Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Thursday 21 June 2012

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် အရေးပေါ် အထောက်အပံ့တိုးမြှင့်ရန် ကုလသမဂ္ဂစီစဉ်

မြန်မာတိုင်းမ်

ဇော်ဝင်းသန်း
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် တွေ့ရသည့် ဒေသခံများ။
ဓာတ်ပုံ - ဘူးသီး
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ ဗီဂျေးနန်ဗီးယားသည် ရခိုင်ပြည်နယ် အတွင်း လုံခြုံရေးနှင့် အရေးပေါ်ကူညီ ထောက်ပံ့ရေးကိစ္စများကို တိုးမြှင့်ဆောင် ရွက်ရန် အတွက် စိစစ်ဆောင်ရွက်ပေးသွားမည်ဟု ၎င်း၏ ခရီးစဉ်အပြီး ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

အစိုးရက လတ်တလော ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်တွင် အစား အသောက်၊ ရွက်ဖျင်နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း ထုတ် ဖော်ကြေညာခဲ့ရာ မစ္စတာ နန်ဗီးယားက ၎င်း၏ခရီးစဉ်အတွင်း ကူညီထောက်ပံ့ ရေးဆိုင်ရာ လိုအပ်ချက်များကို လာရောက် ကြည့်ရှု လေ့လာခြင်းဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်အတွင်း အရေးပေါ် လိုအပ်နေသည့် ကူညီထောက်ပံ့ မှုများ ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်အတွက် လက်ရှိ တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများအပြင် အခြားနိုင်ငံတကာ နှင့် ပြည်တွင်းဝန်ထမ်းများ ထပ်ဖြည့်ပြီး ဆောင်ရွက်ရန် ကုလသမဂ္ဂမှ စီစဉ်နေကြောင်း ၎င်းကဆက်ပြောသည်။

မစ္စတာ နန်ဗီးယားသည် မြန်မာနိုင်ငံသို့ Peace Donar Support အဖွဲ့၏ အစည်းအဝေး တက်ရောက်ရန် လာရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံမှ အခြားသောကုလသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူများ၊ နယ်စပ်ရေးရာဝန်ကြီး တို့နှင့်အတူ ရခိုင်ပြည်နယ်ရှိ အကြမ်း ဖက် တိုက်ခိုက်မှုအများဆုံး ဖြစ်ပေါ်ခဲ့သည့် မောင်တောမြို့သို့ ဇွန်လ ၁၃ နှင့် ၁၄ ရက်နေ့တွင် အခြေအနေအား သွားရောက် လေ့လာ ကြည့်ရှုခဲ့သည်။

ခရီးစဉ်တွင် အစ္စလမ်ဘာသာရေး ခေါင်းဆောင် ၁၅ ဦးတို့လည်း ပါဝင် ခဲ့ကြောင်း သိရှိရသည်။
ပဋိပက္ခကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့တို့တွင် လူသားချင်း စာနာသော ကူညီထောက်ပံ့မှုများအတွက် ကူညီထောက်ပံ့ရေးကိစ္စများ ဆောင်ရွက်ပေးရန်အတွက်လည်း ခရီးစဉ်အတွင်း လေ့လာနိုင်ခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် ဒုက္ခသည်များ အတွက် ကူညီထောက်ပံ့မှုများကို အစိုးရ နှင့် လူသားချင်းကူညီထောက်ပံ့မှုပေး သည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် ပေးမည်ဟု ၎င်းကပြောကြားသည်။

ကုလသမဂ္ဂအဖွဲ့၏ ကနဦး ထုတ်ပြန် ချက်အရ ပဋိပက္ခကြောင့် ရခိုင်ပြည်နယ် တစ်ခုလုံးတွင် ဒုက္ခသည်ပေါင်း ၁၅,၀၀၀ ၀န်းကျင် အထိရှိပြီး ၎င်းစာရင်းအနက် ဒုက္ခသည် ၁၀,၀၀၀ နီးပါးမှာ စစ်တွေမြို့၊ ၃,၅၀၀ နီးပါးမှာ မောင်တောနှင့် ဘူးသီး တောင်တွင် ၁,၀၀၀ နီးပါးအထိရှိသည်ဟု ဖော်ပြခဲ့သည်။
သို့သော် ယခုအချိန်တွင် ဒုက္ခသည် စုစုပေါင်း ၃၀,၀၀၀ ကျော် နီးပါးအထိရှိကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိ ကုလသမဂ္ဂမှ ဆန်အိတ် ပေါင်း ၄၀၀ ကျော်အားပေးခဲ့ပြီးဖြစ် ကြောင်းနှင့် အစားအသောက်များကိုလည်း ဘက်လိုက်မှုမရှိဘဲ ကူညီထောက် ပံ့ပေးနေကြောင်း ၎င်းကပြောသည်။
ထို့ပြင် ကုလသမဂ္ဂအဖွဲ့သည် ခရီးစဉ် အတွင်း စစ်တွေမြို့သို့ မရောက်ဖြစ်ခဲ့ သော်လည်း စစ်တွေမြို့ရှိ ရခိုင်နှင့် အစ္စလမ် လူစုများ အကြား အခြေအနေ ပိုမိုတင်းမာနေသည်ကို အထူးသတိထား စောင့်ကြည့်နေကြောင်း ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်အား အရေး ပေါ် အခြေအနေအဖြစ် သမ္မတ ဦးသိန်းစိန်က ယခုလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(က)အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏အကူအညီကို ရယူဆောင်ရွက်နေသည်။

ထို့ပြင် မစ္စတာ နန်ဗီးယားက ရခိုင် ပြည်နယ် ပဋိပက္ခအခြေအနေ မြင့်တက် လာသည့်အတွက် သမ္မတ ဦးသိန်းစိန်က ပြည်သူများအား အချင်းချင်းခွင့်လွှတ် သဘောထားကြီးရန် တောင်းဆိုခြင်းနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကတိပေး ပြောဆိုခဲ့ခြင်းတို့သည် ၎င်း အနေဖြင့် အသိအမှတ်ပြုကြောင်း ပြောသည်။

"သမ္မတရဲ့မိန့်ခွန်းက အစိုးရရဲ့ နိုင်ငံအရေး အသွင်းကူပြောင်းမှုကို ဆက်လက်ဆောင်ရွက်သွားမယ့် ဆန္ဒကို ထုတ်ဖော်ပြသနေ ပါတယ်"ဟု မစ္စတာ နန်ဗီးယားက ဆက်ပြောသည်။

မစ္စတာ နန်ဗီးယားနှင့် အဖွဲ့သည် မောင်တောရှိ ပဋိပက္ခကြောင့် အိမ်ရာများ စွန့်ခွာထွက်ပြေးလာသော ဒုက္ခသည်များ စုဝေးနေ ထိုင်ရာ ဘုန်းတော်ကြီး ကျောင်းသုံးကျောင်း၊ ရဲစခန်း ၀န်းတစ်ခုသို့ သွားရောက်ကြည့်ရှုခဲ့ ကြသည်။

ထို့ပြင် မီးလောင်ကျွမ်းခဲ့သော ကျေးရွာတစ်ရွာနှင့် အဆိုပါ ရွာနှင့်ကပ်လျက်ရှိ အခြားရွာတစ်ရွာသို့လည်း သွားရောက်ကာ ဒုက္ခသည် ပြည်သူများ၊ ဘုန်းတော်ကြီးများ အပါအ၀င် အစ္စလမ်ဘာသာ ရွာသူရွာသား အချို့နှင့်လည်း တွေ့ဆုံခဲ့သည်။

No comments:

Post a Comment

 
Blogger Widgets