Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Sunday 17 June 2012

ရခိုင်ပြည်နယ် ဖြစ်စဉ်ကို စာတမ်းပြုစုတော့မည်


YMG

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စာတမ်းတစ်စောင် ပြုစုကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာတမ်းတွင် ရခိုင်နယ်ဖြစ်စဉ်များနှင့် ပတ်သက်သော အကြောင်းအရာများနှင့်ပြဿနာများ၏ ကွင်းဆက်များကိုပါ ယခုစာတမ်းတွင်ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်သည်။

“ဒီလိုမျိုး မှတ်တမ်းလေးတွေ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ရှေ့မှာလည်း လုပ်ဆောင်ခဲ့တဲ့ ဖြစ်စဉ်မှတ်တမ်းတွေ နှစ်ခု သုံးခုရှိပါတယ်။ ဥပမာအားဖြင့် လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်က
ဘူးသီးတောင်၊ မောင်တောမှာ မိုးအရမ်းရွာတဲ့ အခါမှာ ကားလမ်းတွေ ပျက်စီးသွားတဲ့ အတွက် နိုင်ငံတော် အကြီးအကဲတွေက ကိုယ်တိုင်လာရောက်ခဲ့တာတွေရှိပါတယ်။ ၂၀၁၀
အောက်တိုဘာ ၂၂ ရက်ကလည်း ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဂီရိမုန်းတိုင်းနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပဲ မှတ်တမ်းတင်ခဲ့ရပါတယ်။ ၂၀၁၂ ဇွန်လမှာ အခုဖြစ်တဲ့ ဖြစ်စဉ်တွေကို
လည်း မှတ်တမ်းတစ်ခု လုပ်ပြီးတော့ အသေးစိတ် ပြုစုဖို့စီစဉ်နေပါတယ်။ ဒီမှတ်တမ်းဟာ နိုင်ငံတော်မှာ ကျန်ရှိနေသေးတဲ့ မှတ်တမ်းတစ်စောင်ဆိုလည်း ဟုတ်ပါတယ်။ ဒီအထဲမှာ စဖြစ်
တဲ့အချိန်ကစပြီး လက်ရှိတည်ငြိမ်မှုရတဲ့ အချိတ်ထိ အခြေအနေတွေကိုသုံးသပ်ပြီးတော့ ရေးသွားမှာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရရှိသူ တစ်ဦးကပြောသည်။

1 comment:

  1. please publish it by english and Myanmar together if possible for direct news in order to see by international community.Not even ASEAN country people doesn't aware of the truth of news,they will trust on the news publish by English.

    ReplyDelete

 
Blogger Widgets