skip to main  |
      skip to sidebar
          
        
          
        
ခိုးဝင်လာသည့်ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ဟု သမ္မတပြော
Messenger News Journalခိုးဝင်လာသည့်ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ဟု   သမ္မတပြော
ရန်ကုန်၊ ဇူလိုင် ၁၁၊ ၂ဝ၁၂
တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန်  မည်သို့မျှမဖြစ်နိုင်ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်က ကုလသမဂ္ဂ  ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးအကြီးအကဲ  Antonio Guterres နှင့်  ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း  သမ္မတရုံးအင်တာနက်စာမျက်နှာတွင် ရေးသားဖော် ပြထားသည်။
အဆိုပါ  ရိုဟင်ဂျာကိစ္စကို နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းများမှာ  ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာအဖွဲ့ (UNHCR) သို့ အပ်နှံပြီး  ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်၊ (UNHCR) က ကျွေးမွေးစောင့်ရှောက်   ပေးရန်နှင့် တတိယနိုင်ငံကလက်ခံ မည်ဆိုပါက ရိုဟင်ဂျာများကို  ပို့ပေးမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ဆက်လက်ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ သော အခြေအနေများနှင့် ပတ်သက်၍  ဒေါ်အောင်ဆန်းစုကြည်ကလည်း ''အခုဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်  တရားဥပဒေစိုးမိုး ရေးလိုအပ်တယ်ဆိုတာကို သင်ခန်း စာယူဖို့ လိုအပ်သလို  နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေတွေဟာလည်း တိကျသေချာဖို့ လိုအပ်ပါတယ်။ အခု  ပြဿနာက ငယ်ရာကနေကြီးလာတာဟာ တရားမဝင်ပြောင်းရွှေ့နေထိုင်မှုတွေကြောင့်  ဖြစ်တာမို့ နယ်စပ် တစ်လျှောက် စောင့်ကြပ်ရမှာလည်း  အဂတိတရားကင်းရှင်းသင့်ပါတယ်'' ဟု ပြောကြားထားခဲ့သည်။
ရိုဟင်ဂျာလူမျိုးဆိုသည်မှာ ၁၈၈၅ ခုနှစ် အင်္ဂလိပ်မြန်မာ ပထမ စစ်ပွဲမှစ၍  မြန်မာနိုင်ငံတစ်ဘက်ခြမ်း မှအင်္ဂလိပ်များနှင့်အတူ ဝင်ရောက် လာသော  လူမျိုးများဖြစ်ပြီး ဂျပန် ခေတ်အင်္ဂလိပ်များ ဆုတ်ခွာချိန်တွင် တချို့ကို  လက်နက်ကိုင်တော်လှန် ရေးအတွက် ချန်ထားမယ့်သူများက ၄င်းတို့ကိုယ်တိုင်  ရိုဟင်ဂျာများဖြစ် ကြောင်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ  ရိုဟင်ဂျာလူမျိုးများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး   တစ်ရာကျော်ထဲတွင် မရှိသလို မိမိ တို့၏ တိုင်းရင်းသားလူမျိုးလည်း  မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်  ထောင်စုဝန်ကြီးဦးခင်ရီက မီဒီယာ များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
''ရိုဟင်ဂျာပြဿနာကို ဘယ် တော့မှ လက်ခံမယ့်နိုင်ငံမရှိသလိုမျိုး ဖြစ်နေတယ်။  ဒုက္ခသည်တွေကို လူ သားချင်းစာနာမှုအရ ကျွန်တော်တို့ ကိုယ်ချင်းစာပါတယ်။  ဒါပေမဲ့ ကျွန်တော်တို့လူမျိုးရဲ့ သဘောကောင်းမှုကို အခွင့်အရေးယူပြီး  နိုင်ငံကြီးတွေကနေ အားနည်းတဲ့နိုင်ငံက ပြဿနာကိုလက်ခံရမယ်လို့ ဖိအား  ပေးနေတာမျိုးကို ကျွန်တော်တို့ လုံးဝသည်းခံမှာမဟုတ်ဘူး'' ဟု ၈၈  မျိုးဆက်ကျောင်းသားခေါင်းဆောင် များပြုလုပ်သည့် ရခိုင်အရေးသတင်း  စာရှင်းလင်းပွဲတွင် ကိုကိုကြီးက ပြော ကြားခဲ့သည်။
ရခိုင်ပြည်နယ်ကို  လေ့လာကြည့်လျှင် ၁၉၄၈ ခုနှစ်မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူ  များနောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများဖြစ်ပြီး  မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်လာကြောင်း၊ ဤကိစ္စကို  ကိုင်တွယ်ဖြေရှင်းအလေးအနက် ထားစဉ်းစားလျက်ရှိပါကြောင်း၊ မိမိ  တိုင်းရင်းသားများကို တာဝန်ယူမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကို ပြောကြားခဲ့သည်။ 
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး ၁ဝ သိန်းခန့်ရှိကြောင်း  ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင်ပြော  ကြားထားခဲ့သည်။
"UNHCR ကိုယ်တိုင်က ခေါင်းရှောင်နေမှတော့ မြန်မာနိုင်ငံမှာတာဝန်မရှိတာ ပိုပြီးခိုင်မာနေပါပြီ။ 
သမ္မတကြီးကိုယ်တိုင် ပြတ်ပြတ်သားသား ပြောပြီးပြီ။ ဒီထက်ပိုပြီး  ပြတ်သားစရာလည်း မရှိတော့ဘူး။ ဒီနေရာမှာ မီဒီယာတွေ၊ Civil Society တွေနဲ့  ပြည်သူတွေက သမ္မတကြီးရဲ့ မူဝါဒကို အခိုင်အမာထောက်ခံမှုပြသပြီး နိုင်ငံတကာကို  သိသာထင်ရှားလာ အောင်ပြုလုပ်ဖို့ပဲလိုပါတော့တယ်။ 
တစ်ခုတော့ရှိတယ်။ထိုင်း-မြန်မာ နယ်စပ်က မြန်မာဒုက္ခသည်တွေ အရေးကိစ္စအတွက်  ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကမှ မြန်မာဒုက္ခသည်တွေကို လက်ခံဖို့  ထိုင်းနိုင်ငံကို ဘယ်တုန်းကမှ မပြောခဲ့ကြဘူး ဆိုတာ  သတိရစေချင်တယ်။"ဟုနိုင်ငံတော်သမ္မတရုံးတာဝန်ရှိသူအဆင့်မြင့်အရာရှိ
တစ်ဦးက၎င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင်ရေးသားဖော်ပြထားသည်။
 
 
 
 
          
      
 
  
 
 
  
 
No comments:
Post a Comment