Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Wednesday 20 June 2012

ဘာပဲပြောပြော ရာဇဝင်ရှိတယ်

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့မေးခွန်ကို ကမ္ဘာ့အ လယ်မှာ ဒေါ်အောင်ဆန်းစုကြည် ပညာသားပါပါ ဖြေ ကြားသွားပုံဟာဖြင့် ဒီကာလ ဒီသမယမှာ ဒီအရေးနဲ့ ဆက်စပ်လို့ တစ်စုံတစ်ရာ အမြတ်ထွက်နိုး မျှော်လင့်နေ သူတချို့အတွက် မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်သွား စေမှာ အမှန်ပါပဲ။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ရဲ့ အဖြေစကားဟာ ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာတွေရဲ့ ပြည်နယ်ပါလို့တောင် ထုတ်လွှင့်ခဲ့ကြတဲ့ ပြည်ပမီဒီယာတချို့အတွက်လည်း မဟာအရှက်ရစရာဖြစ်စေဖို့ တာသွားခဲ့ပါတယ်။
ကိုယ့်ရာဇဝင်ကိုယ်သိကြတဲ့ မြန်မာတွေအတွက် တော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ အဖြေစကားဟာ အဓိပ္ပာယ်တစ်ခုကို သွယ်ဝိုက်စွာ၊ ပါးနပ်လိမ္မာစွာ ဖော် ပြသွားတာကလွဲလို့ အထူးအဆန်းမဟုတ်ပါ။

ဒီတစ်ခါတော့ မြန်မာတွေရဲ့ ရာဇဝင်Time Line ထဲက တချို့နေရာလေးတွေကို ခဏလောက် ထောက် ကြည့်ခွင့်ပြုပါ။
ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ တစ်စုတစ်စည်း တည်း မဖြစ်ခဲ့သေးတဲ့ ရှေးရာဇဝင်ခေတ်တွေထဲက မွန် မင်း၊ ဗမာမင်း၊ ရခိုင်မင်း စတဲ့ သက်ဦးဆံပိုင်ဘုရင်အ သီးသီးဆီမှာ အဝေးကနေ လာရောက်ခစားပြီး အမှုထမ်းခဲ့ ကြတဲ့ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ တခြားဘာသာဝင်တွေ ရှိခဲ့တယ်လို့ ဖတ်ဖူးမှတ်ဖူးပါတယ်။

မြန်မာတိုင်းရင်းသားတွေဟာ ဘာသာရေးကို အ ကြောင်းပြုပြီး ခွဲခြားနှိမ့်ချတတ်ခြင်း မရှိကြပါဘူး။ ဒါ ကြောင့်လည်း ရခိုင်ဘုရင် မင်းရာဇာကြီး (၁၅၉၃-၁ဝ၆၂) လက်ထက်မှာ တောင်ငူဘုရင်နဲ့ပူးပေါင်းလို့ ဟံ သာဝတီကို ချီတက်တိုက်ခိုက်ပြီးတော့ အပြန် ကြေးစား ဖြစ်တဲ့ ပေါ်တူဂီလူမျိုး ဒီဗရစ်တို (ငဇင်ကာ) ကို ယုံ ကြည်စွာနဲ့ သန်လျင်မှာ အစောင့်အကြပ်အဖြစ် ထားရစ် ခဲ့ပါတယ်။ အကြံသမား ငဇင်ကာက ထောင်ထားခြား နားပြီး သူ့ကိုယ်သူ သန်လျင်ဘုရင်အဖြစ် ကြေညာလို့ အဲဒီခေတ် အိန္ဒိယပြည်၊ ပေါ်တူဂီပိုင် ဂိုအာနယ်ဘုရင်ခံ ချုပ်ရဲ့ အသိအမှတ်ပြုခံယူတဲ့အထိ ခြေလှမ်းကြဲခဲ့ဖူးတယ်။

