Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Thursday 21 June 2012

ပြည်ပမီဒီယာများ၏ အသုံး အနှုန်းအချို့ကို ကန့်ကွက်

မြန်မာတိုင်းမ်

နိုနိုအောင်
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ပြည်ပမီဒီယာများ၏ လွဲမှားဖော်ပြမှုများအပေါ် ကန့်ကွက်သည့် အနေဖြင့် အမေရိကန် စင်တာနှင့် ဗြိတိသျှကောင်စီမှ ကျောင်းသူ ကျောင်းသားများက ယခုလ ၁၄ ရက်နေ့တွင် ၎င်းတို့၏ သဘော ထားကို ထုတ်ဖော်ခဲ့ကြသည်။

ရန်ကုန်မြို့၊ ကမ်းနားလမ်း၊ ဗြိတိသျှ သံရုံးနှင့် ဗြိတိသျှကောင်စီ (British Council) ရှိရာ အဆောက်အအုံနှင့် မျက်နှာချင်းဆိုင် နေရာတွင် ကျောင်းသူ ကျောင်းသား ၁၀ ဦးဝန်းကျင် စုပေါင်း၍ ကန့်ကွက်စာတန်းပါ ပိုစတာများကိုင် ဆောင် ဆန္ဒထုတ်ဖော် ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ဆီမှာ အီးမေးလ်တွေ ရှိပါတယ်။ ပြည်ပမီဒီယာအချို့ဟာ ရခိုင် ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် အမှားတွေ ဖြန့်ဝေနေပါတယ်။ ရခိုင်ပြည်နယ်က ကိစ္စတွေဟာ ဘာသာရေး ပဋိပက္ခယောင်ယောင် အသုံး အနှုန်းမျိုး တွေပေါ့။ အဓိက ကျွန်တော်တို့ ပြောချင်တာက ဒါဟာဗုဒ္ဓဘာသာတွေနဲ့ မွတ်စလင်တွေရဲ့ ပဋိပက္ခမဟုတ်ဘူး။ ဒီပြဿနာ ဟာ မြန်မာပြည်က ရခိုင်တိုင်းရင်းသားတွေနဲ့ ကျွန်တော်တို့ ဘင်္ဂါလီခေါ်ခေါ် ရိုဟင်ဂျာခေါ်ခေါ် အဲဒီလူတွေရဲ့ ပြဿနာဖြစ်ပါတယ်။ ဘာသာရေးကြောင့် ဖြစ်တာမဟုတ်ဘူး"ဟု ကျောင်းသားတစ်ဦးဖြစ်သူ ကိုချမ်းသာကျော်က ပြောသည်။

ကျောင်းသားတစ်ဦးကမူ ရခိုင်ပြည် နယ်မှ ပဋိပက္ခများ၏ ဂယက်သည် ရန်ကုန်အထိ သက်ရောက်မှုရှိလာမည်ကို စိုးရိမ်သောကြောင့် ပြည်ပမီဒီယာများအနေဖြင့် ပဋိပက္ခကို ပိုမိုဆိုးဝါးလာ နိုင်စေသည့် အသုံးအနှုန်းမျိုးကို ရှောင်ကြဉ်စေလိုကြောင်း ပြောသည်။

No comments:

Post a Comment

 
Blogger Widgets