Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Sunday 17 June 2012

မသီတာထွေးအမှု ဇွန်လ ၁၈ရက်နေ့တွင် အပြီးသတ်စစ်ဆေးမည်

ရန်ကုန်၊ ဇွန် ၁၆
The Voice Weekly

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွှာ အုပ်စု သပြေချောင်းကျေးရွှာသူ မသီတာထွေးအမှုကို ကျောက်ဖြူမြို့နယ် ခရိုင်တရားရုံးတွင် ဇွန်လ ၁၈ ရက်နေ့ နံနက်၁၀နာရီမှစတင်ကာအပြီးသတ်စစ်
ဆေးပေး သွားမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်မှ အသက်၆၀ကျော်အရွယ်ရှေ့နေကြီးတစ်ဦးက The Voice Weekly သို့ပြော ကြားသည်။

အဆိုပါ အမှုကို ဇွန်လ ၈ ရက်နေ့တွင် ပထမဆုံး အကြီမ် စတင်စစ်ဆေးခဲ့ပြီး ဒုတိယအကြီမ်အဖြစ် ဇွန်လ ၁၁၇က် နေ့မှ ၁၅ရက်နေ့အထိ နှစ်ဘက် လုံးမှ သက်သေများကိုစစ်ဆေးခဲကြောင်း၊အဆိုပါသက်သေများ ၏ထွက်ဆိုချက် ကိုရယူပြီး ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။

“တရားလိုဘက်က သက်သေတွေကိုရော တရားခံ (တရားခံဟု ယူဆရသူ) နှစ်ဦးကိုရော စစ်ဆေးပြီးပါပြီ၊ ဒီတော့ ကြားနာမှုတွေကိုနှစ်ဘက် အပြန်အလှန် လျှောက်လဲချက်ပေးပြီးရင် စီရင်ချက် ချမှာပါ”ဟု ရှေ့နေကြီး ဦးဘရှိန် က ပြောသည်။

ပြစ်မှုကျူးလွန်သူ အဖြစ် စွပ်စွဲခံထားရသူ အစ္စလာမ် ဘာသာဝင် သုံးဦးအနက် ထက်ထက် (ရှော်ရှီး)မှာ မိမိကိုယ်ကို အဆုံးစီရင်သွား ပြီး ကျန်နှစ်ဦးဖြစ်သော ရော်ဖီးနှင့် ခိုချီး တို့ကို ဆက်လက် စစ်ဆေးလျှက်ရှိရာ မုဒိမ်းကျင့်ခဲ့သည်ကို ၀န်ခံခဲ့သော်လည်း လုယူမှုနှင့် သတ်ဖြတ်မှုကို ငြင်းဆိုထားကြောင်း ယင်းပတ်ဝန်းကျင်တွင် နေထိုင်သူများထံမှ စုံစမ်း သိရှိရသည်။

မသီတာထွေးအား မုဒိမ်းကျင့်၊ သတ်ဖြတ်၊ လုယက်မှုပြုလုပ်သူ တရားခံ ၃ဦးကို ကျောက်နီမော် ရဲစခန်းမှ (ပ) ၂၃/ ၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၀၂/၃၇၆/၃၉၂ ဖြင့် ဇွန်၈ ရက် နံနက် ၉နာရီခန့်တွင် ကျောက်ဖြူခရိုင် တရားရုံးသို့ တရားစွဲဆို တင်ပို့ရာ ခရိုင်တရားရုံးမှ ရာကြီးအမှတ် ၁၄/၂၀၁၂ ဖြင့် လက်ခံ စစ်ဆေးထားကြောင်း နိုင်ငံပိုင်ရုပ်သံ မီဒီယာများတွင် ထုတ်ပြန်ထားသည်။

မသီတာထွေးသည် မေလ ၂၈ရက်နေ့က ကျောက်နီမော်ကျေးရွှာ စံပြရပ်ကွက်မှ စက်ချုပ်သင်ပြီးနေအိမ်သို့ ပြန်လာစဉ် အစ္စလာမ် ဘာသာဝင်များနေထိုင်သော ကျောက်ထရံရွာ အနီးတွင် အစ္စလာမ်ဘာသာဝင်သုံးဦးက မုဒိမ်းကျင့်၊ လုယက် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း နိုင်ငံပိုင် သတင်း မီဒီယာများတွင် ဇွန်လ ၅ရက်နေ့က ဖော်ပြခဲ့သည်

No comments:

Post a Comment

 
Blogger Widgets