ဒီထက်ပိုအတင့်ရဲပြီး ဘာသာ၊ သာသနာကို စော် ကားတဲ့အပြုအမူတွေလုပ်ခဲ့ရာမှာ ရွှေတိဂုံဘုရားက ဓမ္မ စေတီမင်းခေါင်းလောင်းကြီး ဖြုတ်သယ်သွားရင်း ဒေါပုံ မြစ်ထဲ ကျသွားတာ နှစ်ပေါင်း ၄ဝဝ ကျော် အခုမှ ပြန် ဖော်ဖို့ ကြိုးစားရတုန်းပါ။

တော်ပါသေးတယ်၊ ရခိုင်ဘုရင်ကို အယုံသွင်း က လိမ်ကျခဲ့တဲ့ အဲဒီ ငဇင်ကာကို မြန်မာဘုရင် အနောက် ဘက်လွန်မင်းက ၁၆၁၃ မှာပဲ စောစောစီးစီး ဆုံးမနှိမ် နှင်း ဇာတ်လမ်းဖြတ်နိုင်ခဲ့ပေလို့ပေါ့။

အဲဒီလို အဖြစ်ရှိခဲပေမယ့် ဆက်လက်ကြီးစိုးတဲ့ အင်းဝမင်း၊ ကုန်းဘောင်မင်းတွေဟာ ဘာသာခြား၊ လူ မျိုးခြားတွေအတွက် တံခါးပိတ်မထားဘဲ လာရောက်ခ စားရင် အရည်အချင်းအလိုက် ထိုက်သင့်သလိုနေရာပေး ခစားစေခဲ့တာ တွေ့ရမှာပါ။
ဆိုလိုချင်တာက တချို့စွပ်စွဲနေကြသလို မြန်မာပြည် မှာ ဘာသာရေးအကြောင်းပြု ခွဲခြားမှုဆိုတာ အဲဒီခေတ် တွေထဲက အားမပေးခဲ့ဘဲ အရည်အချင်းထူးခြားလျှင် ယုံကြည်မှုလွန်ကဲစွာ မြှောက်စားမှုတောင်ရှိတယ်ဆိုတာ ရယ်၊ ရခိုင်ဆိုတာလည်း သူ့ဒေသမှာ နှစ်ထောင်ချီ သမိုင်း ကြောင်းရှိခဲ့တဲ့ တိုင်းရင်းသားဆိုတာ ပေါ်လွင်အောင် သာဓကပြချင်တာပါ။

ဒီလိုနဲ့ မြန်မာတိုင်းရင်းသားအားလုံး သမိုင်းနွံနစ် ရတော့မယ့် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ (၁၈၂၄) စ တော့ ရခိုင်ဒေသရဲ့ ပထမခံတပ်ဟာ ဘယ်မှာဖြစ်မယ် ထင်သလဲ၊ ဟုတ်ကဲ့ မောင်တောပါခင်ဗျာ။ မောင်တော ကမှ မြောက်ဦး၊ နောက်တော့မှ မာန်အောင်၊ သံတွဲ စ သဖြင့် ဆက်ပြီး သိမ်းယူသွားတာပါ။ မြန်မာတွေစစ်ရှုံး ပြီး ရန္တပိုစာချုပ်အရ (၁၈၂၆) မှာ မြန်မာပိုင် အာသံ၊ တနင်္သာရီနဲ့ ရခိုင်နယ်တွေအားလုံး အင်္ဂလိပ်လက်ထဲ ပေး လိုက်ရပါတော့တယ်။

အဲဒီကစလို့ အင်္ဂလိပ်လက်ထဲ စတင်ဝင်ရောက်လာ တဲ့ ဘင်ဂါလီတွေနဲ့ နှစ်ထောင်ချီအခြေချနေထိုင်ခဲ့တဲ့ ဒေသခံရခိုင်တိုင်းရင်းသားတို့ သမိုင်းထိပ်တိုက်တိုးမှု (ဒီကိစ္စမှာ ဆရာသန်းထွဋ်အောင်အရင်သုံးတဲ့စကားလုံး) စတင်ခဲ့ပါတယ်။

