Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Monday 2 July 2012

မောင်တော နစက နဲ့ ဘင်္ဂါလီ

သစ်ထူးလွင်


ရခိုင်ပြည်နယ် မောင်တောမြို့  နစက ဒေသကွပ်ကဲရေးမှူး ဒုတိယဗိုလ် မှူးကြီးအောင်ကြီး ဦးဆောင်သည့် အဖွဲ့ မှ ၈/၆/၁၂ ခုနှစ်တွင် အကြမ်းဖက်မှု ဖြစ်စေသော အခြေခံ ဆုတောင်းပွဲကို ကျပ်ငွေသိန်းပေါင်း ( ၃၅၀ဝ ) သုံးထောင်ငါးရာ နှင့်  ခွင့်ပြုခဲ့ပြီး  နိုင်ငံတော် ၏ တည်ဆဲဥပဒေကို ချိုးဖေါက်ကြောင်းသိရပါတယ်။

ဒါအပြင် သညန များအား (၄) လတွင် (၁၀ဝ၀ဝ)တစ်သောင်း ကျပ်အထိ ကောက်ခံ၍ ဘင်္ဂလီများကို ကိုင်ဆောင်ခွင့်ပြုထားပါတယ်။

၎င်း ဘင်္ဂလီ အိမ်ထောင်စုစစ်ဆေးရာတွင်လည်း တရားမဝင် ဘင်္ဂလီတစ်ယောက်အား အိမ်ထောင်စုထဲ ထည့်လိုလျှင် ငွေကျပ် (၂၀ဝ၀ဝ၀ ) နှစ်သိန်း မှ (၅၀ဝ၀ဝ၀) ငါးသိန်း အထိယူပြီး အိမ်ထောင်စု ဝင်ခွင့်ပြုထားပါတယ်။

၎င်းဘင်္ဂလီအား မိသားစုဝင် ဓါတ်ပုံထဲထည့်ရိုက်ရန် ငွေ (၅၀ဝ၀)ငါးထောင် ကျပ် ထပ်ပေးရပါတယ်။

မြို့ နဲ့ ဝေးတဲ့ နယ်မြေ ဒေသတွေမှာ လုံထိန်း/ ရဲ / တပ်မတော်တို့မှ ဝန်ထမ်းတို့သည် လက်နက်အပြည့် အစုံနှင့်ပင် ရွာထဲသို့မဝင်ရဲကြသော်လည်း နစကတို့ကမူ လက်နက်မပါဘဲ ဝင်ထွက်သွားလာနေတာကို တွေ့ ရတယ်လို့ 
ဒေသခံတွေက ပြောပါတယ်။

မောင်တောဒေသ အနှံ့အပြားမှာ နစက ဝတ်စုံ နစက သေနတ်များနဲ့ ဖြစ်ပေါ်ခဲ့တဲ့ ဓါးပြမှုများကိုလည်း  တခုမှ မဖေါ်ထုတ်ခြင်း မရှိခဲ့ကြောင်း မောင်တောအခြေစိုက် နစက ၀န်ထမ်းတဦး က Myanmar News Now ကို ပြောပါတယ်။

No comments:

Post a Comment

 
Blogger Widgets