ပေါ်ပျူလာမြန်မာ
ရန်ကုန်၊ ဇူလိုင် ၂
ရခိုင်ပြည်နယ်ဒုက္ခသည် များအတွက် ရုပ်ရှင်၊ ဂီတအနု ပညာရှင်များ၏ လှူဒါန်းမှုကို ဇူလိုင်လ ၁ ရက်နေ့တွင် စစ်တွေမြို့၌ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး ထံမှ သိရသည်။ အဆိုပါ ဒုက္ခသည်များ အတွက် မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးမှ ဦးဆောင်၍ ဇွန်လ ၂၉ ရက် နှင့် ၃ဝ ရက်များတွင် ရန်ပုံငွေ ဖျော်ဖြေပွဲ ပြုလုပ် ခဲ့ပြီး ရရှိခဲ့သော အလှူ ငွေကျပ် သိန်း ၉ဝဝ ကျော်နှင့် အဝတ်အထည်များ သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများ ဖြစ်သည့် ရဲ ကျော်သူကျောင်း၊ ဆင်ကူလမ်း ကျောင်း၊ ရွာကြီးမြောက်ပိုင်း ရွှေ စေတီကျောင်း၊ ဆုတောင်းပြည့် ကျောင်း၊ ABC ကလေးသူငယ် စောင့်ရှောက်ရေး အဖွဲ့ အစရှိသည့် စခန်းများကို သွားရောက်လှူဒါန်း ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment