ရခိုင်ပြည်နယ်သို့  ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ( ဇူလိုင်လ ၁၃ ရက် )  နံနက် ၇း၀၀နာရီတွင် မြန်မာနိုင်ငံ၏ အနောက်ဘက်စွန်းရှိ မြန်မာ - ဘင်္ဂလားရှေ့  နှစ်နိုင်ငံ နယ်စပ်စည်းရိုးသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြသည်။
၎င်းနောက် နံနက် ၈း၀၀ နာရီတွင် မောင်တောမြို့၊ အောင်မြေဗောဓိ သာသနာ့ရိပ်သာ၌  ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းသို့လည်းကောင်း၊ နံနက် ၈း၃၀ နာရီတွင်  မောင်တောမြို့၊ အစိုးရအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းသို့ လည်းကောင်း ရောက်ရှိခဲ့ကြပြီး မြန်မာနိုင်ငံအနှံ့မှ အလှူရှင်များက ၈၈မျိုးဆက်ကျောင်းသားများမှတစ်ဆ
နံနက် ၉း၀၀  နာရီခန့်တွင် မောင်တောမြို့မှ ဘူးသီးတောင်မြို့သို့ ထွက်ခွာလာခဲ့ပြီး  ဘူးသီးတောင်မြို့တွင် ဒေသခံလူကြီးများဖြစ်ကြသော ဦးစံရွှေမောင်  (ဒေါက်တာအေးချမ်း၏ အစ်ကို) နှင့် ရခိုင်အမျိုးသား တိုးတက်ရေးပါတီ (RNDP)၏  နာယက တို့နှင့် တွေ့ဆုံခဲ့ပြီး ဖြစ်ပေါ်ခဲ့သည့် အခင်းအဖြစ်အပျက်များနှင့်  ပတ်သက်ပြီး မေးမြန်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် နံနက် ၁၀း၁၅ နာရီတွင်  ဘူးသီးတောင်မှ စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ကြရာ ညနေ ၅း၃၀ နာရီတွင်  စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြသည်။

No comments:
Post a Comment