Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Thursday 21 June 2012

ရခိုင်ဒုက္ခသည်များ ဆန်၊ ဆေးဝါး၊ အ၀တ်အထည်နှင့် လုံခြုံရေးလိုအပ်

မြန်မာတိုင်းမ်


စိုးသန်းလင်း
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

ရခိုင်ပြည်နယ်အစိုးရ၏ ဇွန်လ ၁၃ ရက် နေ့အထိ တရားဝင်ထုတ်ပြန်သော စာရင်းအရ လူမျိုးရေးပဋိပက္ခကြောင့် မိမိနေရပ်မှ ရွှေ့ပြောင်းလာသော ဒုက္ခသည်ဦးရေ သုံးသောင်းနှစ်ထောင် ခန့် (၃၁,၈၈၄ ဦး)တို့အတွက် စခန်း ပေါင်း ၃၇ ခု ဖွင့်လှစ်ထားရှိကြပြီး စစ်တွေမြို့ပေါ်တွင် ရခိုင်လူမျိုးများ အတွက် ဖွင့်လှစ်ထားသော စခန်း ၁၅ ခု ရှိကာ ဒုက္ခသည်ဦးရေ ၅,၉၆၀ ရှိကြောင်း၊ မွတ်စလင် ဘာသာဝင် ဘင်္ဂါလီလူမျိုးတို့ အတွက် နှစ်ခုရှိရာ ဒုက္ခသည် ၁၈,၈၈၆ ဦး ရှိကြောင်းနှင့် ဘုန်းတော်ကြီးကျောင်း အချို့တွင် ဖွင့်လှစ် ထားသောစခန်းများ အပါအ၀င် စခန်းအချို့၌ ဆန်၊ အ၀တ် အထည်နှင့် လုံခြုံရေးအထောက်အပံ့ များလိုအပ်နေဆဲဖြစ်သည်။

"ဒုက္ခသည်အများစုက မိန်းမတွေ၊ ကလေးတွေပါ။ အိုးမဲ့အိမ်မဲ့ နေစရာမရှိ လို့ ရောက်လာကြပြီး ဘုန်းတော်ကြီး ကျောင်းဖြစ်လို့ ဖြစ်သလို စုဝေးအိပ်ကြရတဲ့အထဲမှာ ညဘက်ဆို ကြောက်လန့်ပြီး နေကြရတယ်။ အိပ်ရေးတွေ ဆက်တိုက် ပျက်တာပေါ့။ စားဖို့ကျ တော့ မနေ့က နာရေး အဖွဲ့တစ်ဖွဲ့က ဆန် ၂၅ အိတ် လာလှူသွားတာရှိတယ်။ ဒီနေ့မနက်မှာ အားမာန် ကရာတေးအသင်းက မနက် စာ လှူတယ်။ သူတို့လိုပဲ မြို့ထဲက တခြား အလှူရှင်တချို့လည်း ရှိတယ်။ Max ကုမ္ပဏီက ခေါက်ဆွဲခြောက်တွေလှူတယ်။ ဒါပေမယ့် ရေရှည်အတွက် ဆန်၊ ဆေးဝါးနဲ့ အ၀တ်အထည်တွေကတော့ လိုနေဦးမှာပဲ"ဟု ဒုက္ခသည်ဦးရေ ၁,၂၀၀ ကျော် ရောက်ရှိခိုလှုံနေသော မင်းကံရပ် ရှိ မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်သိမ်တော်ကြီး၏ ဂေါပကအဖွဲ့ဝင်လည်းဖြစ်၊ ၎င်း စခန်းတာဝန်ခံလည်းဖြစ်သော ဦးလှ မောင်က ပြောသည်။

အဆိုပါစခန်းသို့ စစ်တွေမြို့ နာဇီ ရပ်ကွက်၊ ဓည၀တီရပ်ကွက်၊ ရွာသာယာ ရပ်ကွက်တို့ အပါအ၀င် အကွက်အမှတ် (၁) မှ (၁၇) အထိ တို့တွင် နေထိုင်ခဲ့သော ဒုက္ခသည်များလည်း လာရောက်ခိုလှုံ လျက်ရှိသည် ဆို၏။

အဆိုပါဒုက္ခသည်တို့အတွက် ညပိုင်း တွင် အိပ်ရာနေရာအဖြစ် အသုံးပြုခွင့် ပေးထားသော သိမ်တော်ကြီးအ၀င် စင်္ကြံလမ်း တစ်လျှောက်၌ မိုးသည်းထန်သော ရက်များဖြစ်၍ ရွှံ့ရည်များ ဖုံးလွှမ်း လျက်ရှိသည်ကို တွေ့ရသည်။ စင်္ကြံလမ်း ဘေး၌ ၀ါးဖျာကြမ်းငယ်တစ်ချပ်ပေါ်တွင် ချထားသော နှစ်နှစ်သားအရွယ်ခန့် ကလေးငယ်၏ ဦးခေါင်းရင်း၌ မိခင် ဖြစ်ဟန်တူသူက အနီးတွင်ကပ်ထိုင်လျက်ရှိသည်။

