Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Thursday 21 June 2012

ရခိုင်ပဋိပက္ခများကို ဖြေရှင်းရေး၌ နိုင်ငံတကာမှ အကန့်အသတ်ဖြင့်သာ ကူညီပေးနိုင်

မြန်မာတိုင်းမ်

နန်းတင်ထွေး
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို ဖြေရှင်းရေးလုပ်ငန်းတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အကန့် အသတ်ဖြင့်သာ ကူညီပေးနိုင်မည်ဟု ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ထိပ်တန်း အကူအညီပေးရေးအဖွဲ့ကြီး၏ အကြီးအကဲဖြစ်သူက မြန်မာတိုင်း(မ်) ကိုပြော ကြားသည်။

အဆိုပါ ပဋိပက္ခများကြောင့် ယနေ့ အချိန်အထိ လူ ၅၀ ကျော်အသက်ဆုံးရှုံး ပြီးဖြစ်ကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး အိမ်ခြေပေါင်း ၂၅၀၀ ကျော် မီးလောင် ကျွမ်းခဲ့ရသည့် အဆိုပါဖြစ်ရပ်မှာ အလွန် ကြေကွဲဖွယ်ဖြစ်သည်ဟု ဗြိတိန်အပြည် ပြည်ဆိုင်ရာဖွံ့ဖြိုးရေးဌာန (Department for International Developement) ၏ အကြီးအကဲ ပေါလ်ဝစ်တင်ဂမ် က ဇွန် ၁၄ ရက်၌ ပြောသည်။

"အသက်တွေ သေဆုံးရတာနဲ့ ပဋိပက္ခ တွေ တင်းမာနေတာတွေကို စိုးရိမ် ပူပန် မိပြီး ကျွန်တော်တို့အနေနဲ့ အနီးကပ် စောင့်ကြည့်နေပါတယ်။ အခြေအနေကို အမြန်ဆုံး ပြန်လည်ထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်တယ်"ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တရားဥပဒေ စိုးမိုးရေး ပြန်လည်ရရှိပြီးနောက်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာမှ ကူညီထောက်ပံ့ ပေးနိုင်သော်လည်း ရေရှည်အဖြေတစ်ခု ရရှိရေးအတွက်မူ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ကြရမည်ဟု ၎င်းက ပြောသည်။

"ဒါက တကယ်တော့ နိုင်ငံတကာ အသိုင်းအ၀န်းက ကူညီနိုင်တဲ့ ပြဿနာ မဟုတ်ဘူး" ဟု ၎င်းက ပြောသည်။

"နှစ်ဖက်စလုံးက ခေါင်းဆောင်တွေ ပါဝင်ပြီး ပြည်သူတွေအနေနဲ့လည်း သူတို့ ရဲ့ ပူပန်မှုတွေ၊ အရေးကြီးတာတွေကို တင်ပြနိုင်ကြ ရမယ်"၎င်းက ပြောသည်။

ဇွန်လ ၁၂ ရက်နေ့က နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် Peace Donor Support Group တို့ တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာအန်ဒရူးဟေးကိုယ်တိုင်လည်း ရခိုင်ပြည်နယ်မှ အရေးအခင်းများ ဆက်လက် မဖြစ်ပွားစေရေးအတွက် လိုအပ်သည်များ အားလုံးကို လုပ်ဆောင်သွားရန် သမ္မတဦးသိန်းစိန်ကို တိုက်တွန်းခဲ့သည်။

ကချင်ပြည်နယ်တွင် တစ်နှစ်ခန့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ယခုရခိုင်ကိစ္စသည် ဦးသိန်းစိန်အတွက် နောက်ထပ် စိန်ခေါ်မှုတစ်ခု ဖြစ်သည်ဟု ပေါလ် ၀စ်တင်ဂမ်က ပြောသည်။

လူ့အသက်ပေါင်း များစွာသေကြေခဲ့ရသည့် ရခိုင်ကိစ္စမှာ ကြီးမားသော်လည်း ပြည်သူများအတွက် မှန်ကန်သည့် လမ်းကြောင်းသစ် ပေါ်သို့ သွားနေသည့် မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့ပေးရန် ဆုံးဖြတ်ထားသည်ဟုဆိုသည်။

ဗြိတိန် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးဌာနသည် ရခိုင်ပြည်နယ်အတွက် ကူညီထောက်ပံ့များကို ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အကူအညီပေးရေးအဖွဲ့များမှ တစ်ဆင့် ပေးအပ်သွားမည်ဖြစ်သည်။

No comments:

Post a Comment

 
Blogger Widgets