Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Tuesday 26 June 2012

ရသေ့တောင် အကြမ်းဖက် လူသတ်သူများကို စစ်တွေသို့ လွှဲပြောင်း

The Voice Weekly

ရန်ကုန် ဇွန် ၂၆

ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ်
ကူတောင်ကျေးရွာမှ ရခိုင် တိုင်းရင်းသား များ၏ နေအိမ်များကို မီးရှို့ကာ လူသတ် အကြမ်းဖက်မှုများ လုပ်ဆောင် ခဲ့သော အနောက်ပြင်ကျေးရွာမှ အကြမ်းဖက်သူဘဂါင်္လီ များကို သက်ဆိုင်ရာက ဖမ်းဆီးပြီး ရခိုင်ပြည်နယ်၏မြို့တော်စစ်တွေမြို့သို့ ယခုရက်ပိုင်းအတွင်းလွှဲ ပြောင်း လိုက်ပြီဖြစ် ကြောင်း ကူတောင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက The Voice Weekly သို့ပြောကြား သည်။

“ဖမ်းလို့ရတဲ့သူတွေအားလုံးကို စစ်တွေသို့ ပို့တယ်။အခုကျွန်တော်တို့ ပို့လိုက်တာ ၁၀၀ ကျော်ရှိပြီ။သူတို့အားလုံးကို စစ်တွေ အကျဉ်းထောင်မှာ ချုပ်ထားတယ်“ဟု ၄င်းကဆို သည်။

အဆိုပါအကြမ်းဖက်မှုတွင်ပါဝင်သူများကို ဇွန်လ၂၁ ရက်နေ့တွင် သက်ဆိုင်ရာက စတင် ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ကူတောင် ဒေသ ခံများက ပြောကြားသည်။

ရသေ့တောင်မြိုနယ် အနောက်ပြင်ကျေးရွာမှ ဆူပူ အကြမ်းဖက်သူ ဘင်္ဂါလီများသည် ဇွန်လ ၁၉ ရက်နေ့ နံနက် ၅ နာရီကျော်ခန့်တွင် ရခိုင် တိုင်းရင်းသား များနေထိုင်ရာ ကူတောင် ကျေးရွာမှ ရွာချေရွာကို ဝင်ရောက် မီးရှို့ခဲ့ ကြောင်း၊ ယင်းမီးရှိ့သူ ဘဂါင်္လီများကို ပြန်လည်တုံ့ပြန်ရန် လိုက်ပါသွားသော ရခိုင်တိုင်းရင်းသား များမှာ အနောက်ပြင်ရွာအနီးသို့ အရောက်တွင် အုပ်စုဖြင့် စောင့်ဆိုင်းနေသော ဘင်္ဂါလီ များက သတ်ဖြတ်ခဲ့ပြီး
အလောင်းများကိုပါ ဖျောက်ဖျက်ခဲ့ကြောင်း ရသေ့တောင် ရဲတပ်ဖွဲ့နှင့်
ဒေသခံများထံမှ သိရသည်။

ယင်းအကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်းသား ၁၀ ဦးသေဆုံးခဲ့ပြီး ၁၃
ဦးဒဏ်ရာရှိခဲ့ကြောင်း ရသေ့တောင် မြို့နယ် ကူတောင်ရဲစခန်းမှ အတည်ပြု ပြောကြားသည်။

ဇွန်လ ဆန်းပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များကြောင့် သေဆုံးသူဦးရေမှာ ၆၂ ဦးထိ ရှိလာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က တရားဝင်သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment

 
Blogger Widgets