Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Sunday, 17 June 2012

ရခိုင်ဒေသက တိုင်းရင်းသား ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်က လှူဒါန်းကြပါ.

ဒီမိုဝေယံ
 
ပြီးခဲ့တဲ့ (၁၀)ရက်နေ့က အခမ်းအနားတခုမှာ ရခိုင်ဒေသက တိုင်းရင်းသားတွေ အတွက် ရင်ထဲကခံစားချက်တွေနဲ့အတူ တတ်နိုင်သမျှ လှူဒါန်းကြဖို့ စိတ်တူကိုယ်တူ မိတ်ဆွေတွေနဲ့ အခမ်းအနားတခုမှာ ဆော်သြခဲ့မိသည်..။ နာရီပိုင်းအတွင်း မြန်မာငွေ (၁၀)သိန်းရရှိပြီး ချက်ချင်းဆိုသလို ပေးပို့လှူဒါန်းခဲ့သည်..။ ယခုလည်း တခါမှ တွေ့ဘူးခြင်း၊ မြင်ဘူးခြင်း အလျဉ်းမရှိသည့် ဖေ့စ်ဘွတ်ခ်ပေါ်မှ စာဖတ်ပရိသတ်တဦးမှ ရခိုင်ပြည်သူတွေအတွက် ငွေတသိန်း လှူဒါန်းပေးအပ် လိုကြောင်း ဆက်သွယ်ပြောကြား လာပါတယ်။ ငွေကြေးကောက်ခံနေသည့် တာဝန်ရှိသူတွေနဲ့ မိတ်ဆက်ပေးခဲ့သည်..။ အတိုင်းမသိ ဝမ်းမြောက်၊ ဝမ်းသာ ဖြစ်မိသည်။

နှမ်းတစေ့နဲ့ ဆီဖြစ်ပါတယ်လို့ပဲ ပြောလိုပါတယ်..။ တူရာတူရာ နှမ်းစေ့လေးတွေ ပေါင်းစပ်ခြင်းဖြင့် လက်တွဲကူညီကြ စေလိုပါတယ်..။

ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူတွေအတွက် ငွေအား၊ လူအား၊ စိတ်ဓာတ်အားတွေနဲ့ ကူညီပံ့ပိုး ပေးကြပါ။ ရခိုင်ပြည်သူတွေနဲ့ အတူ တသားတည်း ရှိကြောင်း ပြသပြီး ရပ်တည်ကြဖို့ တိုက်တွန်း နှိုးဆော်အပ်ပါတယ်..။

ဒီမိုဝေယံ

ဓာတ်ပုံ (Reuters) (၁၆)ရက်နေ့က
စစ်တွေ ဒုက္ခသည် စခန်းတခုမှ ရခိုင်တိုင်းရင်းသား ဒုက္ခသည် ပြည်သူများ..

ယနေ့ ရခိုင်ပြည်နယ် နောက်ဆုံး သတင်းကတော့ စစ်တွေမြို့မှ ငွေကြေးတတ်နိုင်သူများ ဘေးကင်းရာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေကြပြီး မောင်းတော၊ ဘူးသီးတောင်မှ တောရွာနေ ရခိုင် ပြည်သူများမှလည်း မိမိရပ်ရွာကို စွန့်ကာ မြို့ပေါ်ရှိ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးတိမ်းရှောင် လာနေကြကြောင်း သိရှိရပါတယ်..။

No comments:

Post a Comment

 
Blogger Widgets