Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Wednesday 20 June 2012

ရသေ့တောင် ရခိုင် တိုင်းရင်းသား ၁၁ ဦး အလောင်း ကို လွှဲ ဘင်္ဂါလီ တွေ လွှဲမပေး

FNG


STH၊ ၊ဇွန်လ ၁၉ ရက်နေ့ နံနက် ပိုင်း က ရခိုင် တိုင်းရင်းသား များ နှင့် ဘင်္ဂါလီ တိုင်းရင်းသား
များ ပဋိပက္ခဖြစ်ပွား စဉ် အသတ် ခံ ခဲ့ ရသည့် တိုင်းရင်းသား ရခိုင် ၁၀ ဦး ၏ အလောင်း ကို ဘင်္ဂါ လီ
များ က လွှဲပြောင်း ပေး အပ် ခြင်း မပြု သေး ဟု FNG မှ စုံစမ်း သိရှိ ရသည်။

ရခိုင် ပြည် နယ် ရသေ့ တောင် မြို့  နယ် ကူတောင် ရွာ ကို ဇွန်လ ၁၉ ရက်နေ့ နံနက် အစော ပိုင်း က
ဘင်္ဂါ လီ ရိုဟင်ဂျာ များ တုတ် ဓါး စသည့် လက်နက် များ ဖြင့် ၀င်ရောက် လာ ပြီး ရွာ ကို မီး ရှို့  ခဲ့ ခြင်း
ဖြစ်သည်။

ကူတောင် ရွာသား များ က ဘင်္ဂါ လီ များ ကို ပြန်လည် ခုခံ ရာ တွင် ဘင်္ဂါလီ များ ၏ သတ်ဖြတ် မှု ကြောင့်
ကူတောင် ရွာ မှ ရခိုင် တိုင်း ရင်းသား ၉ ဦး သေဆုံး ပြီး အခြား ရွာ သား ၂ ဦး သေဆုံးသည် ဟု ဘူးသီး
တောင် ဆေးရုံ မှ တာဝန် ရှိ သူ တစ်ဦး က FNG ကို ပြောသည်။ အဆို ပါ ပဋိပက္ခ အတွင်း ဘင်္ဂါလီ နှစ်ဦး
လည်း သေဆုံးသည်။

ဘူးသီးတောင် ၊ ကူတောင် နှင့် ရသေ့တောင် မြို့ များ မှ သံဃာ တော် များ နှင့် ရသေ့ တောင် အခြေစိုက်
စစ်တပ် မှ ဘင်္ဂါလီ ကျေး ရွာ ကို သွား ရောက် ပြီး သေဆုံး သူ ရခိုင် တိုင်းရင်းသား များ ၏ အလောင်း
ကို လွှဲ ပေး ရန် တောင်း ဆိုသော် လည်း ယနေ့ ဇွန်လ ၂၀ ရက်နေ့  ညနေ ထိ လွှဲ ပြောင်း ပေး အပ် ခြင်း
မပြု ဟု သိရသည်။

ရခိုင် ရွာ ကို မီးရှို့ မှု နှင့် ရခိုင် တိုင်းရင်းသား ၁၁ ဦး ၏ အလောင်း ကို လွှဲ မပေး သောကြောင့် ထို ဒေသ တစ်
ဝိုက် တွင် အခြေ အနေ တင်းမာ လျှက် ရှိ သော် လည်း စစ်တပ် ရဲ စသည့် လုံခြုံရေး အင်အား နည်း ပါ ပြီး
ကြီးမား သည့် ပဋိပက္ခ ဖြစ်ပွား ခဲ့ လျှင် ထိမ်းသိမ်း နိုင်စွမ်း မရှိ ဟု ရသေ့ တောင် မြို့  ပညာရေး ၀န်ကြီး
ဌာန မှ ၀န်ထမ်း တစ်ဦး က ပြောသည်။

ဘင်္ဂါ လီ ရိုဟင် ဂျာ များ က သတ် ဖြတ်မှု ကြောင့် သေဆုံး သူ များ တွင် ကျောင်း ဆရာ နှစ်ဦး နှင့် အမျိုးသမီး
နှစ် ဦး လည်း ပါဝင်သည်။

ပြီးခဲ့ သည့် သီတင်း ပတ် အတွင်း ရခိုင် ပြည်နယ် တွင် မငြိမ်သက် မှု များ ကြောင့် လူ ၅၀ ကျော် သေဆုံးပြီး
၂၀၀ ကျော် ဒဏ်ရာ ရရှိ ကာ နေအိမ် အလုံးပေါင်း ၂၅၀၀၀ ကျော် ပျက်စီးခဲ့ သည်။

ကူတောင် ကျေးရွာ ပဋိပက္ခ တွင် ဒဏ်ရာ ရရှိ သူ ၁၅ ယောက် ရှိ ပြီး ကျောက်တော် နှင့် ရသေ့တောင် ဆေးရုံ
များ တွင် ကုသ မှု ပေး နေသည်။

No comments:

Post a Comment

 
Blogger Widgets