Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Tuesday 19 June 2012

စစ်တွေမြို့က ကယ်ဆယ်ရေးစခန်း ၂ခုသို့ သွားရောက် ခဲ့တဲ့ အတွေ့အကြုံများနဲ့ ပြေတီဦး

ပြေတီဦးက ဇွန်လ၂၃ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေ မြို့က ဒုက္ခရောက်နေ

တဲ့မြို့သူ၊မြို့ သားတွေကို ကိုယ်တိုင်သွားရောက် အားပေးကူညီ ခဲ့ပါတယ်။ ကယ်ဆယ်ရေး စခန်း ၂ခုကို ရောက်ရှိခဲ့ပြီး စောင်၊ အဝတ် အစား၊ ခေါက်ဆွဲခြောက်ထုပ်၊ စားစရာသောက်စရာများ နဲ့ ငွေများ လှူဒါန်းခဲ့ကြကြောင်း ပြေတီဦးကပြောပါတယ်။

စစ်တွေမြို့ ကို ရောက်တာနဲ့ ဝမ်းနည်းကြေကွဲသလို ခံစားခဲ့ရတယ်ဆိုတဲ့ ပြေတီဦးက ရခိုင်ပြည်နယ် မှာ မြင်တွေ့ခဲ့ရတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ခုလို ပြောပြခဲ့ပါတယ်။ ''အဲဒီမြို့ကို ရောက်တာနဲ့ ဘာမှမမြင်ရသေးဘူး။ ဝမ်းနည်းသလို၊ ကြေကွဲ သလိုခံစားရတယ်။ မြို့ကလည်း ဝင်သွားပြီဆိုတာနဲ့ အစောင့်အကြပ်တွေနဲ့ လုံခြုံရေးတွေနဲ့မြင် ရတယ်။ စည်ကားနေတာမျိုး မဟုတ်ဘူး။ အိမ်ရှေ့လေး မှာပဲ တစ်ယောက်စ၊ နှစ်ယောက်စ ထွက်ရပ်နေကြတယ်။ တချို့အိမ်တွေ ကလည်း မီးရှို့ခံထားရ တာမျိုး၊ မြို့ထဲကို ဝင်သွားပြီဆိုတာနဲ့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ ကယ်ဆယ်ရေးစခန်း၂ခု လောက်ရောက်ခဲ့တယ်။ အကူအညီ လိုအပ်နေတဲ့လူတွေနဲ့ တိုက်ရိုက်ထိတွေ့တယ်။ တိုက်ရိုက် အားပေး စကားပြောတယ်။ စောင်တို့၊ အဝတ်အစားတို့၊ ခေါက်ဆွဲခြောက်ထုပ် နဲ့စားစရာ၊ သောက်စရာတွေ ငွေတွေကို စခန်းမှာလှူခဲ့တယ်။ ဒီအချိန်မှာတော့ အကုန်လုံး လိုအပ်နေတာပဲ။ စားစရာ၊ သောက်စရာ၊ ဝတ်စရာ ၊နေစရာ၊ ဒီအချိန်မှာ သူတို့မှာ ဘာတစ်ခုမှမရှိတော့ဘူး။ အားလုံး လိုအပ်နေတာပဲ။ မီးလောင်တဲ့ နေရာတွေကို လှမ်းတော့မြင်တယ်။ ရွာတစ်ရွာ ဆိုရင် တစ်ရွာလုံးမီးရှို့ထားတာမျိုး ပင်လယ်ကမ်းစပ်မြို့ဆိုတော့ အုန်းပင်တွေ ရှိတယ်။ တစ်ရွာလုံးမီးရှို့ ခံထားရတော့ အုန်းပင်တွေလည်း ဝါပြီး ခြောက်နေတယ်။ ကျွန်တော့်ကိုတွေ့တဲ့အချိန်မှာ သူတို့ရဲ့မိသားစုဝင် တစ်ယောက်ကို တွေ့သလိုမျိုးပဲ။

