Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Sunday 15 July 2012

နိုင်ငံခြား အန်ဂျီအိုများ အပေါ် ရခိုင်၌ ဆန့်ကျင်မူ တိုးပွားနေ

နိရဉ္ဇရာ

မောင်အေး

ရခိုင် ဒေသခံ တိုင်းရင်းသားများ အကြားတွင် ယူအန် အပါအ၀င် နိုင်ငံခြားမှ အန်ဂျီအိုများ အပေါ် ဆန့်ကျင် မူများ အထူးတိုးပွားနေကြောင်း သတင်း ရရှိသည်။

ယမန်နေ့ကလည်း ရခိုင်တိုင်းရင်းသားများ ကူညီ စောင်ရှောက်ရေး မြို့လုံးကျွတ်ကော်မီတီများမှ စုပေါင်း  ကျေညာချက် တစ်စောင် ထုတ်ပြန်ရာတွင် ကမ္ဘာ့ ကုလသမဂ္ဂ (UN) နှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော INGOs များ၏ ရခိုင်တိုင်းရင်းသားများသို့ ပေးအပ်မည့် အကျိုးမရှိသော မစို့မပို့  အကူအညီများကို လုံးဝ ငြင်းပယ်မည် ဖြစ်ကြောင်း ဖေါ်ပြသည်။

“ သူတို့က လူ့အခွင့်အရေးကို အရေခြုံပြီး ကျွန်တော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ ၀င်ရောက် စွက်ဖက်တယ်။ ဒီအန်ဂျီအိုတွေကို အကာအကွယ်ယူပြီး အကြမ်းဖက်သမားတွေက ကျွန်တော်တို့ တိုင်းရင်းသားတွေကို သတ်ဖြတ်တယ်။ မီးရှို့တယ်။ ဒီ အခု ပေါ်ပေါက်ခဲ့တဲ့ လုပ်ရပ်တွေဟာ အန်ဂျီအိုတွေကို အကာအကွယ်ယူပြီး လုပ်တယ်ဆိုတာကို လူတိုင်းသိတယ်။ ဒါကြောင့် ဒီ နိုင်ငံတကာ အန်ဂျီအို တွေဆီက အကူအညီတွေကို ကျွန်တော်တို့ မလိုဘူးလို့ ကျေညာချက် ထုတ်ပြန်ရတာ ဖြစ်ပါတယ်” ဟု ဦးဆောင်လူပ်ရှားသူ ကိုထွန်းလင်းစံက ပြောသည်။

ရခိုင်တိုင်းရင်းသားများ ကူညီ စောင်ရှောက်ရေး မြို့လုံးကျွတ်ကော်မီတီများမှ စုပေါင်း ထုတ်ပြန်သော ကျေညာချက်တွင် “ ၂၀၀၁ ခုနှစ် ကုလ သမဂ္ဂ၏ ထောင်စုနှစ် ကြေညာစာတန်းတွင် UN နှင့် INGOs  များသည် နိုင်ငံ တစ်နိုင်ငံ အချုပ်အချာကို လေးစား လိုက်နာရန်နှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတကာ အကြမ်းဖက်မူ တားဆီးရေး၊ လက်နက်ကိုင် ပတိပက္ခများ အတွက် အဖြေရှာရေး စသည့် ကိစ္စရပ်များကို တိတိကျကျ လိုက်နာရန် ဖြစ်သည်ဟု ပါရှိကြောင်း” ဖေါ်ပြသည်။

သို့သော် ယူအန်နှင့် နိုင်ငံတကာ အန်ဂျီအိုများသည် ရခိုင်တိုင်းရင်းသားများကို လုံးဝ ဥပက္ခာပြုပြီး နိုင်ငံခြားသား ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီများကိုသာ နည်းအမျိုးမျိုးဖြင့် ကူညီထောက်ပံ့ အားပေး အားမြှောက် ပြုလုပ်ပေးခဲ့ကြသည်။ ထိုအကျိုးဆက် အဖြစ် ဘင်္ဂလီများ၏ အကြမ်းဖက်မူကြောင့် အပြစ်မဲ့သည့် ဌာနေ ရခိုင်တိုင်းရင်းသားများမှာ အကာအကွယ်မဲ့စွာဖြင့် အသက်အိုးအိမ်များ သေကြေပျက်စီး ဆုံးရှုံးခဲ့ကြရသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

၎င်းပြင်ကျေညာချက်တွင် သမ္မတကြီး ဦးသိန်းစိန် အနေဖြင့် ဇူလိုင်လ (၁၁) ရက်နေ့က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio တွေ့ဆုံစဉ် ရိုဟင်ဂျာနှင့် ပတ်သက်ပြီး ပြောကြားသော သဘောထား  ထောက်ခံကြောင်း အဆိုပါ ကျေညာချက်တွင် ရေးသားဖေါ်ပြသည်။

