Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Thursday, 21 June 2012

စက်လှေစီးဘင်္ဂါလီ ၂,၀၀၀ ကျော် စစ်တွေတွင် ခိုလှုံခွင့်တောင်းဆို

မြန်မာတိုင်းမ်

စိုးသန်းလင်း
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

ဘင်္ဂါလီလူမျိုး ၆၅ ရာခိုင်နှုန်းခန့်ရှိသည့် စစ်တွေမြို့ပေါ်ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းတွင် ဇွန်လ ၁၄ ရက်နေ့စာရင်းအရ ခိုလှုံသူဦးရေ နှစ်သောင်းခန့်ရှိသော အခြေအနေ၌ ဇွန်လ ၁၇ ရက်နေ့ ပင်လယ်ဝ ဆင်တက်မှော်ကျေးရွာအနီးတွင် သောင်တင်လျက်ရှိသည့် စက်လှေ ၂၀ ခန့်တို့မှ ဘင်္ဂါလီ ၂,၀၀၀ ကျော်တို့ သည် စစ်တွေမြို့တွင် ခိုလှုံခွင့်တောင်းခံလာကြောင်း ဒေသအာဏာပိုင်တို့က စိစစ် ညှိနှိုင်းနေဆဲဖြစ်သည်။

"လောလောဆယ်မှာတော့ ခိုလှုံခွင့် ပေးရေး မပေးရေးအတွက် စိစစ်ညှိနှိုင်းနေဆဲပါပဲ။ အဲဒီဘင်္ဂါလီတွေဟာ စစ်တွေ မြို့ပေါ်ကနေ တိမ်းရှောင်သွားသူတွေလား၊ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်ဘက်က အသစ်ထပ်ပြီး ၀င်လာသူတွေလားဆိုတာကိုလည်း သေသေချာချာ စိစစ်နေဆဲ ရှိပါသေးတယ်။ စက်လှေ ၂၀ လောက်မှာ ဘင်္ဂါလီလူမျိုး ၂,၀၆၂ ဦး ပါတယ်လို့ သိရပါတယ်။ လက်ရှိကတော့ သူတို့လှေ တွေဆီကို ဆန်တွေ ပို့ထားပါတယ်"ဟု ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

လောလောဆယ်၌မူ ဒုက္ခသည်စခန်းရှိ ဘင်္ဂါလီတို့၏ မူလနေထိုင်ခဲ့ရာ ရပ်ကွက်များသို့ ပြန်လည်နေရာချရန် မသေချာလှကြောင်း၊ ထိုသို့ နေရာချထားရန်လည်း ခက်ခဲလှကြောင်း၊ ယာယီစခန်း တစ်ခု တည်ဆောက်ဖို့ စီစဉ်နေကြောင်း အာဏာပိုင်တစ်ဦးက ပြောသည်။

"သဲချောင်းက ဘင်္ဂါလီတွေကို စစ်တွေ မြို့ပေါ်က မူလနေရာတွေမှာ ပြန်ထားဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။ ဒါကို အချိန်ယူ ညှိနှိုင်းကြရမှာပါ။ လောလောဆယ်မှာတော့ အခုလက်ရှိ ဒုက္ခသည် စခန်းဖြစ်တဲ့ သဲချောင်းရွာနဲ့ စစ်တွေ တက္ကသိုလ်ကြားမှာ တဲတွေ ထိုးပြီး ယာယီ စခန်းတစ်ခု ဆောက်သွားဖို့ စီစဉ်နေပါတယ်။ သူတို့အားလုံးကို အဲဒီမှာပဲ စုထားဦးမှာပါ"ဟု ဗိုလ်မှူးကြီးထိန်လင်းက ပြောသည်။

No comments:

Post a Comment

 
Blogger Widgets