Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Thursday 21 June 2012

ရွှေတိဂုံနှင့်ဆူးလေစေတီများတွင် ဘာသာရေးနှင့် ဆန့်ကျင်သော အပြုအမှုများကို တားမြစ်ထား

မြန်မာတိုင်းမ်

ချယ်ရီသိန်း
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

ရွှေတိဂုံစေတီတော် ကုန်းတော် ရင်ပြင်၊ ပရ၀ုဏ်နှင့် ၀တ္ထုကံမြေအတွင်း ဘာသာရေးနှင့် မအပ်စပ်၊ ဆန့်ကျင်သောအပြု အမူများ မပြုလုပ်ရန် တားမြစ်ချက်ကို ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ၏ ကျက်သရေဆောင် ဗုဒ္ဓသာသနာသမိုင်းဝင်ဌာနဖြစ်သော စေတီတော်တွင် နေ့စဉ် ပြည်တွင်း ဘုရား ဖူးများသာမက ပြည်ပဧည့်သည်များပါ လာရောက်နေကြသည့်အတွက် ဘုရား ဖူးနှင့် ဧည့်သည်များ စိတ်ချမ်းမြေ့စွာ ဘုရားဝတ်ပြုနိုင်ရေးအတွက် ဂေါပက အဖွဲ့ စည်းမျဉ်းအပိုဒ် ၇၇(ဏ)အရ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့ အစည်း၊ မည်သည့်ပါတီမျှ ရွှေတိဂုံ ကုန်းတော်ရင်ပြင်၊ ပရိဝုဏ်နှင့် ၀တ္ထုကံ မြေအတွင်း ဘာသာရေးနှင့် မအပ်စပ် ဆန့်ကျင်သောအပြုအမူများဖြစ်သည့် လူစုလူဝေးဖြင့် စာတန်းကိုင် ဆန္ဒပြ စီတန်းလှည့်လည်ခြင်း၊ ဟောပြော လှုံ့ဆော်စည်းရုံးခြင်း၊ ကျယ်လောင်စွာ ရွတ်ဆို ဆုတောင်းခြင်း၊ ရန်ပုံငွေ (အလှူငွေ) ကောက်ခံခြင်း စသည်များ မပြုလုပ် ကြရန် တားမြစ်ထားကြောင်း ဂေါပက အဖွဲ့မှ သိရသည်။

အလားတူ ဆူးလေစေတီတော် ဂေါပကအဖွဲ့မှလည်း ဘာသာရေးနှင့် ဆန့်ကျင်သည့်အပြုအမူများကို ဆူးလေ စေတီတော် ပရ၀ုဏ်နှင့် ၀တ္ထုကံမြေ အတွင်း မပြုလုပ်ကြရန် တားမြစ်ထား ကြောင်း ဂေါပကအဖွဲ့ ဦးကြိုင်မြင့်က ပြောသည်။

"ရွှေတိဂုံစေတီလိုတော့ တားမြစ်ချက် တရားဝင် မထုတ်ပြန်ထားပါဘူး။ ဒါပေ မယ့် စေတီတော်မှာ သက်ဆိုင်ရာ အလှည့်ကျ ဂေါပကအဖွဲ့တွေက လှည့် ကြည့်နေတယ်။ မသင်္ကာတဲ့ လူစုလူဝေး တို့လိုမျိုးတွေ့ရင် ချက်ချင်းတားမြစ်တယ်။ ဘယ်ဘာသာမဆို ဘာသာရေးနဲ့ ဆိုင်တဲ့ အဆောက်အအုံတွေဟာ ဘာသာရေးအတွက်ပဲ ဖြစ်သင့်တယ်" ဟု ဦးကြိုင်မြင့်က ပြောသည်။

အဆိုပါ တားမြစ်ချက်များသည် ဘာသာရေးကိုအခြေခံသော မည်သည့် ပဋိပက္ခမှ မဖြစ်ပေါ်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။

အလားတူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများအား တန်ပြန်လက်စားချေခြင်းမပြုဘဲ မေတ္တာဖြင့် ဖြေရှင်းကြရန် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် အရှင်ကုမာရဘိဝံသက နိုင်ငံပိုင်သတင်း စာမှတစ်ဆင့် မိန့်ကြား ချက်ကို ထုတ် ပြန် ကြေညာခဲ့သည်။

