DVB
 ကချင်ပြည်နယ်က  စစ်ဘေးသင့်ပြည်သူတွေနဲ့ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်  မီးရှို့မှုတွေကြောင့် ဒုက္ခရောက်ကြသူတွေကို ကူညီဖို့  သီဆိုဖျော်ဖြေ ရန်ပုံငွေရှာနေကြတဲ့  လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့နဲ့ မြန်မာ့လူမှုဘဝ  ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တွေဟာ အာဏာပိုင်တွေရဲ့  တားမြစ်နှောင့်ယှက်ခံကြရတာပါ။
ကချင်ပြည်နယ်က  စစ်ဘေးသင့်ပြည်သူတွေနဲ့ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်  မီးရှို့မှုတွေကြောင့် ဒုက္ခရောက်ကြသူတွေကို ကူညီဖို့  သီဆိုဖျော်ဖြေ ရန်ပုံငွေရှာနေကြတဲ့  လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့နဲ့ မြန်မာ့လူမှုဘဝ  ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တွေဟာ အာဏာပိုင်တွေရဲ့  တားမြစ်နှောင့်ယှက်ခံကြရတာပါ။
ကချင်ပြည်နယ်နဲ့  ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ရန်ကုန်နဲ့ တခြားမြို့နယ်က  လက်ဖက်ရည်ဆိုင်တွေမှာ သီဆိုဖျော်ဖြေ ရန်ပုံငွေရှာဖွေနေကြတဲ့  အနုပညာရှင်တွေကို အာဏာပိုင်တွေက တားမြစ်နှောင့်ယှက်နေပါတယ်။
 ကချင်ပြည်နယ်က  စစ်ဘေးသင့်ပြည်သူတွေနဲ့ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်  မီးရှို့မှုတွေကြောင့် ဒုက္ခရောက်ကြသူတွေကို ကူညီဖို့  သီဆိုဖျော်ဖြေ ရန်ပုံငွေရှာနေကြတဲ့  လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့နဲ့ မြန်မာ့လူမှုဘဝ  ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တွေဟာ အာဏာပိုင်တွေရဲ့  တားမြစ်နှောင့်ယှက်ခံကြရတာပါ။
ကချင်ပြည်နယ်က  စစ်ဘေးသင့်ပြည်သူတွေနဲ့ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်  မီးရှို့မှုတွေကြောင့် ဒုက္ခရောက်ကြသူတွေကို ကူညီဖို့  သီဆိုဖျော်ဖြေ ရန်ပုံငွေရှာနေကြတဲ့  လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့နဲ့ မြန်မာ့လူမှုဘဝ  ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တွေဟာ အာဏာပိုင်တွေရဲ့  တားမြစ်နှောင့်ယှက်ခံကြရတာပါ။တနင်္ဂနွေနေ့က ရန်ကုန်  ကားပွဲစားတန်းမှာ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့  သီဆိုနေစဉ်မှာ အာဏာပိုင်တွေက လာရောက်တားမြစ်ခဲ့သလို လက်ဖက်ရည်ဆိုင်  ပိုင်ရှင်တွေကိုလည်း ဖိတ်ကြားခြင်းမပြုဖို့ လက်မှတ်ထိုး  တားမြစ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ အဖွဲ့ဝင်တဦးဖြစ်တဲ့ အဆိုတော်  ကိုသားထွေးက ပြောပါတယ်။