အမေကြီးတွေကဆိုရင် ''သားကြီးရယ် အမေ တို့မှာ ဘာမှ မရှိတော့ဘူး။ ချက်စရာ၊ ပြုတ်စရာ အိုး၊ ခွက်တွေကအစ မရှိတော့ဘူး။ အိမ်သားတွေလည်း မရှိတော့ဘူး''ဆိုပြီး ငိုတယ်။ မျက်ရည် ကျတယ်။ သူတို့တအား ရင်းနှီးတဲ့ လူကိုတွေ့သလိုမျိုး လက်ကိုကိုင်ပြီး ငိုကြတယ်။ တအားစိတ်မကောင်းဘူး။ တအားခံစားရတယ်။ ကိုယ့်မိသားစု ဝင်တွေလိုပဲ။ သူတို့ကို သေချာအားပေး ခဲ့ပါတယ်။ နှစ်သိမ့် ခဲ့ပါတယ်။ ဒီမြန်မာနိုင်ငံထဲမှာ နေကြတဲ့ ညီအစ်ကိုမောင်နှမတွေပဲ၊ မိသားစုဝင်တွေပဲ ဘယ်သူ့မှ ပစ်ထားကြမှာမဟုတ်ဘူး။ ကျွန်တော်တို့တွေလည်း မရောက်ရောက်အောင် လာတယ်။ လှူတယ်။ နောက်ထပ်လည်း ဒီထက်ပိုပြီးအကူအညီတွေ လာဦးမှာပါ။ ဘာမှအားငယ်စရာမလိုဘူး။ ကျွန်တော်တို့ထက် ပိုပြီး တတ်နိုင်တဲ့၊ ပိုပြီး အင်အားကြီးတဲ့ အလှူရှင်တွေလည်း အများကြီးရှိပါတယ်။

''ကျောင်းဖွင့်ချိန်မို့လို့ ကလေးတွေ ကျောင်းတက်ဖို့တွေ၊ အဝတ်အစားတွေ၊ စာအုပ်တွေနောက်ပိုင်းမှာ တဖြည်းဖြည်း ဒီ့ထက်ပိုပြီး လှူဒါန်းကြ မှာပါ။ နောက်ဆိုရင် ဆက်သွယ်ရေးလည်း ဒီ့ထက်ပိုပြီး ပွင့်လန်းလာမှာပါ။ အဲဒီအချိန် ဆိုရင် လှူဒါန်းတာတွေ ဒီ့ထက်ပိုရောက်ပြီး ပိုပြီးဂရုစိုက်နိုင်မှာပါလို့ သူတို့ကို သေချာကိုယ်တိုင် နှစ်သိမ့် စကားတွေ ပြောခဲ့ပါတယ်''လို့ ပြောပါတယ်။ ခုလိုကိစ္စမျိုးဖြစ်ပြီး တိုင်းပြည် နဲ့ယှဉ်လာရင် ပုဂ္ဂလိကခံစားချက်တွေကို လျှော့သင့်ကြောင်း၊ ကြီးမားတဲ့ ပဋိပက္ခ တစ်ခု ဖြစ်သွားရင် ဘယ်သူ့ အတွက်မှ အကျိုးမရှိသလို ဘယ်လိုကောင်း ကျိုးမှမရနိုင်ဘဲ၊ ဆိုးကျိုးတွေပဲ ရရှိနိုင်ကြောင်း၊ တိုင်းပြည်ပြန်လည် ထူထောင်နေချိန်မှာ ကိုယ့်ရဲ့ ခံစားချက်တွေကို လျှော့ ချပြီးဒီအဖြစ်အပျက်တွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အညင်သာဆုံး၊ အမြန်ဆုံး နိဂုံးချုပ်ဖို့အတွက် လူတိုင်းမှာ တာဝန်ရှိကြောင်း ပြေတီဦးက ပြော ပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-KOM

By Popular Myanmar News Journal

No comments:

Post a Comment

 
Blogger Widgets