ဒါဟာ သမိုင်းဖြစ်ရပ်တချို့ကို လျှပ်တစ်ပြက် တို့ ထိပြခြင်းမျှသာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး နက်ရှိုင်းစွာ တူးဖော်ပြနိုင်ပေမယ့် မလိုလားအပ်တဲ့ မုန်းတည်းမှုတွေ၊ သက်ရောက်မှုတွေ မဖြစ်ပေါ်စေလိုတဲ့အတွက် သမိုင်းနဲ့ ပတ်သက်လျှင်တော့ ဒီမျှပဲ ဖော်ပြအပ်ပါတယ်။

ဒီတော့ ဒီကနေ့ မြန်မာပြည်ဆိုတာဖြစ်လာဖို့ များ ပြားလှတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ စုစည်းပြီး နှစ်ထောင် ချီ ရှည်ကြာခဲ့မှန်းလည်းမသိ၊ သူတစ်လူငါတစ်မင်း ကွဲ ပြားတဲ့ ပဒေသရာဇ်ခေတ်ကတည်းက ရခိုင်ဆိုတာ မွန်၊ ဗမာ စတဲ့ တိုင်းရင်းသားတွေနဲ့ ခေတ်ပြိုင်တည်ရှိခဲ့တယ် ဆိုတာလည်းမသိ၊ သိဖို့လည်းမကြိုးစားကြဘဲ နှောင်း ခေတ်ပိုင်း တစ်ပါတီအာဏာရှင်ခေတ်၊ စစ်အစိုးရခေတ် တွေကိုသာ သိမြင်ပြီး အဲဒီခေတ်စနစ်တွေရဲ့ အားနည်း ချက်တွေနဲ့ ပုံရိပ်ဆိုးတချို့၊ အဖြစ်တချို့ကိုသာ အကြောင်း ပြုလို့ အနှစ် ၂ဝ လောက် ဝါဒအဖြန့်ခံထားရလို့သာ ပြည်ပမီဒီယာတချို့ဟာ လွဲမှားတဲ့သတင်းတွေ ဖော်ပြခဲ့ ကြတာ ဖြစ်ပါတယ်။

ပြီးတော့ ထူးခြားတာတွေဖြစ်တာနဲ့ အွန်လိုင်းပေါ် အလျင်အမြန်ရောက်တယ်ဆိုတာ ဒီနေ့ခေတ်မှာ ဘယ်လို မှ ရှောင်လွှဲမရတဲ့ အခြေအနေတစ်ရပ်သာ ဖြစ်ပါတယ်။ အထိန်းအကွပ်မရှိသေးပေမယ့် မြန်မာအွန်လိုင်းပရိသတ် ဟာ ရင့်ကျက်မှုတစ်ခုဆီလှမ်းဖို့ မိမိတို့ဘာသာ အားထုတ် နေတဲ့ လက္ခဏာတွေကိုတွေ့ရလို့ အားတက်မိပါတယ်။ အွန်လိုင်းမတက်ဖူးတဲ့ တချို့ထင်နေသလို ကောလာဟလ တွေ၊ အနိဌာရုံတွေချည်း ဖြန့်နေတဲ့နေရာသက်သက် မဟုတ် တာတော့ သေချာပါတယ်။ အထူးသဖြင့် ကမ္ဘာ့လူသုံး အများဆုံး ၊ မြန်မာပြည်မှာလည်း သုံးစွဲသူအများဆုံးဖြစ် တဲ့ လူမှုဆက်ဆံရေးနက်ဝပ်ဖြစ်တဲ့ Face Book စာမျက်နှာ တွေပေါ်မှာ မြန်မာတွေအချင်းချင်း သတိပေးထိန်းသိမ်း လာကြပါတယ်။

လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ ထောင်ချောက် တွေဖြစ်နိုင်တာကြောင့် ဒီလိုပုံတွေတော့ မဖြန့်ကြပါနဲ့၊ လုပ်ကြံပုံတွေလည်း မတင်ကြပါနဲ့ဆိုတာမျိုးတွေ ဖေ့စ် ဘုတ်သုံးစွဲသူအချင်းချင်း သတိပေးလာကြပါတယ်။ တာ ဝန်သိ ဂျာနယ်တွေကလည်း အွန်လိုင်းတင်ရာမှာ ဘယ် လောက်ပဲ ဓာတ်ပုံကောင်းအနေနဲ့ ရ ထားထား၊ လှုံ့ဆော် ရာမရောက်အောင် အဲဒီဓာတ်ပုံမတင်ကြတော့ပါဘူး (ပျံ့ နှံ့ပြီးသားအတွက်တော့ မတတ်နိုင်ဘူးပေါ့)၊ သတင်းနဲ့ ဓာတ်ပုံအတွက် ပရိသတ်ရဲ့ ထင်မြင်ချက်မှာလည်း သွေးဆူစေတဲ့၊ လှုံ့ဆော်ရာရောက်တဲ့၊ ကြမ်းရိုင်းတဲ့စကားတွေ ပါလာလျှင် ဖြုတ်ပစ်မယ်ဆိုပြီး တကယ်လည်း အဲဒီအတိုင်း လုပ်ခဲ့ကြပါတယ်။

အတိုင်းအတာတစ်ရပ်ထိ ဆင်ခြင်သင့်တာ ဆင်ခြင် ထိန်းသိမ်းခဲ့ကြသလို၊ ဟ အချင်းချင်းတွေပဲ အပြစ်တင် မနေကြနဲ့ဦး၊ အယ်လ်ခိုင်ဒါလက်ရာများပါနေမလား ဒီမှာ ရထားတဲ့ သတင်းလေးဖတ်ကြည့်ကြပါဦးရယ်လို့ မျှဝေ ကြသူတွေလည်းမရှား၊ သမ္မတရုံးအဖွဲ့ဝင်ကို သတင်းလှမ်း မေးလိုမေး၊ ဟိုကလည်း ရတတ်သမျှ သူ့ဖေ့စ်ဘုတ်မှာ ပြန်တင်ပေးနဲ့ စောင့်စောင့်ဖတ်ကြနဲ့၊ ညညဆိုလည်း တော်တော်နဲ့ မအိပ်နိုင်ခဲ့ကြပါဘူး။

ဒီလိုနဲ့ ပြည်ပမီဒီယာတွေရဲ့ သတင်းဖော်ပြပုံက အမှန်အဟုတ်ထက် လန်ကြုတ်ကများနေလေတော့ ဖေ့စ် ဘုတ်မင်ဘာတွေ အကြီးအကျယ်ဒေါသူပုန်ထ၊ ဆိုင်ဘာ စပေ့ထဲမှာ ညာနေတာရယ်လို့ ကြွေးကျော်ကြသလို အ ပြင်မှာလည်း အဲဒီ မီဒီယာရုံးတွေရှေ့ ဆန္ဒပြကြတာ သမိုင်းတစ်ခု ဖြစ်ခဲ့ပါပြီ။

သတင်းမှန်တွေနဲ့ တုံ့ပြန်ရမယ်လို့ မြန်မာပြည်ရဲ့ ပုဂ္ဂလိကမီဒီယာတွေ ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြသလို ပြည်ပ မီဒီယာတချို့ရဲ့ မြန်မာနိုင်ငံသားသတင်းထောက်တွေနဲ့ တာဝန်သိ အွန်လိုင်းသုံးစွဲသူတချို့တွေလည်း ရထားတဲ့ ရခိုင်ပြည်နယ် သတင်းအဖြစ်မှန်တွေကို အင်္ဂလိပ်ဘာသာ နဲ့ အတတ်နိုင်ဆုံး ပြန်လည်ဖြန့်ဝေခဲ့ကြပါတယ်။

ဒီနေရာမှာ ဘယ်လောက်များထိရောက်လို့လဲ ဝေဖန်မှာထက် ငါတို့တိုင်းပြည် မီဒီယာစစ်ပွဲဆင်နွှဲခံနေ ရပါသလားဆိုတဲ့ အသိနဲ့တင် ဘယ်သူ့တိုက်တွန်းမှုမှမပါ ဘဲ တတ်နိုင်သမျှ တုံ့ပြန်ကြတဲ့ (သို့) တုံ့ပြန်ချင်ကြ တဲ့ စိတ်ဓာတ်ကို ချီးကျူးသင့်ပါတယ်။ ဖေ့စ်ဘုတ်သုံး သူအချင်းချင်း စိတ်တူကိုယ်တူ အားပေးကြပြီး ကျီစယ် တာတွေလည်း ကြားရပါတယ်။ မြန်မာမျိုးချစ်ဖေ့စ်ဘွတ် တပ်ကြီး ချီလာပြီကွ သတိထားကြပေတော့ ဆိုတာမျိုး။