“ကားပွဲစားတန်းမှာ  ဆိုနေတုန်းကိုလာတားတာ။ ကျန်တဲ့နေရာတွေကတော့ လက်ဖက်ရည်ဆိုင်တွေ၊  ဥပမာ လမ်း ၅၀ လပ်ကီးဆဲလ်ဗင်းတို့၊ လမ်းမတော်ကဆိုင်တွေ  ကျနော်တို့ကို ဖိတ်တဲ့ဆိုင်တွေပေါ့။ သူတို့ကို ကျနော်တို့ကို  မဖိတ်ဖို့ လက်မှတ်ထိုးခိုင်းတာတွေ လုပ်တယ်။ သွားခါနီးမှ  လှမ်းပြောတယ်။ လက်မှတ်ထိုးခိုင်းသွားတယ်လို့၊ ကျနော်တို့  အတွက်လုပ်တာ မဟုတ်ဘူး။ တကယ့်ကို ငြိမ်းချမ်းရေးအတွက်၊  ငြိမ်းချမ်းရေးဆိုတာ ရှိရမယ်ဆိုတာ သိစေချင်တာကကြောင်း၊  ဒုက္ခသည်တွေကို ကူညီမှာဖြစ်တဲ့အတွက် ကောင်းတဲ့အလုပ် လုပ်တာ  ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးကို ပိတ်ပင်တာလား၊  ဘာကြောင့်ပိတ်ပင်တာလဲ သိချင်တယ်။ နောက်တခုက မပိတ်ဆို့ပါနဲ့လို့  ပြောချင်ပါတယ်။”
ကချင်ပြည်နယ်မှာ  ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မမေ့မလျော့ဖို့နဲ့  တိုက်ပွဲတွေရပ်တန့်ဖို့ အပါအဝင် တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့  ဒုက္ခသည်တွေကို အကူအညီပေးဖို့ ရည်ရွယ်ချက်နဲ့ ဦးရဲလွင်နဲ့  အနုပညာရှင်တွေ ပါဝင်တဲ့ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့ဟာ  ရန်ကုန် အပါအဝင် မန္တလေး၊ မေမြို့၊ မတ္တရာမြို့တွေက  လက်ဖက်ရည်ဆိုင်တွေမှာလည်း သွားရောက် သီဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အပတ်ကလည်း  မန္တလေး၊ မေမြို့၊ မတ္တရာမြို့တွေမှာ သွားရောက် သီဆိုရာမှာတော့  အလှူငွေ သိန်း ၈၀ နီးပါး ရရှိခဲ့ပြီး ရလာတဲ့ငွေတွေကို သူငယ်တန်းမှ  ဆယ်တန်းအထိ ဗလာစာအုပ်၊ ကျောင်းသုံး ဖတ်စာအုပ် အစုံ ၁၂၀၀ ဝယ်ယူ  လှူဒါန်းခဲ့တယ်လို့ သူက ပြောပါတယ်။
ပိုနေတဲ့  ငွေကြေးတွေကိုလည်း ကချင်ဒုက္ခသည်အရေးမှာ အဓိက အကူအညီပေးနေတဲ့  ဘာသာရေး အဖွဲ့အစည်းတွေက တဆင့် ကချင်ပြည်နယ် ဒုက္ခသည်တွေအတွက်  ပေးအပ်ခဲ့တယ်လို့လည်း ပြောပါတယ်။
အလားတူ ရခိုင်နဲ့  ကချင်ပြည်နယ်က ဒုက္ခသည်အတွက် သုံးဆယ်မြို့နယ် ဆရာမကြီး ဒေါ်ခင်မူမူ  လက်ဖက်ရည်ဆိုင်မှာ မြန်မာလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်က  ရန်ပုံငွေရှာခဲ့ပါတယ်။ သီဆိုဖျော်ဖြေပြီးနောက်မှာ ခရိုင်  အုပ်ချုပ်ရေးမှူးက ဆိုင်ရှင်ကို ခွင့်ပြုချက်မရဘဲ  ရန်ပုံငွေရှာဖွေတဲ့အတွက် ထောင်ဒဏ် ၆ လနဲ့ ဒဏ်ငွေ ပေးဆောင်ရမှာကို  သိရှိတဲ့အကြောင်း လက်မှတ်ထိုးခိုင်းတယ်လို့ ကွန်ရက်အဖွဲ့ဝင်  ကိုနေမျိုးဇင်က ပြောပါတယ်။
“ငြိမ်းချမ်းရေးကို  ရည်စူးပြီး ငြိမ်းချမ်းရေးအတွက် လှုပ်ရှားမှုပါ။ ဒါကို  ခွင့်ပြုချက်မရလို့ လုပ်လို့ရှိရင် ထောင်ဒဏ်ချမယ်လို့  ခေါ်ယူပြီးတော့ ခြိမ်းခြောက် လက်မှတ်ထိုးခိုင်းတယ်ဆိုတာ  ဒီနေ့ခေတ်မှာ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စလို့ ကျနော်တော့ ကမ္ဘာကို  တင်ပြချင်တယ်။”
ဒီအဖွဲ့ကတော့  ရခိုင်ဒုက္ခသည်တွေအတွက် အလှူငွေ စုစုပေါင်း ၁၅ သိန်းနဲ့  ကချင်ဒုက္ခသည်တွေအတွက် အလှူငွေ ၈ သိန်း လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်မှာ  ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့  ပဋိပက္ခတွေကြောင့် သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ  ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ 
 

 
 
No comments:
Post a Comment