အာရကန်တိုင်းမ်စ်
လွန်ခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အကြီးအကဲဖြစ်သူ Antonio Guterres နှင့် သမ္မတ ဦးသိန်းစိန်တို့တွေ့ဆုံခဲ့ရာ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာတဲ့ ဘင်္ဂလီမူဆလင်များကို လက်ခံရန်ဘယ်တော့မှ မဖြစ်နိုင်ကြောင်း ပြောလိုက်သောစကားကို ရခိုင်ပြည်သူလူထုက တခဲနက်အားပေးထောက်ခံကြိုဆိုလိုက်ကြောင်း သတင်းရရှိသည်။ “ သမ္မတက ဘင်္ဂလီမူဆလင်တွေကို လက်မခံလို့ ပြောလိုက်တဲ့စကားကို ကျနော်တို့ ရခိုင်ပြည်သူလူထုက အားရဝမ်းသာနဲ့ကြိုဆိုပါတယ်။ ဒါကြောင့် ဒီနေ့တွင် ကျနော်တို့ စစ်တွေမြို့မှာ ဒေသခံရခိုင်တိုင်းရင်းသားတွေက အိမ်တိုင်းလိုလိုမှာ မြန်မာနိုင်ငံအလံကို လွှင့်ထူထားကြပါတယ်။ လူများသွားလာနေတဲ့ စက်ဘီး၊ ဆိုင်ကယ်၊ ကားတွေမှာလည်း မြန်မာနိုင်ငံတော်အလံကို လွှင့်ထူပြီး ကိုင်ဆောင်သွားလာနေကြပါတယ်။ ” စစ်တွေမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုမင်းခန့်က ယခုကဲ့သို့ ပြောသည်။ ဆက်လက်ပြီး “ ကျနော်ကတော့ သမ္မတကြီးကို အရမ်းကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ သမ္မတကြီးက အခုလို ဘင်္ဂလီမူဆလင်တွေကို လက်မခံဘူးလို့ပြောလိုက်တဲ့အတွက် ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေသာမက အခြားမြန်မာတိုင်းရင်းသားတွေအတွက်ပါ ဝမ်းမြောက်စရာတစ်ခု ဖြစ်ပါတယ်။ ” ဟု သူ့ရဲ့ခံစားချက်ကို အခုလို ဆိုသည်။ UNHCR ရဲ့ အကြီးအကဲဖြစ်သူ Antonio Guterres နှင့် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန် တွေ့ဆုံရာမှ ထွက်ပေါ်လာသော သမ္မတ ဦးသိန်းစိန်ပြောသည့် ဘင်္ဂလီမူဆလင်များကို ဘယ်တော့မှလက်မခံဘူးဆိုတဲ့စကားနှင့် သူတို့ကို တတိယနိုင်ငံသို့ ပေးပို့ရန် UNHCR အကြီးအကဲထံတွင် တောင်းဆိုသောစကားကို ရခိုင်ပြည်သူလူထုများသာမက အခြားမြန်မာတိုင်းရင်းသားများကပါ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြောင်းကိုလည်း သိရှိရသည်။ |
No comments:
Post a Comment