Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Wednesday 20 June 2012

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဇွန်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စံကားတောင်ရွာ မီးရှို့မှုနဲ့ပတ်သက်ပြီးတော့ စစ်တွေအကျဉ်းထောင်အတွင်း မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ နဂရာကျေးရွာသား ၁၀ ဦးကို ထောင်ဝန်ထမ်းတွေက မိသားစုတွေနဲ့တွေ့ဆုံခွင့်မပေးကြောင်း ဖမ်းဆီး ထိန်းသိမ်းခံထားရသူ တွေရဲ့ မိသားစုဝင်တစ်ဦးဖြစ်သူ ဦးသိန်းထွန်းက RFA ကိုပြော

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဇွန်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စံကားတောင်ရွာ မီးရှို့မှုနဲ့ပတ်သက်ပြီးတော့ စစ်တွေအကျဉ်းထောင်အတွင်း
မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ နဂရာကျေးရွာသား ၁၀ ဦးကို
ထောင်ဝန်ထမ်းတွေက မိသားစုတွေနဲ့တွေ့ဆုံခွင့်မပေးကြောင်း ဖမ်းဆီး ထိန်းသိမ်းခံထားရသူ တွေရဲ့ မိသားစုဝင်တစ်ဦးဖြစ်သူ ဦးသိန်းထွန်းက RFA ကိုပြောပါတယ်။

ဦးသိန်းထွန်းက "တွေ့ဆုံခွင့်ရဖို့အတွက် ကျွန်တော်တို့ ထောင်ထဲကို
သွားတယ်။ သွားပြီးတော့ ထောင်ဝန်ထမ်းတွေ ကိုမေးတယ်။ သူတို့ကတော့ စစ်ဆေးနေတဲ့ကာလဖြစ်လို့ တွေ့ခွင့်မရဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့ ကတော့ အမှန်တရားပေါ်အောင်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ မူလအခွင့်အရေး တွေဆုံးရှုံးနေတယ်လို့ ခံစားရတယ်၊ အဲဒီပြဿနာဖြစ်တာက။ အဲဒါနဲ့ကျွန်တော်တို့က ဒီကျွန်တော်တို့ရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို အမှန်တရားဖြစ်အောင်၊ ကျွန်တော်တို့ ရသင့်ရထိုက်
တဲ့အခွင့်အရေးတွေကို ရအောင် ကျွန်တော်တို့က ပါတီတွေနဲ့သော်
လည်းကောင်း၊ နိုင်ငံတကာနဲ့သော်လည်းကောင်း အကုန်လုံး ဝိုင်းဝန်း
ပြီးတော့၊ ပြောပြီးတော့ အမှန်တရားတစ်ခုဖြစ်အောင် ဆောင်ရွက်
သွားမယ်လို့ ကျွန်တော့အနေနဲ့ စဉ်းစားထားပါတယ်" လို့ ပြောပါတယ်။

ဇွန်လ ၁၆ ရက်နေ့က စံကားတောင်ရွာ မီးရှို့ခံရပြီးတဲ့နောက်မှာ အဲဒီနေ့ ညနေပိုင်း နဂရာကျေးရွာသားတွေက သူတို့ရဲ့ကျေးရွာ ဘုန်းတော်ကြီး
ကျောင်း လုံခြုံရေးအတွက် ကင်းစောင့်နေကြစဉ် တပ်မ (စခက-၉) က ဒုတိယဗိုလ်မှူးကြီးတစ်ဦး ဦးဆောင်တဲ့ စစ်သား ၁၀ ယောက်နဲ့ ညနေ (၆) နာရီလောက်မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။

နဂရာကျေးရွာက ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေမှာ (၁)။ အေးမောင်( ၃၇ နှစ်)၊ (၂)။ စောလှထွန်း (၃၀ နှစ်)၊ (၃)။ အောင်ကျော်သာ(၃၂ နှစ်)၊ (၄)။ ကျော်ဌေး (၃၃ နှစ်)၊ (၅)။ ထွန်းစံအောင်( ၄၀ နှစ်)၊ (၆)။ မြင့်ရွှေ(၂၈ နှစ်)။ (၇)။ အောင်ထွန်းသာ(၄၅ နှစ်)၊ (၈)။ မောင်တင်ညို(၂၆ နှစ်)၊ (၉)။ လှထွန်းသာ(၃၅ နှစ်)၊ (၁၀)။ ကျော်ဝင်းလှ(၃၀ နှစ်) ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေကို လွန်ခဲ့တဲ့ ဇွန်လ (၁၇) ရက်နေ့ ညမှာ စစ်တွေ အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တာဖြစ်ပြီး မိသားစုဝင်တွေက သွားရောက်တွေ့ဆုံဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ ပေမယ့် ဒီကနေ့အထိ
တွေ့ဆုံခွင့် မရရှိသေးကြောင်းလည်းသိရပါတယ်။

No comments:

Post a Comment

 
Blogger Widgets