Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Monday 2 July 2012

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ ၅ သိန်းသာ အဖြူရောင်ကပ် ထုတ်ခဲ့

ရွှေဟင်္သာသတင်းဌာန

ရခိုင်ပြည်နယ်၌ ရှိသည့် ဘင်္ဂါလီ ၁၀ သိန်း ရှိသည့် အထဲတွင် white card ထုတ်ပေး ထားသည့် ဦးရေ မှာ ၅ သိန်း သာ ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော် စက်မှု ၀န်ကြီး ဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် ပြောကြား ခဲ့ပါသည်။

အဆိုပါ ဘင်္ဂလီ လူမျိုးများကို နိုင်ငံသား စိစစ်ရေးကတ် ၊ဧည့်ကပ်၊ ပြုကပ်၊ FRC ကပ်၊ white card ဟူ၍ ကတ် ၅ မျိုး ထုတ် ပေးထားကြောင်း၊ နှင့် ကပ်တမျိုးမျိုးနှင့် သင့်တော်သူများကိုလည်း ထုတ်ပေးလျက် ရှိသည်ဟု ၀န်ကြီးက ဆိုသွားပါသည်။

ဤအထဲ၌ မြန်မာ တိုင်းရင်းသား စစ်စစ် မျိုးနွယ်စုများ အချင်းချင်းမှ ဆင်းသက် လာသူများကိုသာ နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေး ခြင်း ဖြစ်ကြောင်း ဆိုပါသည်။

ဇွန်လ ပထမ ပတ်၌ စတင်ခဲ့သော ရခိုင်ပြည်နယ် အကြမ်းဖက်တွင် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သော သူများစရင်းကို စုံ စမ်းစစ် ဆေးနေသောအဖွဲ့က ယနေ့ ပထမ အကြိမ် ထုတ်ပြန် ခဲ့ပါသည်။ ထိုစရင်း၌ မေလ (၂၈) ရက်နေ့က ရမ်းဗြဲကျွန်းမှ  ကျောက်နီမော် ကျေးရွာသူ တဦးအား အဓမ္မပြုကျင့်မှုမှ တရားခံများကို သေဒဏ် ပေးခဲ့ပြီး ဖြစ်ပါသည်။

ဇွန်လ (၃) ရက်နေ့က တောင်ဂုတ်မြို့၌ ဘင်္ဂလီ (၁၀) ဦး အသတ် ခံရမှု၌ ပတ်သက်သူ (၃၀) ယောက်ကို ဖေါ်ထုတ်နိုင်ခဲ့ခြင်း၊ နှင့် ဇွန်လ (၃) ရက်နေ့ က စစ်တွေမြို့ရဲစခန်းဆန္ဒပျြမှု နှင့် ပါတ်သက်ပြီး ပြစ်မှုကျူးလွန်သူ (၂၄) ဦး ရှိတဲ့ အထဲမှာ (၁၉) ဦးကို ဖမ်းဆီး နိုင်ခဲ့သည်ဟု ယနေ့ ထုတ်ပြန် ခဲ့ပါသည်။
ဤအရေး အခင်းများကြောင့် ရခိုင်ပြည်နယ်၌ ဘင်္ဂလီများ တရားမ၀င် ၀င်ရောက် နေထိုင်မှုကို စစ်ဆေးပြီး အရေးယူမည်ဟု ပြည်ထဲရေး ဌာနက ဆိုခဲ့ပါသည်။ မည်သို့ အရေးယူမည်ကိုမူ မသိရသေးသော်လည်း ဤစီစစ်မှု မပြီးသရွေ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံနှင့် ဆွေးနွေးရမည့် အရေးကိုလည်း သမ္မတ ဦးသိန်းစိန်က ရွှေ့ဆိုင်း ထားခဲ့ပါသည်။

No comments:

Post a Comment

 
Blogger Widgets