သိမ်တော်ကြီး၏ တစ်ဖက်ခြမ်းရှိ အခင်းကျောက်ပြားမရှိသာ မြေသား စင်္ကြံဘက်၌လည်း ဒုက္ခသည်များ ရွှံ့ဗွက် ထဲတွင်ထိုင်နေ သည်ကို တွေ့ခဲ့ရသည်။

မျက်နှာ ညှိုးနွမ်းလျက်ရှိသော ရခိုင်အမျိုး သား တစ်ဦးက စင်္ကြံလမ်းထိပ်တွင်ထိုင် ကာ လမ်းမဘက်သို့ ကြည့်နေသည်ကို သတိ ထားမိသည်။

"ကလေးငယ်တွေလည်းပါတော့ ခုလို မိုးတွင်းမှာ ကျောက်ပြားကြမ်းပြင်နဲ့ မြေကြီးပေါ်မှာပဲ နေကြရလို့ ဖျာတွေလည်း လိုပါတယ်။ အ၀တ်အထည်၊ ဆေးဝါးနဲ့ ဆန်ကတော့ အဓိကလိုအပ် ချက်တွေပါပဲ"ဟု ခြေချင်းဝတ်တွင် ပတ်တီးစည်းထားပြီး ၀ါးတုတ်တစ်ချောင်း ကို အားပြုကာ သမီးငယ်တစ်ဦးကို လက်၌ ဆွဲလျက် အားယူလျှောက်လှမ်းနေသူ တစ်ဦးက ပြောသည်။

သိမ်တော်ကြီး အတွင်းအကျဆုံး နေရာသည် အဆိုပါဒုက္ခသည် ၁,၂၀၀ ကျော်တို့က စေတနာရှင်တို့၏ ထမင်း အပါအ၀င် အလှူ ပစ္စည်းများကို လက်ခံ ရယူသည့်နေရာ၊ လျောင်းစက်နားနေ သည့်နေရာ၊ ကလေးငယ်တို့ စုဝေးဆော့ ကစားသည့် နေရာဖြစ်နေ သည်။

စစ်တွေမြို့ ဆင်ကူးရပ်ကွက်ရှိ ဆင်ကူးလမ်းဘုန်းတော်ကြီးကျောင်းတွင်မူ ဒုက္ခသည်များ၏ကျန်းမာရေးအတွက် ပုဂ္ဂလိကလူမှုရေး အဖွဲ့တစ်ဖွဲ့ ဖြစ်သော ရွှေစေတီကျောင်းတိုက်မှ ထူထောင်ထားသည့် ရွှေကရုဏာအဖွဲ့ က လာရောက်ကြည့်ရှုပေးကြောင်း အဆိုပါ ကျောင်းတိုက်၏ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တခေမိန္ဒာစာရက မြန်မာ တိုင်း(မ်)ကို မိန့်ကြားသည်။

"ဘုန်းကြီးတို့ကျောင်းကို ဇွန်လ ၈ ရက် နေ့ကစပြီး ဒုက္ခသည်တွေရောက်လာတာ ဒီနေ့ဆိုရင် ၅၈၀ ကျော်ရှိပါပြီ။ ဟိုဘက်ကမ်း ဗျိုင်းဖြူရွာ၊ ဆတ်ရိုးကျရွာနဲ့ စစ်တွေမြို့ထဲက ကုန်တန်းရပ်ကွက်က အိမ်မီးရှို့ခံရတဲ့လူတွေပါ။ နေရေး၊ စားရေးအတွက်တော့ ပထမပိုင်းမှာ ရပ်ကွက်က ထမင်းထုပ် လှူကြတယ်။ ရေရှည်မှာတော့ အဆင်မပြေနိုင်ဘူး။ အဖွဲ့အစည်းတွေ အလှူရှင်တွေက လာပေးကြပါတယ်။ ကျန်းမာရေး အတွက်ကို ရွှေကရုဏာအဖွဲ့က လာကြည့်ပေးပါတယ်"ဟု မိန့်ကြားသည်။

"ဒီဒုက္ခသည်တွေအများစုဟာ သူတို့ ဘ၀မှာ အခက်ခဲဆုံးအခြေအနေတွေကို လွန်မြောက်ပြီးမှ ဒီကိုရောက်လာကြသူတွေပါ။ စားဝတ်နေရေး၊ ကျန်းမာရေး သာမက ညပိုင်းမှာ သူတို့ယုံကြည်စိတ်ချ မှု အပြည့်နဲ့ နေထိုင်သွားဖို့အတွက် ပြည်နယ်အစိုးရပိုင်းကနေ လုံခြုံရေးအစီ အမံတွေကို သူတို့သိအောင် ထားရှိပေး စေလိုပါတယ်"ဟု စခန်းတာဝန်ခံ ဆရာတော်တစ်ပါးက မိန့်သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကယ် ဆယ်ရေး၊ နေရာချထားရေးကော်မတီ၌ အနယ်နယ်အရပ်ရပ်မှ အလှူငွေကျပ် သိန်း ၄,၁၀၀ ကျော် နှင့် ဆန်အိတ် လေးထောင်ခန့် ရရှိထားပြီး ပြည်နယ် အတွင်းရှိ ဒုက္ခသည်စခန်းများသို့ အချိန် နှင့်တစ်ပြေးညီ ကူညီထောက်ပံ့ ပေးပို့ လျက်ရှိကြောင်း သိရသည်။

