရာချီသော မျိုးချစ် ရခိုင်တို့ကား အဖိုးမဖြတ်နိုင်သော ဘ၀အသက်ကို အမျိုး၊ ဘာသာ အတွက်ပေးစွန့်ခဲ့ကြသည်။

ခံစစ်သက်သက်ဖြင့် ခုခံရင်း၊ အမျိုးဂုဏ် ဇာတိဂုဏ်ကို ပြသခဲ့ကြသော သူရဲကောင်းများဖြစ်သည်။ (ဤနေရာတွင် စစ်ဟုသုံးစွဲရာ၌ စာရေးသူကား ပြည်တွင်း စစ် (သို့မဟုတ်) တိုင်းတပါးမှကျူးကျော်စစ်ကို မဆိုလိုပါ၊ နယ်စပ်မှ ခိုးဝင်လာသူ သမိုင်းလိမ် ဘင်္ဂလီတို့၏ ရက်စက်စော်ကားမှုကို တင်စားခြင်းဖြစ်သည်။) ၀ါးချွန်ကိုကိုင်ရင်း အမျိုးဘာသာအတွက် အသက် စတေးပေးသွားကြသူ ရခိုင်သူရဲကောင်းအပေါင်းတို့အား မေ့ပျောက် နိုင်ကြမည်မဟုတ်ပေ။ တစ်လကြာ ခံစစ်ကြောင့် ရခိုင်ပြည်မှာ ရခိုင်ရွာ၊ ရပ်ကွက်များစွာ ပြာမှုန့် အတိဖြစ်ကုန်ရသည်။ သို့သော် ယင်းစစ်ကား မပြီးဆုံးသေး။ သို့လောသို့လောနှင့် မည်မျှရှည်ကြာဦးမည်ကို မပြောနိုင်သကဲ့သို့၊ ယင်းထက် ပြင်းထန်သော စစ်ပွဲကြီးလည်း မဖြစ်လာနိုင်ဟု ယတိပြတ်မဆိုနိုင်ပေ။ ကောက်ကျစ်သော တိုင်းတပါးသားတချို့၏ ရေရှည်စီမံကိန်းဖြင့် အကွက်ကျကျဖြင့် မြန်မာပြည် အနောက်ဖက်တံခါးကိုချိုးဖောက်နေမှုအား အမျိုးသားရေးသတိဖြင့် မျက်ခြေမပြတ် စောင့်သိကြဖို့ အရေးကြီးသည်။ လက်ရှိ ဗမာအစိုးရမှ စီစဉ်ပေးသည့် ဒုက္ခသည်စခန်းဟုခေါ်ဆိုသော အဆောင်တဲများ၌လည်းကောင်း၊ ဘုန်းကြီးကျောင်းများ၌လည်းကောင်း၊ အားငယ်သေးသိမ်စိတ်များဖြင့်၊ မလွှဲမချောင်သာဘဲ ရခိုင်ဒုက္ခသည်များဟု ဆိုသည့် ဘ၀ဆိုးသို့ ရောက်နေကြရလေပြီ။

