၈၈၈၈ နေ့စဉ်သတင်းစဉ်
မနေ့ က သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး -MR-Antonio Guteeress အခုလို
ရှင်းလင်းပြောသွားတယ် --
( ကုလသမဂ္ဂမဟာမင်းကြီးရုံးက စီစဉ်ဆောင်ရွက်တဲ့ ပြန်လည်နေရာချထားရေး အစီအစဉ် ဆိုတာဟာ အလွန်ထူးခြားတဲ့ 
အခြေအနေကြောင့် တခြားတိုင်းပြည်ကို ထွက်ပြေးလာသူ ဒုက္ခသည်တွေ အတွက် ဖြစ်ပါတယ် ) -------
နေပြည်တော်မှာ သမ္မတကြီး ဦးသိန်းစိန်က Mr-Antonio Guteeress ကို အခုလို ပြတ်ပြတ်သားသား ပြောဆိုခဲ့ ပါတယ် --------
( ရိုဟင်ဂျာဆိုတာ ရေလမ်းမှတဆင့် ခိုးဝင်လာတဲ့ သူတွေဖြစ်လို့  တရားမ၀င် ၀င်ရောက်လာသူဖြစ်တယ်။ မြန်မာနိုင်ငံအတွင်းသို့  တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုင်ဂျာများကို လက်ခံရန် မည်သို့ မျှ မဖြစ်နိုင်ကြောင်း ပြတ်ပြတ်သားသား ပြောလိုက်တယ် )
ဒီနေရာမှာ သူတို့ နှစ်ဦး ဘာတွေများ ကွာခြားနေကြတာလဲ ။ ဘယ်သူကများ လက်လွပ်စပ္ပါယ် ပြောကြားနေတာလဲ ဆန်းစစ်ကြည့်
ကြရအောင် လိုအပ်လာပြီဖြစ်တယ် ။
Mr Antonio စကားမှာ အလွန်ထူးခြားတဲ့  အခြေအနေကြောင့် ဆိုတဲ့  စကားရပ် တခုကို ထုတ်ဖေါ်ပြောဆိုသွားပါတယ် ။
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက သူသိနေတာက တိုင်းပြည်တပြည်မှာ အစိုးရက ဖိနှိပ်ကွပ်လို့  -ဒါမှမဟုတ် အတိုက်အခံဖြစ်လို့ 
လူမျိုးတုံးသတ်ဖြတ်လို့  နယ်စပ်ကျော်ပြီး ထွက်ပြေးလာသူတွေကို ဒုက္ခသည်များအဖြစ် အလွန်ထူးခြားတဲ့  အခြေအနေကြောင့်ဆိုတာ
ထုတ်ဖေါ်ပြောသွားတာ ဖြစ်တယ် ။
ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ လွပ်လွပ်ရေးမရခင် -၁၉၄၈-ခုနှစ် မတိုင်မှီ အင်္ဂလိပ်နယ်ချဲ့ အစိုးရက
လယ်ယာလုပ်ကိုင်ရန် ခေါ်သွင်းခဲ့ သူများဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားတယ် ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေပြီး ရေလမ်းမှတဆင့်
ခိုးဝင်လာသူများဖြစ်တယ်လို့  ပြောသွားတယ် ။ ဒီနေရာမှာ အလွန်ထူးခြားတဲ့  အခြေအနေကို သမ္မတဦးသိန်းစိန်က ခိုးဝင်လာသူများဟာ
သူတို့ နိုင်ငံမှာ အလုပ်အကိုင် မလုပ်နိုင်တာကြောင့် စီးပွါးရေး မချောင်လည်တာကြောင့် နယ်မြေအေးချမ်းတဲ့  မြန်မာနိုင်ငံထဲကို