လူ့အခွင့်အရေးအပြည့်အဝရှိပြီး လူတစ်ယောက်ချင်း စီရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်မှုကိုလည်း တာဝန်မဲ့ အထိပါး မခံတဲ့ တိုးတက်ပြီးနိုင်ငံတချို့မှာလို ဆိုရှယ်မီဒီယာမှာ ကွန်မန့်ရေးလျှင် နာမည်ဝှက်သုံးခွင့်မရှိတဲ့အချိန်အခါများ ဖြစ်လာလျှင် အကျင့်ဖြစ်နေအောင် ဆင်ခြင်ထားသင့်တယ် လို့တော့ အွန်လိုင်းအသုံးပြုသူတချို့ကို စေတနာစကားပါး လိုပါတယ်။
တချို့ကလည်း ဝေဖန်မယ်၊ မင်းတို့အစိုးရကော၊ ရခိုင်ပြည်နယ်မှာ သတင်းသွားယူတဲ့ သတင်းထောက် တွေကော၊ ရန်ကုန်က အယ်ဒီတာတွေ စာရေးဆရာတွေ ရော၊ အွန်လိုင်းက လူတွေရော ဗုဒ္ဓဘာသာတွေ အများစု မို့ မင်းတို့ပြောတာက အမှန်တရား ဖြစ်ပါ့မလား၊ ဘက် မလိုက်ကြဘူးလား မေးစရာရှိကောင်းရှိပါမယ်။

ဟုတ်ကဲ့- ဘက်လိုက်လို့မရပါဘူးခင်ဗျာ၊ အစိုးရ ကိုယ်တိုင်က ဘက်လိုက်ခွင့်မပြုပါဘူး။ မီဒီယာတွေကို ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီပြဿနာကို ဘယ်လိုမှ ဆက်လက်မကြီးထွား စေချင်လို့ ဖြစ်ပါတယ်။ မီဒီယာများကလည်း ဒီသဘော ပဲ ရှိပါတယ်။ အစိုးရနဲ့ မီဒီယာများတင်မက မြန်မာပြည် တိုးတက်ကြီးပွားမှာကို မြင်လိုတဲ့သူ ဘယ်သူမဆို ဒီ ပြဿနာမကြီးထွားအောင်၊ လုံးဝထပ်မဖြစ်နိုင်အောင် ကာ ကွယ်ထိန်းသိမ်းကြရမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့တတွေ ဆင်ဆင်ခြင်ခြင်နဲ့ သတိထားတင်ပြရလွန်းအားကြီးလို့ တချို့ကရေးတာ ပျော့တယ် ဝေဖန်ကြတယ်။ မီဒီယာတွေ ဆင်ခြင်ခဲ့ကြ သလို အစိုးရလည်း အတတ်နိုင်ဆုံး ထိန်းသိမ်းဖြေရှင်း ခဲ့ပါတယ်။ ဒါကြောင့်လည်း အီးယူကနေ မြန်မာအစိုးရ အနေနဲ့ ဥပဒေနဲ့အညီ ကိုင်တွယ်ခဲ့တယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ရပါတယ်။

မှန်ပါတယ်၊ ရွေးကောက်ပွဲနဲ့ တက်လာတဲအစိုးရပီပီ လက်ရှိ နိုင်ငံတော်အစိုးရဟာ လက်ငင်းဖြစ်ရပ်များ အပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ပါ တယ်။ ပထမပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တယ်၊ လုံလောက်မှု မရှိတော့မှ အခြေခံဥပဒေအရ အရေးပေါ်အခြေအနေကြေ ညာခဲ့ပြီး တပ်မတော်ရဲ့ အကူအညီကို ရယူခဲ့တာပါ။

