မိုးဝေ (မြစ်မခ)
   လွန်ခဲ့သည့်(၂)ပါတ်အကြာကတည်းကပိတ်ထားရသောစစ်တွေမြို့မဈေးကြီးကိုဇွန်လ(၄)ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်သွား  မည်ဖြစ်ကြောင်း သိရှိရရှိသည်။
   “ဈေးအတွင်းမှာရှိတဲ့ဘင်္ဂလီတွေပိုင်တဲ့ဆိုင်ခန်းတွေကပစ္စည်းတွေကိုထုတ်လိုက်ပါပြီ၊ရခိုင်ဆိုင်ခန်းတွေပဲ  ကျန်ပါတော့တယ်’’ဟု မြို့မဈေး အနီးမှ ဒေသခံတစ်ဦးကပြောသည်။
   ယနေ့တွင်စစ်တွေမြို့မြို့မဈေး၌တာဝန်ရှိသူတို့အစည်းဝေးပြုလုပ်၍ဇွန်လ(၄)ရက်နေ့ဖွင့်လှစ်နိုင်ရန်ဆုံးဖြတ်ခဲ့ပြီးစစ်တွေမြို့မဈေး   အတွင်းရှိဘင်္ဂလီဆိုင်ခန်းများမှပစ္စည်းများကိုပိုင်ရှင်များသို့ပေးအပ်ခဲ့ပြီးနောက်ဈးကို  ပြန်လည်ဖွင့်လှစ်ရန် အတည်ပြုလိုက်ခြင်း ဖြစ်သည်။
  “မနက်ဖြန် မနက်  ၈နာရီမှာ သံဃာတော်တွေပင့်ပြီးတော့ ဈေးကို ပရိတ်နာပါမယ်၊ နေ့လည်ပိုင်းလောက်  မှာတော့ ဖွင့်ဖြစ်ဖို့ များပါတယ်၊အခု စည်ပင်က လူကြီးတွေနဲ့ ဈေးက  တာဝန်ရှိသူတစ်ချို့ အစည်းဝေး လုပ်ကြ ပါတယ်”ဟု စစ်တွေမြို့မဈေးကြီးတွင်  တာဝန်ကျရဲအရာ ရှိတစ်ဦးကပြောသည်။
  လူမျိုးရေးအဓိကရုဏ်းများကြောင့်စစ်တွေမြို့ မြို့မဈေးကြီးကိုယခုလ (၈)ရက်နေ့က အရေးပေါ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
   “စစ်တွေအခြေနေမှာတည်ငြိမ်နေပါတယ်၊ပထမတော့ဈေးကိုဘင်္ဂလီတွေလာပြီးမီးရှို့မယ်ဆိုတဲ့သတင်းတွေထွက်လာကြောင့်  မြို့မဈေးကို မဖွင့်ပါဘူး၊ အခုဆိုရင်  မြို့မဈေးမှာဘင်္ဂလီဈေးဆိုင်ခန်းတွေက ပစ္စည်းတွေ ကို  ပိုင်ရှင်တွေနဲ့ထုတ်ယူပြီး ဘင်္ဂလီတွေနေထိုင် တဲ့နေရာတွေဆီ  ရွှေ့ပြောင်းလိုက်ပါပြီ၊ ဒါကြောင့် ဈေးဆိုင်ကို လည်းဖွင့်ဖို့အတွက်   တာဝန်ရှိသူတွေရဲ့ ညှိနှိုင်းဆုံးဖြတ်ချက်အရ  ဖွင့်ပေးဖို့  ဆုံးဖြတ်လိုက်တာပါ’’ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
  ဒေသခံအများစုကမူစစ်တွေမြို့မဈေးကြီးအမြန်ဖွင့်ရန်  လိုလားနေကြကြောင်းသိရသည်။ လက်ရှိအချိန်တွင် စစ်တွေမြို့မဈေးကြီးအတွင်း  လုံခြုံရေးချထားဆဲဖြစ်သည်။
  “မေယုဈေးတော့ဖွင့်ထားပါပြီ မြို့မဈေးကြီးပဲဖွင့်ဖို့ကျန်ပါတော့တယ်’’ဟုမေယုဈေးတွင်း ဈေးရောင်းနေသူ ဦးလှဝင်းကပြောသည်။

 

 
 
No comments:
Post a Comment