တရားမ၀င်လာရောက်ခြင်းဖြစ်တယ် ။ သူတို့ တွေဟာ လူဦးရေ အဆမတန်များပြား မွေးဖွါးကြလွန်းတဲ့  အလွန်ထူးခြားတဲ့ 
မျိုးဆက်ပြန့် ပွါးခြင်းကြောင့် နယ်မြေသစ်တွေကို တရား မ၀င်သည်ဖြစ်စေ ထွက်ခွါသွားနေကြတယ် ။။။။။။
ဒီတော့ခါ အလွန်ထူးခြားတဲ့  လူသားမျိုးပွါးခြင်းဆိုတဲ့  အလွန်ထူးခြားတဲ့  ပြသနာကို ကုလသမဂ္ဂဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး
မဟာမင်းကြီးဟာ စစ်မက်ဖြစ်ပွါးတာနဲ့  ဖိနှိပ်ကွပ်တာနဲ့  ထွက်ပြေးလာသူများလောက်ကိုသာ ကျွမ်းကျင်ကိုင်တွယ်နေတဲ့ အဆင့်လောက်နဲ့ 
မဆန်းစစ်ဘဲ မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်ကို လာရောက်တွေ့ ဆုံနေတာဖြစ်တယ် ။ Mr-Antonio က မြန်မာနိုင်ငံက ရိုဟင်ဂျာ တွေနဲ့ 
မသက်ဆိုင်ပါဘူးလို့  ပြောသွားတယ် ။
သူဟာ နိုင်ငံခြားက NGOs-တခုဖြစ်တဲ့  UNHCR က တာဝန်ရှိ ပုဂ္ဂိုလ်ကြီးတယောက်ဖြစ်တယ် ။ ဒါကြောင့် သက်ဆိုင်ရာ
ကာယကံရှင်များရဲ့ 
ပကတိအခြေအနေကို လက်မခံဘဲ သူတို့  ထင်သလို ၀င်ရောက်စွက်ဖက်လို့  မရပါဘဲနဲ့  ပြောသွားတာဖြစ်တယ် ။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ်ဘူးလို့  ပြောလိုက်တယ် ။ ဒါဟာ
မိမိနိုင်ငံအကြောင်းကို အူမချေးခါးကအစ သိတဲ့  နိုင်ငံခေါင်းဆောင်မို့  နိုင်ငံရေးစကားကို ဗြောင်ပြောဆိုလိုက်ခြင်းဖြစ်တယ် ။
Mr Antonio က မိမိတို့  UNHCR အနေနဲ့  ရခိုင်လူမျိုး -ရိုဟင်ဂျာ လူမျိုး မခွဲခြားဘဲ လူသားချင်းစာနာထောက်ထားတဲ့  အကူအညီတွေကို
ပံ့ပိုးဆောင်ရွက်ပေးသွားမှဖြစ်တယ် လို့  ပြောသွားတယ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီလူမျိုးဆိုတာဟာ တိုင်းရင်းသားလူမျိုးမဟုတ်ဘူးလို့  ထုတ်ပြန်ကတည်းက မဟာမင်းကြီးဟာ
ဒီလူမျိုးအတွက် ဘာမှ နာမည်တပ်ပြီး ပြောစရာမလိုတော့ဘဲနဲ့  လုံလောက်နေပြီဖြစ်တယ် ။ သမ္မတကြီး ဦးသိန်းစိန်က
တိုင်းရင်းသားလူမျိုးများဖြစ်တဲ့  ရခိုင်လူမျိုးကို တာဝန်ယူစောင့်ရှောက်မယ်လို့  ပြောတယ် ။ ဒါပေမဲ့  ခိုးဝင်လာတဲ့  သူတို့ တွေကိုတော့
-UNHCR- က တာဝန်ယူချင် ယူသွားပါလေ ဆိုပြီး ဖြေရှင်းနည်းကို ပြောပြလိုက်တယ် ။
မဟာမင်းကြီး Antonio က လူသားချင်း စာနာထောက်ထားတဲ့ အတွက် အကူအညီ ပေးမယ်လို့  ပြောသွားတယ် ။
နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပေးပါလို့  ပြောလိုက်တယ် ။ ဒါပေမဲ့  ရခိုင်လူမျိုးတွေက UNHCR နဲ့  အခြား NGOs က ဘယ်အကူအညီ
အထောက်အပံ့ကိုမျှ လက်မခံ မယူကြတော့တဲ့  အတွက်ကြောင့် ဒုက္ခသည်စခမ်း ထဲကတောင် နှင်လွှတ်လိုက်ကြပြီဖြစ်တယ် ။
လက်မခံ မယူတဲ့  သူတွေကိုတော့ ဘယ်လိုမှ စာရင်းလိမ်ပြပြီး ကြိုးစားလို့  မရဘူးဆိုတာ ရှင်းနေတယ် ။ ကုလသမဂ္ဂမှာ ဒီလို
NGOs တွေဟာ စာရင်းလိမ်ပြပြီး လိမ်စားညာစားနေကြတာ အများကြီး ရှိတယ် ။
မဟာမင်းကြီး Antonio က မိမိတို့  ပြန်လည်နေရာချထားရေးအစီအစဉ်ဟာ တကယ့်ဒုက္ခသည်များအတွက်သာဖြစ်ပါတယ်လို့ 
သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ် ။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ခိုးဝင်လာတဲ့  သူတွေတွေကို လာရာလမ်းကို ပြန်ခေါ်သွားပါတော့လို့  ပြောလိုက်တယ်-
ဒါမှမဟုတ်ရင် ပြန်လည်နေရာချထားရေးအစီအစဉ်အရ တတိယနိုင်ငံ တခုခုကို ပို့ ဆောင်ကြမယ်ဆိုရင် ပို့ ပေးမယ်လို့  ပြောလိုက်တယ် ။
ဒီတော့ခါ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်မှာ ဘာတခုမှ လက်မခံတာမှ
မဟုတ်ဘူးဆိုတာ သိသာနိုင်တယ် ။
ဒါကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး မဟာမင်းကြီး Mr Antonio Guteeress ဟာ မြန်မာနိုင်ငံက
တကယ်အစစ်အမှန် ဒုက္ခသည်များဖြစ်တဲ့  ထိုင်းနိုင်ငံ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ အိန္ဒိယနိုင်ငံ ၊ မလေးရှား နိုင်ငံ ၊ ဂျပန် နိုင်ငံတွေက
မြန်မာနိုင်ငံသားစစ်စစ်တွေကို တတိယနိုင်ငံများသို့  ဒုက္ခသည်များပြန်လည်နေရာချထားရေး အစီအစသ်အရ အမြန်ဆုံး
လုပ်ပြရမှာဖြစ်တယ် ။
သူတို့ တွေဟာ အေးအေးဆေးဆေးနဲ့  ခိုးဝင်ပြီး အဲဒီနိုင်ငံတွေမှာ ဒုက္ခသည်အဖြစ်နေကြရတာ မဟုတ်ဘူး ။ နေ့ တဓူဝ ဆင်းရဲခြင်း
ကြီးမားစွာနဲ့  နေနေကြရတဲ့  ဒုက္ခသည်များဖြစ်တယ် ။ အခုမြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ခိုးဝင်လာတဲ့  မွတ်ဆလင်ဘာသာဝင် ကိုးကွယ်တဲ့ 
ဘင်္ဂလီလူမျိုးတွေဟာ ခိုးဝင်လာသည့်တိုင်အောင် ဒုက္ခကြီးစွာ နေထိုင်ရတာတွေ မဟုတ်ဘူး ။
ပညာသင်ကြားခွင့်ရလို့  ဒေါက်တာတွေ ကျောင်းဆရာတွေ အလုပ်သမားတွေ စီးပွါးရေးလုပ်ငန်းရှင်တွေ တပုံတခေါင်းရှိကြတယ် ။ အခုက
