7Days News 
ရခိုင်ပြည်နယ်တွင် ပဋိပက္ခကြောင့် သေဆုံးသူ ၆၉ ဦးရှိ
ရန်ကုန်၊ဇွန်-၂၆
ပဋိပက္ခပြဿနာများကြောင့် ရခိုင် ပြည်နယ်အတွင်း သေဆုံးသူ စုစု ပေါင်းမှာ  ဇွန်လ ၂၅ ရက်အထိ ၆၉ ဦးရှိပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ  လုံခြုံရေးအဖွဲ့မှ တာဝန် ရှိသူ ရဲအရာရှိတစ်ဦးက အတည် ပြုပြောကြားသည်။
သေဆုံးမှုအများဆုံးဒေသမှာ စစ်တွေမြို့၊ မောင်တောမြို့၊ ရသေ့  တောင်မြို့တို့ဖြစ်ကြပြီး ရခိုင်လူမျိုး နှင့် ဘင်္ဂါလီလူမျိုးနှစ်ဖက်စလုံး  ထိ ခိုက်သေဆုံးကြရခြင်းဖြစ်ကြောင်း သိရသည်။
ဇွန်လ ၈ ရက်တွင် မောင် တောမြို့နယ်မှ စတင်ကြီးထွားလာ သည့် အဆိုပါ  ပဋိပက္ခပြဿနာ များကြောင့် ဇွန်လ ၁၄ ရက်ထိ သေ ဆုံးသူ ၅၀ ဦး၊ ဒဏ်ရာရသူ ၅၄ ဦး  ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ များတွင် ဖော်ပြခဲ့သည်။
ဇွန်လ ၁၉  ရက်တွင် ရသေ့ တောင်မြို့နယ်၊ ကူတောင်ကျေး ရွာဖြစ်စဉ်အတွင်း ၁၂ ဦး သေဆုံး  ခဲ့ပြီး ဇွန်လ ၂၅ ရက်တွင် ကျောက် တော်မြို့နယ်တွင် သေဆုံးသူနှစ် ဦး၏  ရုပ်အလောင်းထပ်မံတွေ့ရှိ ခဲ့သည်။
ဖြစ်စဉ်များကြောင့် စုစုပေါင်း  ဒဏ်ရာရရှိသူစာရင်းမှာ ဇွန်လ ၂၅ ရက်အထိ ၇၄ ဦးရှိနေခဲ့ပြီး  ဒုက္ခသည်စာရင်းများမှာလည်း အ စိုးရက နေရပ်ပြန်ပို့နေသည့်တိုင်  နေ့စဉ်နှင့်အမျှ တိုးပွားလာနေဆဲ ဖြစ်သည်။ လူမှုရေးအဖွဲ့အစည်း များ၊  အစိုးရတာဝန်ရှိသူများ၊ စေ တနာရှင်အလှူရှင်များကလည်း  သွားရောက်လှူဒါန်းလျှက်ရှိသော် လည်း ဒုက္ခသည်များအတွက် အကူ အညီများ  လိုအပ်နေဆဲဖြစ်သည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နှင့် မောင်တောမြို့တို့တွင် ဇွန် လ ၈ ရက်က ပြစ်မှုဆိုင်ရာကျင့်ထုံး 
ဥပဒေပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ ပြီး တစ်ပတ်အတွင်း စစ်တွေမြို့၊  ကျောက်ဖြူမြို့၊ သံတွဲမြို့၊ ရမ်းဗြဲ မြို့၊ မြောက်ဦးမြို့တို့ကိုပါ  မြို့နယ် အုပ်ချုပ်ရေးမှူးများ၏ အမိန့်အာဏာဖြင့် ရုံးတံဆိပ်နှိပ်၍ အသီးသီး  ထုတ်ပြန်ခဲ့သည်။
ဇွန်လ ၁၀ ရက်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထိန်းသိမ်းဆောင်  ရွက်နိုင်စွမ်းမရှိတော့သဖြင့် ဥပဒေ ကဲ့သို့ အာဏာတည်သည့် အရေး ပေါ်အခြေအနေကို  ရခိုင်တစ်ပြည် နယ်လုံးသို့ နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာခဲ့သည်။
 
No comments:
Post a Comment