skip to main  |
      skip to sidebar
          
        
          
        
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ကူညီဖို့အတွက် မန္တလေးကနေ အလှူပစ္စည်းတွေတင်လာတဲ့ ကုန်ကားတွေကို စဉ့်ကိုင်မြို့  ဂိတ်မှ ဂိတ်ကြေးခြောက်သောင်းပေးမှ ဂိတ်ကို ဖြတ်သန်းခွင့်ပြု
ရခိုင်ပြည်နယ်က  ဒုက္ခသည်တွေကို ကူညီဖို့အတွက် မန္တလေးကနေ အလှုပစ္စည်းတွေတင်လာတဲ့  ကုန်ကားတွေကို စဉ့်ကိုင်မြို့  စစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့်မပေးတဲ့အတွက်  ဂိတ်ကြေး ခြောက်သောင်းခြောက်ထောင်ကျော် ပေးခဲ့ရ တယ်လို့ မန္တလေးမြို့   နာရေးကူညီမှုအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 
မန္တလေး နာရေးကူညီမှုအသင်းက  ဦးဆောင်ပြီး မန္တလေးမြို့ က အလှုခံလို့ရတဲ့ပစ္စည်းတွေကို ရခိုင်ပြည်နယ်ကို  ပို့ဖို့အတွက် ကုန်ကား ၃-စီးနဲ့ ဇွန်လ ၂၅-ရက် ညနေပိုင်းက  ထွက်လာခဲ့ပါတယ်။ ည-၈ နာရီခွဲလောက် စဥ့်ကိုင်မြို့ စစ်ဆေးရေးဂိတ်ကို  ရောက်တဲ့အခါမှာ တော့ တန်ပိုတင်လာတယ်ဆိုပြီး ဆက်သွားခွင့်မပေးခဲ့ပါဘူး။ 
 ရခိုင်ပြည်နယ်ကဒုက္ခသည်တွေအတွက်မို့  ခွင့်ပြုပေးဖို့ မန္တလေး နာရေးကူညီမှုအသင်းနဲ့ ရခိုင်မောင်မယ်အသင်း  တာဝန်ရှိသူုတွေက အကြိမ်ကြိမ် ညှိုနှိုင်းခဲ့ပေမဲ့ ညှိုနှိုင်းလို့ မရဘဲ  ဂိတ်ကြေး ခြောက်သောင်းကျော်ပေးမှ ခရီးဆက်ခွင့်ပြုခဲ့ကြောင်း မန္တလေး  နာရေးကူညီမှုအသင်း တာဝန်ရှိသူ တွေက ပြောပြခဲ့ပါတယ်။
DVB TV NEWS
 
 
 
          
      
 
  
 
 
  
 
No comments:
Post a Comment