နယ်မြေပိုင်ဆိုင်လိုတာနဲ့  နိုင်ငံရေးပယောဂကြောင့် အခုလို အကြမ်းဖက်ပြီး အောက်လမ်းနည်းနဲ့  ဆောင်ရွက်လာကြတာဖြစ်တယ် ။
ရခိုင်ပြည်နယ်အတွင်းမှာ လွပ်လွပ်စွာ အိမ်ထောင်ပြုခွင့်အရ လပ်ထက်ထိမ်းမြားတာကို မထိမ်းချုပ်နိုင်လို့  အခုလို လူဦးရေ
ပေါက်ဖွါးလာနေတယ်ဆိုတာ လူတိုင်းသိတယ် ။ အသက်-၁၃-နှစ်ပြည့်လို့  အပျိုဖေါ်ဝင်တာနဲ့  လက်ထပ်ကြတဲ့  သူတို့ လူမျိုးတွေဟာ
တမိသားစုမှာ အနည်းဆုံးလူဦးရေ ( ရ ) ယောက်လောက် ရှိနေတယ် ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူဦးရေ သန်း ( ၁၆၀ ) လောက် ရှိနေတော့
အခုလိုဘဲ ဘင်္ဂလီလူမျိုးတွေကို လက်ခံဖို့  ငြင်းဆန်နေတာဖြစ်တယ် ။ ဘင်္ဂလားဒေ့ရှင်္အစိုးရက ဆင်ခြေပေးထားတာက သူတို့ တွေဟာ
အကြမ်းဖက် တာလီဘန်တွေနဲ့  အဆက်အသွယ် ရှိလို့  လက်မခံဘူးလို့  ပြောဆိုထားတယ်။
သူတို တောင်မှ လက်မခံရင် ဘာဖြစ်လို့  မြန်မာနိုင်ငံက လက်ခံပေးနေရမှာလဲ ဆိုတာ စဉ်းစားကြည့်ရင် သိသာနိုင်တယ် ။
တရားမ၀င် ခိုးဝင်လာနေတဲ့  သူတို့ ကို မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးတွေက ဒါဟာ အစိုးရနဲ့ သာ သက်ဆိုင်တယ်ဆိုပြီး
နေနေပေးကြတာဘဲဖြစ်တယ် ။ သဘောထားကြီးစွာနဲ့  ခွှင့်လွှတ်ပေးနေခဲ့ လို့  ဒီ့လောက်အထိ လူဦးရေးများပြားနေတာဖြစ်တယ် ။
သမိုင်းနဲ့ ချီလို့  သိထားကြပေမဲ့  ဒါကို မပြောမဆိုဘဲ နေခဲ့ ကြရတယ် ။ ခုတော့လဲဘဲ ရခိုင်လူမျိုးတွေကို သတ်ဖြတ် မီးရို့ 
ဒုက္ခသည်များဖြစ်အောင် ပြုလုပ်လာတာဖြစ်တဲ့ အတွက် တိုင်းရင်းသားလူမျိုးဖြစ်တဲ့  ရခိုင်လူမျိုးကို ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ 
သမ္မတကြီး ဦးသိန်းစိန်က ထုတ်ဖေါ်ပြောဆိုသွားတယ် ။
ဒီတော့ခါ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က လူသားချင်းစာနာထောက်ထားတဲ့ အရ သူတို့  လူမျိုးကို လက်ခံတဲ့  နိုင်ငံရှိရင်
ပို့ ပေးမယ်လို့  ပြောထားပြီးပြီဖြစ်တယ် ။ ရှင်းရှင်းလင်းလင်း ပြောရရင် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး အဖွဲ့ က
မဟာမင်းကြီး -Antonio Guteeress ကတောင်မှ ဒုက္ခသည်ဆိုတာ ဘာကို ဖွင့်ဆိုတာလဲ ဆိုတာ နားမလည်သေးဘူးဆိုတာ
ထင်ရှားနေတာပါဘဲ ။။။
ခိုင်အောင်ကျော် ( နယူးယောက် )

No comments:
Post a Comment