မတော်တဆဖြစ်ပေါ်လာသော ပဋိ ပက္ခအမှုကို တန်ပြန်လက်စားချေလို သည့်သဘောဖြင့် မဖြေရှင်းဘဲ အကြောင်းအကျိုး၊ အဆိုး အကောင်း ပညာဉာဏ်ဖြင့်ဝေဖန်ကာ မေတ္တာဖြင့် ဖြေရှင်းသွားမည်ဆိုပါက အားလုံးငြိမ်း ချမ်း ပြေလည်ပြီး သုခချမ်းသာတရား များ ရရှိကြမည်ဟု မိန့်ဆိုထားသည်။

မတူကွဲပြားသော ဘာသာရေး ယုံ ကြည်သူများဖြစ်သော်လည်း လူမှုရေး၊ လူ့ယဉ်ကျေးမှုကိစ္စရပ်များတွင် တစ်ဦး၏ အယူအဆကို တစ်ဦးကလေးစားခြင်း၊ အနှောက်အယှက်မပြုဘဲ မေတ္တာ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ပွားများခြင်း၊ လက်တွဲဆောင်ရွက်ခြင်းဖြင့် လွတ်လပ် စွာ ကိုးကွယ်ယုံကြည့်ခွင့်၏ အနှစ်သာရ ကို ကျင့်သုံးကြစေလိုကြောင်းမိန့်သည်။

အလားတူ (၅၉)လမ်း ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော်မှ ဆရာ ဦးစန်းအောင်ကလည်း ဒေါသဖြင့် တုံ့ပြန် ပါက တုံ့ပြန်သူ အပါအ၀င် မည်သူတစ်ဦး တစ်ယောက်မှ ငြိမ်းအေးနိုင်မည်မဟုတ်ကြောင်း၊ ဖြစ်ပေါ်လာသော ပြဿနာ အရပ်ရပ်ပေါ်တွင် ဆင်ခြင်တုံ တရား လက်ကိုင်ထားပြီး ငြိမ်းချမ်းစွာ ဖြေရှင်း သင့်ကြောင်း ပြောသည်။

"တစ်ခုခုကြားလိုက်တာနဲ့ အကြောင်း အကျိုးကို မခွဲခြားတော့ဘဲ နှစ်ဖက်စလုံး က ဒေါသနဲ့ တုံ့ပြန်ကြတော့တာပဲ။ ဒေါသ ကြောင့်ပဲ လောင်မြိုက်ကြတယ်။ ဒုက္ခ ဆင်းရဲဖြစ်ကြတယ်။ တစ်ခုခုကြားတိုင်း အခြေအနေကို ကြံ့ကြံ့ခံနိုင်ဖို့လိုတယ်။ သူများဆူတိုင်း လိုက်ဆူဖို့ မဟုတ်ဘူး။ ကွက်ကွက်ကွင်းကွင်း ဆန်းစစ်ဖို့လို တယ်။ အခုအချိန်က သတင်းမီဒီယာ ခေတ်ဆိုတော့ မီဒီယာကလည်း ကိစ္စ တစ်ခုကို မကြီးထွားလာအောင် မျှမျှ တတ ဘက်စုံက ဖော်ပြပေးသင့်တယ်" ဟု ဆရာ ဦးစန်းအောင်ကပြောသည်။

အလားတူ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသော အစ္စလာမ်ဘာသာဝင် တစ်ဦးကလည်း "ဒီလိုအခြေအနေမှာ အတင်းအကျပ် ငြိမ်သွားအောင်လုပ်လို့ ရကောင်းရမယ်။ ဒါပေမယ့် လုံးဝအပြီး ပြတ် ငြိမ်းချမ်းသွားမှာတော့ မဟုတ်ဘူး။ ဒီမိုကရေစီလမ်းကြောင်း ပေါ်မှာ ရောက် နေပြီဆိုတော့ အခြေအနေကို သုံးသပ် ဖြေရှင်းတဲ့နေရာမှာ မှန်ကန်မှု ငြိမ်းချမ်း မှု၊ တည်ငြိမ်မှုရှိဖို့ လိုအပ်တယ်"ဟု ၎င်းက ဆိုသည်။

No comments:

Post a Comment

 
Blogger Widgets