ဇူလိုင်လ ၄ ရက်နေ့ကလည်း မောင်တောမြို့တွင် ခိုလှုံနေကြသည့် ရခိုင်ဒုက္ခသည်များက NGO များမှလာ ရောက်လှူဒါန်းသည့် ဆေးပစ္စည်းများကို လက်မခံဘဲ ငြင်းပယ်ခဲ့သလို  မောင်တောမြို့ရှိ အလိုတော်ပြည့် ကျောင်း တိုက်မှ ဆရာတော် ဦးမဏိသာရမှလည်း NGOများအလှူကို လက်မခံဘဲ ငြင်းပယ်ခဲ့သည်။

အလားတူ ဇူလိုင်လ (၆) ရက်နေ့ကလည်း ရခိုင် ဒုက္ခသည်များ ခိုလုံရာ နေရာ တစ်ခု ဖြစ်သည့် စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်မှ ဆရာတော် အရိယာဝံသမှလည်း WFP မှလာရောက်လှူဒါန်းသည့် ရိက္ခာများကို လက်မခံဘဲ ငြင်းပယ်ခဲ့သည်ဟု RFA မြန်မာပိုင်း အစီအစဉ်တွင် ရေးသားဖေါ်ပြခဲ့သည်။

“ဟုတ်ပါတယ်။ UN နဲ့ INGOsတွေက အကူအညီတွေကို မယူဖို့ ရခိုင်တိုင်းရင်းသားများကူ ညီစောင့်ရှောက် ရေး အသင်းက ကြေငြာချက်ထုတ်ပါတယ်။ အကူအညီကတော့ ကျွန်တော်တို့ ပြည်သူတွေ အတွက် အထူး လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအန်ဂျီအိုတွေက ဘက်လိုက်နေတော့ ဒေသခံတွေက သူတို့ကို ပိုပြီး  အပြစ်မြင်လာတဲ့ သဘော ဖြစ်ပါတယ် ”ဟု ၀ံလက်ဖောင်ဒေးရှင်းမှ ကိုခိုင်ကောင်းစံက ပြောသည်။
ယခု ရက်ပိုင်းတွင်းက ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ဦးကိုကိုကြီးမှလည်း RFA မြန်မာပိုင်းအစီအစဉ်နှင့် မေးမြန်းခန်းတွင်  NGO များနှင့်ပတ်၍ ယခုကဲ့သို့ ပြောကြားသည်။

“ ဒီနိုင်ငံတကာအဖွဲ့အစည်းတွေ တာဝန်ရှိတဲ့သူတွေ အနေနဲ့က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် သူတို့ သိ ထားသလောက် အချက်အလက်တွေနဲ့ ကောက်ချက်ချတာတို့ သဘောထားပေးတာမျိုးဟာ ကျနော်တို့ နိုင်ငံရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ မဖြစ်တဲ့အခါကျရင် ကျနော်တို့ နိုင်ငံသားတွေရဲ့ စိတ်ခံစားမှုတွေကိုပါ လာပြီး တော့ သက်ရောက်နိုင်တယ်။ ဥပမာဆိုလို့ရှိရင် ကျနော်ရောက်ခဲ့တဲ့ ဒုက္ခသည် စခန်းတွေမှာ UN ဆိုပြီး တော့ ကြက်ခြေခတ်ထားတယ်။ INGO ဆိုပြီးတော့ ကြက်ခြေခတ်ထားတယ်” ဟု ပြောသည်။

ရခိုင် ဆူပူ အကြမ်းဖက်မူနှင့် ဆက်စပ်မူ ရှိသည်ဟု ဆိုကာ   ယူအန် အပါအ၀င်  နိုင်ငံတကာ အန်ဂျီအိုများမှ အနည်းဆုံး ၀န်ထမ်း ၁၀ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက မောင်တောနှင့် စစ်တွေတွင် ဖမ်းဆီးခဲ့သည်။ အဆိုပါ ဖမ်းဆီးခံရမူမှာ ဟုတ်မှန်ကြောင်း  ကမ္ဘာကုလသမဂ္ဂ တာဝန်ရှိသူများမှ အတည်ပြုထားသည်။ ယူအန်နှင့် နိုင်ငံခြား အန်ဂျီအိုများကို အကာအကွယ်ယူ၍ ရခိုင်တိုင်းရင်းသားများကို အကြမ်းဖက်သူများက တိုက်ခိုက်ခဲ့သဖြင့် ယခုကဲ့သို့ အန်ဂျီအို ၀န်ထမ်းများ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

No comments:

Post a Comment

 
Blogger Widgets