The Voice Weekly
ရန်ကုန်၊ ဇွန် ၁၇
  ဆူပူအကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်စစ်တွေမြို့တွင်  ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီး များကရခိုင်တိုင်းရင်းသားများ အရေးကို  အစိုးရထံတောင်းဆိုသွားမည်ဖြစ်ကြောင်းစစ်တွေမြို့ရှိ ၀ံလက်ဖောင် ဒေးရှင်းမှ ဦးသိန်းထွန်း အေးက The Voice Weekly သို့ပြောကြားသည်။
  အဆိုပါ ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးများသည် စစ်တွေမြို့ ဘုရားကြီးအနီး  ကျားရုပ်ကျောင်း တိုက်၌ ယနေ့ (ဇွန်လ ၁၇ရက်) တွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီး  ယင်းအစည်းအဝေး ဆုံးဖြတ်ချက် အချက်သုံးချက်ကို အစိုးရ ထံတင်ပြ တောင်းဆိုသွား  ဖြစ်ကြောင်း အဆိုပါ အစည်း အဝေးကို တက်ရောက်ခဲ့သော ၄င်းက ဆိုသည်။
ယင်းအစည်း အဝေး အချက် သုံးချက်မှာ
၁။ စစ်တွေမြို့တွင်ရှိသော ကုလား ဘင်္ဂါလီလူမျိုးများကို စစ်တွေမြို့မှ အဝေး တစ်နေရာတွင် နေရာချထားပေးပါ ရန်။
၂။ ရခိုင်တိုင်းရင်းသားများ နေထိုင်ရာနှင့် ကုလား ဘင်္ဂါလီလူမျိုးများ  နေထိုင်ရာ နေရာကြားတွင် လုံခြုံရေးအတွက် တပ်ရင်းများ ချထားပေးပါရန်။
၃။ ရခိုင်ပြည်နယ်အတွင်း ၀င်ရောက်နေထိုင်လျှက်ရှိသော မွတ်ဆလင်  ဘင်္ဂါလီလူမျိုးများအား နိုင်ငံသားစီစစ်ရေး ကတ်ပြား ရှိမရှိ စီစစ်ပြီး  မရှိသူများကို ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင် မထားရန်။
တို့ဖြစ်ကြောင်း  ဦးသိန်းထွန်းအေးက ဆိုသည်။
 
No comments:
Post a Comment