ဒေါင်းယောင်ဆောင်သောကျီ်း၊ ဧည့်သည်မပီသောမိစ္ဆာကောင်များ၏ ထိုးစစ်ကား ဆက်၍ရှိနေဦးမည်။ ရခိုင်အမျိုးသားတို့မှာလည်း ယင်းထိုးစစ်ဒဏ်ကိုရှောင်လွှဲ၍ လွယ်လွယ်နှင့်ရနိုင်မည်ကားမဟုတ်။ ယင်းမိစ္ဆာ ကောင်တို့၏ အန္တရာယ်ကား နက်ရှိုင်းပိရိလွန်းသည်ကို အထူးပြုနိုင်ကြရမည်။ ဤတစ်တာ စစ်အခင်းကြောင့် မြန်မာနှင့်ကမ္ဘာက ပိုပြီးနားလည်သွားကြသည်ဟုယူဆသည်။ သို့သော် လူ့အခွင့်အရေးဆိုသည်ကို မျောက်ပြ ဆန်တောင်း အသုံးချကြသူ ဒေါ်လာစားတချို့၏ ကလိမ်ကကျစ်ကျမှုကိုလည်း သတိထားမိကြဖို့လိုသေးသည်။ ဤပြဿနာကို ဖြေရှင်းဖို့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီကဲ့သို့ ခဲနဲ့ပေါက်သည့် နိုင်ငံသားကဒ်စီစစ်ရေးကို ယခုမှလုပ်နေ၍ မဖြစ်တော့ပေ။ သွားလေရာရာမှာ အမောပြေအဖြစ် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ ဘယ်တုန်းကမှ မရရှိခဲ့ဘူးဆိုသည့် ပြောဆိုချက်ဖြင့် သင်္ကြန် အမြောက်ကြီးလိုက်ဖောက်နေ၍ ရှင်းနိုင်မည့်ကိစ္စလည်း မဟုတ်ချေ။ ရာဇပလ္လင်ထက်မှာ ဖင်မြဲဖို့ကြိုးစားယင်း မျိုးမတူ၊ ဘာသာခြားတို့အား ပြည်ပကနေ အလုံးအရင်းနှင့် သွင်းယူထားခဲ့သည့် ငတေမောင်နု၏ ဇာတ်လမ်း အရှုပ်တော်ပုံကိုကား ဝေဟင်ပစ် ဒုံးကျဉ်အဖြစ် လက်ရှိ ကျင်းပနေဆဲဖြစ်သော ပြည်သူ့လွှတ်တော် ကြီးမှာ ဗြောင်ရှင်းကြရပေတော့မည်။ တချို့ပြောကြသော တရားဥပဒေစိုးမိုးမှုမျှလောက်နှင့် လုံလောက်တော့မည် မဟုတ်တော့ပေ။ အလင်းနှင့်အမှောင်ကို ခွဲခြားလိုက်ကြရမည့် အချိန်ကို ဆိုက်ရောက်နေ ပြီဖြစ်သည်။ ယခုနှစ် မတ်(ခ်ျ)လကလည်း ရခိုင်ပိုင်ရေပိုင်နက်တခြမ်းကို ယင်းရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတို့၏မူရင်းဌာနေတိုင်းပြည် ဘင်္ဂလားဒေ့ရှ်သို့ လက်ရှိ မြန်မာအစိုးရက ဖဲ့ပေးခဲ့လိုက် ရပြီးဖြစ်သည်ကိုလည်း သင်ခန်းစာအဖြစ် ယူလောက်ကြပြီ။
အမျိုးသားအရေးကို ထင်တိုင်းကြဲကြမည့်အချိန်လည်းမဟုတ်တော့ပေ။ လက်ရှိ ကျင်းပနေဆဲဖြစ်သော လွှတ်တော်သည် သေရေးရှင်ရေးတမျှ အရေးကြီးနေသည်။ ယင်းရိုဟင်ဂျာဆိုသူတို့ မြန်မာနိုင်ငံမှာ အမှန်တကယ်မရှိ၊ မရှိခဲ့ဆိုသည်ကားရှင်း၏။ သို့သော် သမိုင်းနှင့်ဆီလျော်စွာ ကျိုးကြောင်းပြ၍ ကမ္ဘာသို့ ထုတ်ပြန် ပေးရမည့်လက်ငင်းအရေးကား ဤလွှတ်တော်မှပင်ဖြစ်သည်။ ယင်းမှတဆင့်သာ တရားဥပဒေစိုးမိုးမှုဆိုသည်ကို ဆက်လက်တိုးမြှင့်ပေးရန်ဖြစ်သည်။ ဆိုလိုသည်မှာ ပို၍ခိုင်မာသော လူဝင်မှုကြီးကြပ်ရေး ဥပဒေကိုပြင်ဆင်ဖြည့်စွက်ကျင့်သုံးရေးဖြစ်သည်။ သို့မှသာ နိုင်ငံအရေးစိတ် ငြိမ်းအေးဖွယ်ရှိလာရာ ရောက်မည်။ မြေမျို၍လူမျိုးမပျောက်၊ လူမျို၍လူမျိုးပျောက်သော စကားပုံရှိသည်။

ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီသည်လည်း အမျိုးသားလုံခြုံရေးနှင့်ဘ၀ရှင်သန် ရပ်တည်နိုင်ရေးအတွက် လုပ်ငန်းဆောင်တာများစွာကို ကျင်းပဆဲ ပြည်သူ့လွှတ်တော် ကြီးမှာ ရခိုင့်အားမာန်ကို ပြသရန်သာရှိတော့သည်။ အဓိကအားဖြင့် တဖက်နိုင်ငံ နယ်စပ်မှ ခိုးဝင်လာသူ သမိုင်းလိမ် ဘင်္ဂလီတို့၏ မကြာသေးမီက ရခိုင်အမျိုးသားများအပေါ် ရက်စက်ယုတ်မာစော်ကားမှုလုပ်ရပ်တိုင်းသည် မြန်မာနိုင်ငံ၏ အချုပ်အချာနှင့် အုပ်ချုပ်ရေးယန္တရားကို ထိပါးခြင်းသက်သက်ဖြစ်သည်။ ယင်းကြောင့် ဤအရေးကိစ္စမှာ အမျိုးသားရေး ကိစ္စရပ်သာဖြစ်ကြောင်းနှင့် တိုင်းပြည်ရေရှည်အကျိုးစီးပွါးအတွက် လိုအပ်သောဆုံးဖြတ်ချက်များ၊ ပြုပြင် ပြောင်းလဲ ဖြည့်စွက်မှုများအားဖော်ဆောင်ပေးဖို့အရေးကို အန်အယ်ဒီအပါအ၀င် တိုင်းရင်းသားပါတီများ၊ မျိုးချစ် ပြည်ချစ် ပါတီများဖြင့် ပူးပေါင်းကာ လွှတ်တော်တွင်း၌ပင် အကောင်အထည် ဖော်ရတော့မည်။ ဖော်ပြခဲ့သကဲ့သို့ လွှတ်တော်အလုပ်ကို ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်ခဲ့ပါလျှင် ခေတ်ရေပန်းစားလာခဲ့သော အကျင့်ပျက် ခြစားမှုများလည်း လျော့နည်း ပျောက်ပျက်သွား မည်ဖြစ်သည်။ အန်ဂျီအို၊ အိုင်အန်ဂျီအိုများလည်း ထင်သလို ရှယ်လှယ် နိုင်ကြတော့မည်မဟုတ်ချေ။ လူ့အခွင့်အရေးကို ကိုးကွယ်သယောင် အယောင်ဆောင် ဘာသာရေးအစွန်းရောက်များသည်လည်းကောင်း၊ အခွင့်အရေးမျှော်ကိုးသည့် စီးပွါးရေးသမား များသည်လည်းကောင်း စိတ်ချင်တိုင်းကြဲနိုင်သည့် အခွင့်အရေးကို ရရှိကြလိမ့်မည် မဟုတ်တော့ပေ။ သို့ဆိုလျှင် လက်ရှိအတိ ဒုက္ခရောက်နေကြရသော ရခိုင်သားအပေါင်းတို့၏ ဖြစ်ရပ်မှန်မှာ ယာယီကယ်ဆယ်ရေး စခန်းများ တွင်သာရှိနေကြရမည်ဖြစ်ပြီး၊ ဒုက္ခသည်စခန်းရှိ ဒုက္ခသည်ဘ၀မှသည် အမိမြေ၌မလွှဲမချောင်သာ အကယ်ဆယ်ခံကြရ သူများသာ ဖြစ်ကြရပေလိမ့်မည်။ ရခိုင်သားတို့သည် ရခိုင်မြေ၌ ဒုက္ခသည်မဟုတ်ကြပေ။
" အဲဒါကြောင့်မို့ မင်းတို့ ထောက်ပံ့တဲ့ ပစ္စည်းတွေကို ငါတို့ မလိုအပ်ဘူး၊ မင်းတို့ မလာပါနဲ့လို့ ပြောလိုက်တယ်။ တို့လူမျိုးတွေက သူများကို အားကိုးတဲ့လူမျိုး မဟုတ်ဘူး။ ဒီလိုဘဲ ပြောပြီး သူတို့ကို ကျောင်းထဲက လွှတ်လိုက်တယ်"
လွန်ခဲ့သည့် ၂ ရက် ( ဇူလိုင်လ ၃ ရက် ) နေ့က မောင်တောမြို့အလိုတော်ပြည့်ကျောင်း ဆရာတော်ကြီးက အန်ဂျီအိုများအား ဤသို့မိန့်ကြားခဲ့ကြောင်း နိရဉ္စရာသတင်းတွင် ဖတ်ရှု့လိုက်ရခြင်းသည် စာရေးသူ၏ ရေးလက်စဆောင်းပါးကို အားမာန်အပြည့်ဖြင့် အဆုံးသတ်စေခဲ့၍၊ ဤဆောင်းပါးဖြင့်ပင် ဆရာတော်ကြီးအား ဦးညွတ်ကန်တော့အပ်ပါသည်။

No comments:

Post a Comment

 
Blogger Widgets