Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Tuesday 26 June 2012

ညီညွတ်ခြင်းနှင်းဆီအဖွဲ့ စစ်တွေသို့သွားရောက်လှူဒါန်းမည်


ညီညွတ်ခြင်းနှင်းဆီအဖွဲ့ စစ်တွေသို့သွားရောက်လှူဒါန်းမည်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြီးမှူးကျင်းပပြီး ရခိုင်တိုင်းရင်းသား မိဘပြည်သူများ ပြန်လည်ဖွံ့ဖြိုးရေး ရံပုံငွေ ပဒေသာကပွဲကို ၃၀.၆.၂၀၁၂ (စနေနေ့)တွင် အမျိုးသားဇာတ်ရုံကြီး၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ရံပုံငွေပဒေသာပွဲတော်ကြီးတွင် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ အနုပညာ အလွှာစုံမှ အနုပညာရှင်များစွာ ပါဝင် ဖြေဖျော်ကြမည်ဖြစ်ကြောင်းလည်း သိရပါသည်။ ရံပုံငွေပဒေသာကပွဲအတွက် Sky Net ရုပ်သံမီဒီယာမှ စပွန်ဆာပေးအပ်ထားကြောင်းလည်း သိရှိရပါသည်။ Sky Net ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ခွင့် စပွန်ဆာကြေး သိန်း(၅၀၀) ပေးအပ်ထားပြီးဖြစ်ကြောင်း သိရပါသည်။ ၎င်းငွေကြေးများဖြင့် ရခိုင်တိုင်းရင်းသားမိဘပြည်သူများအတွက် လိုအပ်သည့် အထောက်အပံ့ပစ္စည်းများကို သင်္ဘောများဖြင့် ပို့ဆောင်လျက်ရှိပါသည်။

ရံပုံငွေပဒေသာကပွဲအပြီး ၁.၇.၂၀၁၂ (တနင်္ဂနွေနေ့)တွင် ဒါရိုက်တာမောင်မျိုးမင်း၊ နေတိုး၊ ကျော်ကျော်ဗို၊ မိုးမိုး၊ ထွန်းထွန်း၊ ရဲလေး တို့ပါဝင်သည့် ညီညွတ်ခြင်းနှင်းဆီအဖွဲ့သားများသည် စစ်တွေမြို့သို့ ရက်ချင်းပြန် လေကြောင်းခရီးဖြင့် အလှူငွေများ၊ ထောက်ပံ့ပစ္စည်းများ သွားရောက်လှူဒါန်းကြမည်ဖြစ်ကြောင်းသိရပါသည်။ ဒါရိုက်တာ ၀ိုင်းမှလည်း ဒုတိယအကြိမ်အဖြစ် လိုက်ပါလှူဒါန်းမည်ဖြစ်ကြောင်း သိရပါသည်။ စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့်အဆင်ပြေသော်လည်း မောင်တောမြို့အပါအ၀င် တခြားမြို့များသို့ ရဟတ်ယာဉ်အသုံးပြုခွင့် ရရှိလျှင် သွားရောက်ကြဦးမည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။

ညီညွတ်ခြင်းနှင်းဆီအဖွဲ့သည် (၂.၇.၂၀၁၂) နေ့တွင် နိုင်ငံခြား ဖြေဖျော်ပွဲခရီးစဉ်အဖြစ် အမေရိကားသို့ ခရီးထွက်ကြဦးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

 
Blogger Widgets