Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Sunday 17 June 2012

ရွှေတိဂုံစေတီတော်ကြီးတွင် ဆန္ဒပြခြင်းမပြုရန် တားမြစ်ချက် ထပ်မံထုတ်ပြန်

The Voice Weekly

ရန်ကုန် ၊ ဇွန် ၁၆

မြန်မာနိုင်ငံ၏ အထင်ကရ ကမ္ဘာကျော် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သာသနာ့မြေပေါ်တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခြင်းများ မပြုလုပ်ရန် တားမြစ်ချက်ကို ယနေ့ (ဇွန်လ၁၅ရက်)တွင် ထုတ်ပြန်လိုက်ကြောင်း ရွှေတိဂုံဘုရား ဂေါပကရုံး အဖွဲ့မှူး ဦးဝင်ကြိုင်က ပြောကြားသည်။

ရွှေတိဂုံစေတီတော်ရင်ပြင်၊ ပရိဝုဏ် နှင့် ၀တ္တကမြေအတွင်းတွင် ဘာသာရေးနှင့် မအပ်စပ်သော အပြုအမှုများဖြစ်သည့် စာတမ်းကိုင်ကာ လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော် စီတန်း လှည့်လည်ခြင်း ၊ ဟောပြော လှုံ့ဆော် စည်းရုံးခြင်း၊ ကျယ်လောင်စွာ ရွတ်ဆို ဆုတောင်းခြင်းများနှင့် ရန်ပုံငွေ (အလှူငွေ) မကောက်ခံ ရန်တို့ ယင်းတားမြစ်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမှော်တွင် ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်ခံရသည့် အမှုတွဲမှ အစပြုကာ ဖြစ်ပွားလာသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ရခိုင် တိုင်းရင်းသားများက ရွှေတိဂုံဘုရား ရင်ပြင်တော်တွင် ဇွန်လ ၉ ရက်နေ့မှ စတင်ကာ သုံးရက်ဆက်တိုက် ဆန္ဒ ထုတ်ဖော်ခဲ့သည့်အတွက် ယင်းတားမြစ်ချက်ကို ထပ်မံ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဦးဝင်းကြိုင်က ဆိုသည်။

ယင်းကဲ့သို့ တားမြစ်ချက်ကို သံဃာတော်များနှင့် ပြည်သူများကို သွေးထွက်သံယို နှိမ်နှင်းခံခဲ့ရသည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုအပြီးတွင်လည်း ထုတ်ပြန်ကြေညာခဲ့သည်။

“ ကျွန်တော်တို့ တားမြစ်ချက်ကို မလိုက်နာဘူးဆိုရင်တော့ သက်ဆိုင်ရာ တိုင်ကြားပြီးတော့ အမှုဖွင့်ပါမယ်။ ဆန္ဒပြတဲ့သူတွေက ဒီစည်းကမ်းချက်ကို မသိဘဲ လုပ်တဲ့အတွက် တိုင်ကြားတာမျိုးတော့ မလုပ်တော့ဘူး။ဒီစည်းကမ်းတွေ ရှိတယ်ဆိုတာက ထုတ်ပြတာပါ” ဟု ၄င်းက ထပ်လောင်း ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများနှင့် ပတ်သက်ကာ လူပေါင်းရာချီကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည့် အတွက် ရွှေတိဂုံဘုရား စောင်းတန်းတွင် သာသနာ့ပစ္စည်း ရောင်းချနေသူ အချို့ စိုးရိမ်စိတ်ဖြင့် ဆိုင်ပိတ်ခဲ့ရကြောင်း ဘုရားကြီး အရှေ့ဘက်မုဒ်ရှိ အရောင်းဆိုင်မှ အသက်၃၂ အရွယ် အမျိုးသမီးက ဆိုသည်။


ဂေါပကရုံး အဖွဲ့မှူး ဦးဝင်ကြိုင်ကလည်း “ ဘုရားဖူးတွေ အနောက်အယှက် မဖြစ်စေချင်လို့ တားမြစ်ချက်ကို ပြန်ထုတ်ရတာပါ” ဟု ထပ်လောင်းပြောကြားသည်။

အဆိုပါ တားမြစ်ချက်သည် ဂေါပက အဖွဲ့စည်းမျဉ်း အပိုဒ် - ၇၇ (ဏ)တွင်ပါဝင်ပြီး ၁၉၇၈ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အတည်ပြု ထားခြင်းဖြစ်သည်။

No comments:

Post a Comment

 
Blogger Widgets