ထူးခြားမှုက ဒီမိုကရေစီအစိုးရသစ်ပီပီ ဒီလို အ ဆင့်ဆင့်ဆောင်ရွက်စဉ် သတင်းမီဒီယာများကို ပိတ်ပင်ခဲ့ ခြင်းမရှိတဲ့အတွက် သတင်းသမားတွေ အချင်းဖြစ် ရခိုင် ပြည်နယ်အတွင်း တရားဝင်သတင်းသွားယူခွင့်ရခဲ့ပြီး ဆူပူအကြမ်းဖက်သူတွေ တရားဥပဒေ စိုးမိုးမကို မထီမဲ့ မြင် ပြုမူနေကြပုံတွေ၊ တစ်စုံတစ်ရာသွေးထိုးမြှောက်ပင့် ပေးထားမှုကြောင့် ယခင်နဲ့လုံးဝမတူ အကြောက်အရွံ့မဲ့ သောင်းကျန်းနေကြပုံတွေကို ခက်ခက်ခဲခဲစွန့်စွန့်စားစား မှတ်တမ်းရယူ ပြန်လည်တင်ပြနိုင်ခဲ့သလို တစ်ဖက်က တပ်မတော်နဲ့ ပြည်သူ့ရဲ စတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေ က အတတ်နိုင်ဆုံး ကြိုးစားထိန်းသိမ်း ဖြေရှင်းပေးခဲ့ပုံ တွေကိုလည်း အဖြစ်မှန်အတိုင်း ပေါ်လွင်စေခဲ့ပါတယ်။ ရလဒ်ကတော့ စောစောကပြောသလို အီးယူကအစ မြန်မာအစိုးရ ဥပဒေနဲ့အညီ ဖြေရှင်းတယ်လို့ ယုံကြည်ကြောင်း ထုတ်ပြောယူရတဲ့အထိပါပဲ။

ရိုဟင်ဂျာတွေကို မျိုးဖြုတ်နေတယ်ဆိုတဲ့ မဟုတ်တရုတ် ဇာတ်လမ်းကတော့ အထုပ်ပြေကျသွားခဲ့ပါပြီ။
အခြေအနေတွေ အေးဆေးတည်ငြိမ်အောင် ပြန်လည် ထိန်းချုပ်နိုင်မှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာမီ ဒီယာတွေရှေ့မှောက် ရခိုင်ပြည်နယ်အရေး ပညာသားပါပါ ပြောကြားခဲ့မှုနဲ့အတူ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ကို ကျွန်တော်တို့အားလုံး ရင်ဆိုင်ဖြတ်ကျော်ခဲ့ရပါပြီ (ဆရာ သန်းထွဋ်အောင်ကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး စာမေးပွဲမှာ ဘာသာရပ်တစ်ခု ဖြေဆိုအောင်မြင်ခဲ့ပြီ လို့ ပြောပါတယ်)
လာမယ့်လွှတ်တော်၊ ပိုမိုအသက်ဝင်လာမယ့် လွှတ်တော်မှာလည်း ပြည်သူ့ကိုယ်စားလှယ်တွေဟာ ပြည် ထောင်စုရဲ့ အနောက်ဘက်တံခါး ရခိုင်ပြည်နယ်အရေး ဆွေးနွေးကြဦးမှာ အသေအချာမို့ ပူပူနွေးနွေးရင်ဆိုင်ခဲ့ရ တဲ့ စိန်ခေါ်မှုရဲ့ နောက်ဆက်တွဲမေးခွန်းတွေအတွက် အဖြေရှာတွေ့လိမ့်မယ်လို့ ယုံကြည်ပါတယ်။ တချို့စိုးရိမ် ကြသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ ရှုထောင့် ကလည်း စဉ်းစားသင့်တာ ထည့်စဉ်းစားကြမှာပါလို့ ပြောလိုပါတယ်။
ရာဇဝတ်မှုတစ်ခုကနေ စတင်ခဲ့ပြီး သာမန်မကျေ နပ်မှုကြောင့်ပဲဖြစ်ဖြစ်၊ တစ်စုံတစ်ရာ ပယောဂပါဝင်လာ ပြီး အချိန်ဆွဲ ကိုက်ညှိဖောက်ခွဲလို့ပဲ ဖြစ်ဖြစ်၊ ဖြစ်ပျက်ခဲ့ တဲ့ ဒီစိန်ခေါ်မှုအပေါ် ပြဿနာမကျယ်ပြန့်ဘဲ အမြန်ဆုံး ပြန်လည်ပြေငြိမ်းသွားလိုတဲ့၊ တူညီတဲ့ဆန္ဒဟာ သမ္မတ ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရ၊ ပြည်သူအများ၊ မီဒီယာများ၊ ၈၈ ကျောင်းသားများ၊ နိုင်ငံရေးပါတီများ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများ၊ စတဲ့ ... စတဲ့ ကဏ္ဍ ပေါင်းစုံက လူသားအသီးသီးရဲ့ ရင်ထဲမှာ တည်ခဲ့ပါ တယ်။