သို့ရာတွင် စစ်တွေမြို့ပေါ်ရှိ အချို့သော ဒုက္ခသည် စခန်းများသို့ ဇွန်လ ၁၃ ရက်နေ့ နေ့လယ် အထိ ဆန်များလုံးဝမရောက်ရှိသေး ကြောင်း သိခဲ့ရသဖြင့် ၎င်းကော်မတီ၏ တာဝန်ရှိသူအား မေးမြန်းသည့်အခါ "တချို့ကယ်ဆယ်ရေးစခန်းတွေကို ဆန်မရောက်သေး တာမျိုး ရှိကောင်း ရှိနိုင်ပါတယ်။ ဒါကလည်း အဲဒီစခန်းမှာ ဒုက္ခသည်ဦးရေ ဘယ်လောက်ရှိသလဲ ဆိုတာ အတိအကျစာရင်းမရ သေးတာ ကြောင့်လည်း ဒီစာရင်းကို စောင့်နေရ တာမျိုး ရှိပါတယ်။ မောင်တောမြို့နယ် အတွက်ကိုတော့ ဒီနေ့ပဲ မလိခအမြန် မော်တော်ယာဉ်နဲ့ဆန်တွေပါသွားပါပြီ။ "ကျွန်တော်တို့လက်ထဲမှာ ဆန်အိတ် အနည်းဆုံး ၄,၀၀၀ လောက်ရှိပါတယ်။ နောက်ထပ် ကြိတ်ခွဲဖို့ကိုလည်း လိုအပ် တဲ့ စက်သုံးဆီတွေ ကျွန်တော်တို့ ထုတ် ပေးထားပါတယ်။ ဒါကြောင့် စခန်းတွေ အားလုံးကို ဆန်တွေပို့ ပေးသွားပါ့မယ်"ဟု အဆိုပါကော်မတီ၏ တာဝန်ခံဖြစ်သူ ဦးဝင်းမြိုင်က ပြောကြားခဲ့သည်။

"မိတ်ဆွေရခိုင်တွေက တတ်နိုင်သလောက် ကူညီကြပါတယ်။ ဒါပေမယ့် တစ်ရက်ကို ဆန်နို့ဆီဘူးနှစ်လုံးပဲရတော့ ကျွန်တော်တို့ မိသားစုက ၁၀ ယောက်ရှိတော့ မလုံလောက်ပါဘူး။ ဒါကြောင့် ရခိုင်ပြည်နယ်အတွက် နယ်ဝေးကလှူ ထားတဲ့ ဆန်တွေ၊ ပစ္စည်းတွေကို တကယ် လိုအပ်နေတဲ့ နေရာတွေ၊ လိုအပ်နေတဲ့ လူတွေလက်ထဲကို ရောက်စေချင်ပါတယ်"ဟု စစ်တွေမြို့ မရမ္မာကြီးရပ်ကွက် နေ ဟင်ဒူအမျိုးသား ဦးနီတာရှေးက ပြောသည်။

စစ်တွေမြို့လယ် ရခိုင်လူမျိုးတို့ နေထိုင်ရာ အောင်မင်္ဂလာရပ်ကွက်နှင့် ထိစပ်နေသော ဟင်ဒူရပ်ကွက်၊ မရမ္မာ ကြီးရပ်ကွက်တို့ရှိ ဗုဒ္ဓဘာသာဝင် ဟင်ဒူ လူမျိုးများ၊ မရမ္မာကြီးလူမျိုးများ၏ နေအိမ်တို့သည်လည်း မီးရှို့ဖျက်ဆီးခြင်း ခံရသဖြင့် ခင်မင်နီးစပ်ရာ ရခိုင်လူမျိုးတို့ ၏ ကူညီစောင့်ရှောက်မှုဖြင့် နေထိုင် အသက်မွေးနေကြသူများလည်း ရှိနေသည်ကို တွေ့ရသည်။

ကယ်ဆယ်ရေးစခန်း ၁၅ ခုတို့သို့ မရောက်ဘဲ ဤကဲ့သို့ နီးစပ်ရာ မိမိယုံ ကြည်အားထားရာ မိတ်ဆွေများထံ ခိုလှုံ နေကြသော အိမ်ရာ မဲ့ဒုက္ခသည်များနှင့် ပါဆိုလျှင် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် ဦးရေမှာ ၄၀,၀၀၀ ကျော်ရှိနိုင်သည်ဟု ဒေသခံတို့က ပြောကြားသည်။

No comments:

Post a Comment

 
Blogger Widgets