Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Thursday 21 June 2012

စစ်တွေဒေသ တည်ငြိမ်မှုပြန်လည်ရရှိပြီဟု ပြည်နယ်ဥပဒေချုပ် ပြောကြား

မြန်မာတိုင်းမ်

စိုးသန်းလင်း
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

စစ်တွေမြို့အတွင်း လုံခြုံရေးအတွက် ကင်းလှည့်နေသော
ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
ဓာတ်ပုံ - ဘူးသီး
ဇွန်လ ၉ ရက်မှ ၁၃ ရက်နေ့ ညနေ အထိ ကျီးလန့်စာစားဖြင့် ကြောက်ရွံ့တုန် လှုပ်ချောက်ချားခဲ့ကြရသော ရခိုင်ပြည် နယ်စစ်တွေ ဒေသရှိ ပြည်သူတို့သည် ဇွန် လ ၁၃ ရက် ညပိုင်းမှစ၍ ယခင်ကဲ့သို့ မဟုတ်သည့်တိုင် အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှု ပြန်လည် ရရှိလာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြည်တွင်း ပြည်ပမီဒီယာများသို့ ပြောကြားခဲ့သည်။

"အရေးပေါ်အခြေအနေ ကြေညာ ပေးပြီးနောက်ပိုင်း ဒေသအာဏာပိုင် တွေက တပ်မတော်ရဲ့ အင်အားကို ဥပဒေနဲ့အညီ အသုံးပြုခွင့်ရခဲ့ ပါတယ်။ ဒီမှာရှိ တဲ့ လုံခြုံမှုထိန်းသိမ်းရေးတပ်ရင်း၊ ဒေသခံ ရဲအင်အား အကူအညီနဲ့ တပ်မတော် တို့ ပူးပေါင်းဆောင်ရွက်ကြရာမှာ ဖြစ်ခဲ့တာ တွေလည်း ဖြစ်ခဲ့ပြီးပါပြီ။ ဒီလို တစ်စတစ်စ ထိန်းသိမ်းဆောင်ရွက် လာရင်းက မနေ့ကညမှာ မူလအနေအထားကို ပြန်ရောက်လာပါပြီ။ တည်ငြိမ်စပြုလာပြီလို့ ပြောနိုင်ပါတယ်"ဟု ၎င်းက ဇွန်လ ၁၄ ရက် ညနေတွင် ရခိုင်ပြည်နယ်အစိုးရရုံး ၌ ပြည်တွင်းပြည်ပမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်တွေမြို့၌ ယခင်ရက်များတွင် အစိုးရရုံးများ၊ စာသင်ကျောင်းများ၊ ဈေးများနှင့် ပုဂ္ဂလိကဘဏ်များပါ ပိတ်ထား ခဲ့ကြရာမှ ဇွန်လ ၁၃ ရက်နေ့တွင် ပုဂ္ဂ လိကဘဏ်အချို့ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းသည် စစ်တွေဒေသပြန်လည်တည် ငြိမ်စပြုလာကြောင်း သက်သေပြ သည့် ခိုင်မာသော သာဓကတစ်ရပ်ဖြစ်သည် ဟု ၎င်းက ပြောကြားသည်။

"တည်ငြိမ်မှုသာမရှိခဲ့ရင် ငွေကြေး အခြေခံတဲ့ ဘဏ်လုပ်ငန်းတွေ ဖွင့်နိုင်ဖို့ မလွယ်ပါဘူး။ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ အရပ်ရပ် သတင်းအခြေအနေတွေကို သူတို့ သုံးသပ်ပြီးတော့မှ မနေ့က ဖွင့်ခဲ့ ကြပါတယ်။ အောင်မြင်ပါတယ်။ ဒီနေ့လည်းအဲဒီဘဏ်တွေ ဆက်လက်ဖွင့်လျက် ရှိတာကြောင့် ဒါဟာ တည်ငြိမ်မှုအတိုင်း အတာတစ်ခုရရှိကြောင်း ပြယုဂ်ကောင်း တစ်ခုပါပဲ။ အဲဒီအခြေအနေ ကနေ ပိုပြီး ကောင်းလာအောင် ကျောင်းတွေ၊ အရောင်းအ၀ယ်တွေ၊ လယ်ယာလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်နိုင်၊ လည်ပတ်လာ နိုင်အောင် ပြည်နယ်အစိုးရအနေနဲ့ ဆောင်ရွက်လျက် ရှိပါတယ်"ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

"ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို တည်ဆောက်ဖို့ ပြည်နယ်အစိုးရက ပူးပေါင်းကော်မတီတစ်ခုကို ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ စစ်တွေမြို့ပေါ်က ရပ်မိရပ်ဖတွေ၊ မွတ်စလင်ဘက်က ရပ်မိ ရပ်ဖတွေ၊ ဘာသာရေးခေါင်းဆောင် တွေ၊ NGO ကိုယ်စားလှယ်တွေ၊ နိုင်ငံ ရေးပါတီတွေရဲ့ ကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့ပြီး ဇွန်လဆန်း ၅ ရက်နေ့ကစပြီး တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီမှာ ပြည်ထောင်စု အစိုးရပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးလည်း ရောက် လာပြီး ရခိုင်ပြည် နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းမှုထိန်းသိမ်းရေး ပူးပေါင်း အဖွဲ့နဲ့ တွေ့ဆုံပါတယ်။ "တွေ့ဆုံ ရာမှာ နှစ်ဖက်စလုံးက ငြိမ်းချမ်းမှုကို လိုလားကြောင်းပြတဲ့ အတွက် ရခိုင်နဲ့ အစ္စလာမ်ဘာသာဝင်တွေ ပူးတွဲနေထိုင်တဲ့ ရပ်ကွက်တွေ အထိ ဆင်းပြီး ဟောပြောစည်းရုံး ဆောင်ရွက်ခဲ့ရာမှာ အတော်အတန်အောင်မြင်မှု ရခဲ့ပါတယ်။ မြို့နယ်အများစုမှာ ၇ ရက်နေ့အထိ အခြေအနေတွေ အတော်လေး ကောင်းခဲ့တာပါ။ "၈ ရက်နေ့ညနေပိုင်း ကျွန်တော် ကျောက်ဖြူမြို့နယ်မှာ ရှိနေစဉ်မှာပဲ မောင်တော ဖြစ်စဉ် ပေါ်လာတယ်။ အဲဒီကနေ ၁၃ ရက်နေ့အတွင်းမှာတော့ ဖြစ်ရပ်အမျိုးမျိုးတွေကို နှစ်ဖက် စလုံးက ကြုံတွေ့ခံစားကြရပါတယ်။ မနေ့ညကမှ မူလအနေအထားကို ပြန်ရောက်ပါတယ်လို့ ပြောနိုင်တာပါ။ "ဖြစ်ပြီးသွားတာတွေကို ကြည့်လိုက် ရင် ဘယ်သူမှမနိုင်ဘူး။ ဘယ်သူမှ အကျိုးအမြတ်မရှိဘူး။ သို့သော် ဒီဖြစ်ရပ် အပေါ်မှာ ဖြစ်စေချင်တဲ့ လူတွေကတော့ စိတ်ထဲမှာ ကျေနပ်ကောင်း ကျေနပ်သွား ကြလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒုက္ခသည်တွေ တစ်ပုံတစ်ပင်ကြီးရရှိ လိုက်တဲ့ အကျိုးအမြတ်ပဲရှိပါတယ်။ ဒါကြောင့် ဒီလို ရခိုင် ပြည်နယ်မှာ ဖြစ်တဲ့ ဖြစ်ရပ်မျိုး ဘယ်နေရာမှာမှ မဖြစ်စေချင်ပါဘူး"ဟုဦးလှသိန်းက ပြောသည်။

No comments:

Post a Comment

 
Blogger Widgets