ဒါဟာ ဘာကြောင့်လည်းဆိုတော့ အမျိုးသားအ ကျိုးစီးပွားကို ကာကွယ်လိုခြင်းဆိုတဲ့ အမျိုးသားရေးစိတ် ဓာတ်ကြောင့်လို့ မြင်ပါတယ်။ အမျိုးသားရေးဆိုတာနဲ့ တချို့က ကျဉ်းမြောင်းတဲ့ဘက်ကို ပြေးမြင်တတ်ကြပါ တယ်။ မဟုတ်ပါ။
ကျွန်တော်နားလည်တဲ့ အမျိုးသားရေးစိတ်ဓာတ် က အခုလိုကိစ္စမျိုး နိဒါန်းပျိုးလာပြီဆိုတာနဲ့ မြန်မာပြည် မှာ မဖြစ်သင့်မဖြစ်အပ်တဲ့ လူမျိုးရေး၊ ဘာသာရေးပဋိ ပက္ခတွေ ဖြစ်လာမှာကို အမှန်တကယ် လုံးဝမလိုလားတဲ့ တိုင်းရင်းသားတွေအားလုံး၊ ဘာသာကြီးလေးခုစလုံးက ဘာသာဝင်တွေအားလုံး၊ နိုင်ငံသား/ဧည့်နိုင်ငံသားက အစ အားလုံး (အားလုံး) ရဲ့ ရင်ထဲမှာ တည်ရှိနိုင်ပြီး လက်ရှိမိမိနေထိုင်တဲ့နိုင်ငံကြီး မတည်မငြိမ်၊ ကသောင်း ကနင်းမဖြစ်စေချင်တဲ့ တည်ငြိမ်အေးချမ်းမှုကိုသာ လို လားတဲ့ အပြုသဘောဆောင် ပြည်သူ မည်သူ့မှာမဆို ရှိနေအပ်တဲ့ စိတ်ဓာတ်ပါ။
အဲဒီလို အမျိုးသားရေးစိတ်ဓာတ်ကသာ အမျိုးသား အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ပေးနိုင်ကြမယ်လို့ဥာဏ် မီသမျှလေး တွေးကြည့်မိပါတယ်။

ဆောင်းပါးခေါင်းစဉ်အတွက် ကိုလွှမ်းမိုးရဲ့ သီချင်း စာသားတစ်ကြောင်း ယူငင်သုံးစွဲလိုက်ပါတယ်။ ဘာပဲ ပြောပြော ရာဇဝင်ရှိတယ် ခုတော့လည်း ဒါတွေ ဒါတွေ ပြီးခဲ့ပါပြီ .. ဟုတ်ကဲ့ ရာဇဝင်ဟောင်းပြီးသွားသလို ရာဇဝင်သစ်ကတော့ အခုမှ စမှာပါ။ အဲဒီ ရာဇဝင်သစ် ထဲမှာ မြန်မာတွေ အမှန်တကယ် ပြန်လည်သန်စွမ်းလာ တော့မှာ အသေအချာ၊ ဘာပဲပြောပြော ရာဇဝင်ရှိတဲ့သူ တွေပဲဗျာ။
မင်းမြတ်စံ

No comments:

Post a Comment

 
Blogger Widgets